ပြည်ပကုန်သွယ်မှုသတင်းများ
မလေးရှား စားအုန်းဆီကြမ်း (Crude Palm Oil - CPO) သည် ၂၀၂၅ ခုနှစ် ပထမနှစ်ဝက် အထိ ဈေးနှုန်းများ ဆက်လက်မြင့်တက်ဖွယ်ရှိပြီး တစ်တန်လျှင် မလေးရှားရင်းဂစ် ၄၄၀၀ နှင့် ၄၈၀၀ ကြား အရောင်းအဝယ်ဖြစ်နိုင်ကြောင်းနှင့် ထုတ်လုပ်မှု အမြင့်မားဆုံးကာလဖြစ်သော ၂၀၂၅ ခုနှစ် ဒုတိယနှစ်ဝက်ပိုင်းတွင်မူ တစ်တန်လျှင် မလေးရှားရင်းဂစ် ၄၀၀၀ မှ ၄၄၀၀ အထိ ဈေးနှုန်း ဖြစ်ပေါ်နိုင်ကြောင်း မလေးရှားနိုင်ငံပိုင် Bernama သတင်းဌာနက ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ရေးသားဖော်ပြထားသည်။
ဖိလစ်ပိုင် စိုက်ပျိုးရေးလုပ်ငန်းဗျူရို၏ နောက်ဆုံးအကြိမ် ပြင်ဆင်ထုတ်ပြန်ခဲ့သော စာရင်း များအရ ၂၀၂၄ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ဆန်တန်ချိန် ၄.၇၈ သန်းကို စံချိန်တင် တင်သွင်း နိုင်ခဲ့ကြောင်း သိရှိရပါသည်။
သီရိလင်္ကာနိုင်ငံ၌ ဆန်စပါးထုတ်လုပ်မှုကျဆင်းပြီး ဈေးကွက်အတွင်း ဆန်ပြတ်လပ်မှုကို ဖြေရှင်းနိုင်ရန် ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှ စတင်၍ ပြည်ပမှ ဆန်ကိုတင်သွင်းခွင့်ပြုခဲ့ရာ သတ်မှတ် ကာလနောက်ဆုံးနေ့ရက်ဖြစ်သော ၁၀-၁-၂၀၂၅ နေ့ ကုန်ဆုံးချိန်၌ ဆန်ကြမ်းတန်ချိန် ၆၆၀၀၀ နှင့် ပေါင်းဆန် တန်ချိန် ၁၀၁၀၀၀ တို့အပါအဝင် ဆန်မက်ထရစ်တန်ချိန် ၁၆၇၀၀၀ ကျော်ကို တင်သွင်း ခဲ့ကြောင်း အကောက်ခွန်ဌာနမှ ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံတွင် စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၏ ပြောရေးဆို ခွင့်ရှိသူ Im Rachna က ဖနွမ်းပင်မြို့ အရှေ့မြောက်ဘက် ကီလိုမီတာ ၃၅၀ ခန့်အကွာ Kratie ပြည်နယ်ရှိ တောင်သူများသို့ သွားရောက်တွေ့ဆုံစဉ်၌ လာမည့်စိုက်ပျိုးရာသီတွင် ပြည်ပ စပါးမျိုး များအစား ကမ္ဘောဒီးယား၏ Sen Kra Ob (SKO) စပါးမျိုးကို ပြောင်းလဲစိုက်ပျိုးကြရန် တိုက်တွန်း အကြံပြုခဲ့ပါသည်။
ပါကစ္စတန်နိုင်ငံထံမှ Atap rice ခေါ် ဘာစမာတီမဟုတ်သော ဆန်ဖြူများကို အစိုးရချင်း ညှိနှိုင်းမှုဖြင့် တင်သွင်းရန်အတွက် ဆန်ကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာတစ်စောင်ကို ဇန်နဝါရီ ၁၄ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန် နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးခဲ့ကြ ကြောင်း ဘင်္ဂလားဒေ့ရှ် The Financial Express သတင်းဌာနက ဖော်ပြထားသည်။
ကျူးဘားနိုင်ငံတွင် ၁၉၅၉ ခုနှစ်နောက်ပိုင်း၌ ပထမဆုံးအကြိမ် နိုင်ငံခြားသားပိုင်လုပ်ငန်း သို့ စိုက်ပျိုးရေးလုပ်ကိုင်ရန် မြေယာအသုံးချခွင့်ပေးအပ်မှုအဖြစ် ဗီယက်နမ်ကုမ္ပဏီ တစ်ခုသည် Pinar del Río ပြည်နယ်တောင်ပိုင်းတွင် မြေဧရိယာ ၃၀၈ ဟက်တာ (၇၅၁ ဧကခန့်) ကို ကနဦး လုပ်ကိုင်ခွင့်ရရှိခဲ့သည်ဟု ကျူးဘားအစိုးရပိုင် Granma သတင်းဌာနက ဇန်နဝါရီ ၈ ရက်နေ့၌ ဖော်ပြပါသည်။
ဗီယက်နမ်၏သစ်သီးနှင့်ဟင်းသီးဟင်းရွက်လုပ်ငန်းသည် ၂၀၃၀ ပြည့်နှစ်တွင် တင်ပို့ရာမှ တစ်ဆင့် ဝင်ငွေအမေရိကန်ဒေါ်လာ ၁၀ ဘီလီယံရရှိရန်ရည်မှန်းထားကြောင်း ဗီယက်နမ် နိုင်ငံသစ်သီးနှင့်ဟင်းသီးဟင်းရွက်အသင်း၏ အဆိုအရသိရပါသည်။ ၂၀၂၃ ခုနှစ်တွင် သစ်သီးနှင့် ဟင်းသီးဟင်းရွက်တင်ပို့ရာမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၅.၆ ဘီလီယံရရှိခဲ့ပြီး ၃.၄ ဘီလီယံ ရရှိခဲ့သည့် ၂၀၂၂ ကထက် ၆၇ ရာခိုင်နှုန်းကြီးထွားခဲ့ကြောင်းသိရပါသည်။ ထိုကြီးထွားမှုကို ၂၀၂၄ ခုနှစ်ထိ ဆက်လက်သယ်ဆောင်နိုင်ခဲ့ပြီး ဝင်ငွေအမေရိကန်ဒေါ်လာ ၇.၂ ဘီလီယံရရှိခဲ့ကြောင်း အသင်း၏ဥက္ကဌဖြစ်သူ Nguyen Thanh Binh ကဟိုချီမင်းမြို့တော်တွင် ဇန်နဝါရီလ ၆ ရက်နေ

ဗီယက်နမ်ရင်းနှီးမြှုပ်နှံသူများသည် ၂၀၂၄ ခုနှစ်တွင် စီမံကိန်းသစ် ၁၆၄ ခုနှင့် လက်ရှိ တည်ရှိပြီး စီမံကိန်း ၂၆ ခု၌ အမေရိကန်ဒေါ်လာ ၆၆၄.၈ သန်းရင်းနှီးမြှုပ်နှံခဲ့ပြီး တန်ဖိုးတွင် ၂၀၂၃ ခုနှစ်ကထက် ၅၇.၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း စီမံကိန်းနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၏ ပြည်ပရင်းနှီးမြှုပ်နှံမှုအေဂျင်စီ၏ အဆိုအရသိရပါသည်။ စီမံကိန်းကြီးများမပါဝင်မှုကြောင့် ထို ပမာဏသည် ကိုဗစ်မတိုင်မီကာလထက် နည်းပါးသော်လည်း ပြည်ပဈေးကွက်များတွင် ယုံကြည်မှုပြန်ရှိလာသည့် လက္ခဏာကိုပြသနေကြောင်း သိရပါသည်။ ရင်းနှီးမြှုပ်နှံမှုများသည် ကဏ္ဍ ၁၆ ခုတွင်ပါဝင်ပြီး မတည်ရင်းနှီးမြှုပ်နှံမှုအများ

တင်ပို့သည့်ပမာဏတွင် ၅.၁ ရာခိုင်နှုန်းလျော့ကျခဲ့သော်လည်းတန်ဖိုးတွင် ၄၅.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သည့်အတွက် ဗီယက်နမ်သည် ၂၀၂၄ ခုနှစ်တွင် ငရုတ်ကောင်းတင်ပို့မှုမှတစ်ဆင့် ဝင်ငွေ အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံနီးပါး ရရှိခဲ့ကြောင်း ဗီယက်နမ်နိုင်ငံ ငရုတ်ကောင်းနှင့် ဟင်းခတ်အမွှေးအကြိုင်အသင်း (VPSA) ၏အဆိုအရ သိရပါသည်။ ဒီဇင်ဘာလတစ်လတည်းတွင် ငရုတ်ကောင်းအမည်းတန်ချိန် ၁၂၇၇၁ နှင့်ငရုတ်ကောင်းအဖြူတန်ချိန် ၂၄၉၄ တန်ပါဝင်သော ငရုတ်ကောင်းစုစုပေါင်း တန်ချိန် ၁၅၂၆၅ တန်တင်ပို့ခဲ့ပြီး ဝင်ငွေအမေရိကန်ဒေါ်လာ ၁၀၀.၆ သန်းရရှိခဲ့ကြောင်းသိရပါသည်။ နိုဝင်ဘာလနှင့်နှိုင်းယှဉ်ပါက ပမာဏတွင် ၄.၃ ရာခိုင်နှု

ရုရှားနိုင်ငံတစ်ဝှမ်း ခရီးသွားအခွန်အသစ်သည် ဗုဒ္ဓဟူးနေ့တွင် အကျုံးဝင်ပြီး ယခင်အပန်း ဖြေစခန်းကြေးကို အစားထိုးလိုက်ကြောင်း RIA Novosti သတင်းဌာနက ဗုဒ္ဓဟူးနေ့တွင် ဖော်ပြခဲ့သည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစတင်၍ ဟိုတယ်များနှင့် အခြားတည်းခိုခန်းများတွင် တည်းခိုသည့် ခရီးသွားများသည် ၎င်းတို့၏ တည်းခိုစရိတ်၏ နောက်ထပ် ၁ ရာခိုင်နှုန်းအား ပေးဆောင်ရမည်ဖြစ်ပြီး ဒေသတွင်းခရီးသွားလာရေး အခြေခံအဆောက်အအုံများ အားကောင်းလာစေရန် အဆင့်လိုက်အစီအစဉ်တစ်ခုအဖြစ် စတင်လိုက်ခြင်း ဖြစ်ကြောင်းသိရ သည်။ ဒေသဆိုင်ရာ အာဏာပိုင်များ၏ ဆုံးဖြတ်ချက်အရ အခွန်ကို ဒေသဆိုင်ရာစည်းကြပ်မှုအဖြစ် အကောင်အထည်

အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်သည် ဇန်နဝါရီ ၂၀ ရက်ရာထူးလက်ခံမည့် ရက်မတိုင်မီ ရက်ပိုင်းအလိုတွင် Emirati developer တစ်ခုထံမှ အမေရိကန်ပြည်ထောင်စုတစ်ဝှမ်း တွင် ဒေတာစင်တာများ တည်ဆောက်ရန်အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ ရင်းနှီးမြုပ်နှံမည် ဖြစ်ကြောင်း အင်္ဂါနေ့က ကြေညာခဲ့သည်။ ဖလော်ရီဒါပြည်နယ် Palm Beach ရှိ သူ၏ Mar-a-Lago အိမ်ရာ၌ကျင်းပသောသတင်းစာရှင်းလင်းပွဲတစ်ခုတွင် Trump က ရင်းနှီးမြှုပ်နှံသူမှာ DAMAC အိမ်ခြံမြေ၏ ဥက္ကဋ္ဌဖြစ်သည့် Emirati ဘီလီယံနာ Hussain Sajwani ဖြစ်သည်ဟု သတင်း ထောက်များအား ပြောကြားခဲ့သည်။ United Arab Emirates (UAE) ဒူဘိုင်းအခြေစိုက် DAMAC အိမ်ခြံမြေမ
