ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

အရောင်းသွက်လျက်ရှိသည့် မန္တလေးဇီးသီးစျေးကွက်

   စျေးကွက်အတွင်းသို့ ဒီဇင်ဘာလပထမပတ်အတွင်း ပုသိမ်ကြီးမြို့နယ်နှင့် စဉ့်ကိုင်မြို့ နယ်တို့မှထွက်သည့်ဇီးသီးများ ဝင်ရောက်လျက်ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ ဇီးသီးမှာမန္တလေးတိုင်းဒေသကြီးနှင့်စစ်ကိုင်းတိုင်းဒေသကြီးတို့တွင်အများအပြားစိုက်ပျိုးသည့်သီးနှံ တစ်မယ်ဖြစ်ပါသည်။ မန္တလေးမြို့၊သစ်သီးစျေးကွက်တွင် ၂၀၂၅ခုနှစ်ဒီဇင်ဘာလပထမပတ်အတွင်း ဖြစ်ပေါ်သည့် ဇီးပန်းသီး(ဇီးကြက်ဥ) ၁၀ လုံးလျှင် ၁၃၀၀၀ ကျပ်နှင့် ၁၅၀၀၀ ကျပ်၊ ဇီးသီး (ထိုင်ဝမ်) တစ်ပြည်လျှင် ၄၀၀၀ ကျပ်နှင့် ၅၅၀၀ ကျပ်တို့ဖြင့် ရောင်းချလျှက်ရှိကြောင်း ရတနာပုံ စျေးရှိ သစ်သီး ရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(မန္တလေး)

ဒီဇင်ဘာလပထမပတ်ရှိမေမြို့ပန်းစျေးကွက်

   မန္တလေးပန်းစျေးကွက်သို့ ဒီဇင်ဘာလပထမပတ်အတွင်း မန္တလေးတိုင်းဒေသကြီးရှိ အမရပူရခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်၊မိတ္တီလာခရိုင်နှင့်မြင်းခြံခရိုင်တို့မှ ထွက်သည့် ပန်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်၊ တောင်ကြီးဒေသတို့မှ ထွက်ရှိသည့် မေမြို့ပန်း များဝင်ရောက်မှုများပြားလျက်ရှိပြီး၊ စျေးကျဆင်းသွားကြောင်းသိရှိရပါသည်။ ၂၀၂၅ ခုနှစ်ဒီဇင်ဘာ လပထမပတ်အတွင်း ဖြစ်ပေါ် သည့် စျေးနှုန်းများမှာ မေမြို့ပန်း လက္ကားစျေး (အစီးကြီး) ၁စီးလျှင် ၁၀၀၀၀ ကျပ်နှင့် ၁၂၀၀၀ ကျပ်၊ (အစီးသေး) ၁ စီးလျှင် ၂၀၀၀ကျပ်နှင့်၂၅၀၀ကျပ်စျေးတို့ဖြင့် ရောင်းချလျှက်ရှိ ကြောင်းသိရှိရပါသည်။ မန္တလေးပန်းမျိုးစုံစျေးကွက်အတွင်း နတ်တော်လဆန်း ကာလ ဘုရားပွဲနှင့် အလှူပွဲတော်များ ကျင်းပသည့်အချိန်ဖြစ်၍ မေမြို့ပန်းမှာ စျေးကွက်အတွင်း အရောင်းသွက်လျက်ရှိကြောင်း သိရှိ ရပါသည်။

DOCA(မန္တလေး)

ဒီဇင်ဘာလပထမပတ်တွင်ဂေါ်ရခါးသီးစျေးအနည်းငယ်ကျ

   မန္တလေးစျေးကွက်သို့  ဒီဇင်ဘာလပထမပတ်အတွင်း မန္တလေးတိုင်းဒေသကြီး ၊စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည် နယ် တို့မှ ဂေါ်ရခါးသီးများ ဝင်ရောက်မှုများပြားလျက်ရှိပြီး၊ ဂေါ်ရခါးသီးစျေးမှာ အနည်းငယ်ကျဆင်းသွား ကြောင်းသိရှိရပါသည်။၂၀၂၅ ခုနှစ်ဒီဇင်ဘာလပထမပတ်အတွင်း ဖြစ်ပေါ်နေသည့်စျေးနှုန်း များမှာ ဂေါ်ရခါးသီး ၁၀လုံးလျှင် လက္ကားစျေး   ၂၀၀၀ ကျပ်နှင့် ၂၅၀၀ ကျပ်၊လက်လီစျေး  ၃၀၀၀ ကျပ်နှင့် ၄၀၀၀ ကျပ်စျေးတို့ ဖြစ် ပေါ်လျှက်ရှိပြီး၊ အလုံးအရွယ် အစား အပေါ်မူတည်၍ စျေးအနည်းငယ်ပြောင်းလဲမှုရှိကြောင်း သိရပါ သည်။ သီရိမာလာစျေးအတွင်း နေ့စဉ် ကုန်စိမ်း သီးနှံဝင် ရောက်မှုမှာ ကုန်စည်အမျိုးအစားအလိုက် Canter(၁၂ဘီးနှင့် ၆ ဘီး) ယာဉ် (၄၀)စီးနှင့်(၆၀)စီး အကြားဝင်ရောက်လျက် ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

ရှောက်သီးနှင့်သံပုရာသီးစျေးကျဆင်းလျက်ရှိ

   မန္တလေးစျေးကွက်သို့   ဒီဇင်ဘာလပထမပတ်အတွင်း မန္တလေးတိုင်းဒေသကြီး ၊စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်း ပြည်နယ်တို့မှရှောက်သီး၊သံပုရာသီးနှင့်သံပုယိုသီးများ ဝင်ရောက်မှုများပြားလျက်ရှိ ပြီး၊စျေးအနည်း ငယ်ကျဆင်းသွားကြောင်း သိရှိရပါသည်။၂၀၂၅ ခုနှစ်ဒီဇင်ဘာလပထမပတ်အတွင်း ဖြစ်ပေါ်နေ သည့်စျေးနှုန်းများမှာ ၁၀လုံး လျှင်ရေှာက်သီး ၂၀၀၀ ကျပ်နှင့် ၂၅၀၀ ကျပ်၊သံပုရာသီး ၁၀၀၀ကျပ်နှင့် ၁၂၀၀ ကျပ်၊သံပုယိုသီး ၈၀၀ ကျပ်နှင့် ၉၀၀ကျပ်စျေးတို့ ဖြစ်ပေါ်လျက်ရှိပြီး၊ အလုံးအရွယ်အစား အပေါ်မူတည်၍ စျေးအနည်းငယ် ပြောင်းလဲမှုရှိကြောင်းသိရပါသည်။ ရှောက်သီး၊ သံပုရာသီးနှင့် သံပုယိုသီးတို့မှာဝင်ရောက်မှုများပြား သည့်အတွက်စျေးကျဆင်း သွားကြောင်း ရေနီမြောင်းစျေးရှိကုန်စိမ်း ရောင်းချသူတစ်ဦး၏ပြောပြချက်အရ သိရှိရပါသည်။   

DOCA(မန္တလေး)

ဒီဇင်ဘာလပထမပတ်ရှိ မန္တလေးငါးသလောက်စျေးကွက်

   မန္တလေးမြို့၊  သီရိမာလာစျေး(ပိုက်ကျုံးစျေး)တွင်   ငါး၊ပုဇွန်နှင့်ရေထွက်ပစ္စည်းများအနက် နိုဝင်ဘာလနောက်ဆုံးပတ်အတွင်း ငါးသလောက်များအရောင်းသွက်လျှက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်ဒီဇင်ဘာလပထမပတ်အတွင်းဖြစ်ပေါ်ခဲ့သည့်တစ်ပိဿာစျေးနှုန်းများမှာ   ငါးသလောက် (ကြီး)  ၂၀၀၀ဝိ/နှင့် ၄၀၀၀ဝိ/၊ငါးသလောက်(လတ်)၁၇၀၀ဝိ/- နှင့် ၁၈၀၀ဝိ/-၊ ငါးသလောက်(သေး) ၁၄၀၀ဝိ/- နှင့် ၁၅၀၀ဝိ/-စျေးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သီရိမာလာ စျေး ရှိ ရေထွက်ပစ္စည်း အရောင်းချသူတစ်ဦး၏ပြောပြချက်အရ  သိရှိရပါသည်။  

DOCA(မန္တလေး)

ဒီဇင်ဘာလပထမပတ်ရှိမန္တလေးမင်းကွတ်သီးစျေးကွက်

   မန္တလေးသစ်သီးစျေးကွက်သို့ ဒီဇင်ဘာလပထမပတ်အတွင်း ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့မှ ထွက်သည့်မင်းကွတ် သီးများဝင်ရောက်မှုများပြားလျက်ရှိပြီး၊ အရောင်းသွက်လျက်ရှိ ကြောင်း  သိရှိရပါသည်။ မန္တလေးမြို့၊ စျေးချိုတော်၊ ၂၈လမ်းသစ်သီးတန်းတွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ လ ပထမပတ်အတွင်း ဖြစ်ပေါ် သည့်မင်းကွတ်သီးစျေးနှုန်းများမှာ ၁၀လုံးလျှင်(လုံးကြီး) ၉၀၀၀ ကျပ်နှင့်၉၅၀၀၀ကျပ်၊ (လုံးလတ်) ၆၀၀၀ကျပ်နှင့်၇၅၀၀ ကျပ်၊(လုံးသေး) ၃၅၀၀ ကျပ်နှင့် ၄၀၀၀ကျပ် စျေးတို့ဖြင့် ရောင်းချပြီး၊ အလုံး အရွယ်အစားအပေါ်မူတည်၍ စျေးကွာခြားမှုရှိကြောင်းသိရှိရပါသည်။ ဘုရားပွဲနှင့် အလှူပွဲတော်များ ကျင်းပသည့်ရာသီဖြစ်၍ မင်းကွတ်သီးအပါအဝင် သစ်သီးမျိုးစုံ အရောင်းသွက်ကြောင်း  ရတနာပုံစျေးရှိ စျေးသည်တစ်ဦး၏ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

မန္တလေးစျေးကွက်ရှိ ရာသီစာစိမ်းစားဥ

    မန္တလေးစျေးကွက်သို့  ဆောင်းဦးရာသီအတွင်း မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့်ရှမ်းပြည်နယ်တို့မှ ရာသီစာစိမ်းစားဥများဝင်ရောက်မှုများပြားလျက်ရှိပြီး၊ အရောင်း သွက်လျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်ဒီဇင်ဘာလပထမပတ်အတွင်း ဖြစ်ပေါ်သည့် စျေးနှုန်းများမှာ   စိမ်းစားဥတစ်တွဲလျှင် လက္ကားစျေး ၁၅၀၀ ကျပ် နှင့် ၁၈၀၀ ကျပ်၊လက်လီစျေး ၂၀၀၀ ကျပ်နှင့် ၂၅၀၀ ကျပ်စျေးတို့ဖြစ်ပေါ်လျက်ရှိပြီး၊အလုံးအရွယ်အစားပေါ်မူတည်၍ စျေးအနည်း ငယ်ပြောင်းလဲမှု ရှိကြောင်း သိရှိရပါသည်။ စိမ်းစားဥမှာ အမျှင်ဓါတ်ပါဝင်ပြီး၊ ရေဓါတ်ကြွယ်ဝစွာ ပါဝင်သည့်အတွက် ရာသီစာအဖြစ်စားသုံးမှုများပြားလျက်ရှိပြီး၊ မန္တလေးကုန်စိမ်းစျေးကွက်အတွင်း အရောင်းသွက်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ဒီဇင်ဘာလပထမပတ်ရှိမန္တလေးဘိုစားပဲသီးစျေးကွက်

   ကုန်စိမ်းစျေးကွက်သို့မန္တလေးတိုင်းဒေသကြီးရှိအမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည် ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှ ထွက်သည့်ကုန်စိမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်ဘိုစားပဲသီးကုန်စိမ်းများ ဝင်ရောက်လျက်ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်း  သိရှိရပါ သည်။စျေးကွက်အတွင်းဝင်ရောက်လျှက်ရှိသည့်ဘိုစားပဲသီးတောင့်များအား အစိမ်းရောင်နှင့် ခရမ်း ရောင်ပဲသီးတောင်များ တွေ့ရှိရပါသည်။ မန္တလေးမြို့၊သီရိမာလာစျေးနှင့်၄၁လမ်းစျေးရှိ ကုန်စိမ်း စျေးကွက်တွင် ၂၀၂၅ ခုနှစ်ဒီဇင်ဘာလပထမပတ်အတွင်း ဖြစ်ပေါ်သည့် ဘိုစားပဲသီးတောင့် စျေးနှုန်း များမှာ ၁ပိဿာလျှင် လက္ကားစျေး ၅၀၀၀ ကျပ် နှင့် ၆၀၀၀ ကျပ်၊လက်လီစျေး၇၀၀၀ကျပ်နှင့် ၇၅၀၀ ကျပ်စျေးဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ မန္တလေးမြို့၊ သီရိမာလာစျေးအတွင်း နေ့စဉ်ကုန်စိမ်း သီးနှံဝင်ရောက်မှုမှာ ကုန်စည်အမျိုးအစားအလိုက် (Canter ၁၂ဘီးနှင့် ၆ ဘီး) ယာဉ် (၄၀) စီးနှင့်(၆၀)စီးအကြားဝင်ရောက်လျက် ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ဒီဇင်ဘာလပထမပတ်ရှိ မန္တလေးငရုတ်သီးပွစျေးကွက်

  ဒီဇင်ဘာလပထမပတ်အတွင်း မန္တလေးတိုင်းဒေသကြီးရှိ အမရပူရခရိုင် ၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှ ထွက်သည့်ကုန်စိမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်ပန်းငရုတ်ပွနှင့်ငရုတ်သီးစိမ်းများ ဝင်ရောက်လျက်ရှိပြီး၊ အရောင်းသွက် လျက်ရှိကြောင်း  သိရှိရပါသည်။စျေးကွက်အတွင်း ပန်းငရုတ်ပွများကို အစိမ်းရောင်၊ အဝါရောင်၊ ခရမ်း‌ရောင်၊အနီရောင်နှင့် လိမ္မော်ရောင်တို့တွေ့ရှိရပြီး၊ အလေးချိန်ဖြင့်ရောင်းချခြင်းနှင့်အလုံး အရွယ် အစားအလိုက် ရောင်းချခြင်းဟူ၍ နှစ်မျိုး တွေ့ရှိရပါသည်။ မန္တလေးမြို့၊သီရိမာလာစျေးနှင့် ၄၁လမ်းစျေးရှိ ကုန်စိမ်းစျေးကွက်တွင် ၂၀၂၅ ခုနှစ်ဒီဇင်ဘာလပထမပတ်အတွင်း ဖြစ်ပေါ်သည့် ငရုတ်သီးပွစျေးနှုန်းများမှာ  ၁ပိဿာလျှင် လက္ကားစျေး ၆၀၀၀ကျပ်နှင့် ၇၀၀၀ ကျပ်၊လက်လီစျေး  ၈၀၀၀ ကျပ်နှင့် ၉၀၀၀ကျပ်၊ ပန်းငရုတ်ပွတစ်ခုချင်းစျေးအနေဖြင့် ၃၀၀ ကျပ်နှင့် ၅၀၀ ကျပ်စျေး တို့ဖြင့်ရောင်းချလျက်ရှိကြောင်း သိရှိရပါ သည်။ 

DOCA(မန္တလေး)

မန္တလေးစျေးကွက်တွင် အရောင်းသွက်လျက်ရှိသည့် ကျောက်ဖရုံသီး

   စျေးကွက်အတွင်းသို့  မန္တလေးတိုင်းဒေသကြီးရှိ အမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ကျောက်ဆည် ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှထွက်သည့်အသီးများ၊စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ မှ ထွက် သည့်ကျောက်ဖရုံသီးများ ဝင်ရောက်မှုများလျက်ရှိပြီး၊အရောင်းသွက်လျက်ရှိကြောင်း  သိရှိရပါသည်။ ၂၀၂၅ခုနှစ်ဒီဇင်ဘာလပထမပတ်အတွင်းဖြစ်ပေါ်သည့်စျေးနှုန်းများမှာကျောက်ဖရုံသီးတစ်လုံးလျှင် အလုံး(ကြီး)   ၃၅၀၀ ကျပ်နှင့် ၅၀၀၀ကျပ်၊   အလုံး(လတ်)  ၂၅၀၀ ကျပ် နှင့် ၃၀၀၀ ကျပ်၊ အလုံး (သေး) ၁၈၀၀ ကျပ်နှင့်၂၀၀၀ ကျပ်စျေး၊   ကျောက်ဖရုံသီးအား လေးစိတ်ထိုး၍  တစ်စိတ်လျှင် ၅၀၀ ကျပ်နှင့် ၇၀၀ ကျပ်တို့ဖြင့် ရောင်းချလျှက်ရှိကြောင်းတွေ့ရှိရပါသည်။ကျောက်ဖရုံသီးမှာ  ယို လုပ်ငန်း လုပ်ကိုင်သူများမှဝယ်ယူမှုများပြားသည့်အတွက်အရောင်းသွက်လျက်ရှိကြောင်း သီရိမာလာ စျေးရှိ ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း