ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆန်အမျိုးအစားအလိုက် ဆန်အဝင်နှင့်ဆန်ဈေးနှုန်းစာရင်း

       ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ၄.၁၂.၂၀၂၅ ရက်နေ့တွင် ပဲခူး(အရှေ့) မှ ရှယ်စ ၃၅၂၂ အိတ်နှင့် ဈေးနှုန်းမှာ ၅၆၀၀၀ မှ ၅၇၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၂၈၄ နှင့် ဈေးနှုန်းမှာ ၅၀၀၀၀ မှ ၅၁၀၀၀ ကျပ်၊ လက်စအိတ်ရေ ၂၅၉၂ နှင့် ဈေးနှုန်းမှာ ၄၆၅၀၀ မှ ၅၁၀၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၈၂၇ နှင့် ဈေးနှုန်းများမှာ ၄၈၀၀၀ မှ ၄၉၀၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၅၈၆၃ နှင့် ဈေးနှုန်းများမှာ ၄၂၅၀၀ မှ ၄၈၀၀၀ ကျပ်၊ ပဲခူး(အနောက်) မှ ရှယ်စ၃၆၉၀ အိတ်နှင့် ဈေးနှုန်းမှာ ၅၆၀၀၀ မှ ၅၇၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၁၅၉ နှင့် ဈေးနှုန်းမှာ ၅၀၀၀၀ မှ ၅၁၀၀၀ ကျပ်၊ လက်စအိတ်ရေ ၂၉၆၄နှင့် ဈေးနှုန်းမှာ ၄၆၅၀၀ မှ ၅၁၀၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၂၄၀ နှင့် ဈေးနှုန်းများမှာ ၄၈၀၀၀ မှ ၄၉၀၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၅၇၅၄ နှင့် ဈေးနှုန်းများမှာ ၄၂၅၀၀ မှ ၄၈၀၀၀ ကျပ်၊ ဧရာဝတီတိုင်းမှ မှ ရှယ်စ ၃၃၅၉ အိတ်နှင့် ဈေးနှုန်းမှာ ၅၆၀၀၀ မှ ၅၇၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စ အိတ်ရေ ၂၉၆၂ နှင့် ဈေးနှုန်းမှာ ၅၀၀၀၀ မှ ၅၁၀၀၀ ကျပ်၊ လက်စအိတ်ရေ ၃၂၅၈ နှင့် ဈေးနှုန်းမှာ ၄၆၅၀၀ မှ ၅၁၀၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ်၁၀၉၆ နှင့် ဈေးနှုန်းများမှာ ၄၈၀၀၀ မှ ၄၉၀၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၅၉၃၈ နှင့် ဈေးနှုန်းများမှာ ၄၂၅၀၀ မှ ၄၈၀၀၀ကျပ်၊ တို့ဝင်ရောက်ကြောင်း သိရှိရပါသည်။       

        ၄.၁၂.၂၀၂၅ ရက်နေ့တွင်ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆန်အိတ်ရေစုစုပေါင်း (၄၉၅၀၈) အိတ်ဝင်ရောက်ခဲ့ရာ  ဆန်ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

၄.၁၂.၂၀၂၅ ရက်နေ့ရှိ ဘုရင့်နောင်ကုန်စည်ဒိုင် ပဲအမျိုးအစားအလိုက် လက်ကျန်စာရင်း

          ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ကုန်စည်ဒိုင် ပဲနှမ်းအသင်းမှ  ၄.၁၂.၂၀၂၅ ရက်နေ့ရှိ ပဲလက်ကျန်စာရင်းမှာ မြေပဲတစ်ပိဿာလျှင် မြေပဲလုံးဆံ ၈၂၀၀ ကျပ်ခန့်၊ မြေပဲဆီဆံ တစ်ပိဿာလျှင် ၇၀၀ ကျပ်ခန့်ရှိပါသည်။ နှမ်းဖြူ မန္တလေးဈေးမှာ ၄၅ ပိဿာ တစ်အိတ်လျှင် ၂၈၅၀၀၀ ကျပ်ခန့်ရှိပါသည်။ နှမ်းနက်(ရိုးရိုး) ဈေးနှုန်းမှာ ၄၅ ပိဿာတစ်အိတ်လျှင် ၆၇၀၀၀၀ ကျပ် ခန့်ရှိပြီး ရန်ကုန်ဈေးကွက်တွင် မုန့်ညှင်းဈေးကွက်မရှိပါ၊ ပဲပုတ် ၂၀၂၅ အတွက် တန်ချိန် (၁၆၅၀၀) ဝန်းကျင်ရှိမည်ဟု ခန့်မှန်းခဲ့ပါသည်။ ယခင်တစ်ပတ်တွင် မြေပဲတစ်ပိဿာလျှင် မြေပဲလုံးဆံ ၈၃၀၀ ကျပ်ခန့်ရှိရာမှ ယခုတစ်ပတ်တွင် ၈၂၀၀ ကျပ်၊ နှမ်းဖြူ မန္တလေးဈေးမှာ ၄၅ ပိဿာ တစ်အိတ်လျှင် ၂၉၀၀၀၀ ကျပ်ရှိရာမှ ၂၈၅၀၀၀ ကျပ်ခန့်ရှိပြီး နှမ်းနက်(ရိုးရိုး) ဈေးနှုန်းမှာ ၄၅ ပိဿာ တစ်အိတ်လျှင် ၆၇၅၀၀၀ ကျပ်ရှိရာမှ ၆၇၀၀၀၀ ကျပ်၊  ပဲပုတ် ၂၀၂၅ ခုနှစ် အတွက် တန်ချိန် (၁၆၀၀၀)ရှိရာမှ ယခုတစ်ပတ်တွင် တန်ချိန် (၁၆၅၀၀) ရှိမည်ဟုခန့်မှန်းကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်ပဲနှမ်းအသင်းမှ သိရှိရပါသည်။

DOCA(ရန်ကုန်)

မာလကာသီးဝင်ရောက်မှုအနည်းငယ်ကျဆင်းလျက်ရှိ

   မန္တလေးစျေးကွက်သို့ ဒီဇင်ဘာလပထမပတ်အတွင်း မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်မာလကာသီးများ ဝင်ရောက်မှု ကျဆင်းလျက်ရှိပြီး၊ စျေးအနည်းငယ်မြင့်တက်သွားကြောင်းသိရှိရပါသည်။  ၂၀၂၅ ခုနှစ်ဒီဇင်ဘာလပထမပတ်အတွင်း ဖြစ်ပေါ်သည့်စျေးနှုန်းများမှာ မာလကာသီး ၁ လုံး လျှင် အလုံး(ကြီး) ၂၅၀၀ ကျပ်နှင့် ၃၀၀၀ကျပ်၊   အလုံး(လတ်)  ၁၅၀၀ ကျပ် နှင့် ၂၀၀၀ ကျပ်၊ အလုံး (သေး)၁၀၀၀ ကျပ်နှင့် ၁၃၀၀ ကျပ်စျေးတို့ ဖြင့် ရောင်းချလျက်ရှိပါသည်။ နတ်တော်လတွင် ဘုရား ပွဲတော်များ၊ အလှူပွဲများကျင်းပသည့် ရာသီချိန် ဖြစ်၍ မာလကာသီးများ အရောင်းသွက်လျှက်ရှိကြောင်း ရတနာပုံစျေးရှိ  သစ်သီးရောင်းချသူတစ်ဦး ၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

ဂဗ္ဗလာသီးဝင်ရောက်မှုများပြားပြီးအရောင်းသွက်လျက်ရှိ

   မန္တလေးစျေးကွက်သို့    မန္တလေးတိုင်းဒေသကြီးရှိ၊ပြင်ဦးလွင်မြို့နယ်၊မိုးကုတ်မြို့နယ်နှင့် ရှမ်း ပြည်နယ်တို့ မှ ထွက်သည့်ဂဗ္ဗလာသီးများ ဒီဇင်ဘာလပထမပတ်အတွင်း ဝင်ရောက်မှုများပြားပြီး၊ အရောင်းသွက်လျှက်ရှိကြောင်း သိရှိရပါသည်။  ၂၀၂၅ ခုနှစ်ဒီဇင်ဘာလပထမပတ် အတွင်း ဖြစ်ပေါ်သည့်စျေးနှုန်းများမှာ ဂဗ္ဗလာသီး ၁၀ လုံးလျှင် အလုံး(ကြီး) ၂၀၀၀ကျပ်နှင့် ၂၅၀၀ကျပ်၊ အလုံး(လတ်)  ၁၅၀၀ ကျပ် နှင့် ၁၈၀၀ ကျပ်၊ အလုံး(သေး) ၁၀၀၀ ကျပ်နှင့် ၁၃၀၀ ကျပ်စျေးတို့ ဖြင့် ရောင်းချပြီး၊ အလုံးအရွယ် အစားအပေါ် မူတည်၍ စျေးကွာခြားမှုရှိကြောင်းသိရှိရပါသည်။ ဂဗ္ဗလာသီးများအား အသီး အတိုင်း စားသုံးခြင်းနှင့် ကျန်းမာရေးဓါတ်စာဖျော်ရည်အဖြစ် စားသုံးခြင်းတို့ကြောင့် စျေးကွက်အတွင်း အရောင်းသွက်လျက်ရှိကြောင်း ရတနာပုံစျေးရှိသစ်သီး ရောင်းချသူတစ်ဦး၏ ပြောပြချက် အရ သိရှိရပါသည်။

DOCA(မန္တလေး)

မန္တလေးစျေးကွက်အတွင်းတည်သီးများအရောင်းသွက်လျက်ရှိ

    မန္တလေးစျေးကွက်သို့  မန္တလေးတိုင်းဒေသကြီးရှိ၊  ပြင်ဦးလွင်မြို့နယ်၊ မိုးကုတ်မြို့နယ် နှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်တည်သီးများဝင်ရောက်မှုများပြားကာ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။  ၂၀၂၅ ခုနှစ်ဒီဇင်ဘာလပထမပတ်အတွင်း ဖြစ်ပေါ်သည့်စျေးနှုန်းများမှာ တည်သီး ၁ လုံးလျှင် အလုံး(ကြီး) ၂၅၀၀ ကျပ်နှင့် ၃၅၀၀ ကျပ်၊ အလုံး(လတ်) ၁၅၀၀ ကျပ်နှင့် ၂၀၀၀ ကျပ်၊အလုံး (သေး) ၁၀၀၀ ကျပ်နှင့် ၁၃၀၀ကျပ် စျေးတို့ ဖြင့်  ရောင်းချပြီး၊ အလုံးအရွယ်အစား အပေါ် မူတည်၍ စျေးကွာခြားမှုရှိကြောင်း   သိရှိရပါသည်။ နတ်တော်လတွင် ဘုရား ပွဲတော်များ၊အလှူပွဲများ ကျင်းပ သည့်အချိန်ဖြစ်သည့်အတွက်  မန္တလေးစျေးကွက်တွင် တည်သီး များအရောင်းသွက်လျက်ရှိကြောင်း  စျေးချိုတော်ရှိ သစ်သီး ရောင်းချသူ တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မန္တလေး)

ဒီဇင်ဘာလပထမပတ်တွင်ပန်းဂေါ်ဖီစိမ်းစျေးငြိမ်လျက်ရှိ

    မန္တလေးကုန်စိမ်းစျေးကွက်သို့  မန္တလေးတိုင်းဒေသကြီး၊  စစ်ကိုင်းတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်တောင်ပိုင်းဒေသများမှထွက်ရှိသည့်ပန်းဂေါ်ဖီပွင့်ဖြူနှင့် ပန်းဂေါ်ဖီပွင့်စိမ်းများ ဒီဇင်ဘာလ ပထမပတ်အတွင်း ဝင်ရောက်မှုများပြားပြီး၊ စျေးငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။ စျေးကွက် အတွင်း ပန်းဂေါ်ဖီပွင့်ဖြူနှင့်ပန်းဂေါ်ဖီပွင့်စိမ်းမှာ အရောင်းသွက်သည့်ကုန်စိမ်း အမယ်များဖြစ်ပြီး၊ ပန်းဂေါ်ဖီစိမ်းမှာနူးညံ့မှုပိုသည့်အတွက်စျေးပိုမိုရရှိကြောင်းသိရှိရပါသည်။မန္တလေးကုန်စိမ်း စျေးကွက် အတွင်း ၂၀၂၅ခုနှစ်ဒီဇင်ဘာလပထမပတ်အတွင်း ပန်း ဂေါ်ဖီစိမ်းတစ်ခုလျှင် လက္ကားစျေး  ၁၅၀ဝိ/-နှင့် ၁၇၀ဝိ/- စျေး၊လက်လီစျေးမှာ  ၁၈၀ဝိ/- နှင့် ၂၀၀ဝိ/-စျေးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိ ရပါသည်။

DOCA(မန္တလေး)

ဒီဇင်ဘာလပထမပတ်တွင်သခွားမွှေးသီးစျေးမြင့်တက်လျက်ရှိ

   မန္တလေးစျေးကွက်အတွင်း ဒီဇင်ဘာလပထမပတ်တွင် သစ်သီးမျိုးစုံဝင်ရောက်လျက်ရှိရာ ဆောင်းဦးရာသီချိန်ဖြစ်၍သခွားမွှေးသီးဝင်ရောက်မှုလျော့နည်းလာသည့်အတွက် စျေးမြင့်တက် သွားကြောင်း သိရှိရပါသည်။ သခွားမွှေးသီးမှာ ပြည်ပသို့တင်ပို့သည့်သစ်သီးဖြစ်ပြီး၊ ၂၀၂၄-၂၀၂၅ခုနှစ် မန္တလေးတိုင်းဒေသကြီးအတွင်း သခွားမွှေးသီးစိုက်ပျိုးမှု (၁၃၀၀) ဧကကျော်ဖြစ်ကြောင်း သိရှိရပါ သည်။ ၂၀၂၅ ခုနှစ်ဒီဇင်ဘာလပထမပတ်အတွင်း သခွားမွှေးသီး‌စျေးမှာ တစ်လုံးလျှင် အလုံးဝိုင်း (ကြီး) ၄၀၀၀ ကျပ်နှင့် ၅၅၀၀ ကျပ်၊အလုံး(ရှည်) ၃၀၀၀ကျပ်နှင့်  ၄၅၀၀ ကျပ်စျေးဖြစ်ပြီး၊  မန္တလေး စျေး ကွက်တွင် သခွားမွှေးသီးများ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ငရုတ်သီးစိမ်းစျေးငြိမ်လျက်ရှိသည့်ဒီဇင်ဘာလပထမပတ်

   မန္တလေးစျေးကွက်တွင် ဒီဇင်ဘာလပထမပတ်အတွင်း ငရုတ်သီးစိမ်းစျေးငြိမ်နေကြောင်း သိရှိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း၂၀၂၄-၂၀၂၅ခုနှစ်တွင် ငရုတ်သီး စိုက်ပျိုးမှု ၁၀၈၉၇၃ ဧက၊ ရိတ်သိမ်း မှု ၉၇၆၆၂ ဧက၊ အထွက်နှုန်း ၂၈၃.၁၀ တင်း၊ အထွက်ပေါင်း ၂၇၆၄၉၄၁၀ တင်းထွက်ရှိကြောင်း သိရှိရပါသည်။ စျေးကွက်အတွင်း ငရုတ်သီးစိမ်းအမျိုးအစားများမှာ ကုလား အော်ငရုတ်၊ လျှာဂျွန်းထိုး ငရုတ်၊ ငရုတ်ရှည်နှင့် ငရုတ်ပွသီး များတွေ့ရှိရပြီး၊ အလေးချိန်ဖြင့် ရောင်းချသကဲ့သို့ ငရုတ်ပွလုံးလေး များအား အလုံးအရွယ်အစားအလိုက်ရောင်းချကြောင်း တွေ့ရှိရ ပါသည်။ မန္တလေးမြို့၊သီရိမာလာစျေးနှင့်၄၁လမ်းစျေးရှိ ကုန်စိမ်းစျေးကွက်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ လပထမပတ်အတွင်း ဖြစ်ပေါ်သည့် ငရုတ်သီးပွ (လုံးသေး) စျေးနှုန်းများမှာ ၁ပိဿာလျှင် လက္ကား စျေး ၆၀၀၀ကျပ်နှင့် ၇၀၀၀ကျပ်၊ လက်လီစျေး ၈၀၀၀ ကျပ် နှင့် ၉၀၀၀ကျပ်၊ ပန်းငရုတ်ပွ (လုံးသေး) တစ်ခုချင်းစျေးအနေဖြင့် ၃၀၀ ကျပ်နှင့် ၅၀၀ကျပ် ၊ မိုးထောင် ငရုတ်ရှည် ၁ပိဿာလျှင် လက္ကား စျေး ၄၀၀၀ ကျပ်နှင့် ၄၅၀၀ ကျပ်၊ လက်လီစျေး ၅၀၀၀ ကျပ်နှင့် ၆၀၀၀ ကျပ်၊ ကချင်သီးငရုတ်မှာ လက္ကား စျေး ၅၀၀၀ ကျပ်နှင့် ၆၅၀၀ ကျပ်၊လက်လီစျေး ၇၀၀၀ ကျပ်နှင့် ၇၅၀၀ ကျပ်စျေးတို့ဖြင့် ရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

နဂါးမောက်သီးစျေးမြင့်တက်လျက်ရှိသည့်မန္တလေးစျေးကွက်

   စျေးကွက်အတွင်းသို့ မန္တလေးတိုင်းဒေသကြီးရှိအမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည် ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှ ထွက်သည့်သစ်သီးများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်နဂါးမောက်သီးများ ဝင်ရောက်မှုအနည်းငယ်လျော့နည်းပြီးစျေး မြင့်တက်သွားကြောင်း သိရှိရပါသည်။ စျေးကွက်တွင် နဂါးမောက်သီးအတွင်း သားအဖြူ ရောင်၊ခရမ်းရောင် နှင့်မရမ်းရောင် တို့တွေ့ရှိရပြီး၊အလုံးအရွယ်အစားအလိုက်စျေးကွာခြားမှုရှိကြောင်း တွေ့ရှိရပါသည်။ မန္တလေးမြို့၊ သစ်သီးရောင်းချသည့်စျေးတန်းတွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်သည့် နဂါးမောက်သီး ၁၀ လုံးစျေးနှုန်းများမှာ  (လုံးကြီး) (အတွင်းသားဖြူ) ၂၀၀၀၀ ကျပ်နှင့်၃၅၀၀၀ ကျပ်၊ (လုံးလတ်) ၁၅၀၀၀ကျပ်နှင့်၂၀၀၀၀ကျပ်၊ (လုံးသေး) ၉၀၀၀ကျပ်နှင့် ၁၂၀၀၀ ကျပ် စျေး၊ အတွင်း သားခရမ်းရောင်နှင့် မရမ်းရောင်စျေးတို့မှာ အလုံးကြီး ၁၅၀၀၀ ကျပ်နှင့် ၂၀၀၀၀ ကျပ်၊ အလုံးသေး ၉၀၀၀ ကျပ်နှင့် ၁၁၀၀၀ကျပ်တို့ဖြင့် ရောင်းချလျှက်ရှိကြောင်း ရတနာပုံစျေးရှိ သစ်သီးရောင်းချသူ တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မန္တလေး)

 

ဂန္ဓမာပန်းအမျိုးမျိုးစျေးနှုန်းကျဆင်းလျက်ရှိ

   ဒီဇင်ဘာလပထမပတ်အတွင်း ဂန္ဓမာပန်းအမျိုးမျိုးဝင်ရောက်မှုများပြားလျက်ရှိပြီး၊ စျေးအနည်းငယ်ကျဆင်းသွားကြောင်း မန္တလေးပန်းစျေးကွက်အတွင်းမှ သိရှိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အမရပူရခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်၊ မိတ္တီလာခရိုင်နှင့် မြင်းခြံ ခရိုင်တို့မှထွက်သည့်ပန်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်၊တောင်ကြီးဒေသတို့မှ ထွက်ရှိ သည့်ဂန္ဓာမာပန်းများဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။ စျေးကွက်အတွင်း အများဆုံး တွေ့ ရသော ဂန္ဓမာပန်းအမည်များမှာ ဆန်းမားဖြူ၊ ဆန်းမားဝါ၊ လပ်ကီးဖြူ၊ လပ်ကီးဝါ၊ လပ်ကီးနီ၊ ရွှေစိမ်း၊ကီလို၊ကြွေဖြူ၊ကြွေဝါ၊ချက်စိမ်း၊ပုလဲဖြူစသည်ဖြင့် အမျိုးမျိုးတွေ့ရှိရပါသည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလပထမပတ်အတွင်း လက်လီစျေးအနေဖြင့် ဂန္ဓာမာပန်းကြွေဖြူ တစ်ရိုးတစ်ပွင့် (၁၀ ခက်ပါ) တစ်စီး လျှင် ၄၀၀၀ ကျပ်နှင့် ၄၅၀၀ ကျပ်၊ ဆန်းမား၊ လပ်ကီး၊ ရွှေစိမ်း၊ ကီလို၊ ကြွေဖြူ၊ ကြွေဝါ၊ ချက်စိမ်းနှင့် ပုလဲဖြူတစ်စီးလျှင် ၃၀၀၀ ကျပ်နှင့် ၃၅၀၀ကျပ်စျေးဖြင့် ရောင်းချလျှက်ရှိ ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း