
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်သည် ပင်လယ်ဝန်ရံလျက်ရှိသည့်အပြင် ကမ်းရိုးတန်း ဒေသဖြစ်သည့်အတွက် ဂုံး၊ ပုဇွန်၊ ဂဏန်းများကို ဖမ်းဆီးရရှိပြီး စီးပွားဖြစ် လုပ်ကိုင်ကြလျက်ရှိရာ သဲဂဏန်းဖမ်းဆီးခြင်းနှင့် စီးပွားဖြစ်မွေးမြူခြင်းများလည်း ရှိကြပါသည်။ သဲဂဏန်းကိုယ်ထည်အရွယ်အစားမှာ သေးငယ်ပြီး ပင်လယ်လှိုင်းရိုက်တဲ့ ကမ်းခြေသဲပေါ်မှာ အများဆုံးတွေ့ရှိရသည်။ ပိုက်များဖြင့် ဖမ်းယူကြပြီး ကမ်းရိုးတန်းများတွင် လက်ဖြင့်လည်းဖမ်းယူကြသည်။
ဖမ်းဆီးရမိသော ဂဏန်းများကို ဒေသတွင်းစျေးများတွင်ရောင်းချကြသလို စျေးကြီးနှင့် လေလံစျေးများတွင်လည်း ရောင်းချကြသည်။ စီးပွားဖြစ်မွေးမြူကြသော ဂဏန်း(ဂဏန်းပျော့)များ ကိုမူ ပြည်ပနိုင်ငံများသို့တင်ပို့ရောင်းချမှုများပြားပြီး ပြည်တွင်းစျေးကွက်သို့လည်း တင်ပို့ရောင်းချကြ ကြောင်းသိရှိရ ပါသည်။ အချို့ဖမ်းဆီးရမိသောဂဏန်းများကို စက်ရုံများတွင် ချိတ်ဆက်၍ ရောင်းချကြကြောင်း သိရှိရပါသည်။
၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၃)ရက်နေ့စျေးနှုန်းအရ မြိတ်ဒေသတွင်လက်ကားရောင်းချနေသော သဲဂဏန်းအငယ်တစ်ပိဿာစျေးနှုန်းမှာ တစ်ပိဿာလျှင် ၁၄၀၀၀ကျပ်ခန့်ရှိနေပြီး စျေးများတွင် ရောင်းချသော သဲဂဏန်းအငယ်တစ်ပိဿာမှာ ၁၅၀၀၀ကျပ်ခန့်ရှိကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
