ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရွှေဘိုမြို့ရှိဈေးများတွင် ရောင်းချနေသည့် ဇီးဖြူသီးအစိမ်း၊ ဇီးဖြူသီးခြောက်နှင့် ကြောင်လျှာ ပွင့်ခြောက်ဈေးနှုန်း

     ရွှေဘိုမြို့ရှိဈေးများတွင် သစ်သီးဝလံများ၊ အသား/ငါးများ၊ အဝတ်အထည်များ၊ လူသုံးကုန် ပစ္စည်းများကိုရောင်းချလျက်ရှိရာ ဇီးဖြူသီးအစိမ်း၊ ဇီးဖြူသီးခြောက်နှင့် ကြောင်လျှာပွင့်ခြောက်များကိုလည်းရောင်းချလျက်ရှိပါသည်။ အသီးအနှံများ၊ သစ်သီးဝလံများသည် မိုးရာသီအချိန်တွင် ပေါ်ပေါ်များများထွက်ရှိသဖြင့် စားသုံးသူများသည် အသီးအနှံများကို နွေ၊ မိုး၊ ဆောင်း ရာသီနှစ်ပတ်လည်မရွေး စားသုံးနိုင်ရန် သိုလှောင်သိမ်းဆည်းကြသဖြင့် ဈေးသည်များမှ သစ်သီးဝလံအစိမ်းများကို အခြောက်အဖြင့် ပြန်လည်ပြုပြင်ရောင်းချကြကြောင်း၊ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (ဒုတိယ) ပတ်တွင် ရောင်းချနေသော ဇီးဖြူသီးအစိမ်းဈေးနှုန်းမှာ နို့ဆီဗူး(၁)ဗူးလျှင် (၇၀ဝိ/-) ကျပ်၊ ဇီးဖြူသီးခြောက် နို့ဆီဗူး(၁)ဗူးလျှင် (၁၂၀ဝိ/-)ကျပ်၊ ကြောင်လျှာပွင့်ခြောက်(၅)ကျပ်သားလျှင် (၁၅၀ဝိ/-) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မအူပင်မြို့နယ်တွင် ရောင်းချနေသော ကျောက်စိမ်းဘုရားပန်းဈေးကွက်

          မအူပင်မြို့နယ်တွင် ဘုရားပန်းရောင်းချသူ လုပ်ငန်းရှင်များရှိပြီး ဘုရားပန်းရောင်းချသည် ပန်းဒိုင်ကြီးများလည်းရှိသည်။ မအူပင်မြို့နယ်တွင် ဒေသထွက် ပန်းများကို ဘုရားပန်းစိုက်ပျိုး ရောင်းချကြသလို အခြားဒေသထွက်ပန်းများကို ရန်ကုန်ဈေးကြီးများမှ မှာယူပြီး ‌ဒေသတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိ၍ စီးပွားဖြစ်ထွန်း အဆင်ပြေလျက်ရှိကြောင်း သိရသည်။ ယခုလ နိုဝင်ဘာလများတွင် ဒေသထွက် ပန်းများ မထွက်ရှိသေးသဖြင့် ရန်ကုန်မှ ကျောက်စိမ်းပန်းဖြူ၊ ကျောက်စိမ်းပန်းဝါ၊ နှင်းဆီပန်း၊ ပန်းဒိန်ငို၊ ခိုင်ရွှေဝါ၊ ဂန်နမာပန်းဖြူများ မှာယူရောင်းချကြောင်း ပန်းဒိုင်ကြီးမှ သိရသည်။

          မအူပင်ပန်းအရောင်းဒိုင်မှ ကျောက်စိမ်းပန်း အဖြူနှင့်အဝါ ပန်းများကို ရန်ကုန်မှ ပန်းထုံး ၁၀၀-၅၀၀ အထိ နေ့စဉ် မှာယူကြောင်း၊ ပန်းထုံး ၁ထုံးလျှင် ဘုရားပန်းအစီးရေ ၃၀ခန့် ထွက်ရှိကြောင်း၊ လက်ကား ကျောက်စိမ်းပန်း ၁စီးလျှင် ၁၂၀၀ကျပ်ဖြင့် ဖောက်သည်ပေးပြီး ဈေးကွက်အတွင်းတွင် ပန်း၁စီးလျှင် ၁၅၀၀ကျပ်ဖြင့် ‌ရောင်းချလျက်ရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ပန်းထုံး ၁ထုံးရင်းနှီးငွေမှာ ၂၄၀၀၀-၂၅၀၀၀ကျပ် ဖြင့်ရန်ကုန်မှ ဝယ်ယူရကြောင်း၊ ပန်းထုံး ၁၀၀လျှင် ငွေကျပ် ၂၄၀၀ ၀၀၀ကျပ်ရင်းနှီးရကြောင်း၊ အကျိုးအမြတ်အနေဖြင့် ငွေကျပ် ၃၆၀၀ ၀၀၀ကျပ် ရရှိသဖြင့် ၁၂၀၀ ၀၀၀ကျပ် ကျန်ရှိသဖြင့် စီးပွားဖြစ်အဆင်ပြေလျက်ရှိကြောင်း ဈေးကွက်အတွင်း လက်လီပန်းရောင်းချသူများအတွက်လည်း အကျိုးအမြတ်ကျန်ရှိ၍ တွက်ခြေကိုက်စီးပွားဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မုံရွာမြို့၊ ဈေးဟောင်းတွင် ရောင်းချနေသော ဆလပ်ရွက်နှင့် အိုးမုန်ညှင်းရွက်ဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်ရှိ ကျေးရွာများတွင်  အသီးအရွက်များကို တစ်နိုင်တစ်ပိုင်သော်လည်းကောင်း၊  စီးပွားဖြစ်သော်လည်းကောင်း စိုက်ပျိုးကြပါသည်။  စိုက်ပျိုးရေးသီးနှံများမှ ဆလပ်ရွက်နှင့်အိုးမုန်ညှင်းရွက်ကို ဒေသတွင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး လျှက်ရှိပြီး မုံရွာမြို့၊ ဈေးဟောင်းရှိ  ကုန်စိမ်းစျေးများတွင် ပြန်လည်ရောင်းချကြပါသည်။

    နိုဝင်ဘာလ ဒုတိယပတ်တွင် ဈေးဟောင်းတွင် ဖြစ်ပေါ်နေသော ဆလပ်ရွက် ဈေးနှုန်းမှာ ဆလပ်ရွက်တစ်စည်းလျှင် (၃၀၀)ကျပ်မှ(၄၀၀)ကျပ်၊ အိုးမုန်ညှင်းရွက်ဈေးနှုန်းမှာ အစည်းအကြီးအသေးပေါ်မူတည်၍ တစ်စည်းလျှင် (၃၅၀)ကျပ်မှ (၄၀၀)ကျပ်ထိ ရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

သံလမ်းဈေးတွင် ရောင်းချနေသော ငရုတ်သီးစိမ်းဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို အများအပြားလုပ်ကိုင်ကြကြောင်း သိရပါသည်။ မုံရွာမြို့နယ် အတွင်းရှိ ကျေးရွာများနှင့် မြို့ ပေါ်တွင် စိုက်ပျိုးသီးနှံများဖြစ်သည့် ငရုတ်သီး၊ ကြက်ဟင်းခါး၊ ဘူးသီး၊ ပဲသီး၊ သခွားသီး၊ ခရမ်းသီး၊ ရုံးပတီသီး၊ ၊ ကန်စွန်းရွက် နှင့် ချဥ်ပေါင်ရွက် စသည့် သီးနှံများ စိုက်ပျိုးကြပါသည်။ စားဖိုဆောင်သီးနှံဖြစ်သည့် ငရုတ်သီးစိမ်းများကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပြီး မုံရွာမြို့၊ ချင်းတွင်းရတနာဈေးနှင့် သံလမ်းဈေးတို့တွင် ရောင်းချကြကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်တွင် ချင်းတွင်းရတနာဈေးနှင့် သံလမ်းဈေးတို့တွင် ငရုတ်သီးစိမ်း (၂၅)ကျပ်သားလျှင် (၇၀၀)ကျပ်၊ ငရုတ်သီးစိမ်း (၁)ပိဿာလျှင်  (၂၈၀၀)ကျပ်ရှိဖြင့်  ရောင်းချလျက်ရှိကြောင်း  ကုန်စိမ်းရောင်းချနေသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မအူပင်မြို့နယ် ဈေးကွက်အတွင်းရောင်းချနေသော ခရမ်းချဉ်သီးဈေးနှုန်း အခြေအနေ

         မအူပင်မြို့နယ် ဈေးကွက်အတွင်းတွင် ရန်ကုန်သီရိမင်္ဂလာဈေးမှ ခရမ်းချဉ်သီးများ မအူပင်မြို့နယ်သို့ လှိုင်လှိုင်ဝင်ရောင်လျက်ရှိပြီး ခရမ်းချဉ်းသီး ခြင်းပြတ်ဈေးနှုန်းမှာ ၁ပိဿာလျှင် ၂၀၀၀၀ကျပ်ဖြင့် ဝယ်ယူကြောင်း ချရမ်းချဉ်ရောင်းချသူများထံမှ သိရသည်။ မအူပင် ဈေးကွက်အတွင်း၌ ရောင်းချနေသော ဈေးနှုန်းမှာ ၁ပိဿာလျှင် ကျပ် ၃,၀၀၀၀ မှ ၂,၈၀၀၀ ဝန်းကျင်အထိ ရရှိနေသောကြောင့် သယ်ယူစရိတ်နှင့် လုပ်အားခ နှုတ်ပြီးသည့်တိုင် ခြင်းဖြတ်ဈေးထက် ပိုမိုအကျိုးအမြတ် ရနေခြင်းဖြစ်သည်။ ခရမ်းချဉ်သီးများကို လက်ကားရောင်းချမှုမှာ တစ်နေ့လျှင် ပိဿာချိန် ၂၀၀၀-၃၀၀၀အထိ ရောင်းချရကြောင်းနှင့် ဈေးကွက်အတွင်း ရောင်းချသူများ အကျိုးအမြတ်ရရှိ၍ အဆင်ပြေလျက်ရှိကြောင်းနှင့် ယခင် စက်တင်ဘာလ ဈေးဖြင့်နှိုင်းယှဉ်ပါက ဈေးနှုန်းကျဆင်းလာကြောင်း စက်တင်ဘာလက ဈေးကွက်အတွင်းတွင် ခရမ်းချဉ်သီးဈေးမှာ ၁ပိဿာလျှင် ၃၂၀၀၀-၃၅၀၀၀ကျပ်အထိ ဈေးမြင့်တက်ခဲ့ပြီး ယခုလတွင် ဈေးအနည်းငယ်ကျဆင်းလာကြောင်း ကုန်စိမ်းရောင်းချသူများထံမှ သိရှိရပါသည်။

DOCA (ဧရာဝတီ)

သံလမ်းဈေးတွင် ရောင်းချနေသော ဂေါ်ရခါးသီးနှင့် ဂေါ်ရခါးညွှန့်ဈေးနှုန်း

    မုံရွာမြို့၊ သံလမ်းဈေးတွင် ဂေါ်ရခါးသီးများ ရောင်းချလျက်ရှိရာ ဂေါ်ရခါးသီးသည် ရှမ်းပြည်နယ် တောင်ကြီး၊ အောင်ပန်း၊ ကလောနှင့် ရွာငံ၊ ရေဦးဒေသများမှ အဓိက ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

    ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်တွင်  သံလမ်းဈေးတွင် ဖြစ်ပေါ်နေသော ဂေါ်ရခါးသီဈေးနှုန်းများကို ဂေါ်ရခါးသီးအသေး(၁)လုံးလျှင် (၅၀၀)ကျပ်၊ ဂေါ်ရခါးသီးအလတ် (၁)လုံး လျှင် (၆၀၀) ဂေါ်ရခါးသီးအကြီး(၁)လုံးလျှင် (၈၀၀)ကျပ်နှင့် ဂေါ်ရခါးညွှန့်ဈေးနှုန်း (၂၅၀)ကျပ်မှ (၃၅၀)ကျပ်ဖြင့်  ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

သာစည်ဈေးတွင် ရောင်းချနေသော ခါကြက်ဥနှင့် သခွားသီးဈေးနှုန်း

     မုံရွာမြို့၊ သာစည်ဈေးတွင် ရောင်းချနေသော ဟင်းသီးဟင်းရွက်ဈေးတန်းများတွင် ခါကြက်ဥ၊  သခွားသီးများလည်း ရောင်းချလျက်ရှိပါသည်။ ခါကြက်ဥနှင့် သခွားသီးများကို အိမ်ရှင်မများက အိမ်သုံးချက်ပြုတ်ရန်အတွက် ဝယ်ယူကြပြီး  စားသောက်ဆိုင်များမှလည်း  စီးပွားဖြစ် အသုံးပြန်ရန် အဓိကဝယ်ယူကြောင်း သိရှိရပါသည်။

   ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်တွင်   ခါကြက်ဥဈေးနှုန်းမှာ ခါကြက်ဥ ဥကြီး တစ်ပိဿာလျှင်(၃၉၀၀)ကျပ်၊ ခါကြက်ဥ ဥသေး တစ်ပိဿာလျှင် (၃၄၀၀) ကျပ်၊ သခွားသီး ဈေးနှုန်းအနေဖြင့် အသေးတစ်လုံးလျှင် (၃၀၀)ကျပ်၊ အကြီးတစ်လုံးလျှင် (၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်စိမ်းသီးနှံရောင်းချသူများထံမှ သိရသည်။

DOCA(စစ်ကိုင်း)

သာစည်ဈေးတွင် ရောင်းချနေသော ခဝဲသီးနှင့် ကြောင်လျှာသီးဈေးနှုန်း

        စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များ တွင် စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်စားသောက်ကြရာမှ စားဖိုဆောင်သီးနှံဖြစ်သည့် ခဝဲသီး များနှင့် ကြောင်လျှာသီးပင်များကိုလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိပြီး မုံရွာမြို့၊ သာစည် ဈေးတွင် လာရောက်ရောင်းချလျက်ရှိကြောင်း သိရပါသည်။

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်တွင် မုံရွာမြို့၊ သာစည်ဈေးတွင် ခဝဲသီး ဈေးနှုန်းများမှာ လက်ကား တစ်ပိဿာလျှင် (၂၆၀၀/-) ကျပ်၊ လက်လီတစ်ပိဿာလျှင် (၂၈၀၀/-) ကျပ်တို့ဖြင့်လည်းကောင်း၊  ကြောင်လျှာသီးအကြီး တစ်တောင့်လျှင် (၁၄၀၀)ကျပ်၊ ကြောင်လျှာသီး အသေးတစ်တောင့်လျှင် (၈၀၀)ကျပ်နှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့ရှိ ဈေးများတွင် ရောင်းချလျက်ရှိသည့် ခရမ်းသီး၊ ပဲတောင့်ရှည်(ခေါ်)တိုင်ထောင်ပဲသီးနှင့် ရုံးပတေသီးဈေးနှုန်း

   ရွှေဘိုမြို့ရှိဈေးများတွင် အသီးအနှံမျိုးစုံရောင်းချလျက်ရှိရာ ခရမ်းသီး၊ ပဲတောင့်ရှည်(ခေါ်) တိုင်ထောင်ပဲသီးနှင့် ရုံးပတေသီးနှုန်းများကို ရောင်းချလျက်ရှိကြောင်း၊ ခရမ်းသီး(၁)ပိဿာလျှင် (၄၀၀ဝိ/-)ကျပ်၊ ပဲတောင့်ရှည်(ခေါ်)တိုင်ထောင်ပဲသီး(၈)ပင်ပါ (၁)စည်းလျှင် (၆၀ဝိ/-)ကျပ်၊ ရုံးပ တေသီး (၁)ပိဿာလျှင် (၃၈၀ဝိ/-)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ အသီးအနှံများကို ရွှေဘိုမြို့အပြင် အခြားရွာများမှလည်း လာရောက်ဝယ်ယူကြကြောင်း၊ ဆိုင်ကယ်ဖြင့်ရောင်းချသည့် ဈေးသည်များမှ ပြန်လည်ဝယ်ယူကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

မြို့မဈေးတွင် အရောင်းအဝယ်ဖြစ်နေသည့် ကန်ဇွန်းဥနှင့် မုန်လာဥဖြူ

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာ အိမ်ခြံဝင်းများနှင့် ယာကွက်များတွင် ကန်ဇွန်းဥနှင့် မုန်လာဥဖြူတို့ကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပြီး ကန့်ဘလူမြို့မဈေးတွင် ရောင်းချရကြောင်း၊ ကန်စွန်းဥကို အစိမ်းစားတာ၊ ပြုတ်စားတာနှင့် ကန်စွန်းဥပူတင်း စသည်ဖြင့် အမျိုးမျိုးပြုလုပ်စားသုံးကြကြောင်း၊ မုန်လာဥဖြူကို  စားသောက်ဆိုင်၊ ထမင်းဆိုင်နှင့် အိမ်ရှင်မများက ဝယ်ယူလျက်ရှိကြောင်း သိရသည်။

       ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော  ကန်ဇွန်းဥဈေးနှုန်းမှာ လက်လီ(၁)ပိဿာလျှင် (၄၃၀၀)ကျပ် လက်က္ကား(၁)ပိဿာလျှင် (၄၀၀၀)ကျပ် နှင့်(၂၅)ကျပ်သားလျှင် (၁၀၀၀)ကျပ်ဈေးနှုန်းဖြင့်လည်းကောင်း၊ မုန်လာဥဖြူအကြီး(၃)ဥလျှင် (၆၀၀) ကျပ်၊ မုန်လာဥဖြူ(အသေး)(၃)ဥလျှင် (၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိရာ ယခင်အောက် တိုဘာလ၏ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ကန်စွန်းဥ(၁)ပိဿာလျှင် (၃၀၀)ကျပ် ဈေးနှုန်းမြင့်တက်လာကြောင်း ဈေးသည်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း