ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပခုက္ကူဈေးကွက်တွင် ပဲစဉ်းငုံသီးနှံ ဈေးအနည်းငယ်တက်နေပြီး အရောင်းအဝယ်ဖြစ်လျက်ရှိ

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူဈေးကွက်၌ ပဲစဉ်းငုံသီးနှံများ  အရောင်း အဝယ် ဖြစ်ကြောင်း သိရှိရသည်။ ၂၀၂၅ ခုနှစ်၊ သီးနှံပေါ်စ ဇန်နဝါရီလတွင် တစ်တင်းလျှင် ကျပ်(၁၂၆၅၀၀-၁၂၂၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ပြည်ပဈေးကွက် ဝယ်လိုအားနည်း၍ ဈေးတရိပ်ရိပ် ကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ပဲစဉ်းငုံသီးနှံကို ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် စစ်ကိုင်း၊ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ကျေးရွာများမှ အများဆုံးစိုက်ပျိုးပြီး ပခုက္ကူပဲဈေးကွက်သို့ ဝင်ရောက်လျက်ရှိပြီး ယခုရာသီချိန်တွင် တောင်သူများ တွင် ပဲလက်ကျန်နည်းပြီး မြို့ပေါ်ရှိ ကုန်သည်များမှ သီးနှံလှိုင်လှိုင်ပေါ်ချိန်တွင် ဝယ်ယူသိုလှောင် ထားသော ပဲစဉ်းငုံနီများ ပြန်လည်ဖြန့်ဖြူးမှုများကြောင်း၊ ဩဂုတ်လ (စတုတ္ထပတ်)တွင် တစ်ရက် လျှင် ပဲစဉ်းငုံနီ ပိဿာ (၃၀)ဝင် အိတ် (၂၀၀-၃၀၀)ခန့် အရောင်း အဝယ်ဖြစ်ကြောင်း သိရှိရသည်။

          ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ (ဒုတိယပတ်)တွင် ဈေးနှုန်းအနေဖြင့် ပဲစဉ်းငုံနီ တစ်တင်းလျှင် ကျပ် (၇၉၄၀၀)၊ (ပထမပတ်)တွင် ကျပ်(၇၈၀၀၀)ဖြစ်ပြီး ယခု ဒီဇင်ဘာလ (ဒုတိယပတ်)တွင် ဈေးနှုန်း အနည်းငယ်တက်နေပြီး   အရောင်းအဝယ်ဖြစ်နေကြောင်း၊ ဈေးကွက်သို့ ကုန်ဝင်သလောက် အရောင်း အဝယ်ဖြစ်ကြောင်း၊ ပခုက္ကူဈေးကွက်သို့ ဝင်ရောက်လာသည့် ပဲစဉ်းငုံနီများကို ရန်ကုန်၊ မန္တလေး ဈေးကွက်သို့ တင်ပို့ပြီး ထိုမှတစ်ဆင့် ပြည်ပအိန္ဒိယနိုင်ငံသို့ တင်ပို့ လျက်ရှိကြောင်း၊ ပဲစဉ်းငုံသီးနှံသည် ပြည်ပို့ကုန် ပဲတစ်မျိုးဖြစ်၍ ဈေးကွက် ဝယ်လိုအားပေါ်မူတည် ပြီး နေ့စဉ်နှင့်အမျှ ဈေးနှုန်းပြောင်းလဲမှု ရှိကြောင်း ဈေးကွက်မှ သိရှိရသည်။

DOCA(မကွေး)

မှော်ဘီမြို့နယ်သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ရောင်းချမည့်စားအုန်းဆီများရောက်ရှိ

           စားသုံးသူရေးရာဦးစီးဌာန၊ မှော်ဘီခရိုင်မှော်ဘီမြို့နယ်ခွဲရုံး ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူး သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက် နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် ဇမ္ဗူကံထွန်းကုမ္ပဏီမှ ခွဲတမ်းရ စားသုံးဆီရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မှော်ဘီမြို့နယ် ဆီကိုယ်စားလှယ်က ခွဲတမ်းရရှိလာသော စားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီ/ လက်ကားဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ ၎င်းတို့မှတစ်ဆင့် ပြည်သူများသို့ ပြန်လည်ရောင်းချမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

အညာသခွား(ခေါ်)ဆက်တွန်သခွားစျေးနှုန်းနှင့် အရောင်းအဝယ်ဖြစ်မှုအခြေအနေ

      မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့ပတ်ဝန်းကျင်ရှိ မကွေးကျွန်း၊ သင်္ဘောကျွန်း၊ ကြက်နဖကျွန်းတို့တွင် အညာသခွား(ခေါ်) ဆက်တွန့်သခွားကို သီးညှပ်စိုက်ပျိုးလျက်ရှိပြီး မကွေးတိုင်း ဒေသကြီးအတွင်းသာမကပဲ အခြားတိုင်းဒေသကြီး၊ အခြားမြို့နယ်များတွင်လည်း စိုက်ပျိုး၍ အရောင်း အဝယ်များ ဖြစ်ပေါ်လျက်ရှိကြပါသည်။ အညာသခွား(ခေါ်) ဆက်တွန့်သခွားကို ဇွန်လကုန်မှ စတင် စိုက်ပျိုးပြီး နိုဝင်ဘာလ (တတိယပတ်) နှင့် ဒီဇင်ဘာလတို့တွင် ထွက်ပေါ်လျက်ရှိပြီး အရောင်းအဝယ် အများဆုံးဖြစ်ပေါ်လျက်ရှိပါသည်။

     အညာသခွား (‌ခေါ်)ဆက်တွန့်သခွား ထွက်ပေါ်လာသည့်အချိန်တွင် မကွေးမြို့ပေါ်တွင်ရှိသော မြို့မစျေး၊ မင်္ဂလာစျေး၊ ကန်သာစျေးနှင့် ရန်ပယ်စျေးများသို့ အများဆုံးတင်ပို့လျက်ရှိကြောင်းနှင့် သခွား သီး (၁)တောင့်လျှင် အရွယ်အစားပေါ်မူတည်၍ ကျပ်(၅၀၀- ၆၀၀-၇၀၀)ဈေးနှုန်းဖြင့် အရောင်းအဝယ် ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မြိတ်ဒေသထွက် ကန်စွန်းဥ (ဒေသခေါ်) မျောက်ခေါင်း ဈေးနှုန်းစျေးကွက်

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ရေထွက်လုပ်ငန်းများဖြင့် စီးပွားရေးလုပ်ကိုင်ကြသလို ဒေသတွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများဖြင့်လည်း စီးပွားဖြစ်လျက်ရှိသည်။ ‌ဒေသတွင်း စိုက်ပျိုးသီးနှံများတွင် စားဖိုဆောင်သီးနှံများပါဝင်သလို ရာသီပေါ်သီးနှံများလည်းရှိသည်။  ရာသီပေါ် သီနှံများမှ ကန်စွန်းဥသည် လူကြိုက်များပြီး စီးပွားဖြစ်လျက်ရှိသော အစားအစားတစ်ခုဖြစ်သည်။ မြိတ်ခရိုင်အတွင်းရှိ ကျေးရွာများတွင် ကန်စွန်းဥများကိုလည်း စီးပွားဖြစ်စိုက်ပျိုးကြသလို မြို့များ တွင်လည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြကြောင်း တွေ့ရှိရပါသည်။ ဒေသထွက်ကန်စွန်းဥများကို မြို့ရှိ စျေးများတွင် ပြန်လည်ရောင်းချကြပြီး ကန်စွန်ဥအဖြူနှင့် ငချိတ်စျေးနှုန်းတွင် ငချိတ်စျေးနှုန်းမှာ ပို၍ စျေးကောင်းရလျက်ရှိသည်။

          ကန်စွန်းဥကို ပြုတ်စားတာဖြစ်ဖြစ်၊ ကြော်စားတာြဖစ်ဖြစ်၊ မုန့်လုပ်စားတာဖြစ်ဖြစ် စားသုံး လိုရပြီး အလွန်ပင်စား‌ကောင်းရုံသာမက ကျန်းမာရေးအတွက်လည်း အလွန်ပင်အထောက်အကူ ပြုသော သီးနှံတစ်မျိုးဖြစ်သည်။ ကန်စွန်းဥမှာ အဟာရဓာတ်များစွာပါဝင်သည့်အတွက် ကိုယ်ခံ အားကောင်းမွန်စေခြင်း၊ အမြင်အာရုံ‌ကောင်းမွန်စေခြင်း၊ ဦးနှောက်လုပ်ဆောင်မှုကို ကောင်းမွန် စေခြင်းနှင့် ကိုယ်အလေးချိန်ကိုကျစေခြင်းတို့ကို သက်သာစေပြီး စသည့်အကျိုးကျေးဇူးတွေရရှိ နိုင်သည့်အတွက် ကန်စွန်းဥကို စားသုံးသင့်ကြောင်း သိရပါသည်။ ကန်စွန်းဥ ကို မုန့်လုပ်ငန်းများတွင် ကန်စွန်းဥကြော်အဖြစ်ထုတ်ပိုး၍ ဒေသထွက်ကုန်အဖြစ်ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ယခု ဒီဇင်ဘာလတတိယပတ်တွင် မြိတ်မြို့ပေါ်တွင်ရောင်းချနေသာ ကန်စွန်းဥဈေးနှုန်းမှာ ကန်စွန်းဥ အကြီးစားတစ်ပိဿာလျှင် (၅၅၀၀)ကျပ်နှင့် အသေးစားတစ်ပိဿာလျှင် (၄၅၀၀)ကျပ်ရှိပြီး အကြော်တစ်ထုတ်လျှင် ၅၀၀ကျပ်မှ ၁၅၀၀ကျပ်ခန့်အထိ အရွယ်အစား၊ အချပ်အရေအတွက် အလိုက် ရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆန်အမျိုးအစားအလိုက် ဆန်အဝင်နှင့် ဆန်ဈေးနှုန်းစာရင်း

         ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ၂၃.၁၂.၂၀၂၅ ရက်နေ့တွင် ပဲခူး(အရှေ့) မှ ရှယ်စ ၃၇၁၁ အိတ်နှင့် ဈေးနှုန်းမှာ ၅၅၀၀၀ မှ ၅၆၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၆၇၆ နှင့် ဈေးနှုန်းမှာ ၅၁၀၀၀ မှ ၅၂၀၀၀ ကျပ်၊ လက်စအိတ်ရေ ၂၈၁၀ နှင့် ဈေးနှုန်းမှာ ၄၇၀၀၀ မှ ၅၂၀၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၂၅၄ နှင့် ဈေးနှုန်းများမှာ ၅၀၀၀၀ မှ ၅၁၀၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၆၀၇၃ နှင့် ဈေးနှုန်းများမှာ ၄၂၀၀၀ မှ ၄၈၀၀၀ ကျပ်၊ ပဲခူး(အနောက်) မှ ရှယ်စ ၃၆၄၂ အိတ်နှင့် ဈေးနှုန်းမှာ ၅၅၀၀၀ မှ ၅၆၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၄၃၃ နှင့် ဈေးနှုန်းမှာ ၅၁၀၀၀ မှ ၅၂၀၀၀ ကျပ်၊ လက်စအိတ်ရေ ၃၀၅၉ နှင့် ဈေးနှုန်းမှာ ၄၇၀၀၀ မှ ၅၂၀၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၄၃၇ နှင့် ဈေးနှုန်းများမှာ ၅၀၀၀၀ မှ ၅၁၀၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၆၂၀၁ နှင့် ဈေးနှုန်းများမှာ ၄၂၀၀၀ မှ ၄၈၀၀၀ ကျပ်၊ ဧရာဝတီတိုင်း မှ ရှယ်စ ၃၉၁၇ အိတ်နှင့် ဈေးနှုန်းမှာ ၅၅၀၀၀ မှ ၅၆၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စ အိတ်ရေ ၃၅၄၁ နှင့် ဈေးနှုန်းမှာ ၅၁၀၀၀ မှ ၅၂၀၀၀ ကျပ်၊ လက်စအိတ်ရေ ၂၉၄၅ နှင့် ဈေးနှုန်းမှာ ၄၇၀၀၀ မှ ၅၂၀၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၁၈၂ နှင့် ဈေးနှုန်းများမှာ ၅၀၀၀၀ မှ ၅၁၀၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၅၇၄၃ နှင့် ဈေးနှုန်းများမှာ ၄၂၀၀၀ မှ ၄၈၀၀၀ ကျပ်၊ တို့ဝင်ရောက်ကြောင်း သိရှိရပါသည်။        

            ၂၃.၁၂.၂၀၂၅ ရက်နေ့တွင် ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆန်အိတ်ရေစုစုပေါင်း(၅၂၆၂၄) အိတ် ဝင်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

၂၄.၁၂.၂၀၂၅ ရက်နေ့ရှိ ဘုရင့်နောင်ကုန်စည်ဒိုင် ပဲအမျိုးအစားအလိုက် လက်ကျန်စာရင်း

          ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ကုန်စည်ဒိုင် ပဲနှမ်းအသင်းမှ  ၁၈.၁၂.၂၀၂၅ ရက်နေ့ရှိ ပဲလက်ကျန်စာရင်းမှာ မြေပဲတစ်ပိဿာလျှင် မြေပဲလုံးဆံ ၈၂၀၀ ကျပ်ခန့်၊ မြေပဲဆီဆံ တစ်ပိဿာလျှင် ၈၀၀၀ ကျပ်ခန့်ရှိပါသည်။ နှမ်းဖြူ မန္တလေးဈေးမှာ ၄၅ ပိဿာ တစ်အိတ် လျှင် ၂၈၀၀၀၀ ကျပ်ခန့်ရှိပါသည်။ နှမ်းနက်(ရိုးရိုး) ဈေးနှုန်းမှာ ၄၅ ပိဿာတစ်အိတ်လျှင် ၆၆၀၀၀၀ ကျပ်ခန့်ရှိပြီး ရန်ကုန်ဈေးကွက်တွင် မုန့်ညှင်းဈေးကွက်မရှိပါ၊ ပဲပုတ် ၂၀၂၅ အတွက် တန်ချိန် (၁၈၀၀၀) ဝန်းကျင်ရှိမည်ဟု ခန့်မှန်းခဲ့ပါသည်။ ယခင်တစ်ပတ်တွင် မြေပဲတစ်ပိဿာလျှင် မြေပဲလုံး ဆံ ၈၄၀၀ ကျပ်ခန့်ရှိရာမှ ယခုတစ်ပတ်တွင် ၈၂၀၀ ကျပ်၊ မြေပဲဆီဆံ တစ်ပိဿာလျှင် ၇၈၀၀ ကျပ် ရှိရာမှ ယခုတစ်ပတ်တွင် ၈၀၀၀ ကျပ်ခန့်၊ ပဲပုတ် ၂၀၂၅ ခုနှစ်အတွက် တန်ချိန် (၁၇၅၀၀) ရှိရာမှ ယခုတစ်ပတ်တွင် တန်ချိန် (၁၈၀၀၀)ရှိမည်ဟုခန့်မှန်းကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်ပဲနှမ်းအသင်းမှ သိရှိရပါသည်။

DOCA(ရန်ကုန်)  

ပန်းဂေါ်ဖီ(ခေါ်) ပန်းမုံလာ၏ အသုံးဝင်ပုံနှင့်စျေးနှုန်း

           ပန်းဂေါ်ဖီစိမ်းသည် ၁၉၈၀ပြည့်နှစ်ခန့်မှစ၍ မြန်မာပြည်တွင်စိုက်ပျိုးလာသောမျိုးဖြစ်ပါသည်။ တောင်ပေါ်ဒေသနှင့် မြေပြန့်တွင်ပါစိုက်ပျိုးနိုင်ပြီး တောင်ပေါ်ဒေသဖြစ်ပါက ဧပြီ၊ မေ၊ စက်တင်ဘာ၊ အောက်တိုဘာနှင့် မြေပြန်ဒေသဖြစ်ပါက စက်တင်ဘာ၊ အောက်တိုဘာလတွင် စိုက်ပျိုးနိုင်သည်။ မြိတ်ခရိုင်တွင်စိုက်ပျိုးနိုင်သော်လည်း ဒေသတွင် အပွင့်ထွက်ရှိနှေး၊ အပွင့်ငယ်သဖြင့် စီးပွားဖြစ်တွက် ခြေမကိုက်ခြင်းကြောင့် စိုက်ပျိုးမှုနည်းပါကြောင်းသိရှိရပါသည်။ ပန်းဂေါ်ဖီစိုက်ပျိုးရာတွင် ပန်းဂေါ်ဖီ မျိုးစေ့ကို မြေအနည်းငယ်ထွန်ရက်ထားသောမြေတွင် ပျိုးထောင်ရပြီး ပိုးသတ်ဆေးနှင့် ဓါတ်မြေသြ ဇာများထည့်ပေးရသည်။  ပန်းဂေါ်ဖီသည် အေးသောရာသီတွင်သာပွင့်ပြီး အပူဒဏ်ကိုလည်း ခံနိုင် သောအပင်ဖြစ်သည်။  ခြောက်သွေ့သောရာသီတွင် ပန်းအပွင့်မဖြစ်ပေါ်နိုင်ကြောင်းသိရှိရပါသည်။

                 ပန်းဂေါ်ဖီတွင် ရိုးရိုးအဖြူနှင့် ပန်းဂေါ်ဖီအစိမ်းဟူ၍နှစ်မျိုးရှိပြီး  အစိမ်းသည် ပိုမိုနူးညံ့ပြီး ဗီတာ မင် ကေပါဝင်မှုအထူးများပြားခြင်းကြောင့် နှလုံးသွေးကြော ကျဉ်းရောဂါ၊ အစာအိမ်ကင်ဆာနှင့် ရင်သားကင်ဆာတို့ကို ပျောက်ကင်းစေနိုင်ကြောင့်သိရှိရပါသည်။ မြိတ်‌ဒေသတွင် ပန်းဂေါ်ဖီအဖြူ ထက် ပန်းဂေါ်ဖီအစိမ်းသည် ပို၍စျေးကောင်းရရှိကြောင်းသိရှိရပါသည်။ ပန်းဂေါ်ဖီဟာ အာဟာရ ဓာတ် အများအပြားပါဝင်သော ကျန်းမာရေးအထောက်အကူပြု ဟင်းသီးဟင်းရွက်ဖြစ်သည်။ မြိတ်ခရိုင်တွင် ပန်းဂေါ်ဖီကို ရန်ကုန်ကုန်စည်ဒိုင်များမှ မှာယူလျက်ရှိပြီး ဒေသရှိ စျေးများတွင် ပြန်လည်ရောင်းချကြသည်။ ပန်းဂေါ်ဖီအဖြူကို ကြော်စား၊ ချက်စားကြပြီး နူးညံ့သဖြင့် လူအများ ကြိုက်နှစ်သက်လျက်ရှိသည်။ မြိတ်ခရိုင်တွင် ယခုဒီဇင်ဘာလ၌ဖြစ်ပေါ်နေသော စျေးနှုန်းအရ ပန်း ဂေါ်ဖီအဖြူ တစ်ပွင့်လျှင် ၄၀၀၀ကျပ်ခန့်နှင့် ပန်ဂေါ်ဖီအစိမ်းတစ်ပွင့်လျှင် ၆၀၀၀ခန့်စျေးရှိပြီး အရွယ် အစားပေါ်မူတည်၍ စျေးနှုန်းကွဲပြားသွားကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

မအူပင်မြို့နယ် မှ ကြိတ်ခွဲသော ဦးဌေးအောင် ပဲဆီ ဈေးနှုန်း

              ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်အတွင်းတွင် အမှတ် ၁ရပ်ကွက် စာရေးကုန်းတွင် တစ်ပိုင်တစ်နိုင် စီးပွားရေး လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေသော မြေပဲဆီကြိတ်ခွဲရေး လုပ်ငန်းရှိပြီး ၂၁၉၉၅ ခုနှစ်တည်းက စတင်လုပ်ကိုင်ဆောင်ရွက်ခဲ့ပြီး မြို့နယ်အတွင်း သို့ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရသည်။

                                 မအူပင်မြို့နယ် ဦးဌေးအောင် အမှတ်တံဆိပ်ပဲဆီသန့်သည် မြေပဲသီးသန့် ကြိတ်ခွဲပြီး မြေပဲဆီသန့်သန့်ကို ရောင်းချကြောင်း ပဲဆီသန့်ဖြစ်သည့်အတွက်လူမျိုးဘာသာမရွေးစားသုံးနိုင်ပြီးကျန်းမာရေးအတွက်အထောက်အကူပြုကြောင်း၊ပဲဆီသန့်ထုတ်လုပ်ရာတွင် ကုန်ကြမ်းများကို ပြည်မြို့နှင့် ရွှေတောင်မြို့နယ်များမှ အများဆုံးဝယ်ယူရပြီး ရာသီကုန်ဆုံးချိန် ကုန်ကြမ်းများ ပြတ်လပ်ပါက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်း မြို့မှဝယ်ယူရပါသည်။

            မြေပဲဆီကို ကြိတ်ခွဲရာတွင် မြေပဲဆံ ၄တင်းကြိတ်ခွဲပါက မြေပဲဆီ (၁၀)ပိဿာဝင်ဆံ့သော ဆီ(၁)ပုံး ရရှိပြီး တစ်နှစ်ဆီကြိတ်ခွဲ ပိဿာ ၃၀၀-၄၀၀ခန့် ကြိတ်ခွဲရရှိကြောင်း သိရသည်။ ရရှိလာသော မြေပဲဆီများကို ၅၀ ကျပ်သား လျှင် ၁၃၀၀၀ကျပ်၊ ၁ ပိဿာလျှင် ၂၆၀၀၀ ကျပ်ဖြင့် ရောင်းချလျက် ရှိပါသည်။ ၁၀ ပိဿာနှင့် အထက်ဝယ်ယူပါက ဈေးနှုန်းအနည်းငယ် လျော့ပြီးရောင်းချပေးပါကြောင်းသိရသည်။

             အခြားတိုင်းဒေသကြီးများမှ ဝင်ရောက်နေသော မြေပဲဆီ ဈေးနှုန်းအနေဖြင့် ၁ပိဿာလျှင် ၂၃၀၀၀ကျပ်၊ ၅၀ကျပ်သား လျှင် ၁၁၅၀၀ ကျပ်၊ဖြင့် ဈေးကွက်အတွင်းရောင်းချနေကြောင်း တွေ့ရှိရပြီး၊ ဆီစက်မှ မြေပဲဆီဈေး မြင့်ရခြင်းမှ အခြားဒေသမှ ကုန်ကြမ်းဝယ်ယူပြီး ကြိတ်ခွဲခြင်း၊ မြေပဲဆီသန့်သန့်ဖြစ်၍ နှစ်ပေါင်း ၃၀ကြာ လုပ်ကိုင် ဆောင်ရွက်နေပြီး ယုံကြည်စွာ ဝယ်ယူနိုင်ကြောင်းကို လုပ်ငန်းရှင်မှ ရှင်းလင်းပြောပြသည်။ စားသုံးသူရေးရာဦးစီးဌာနတွင် ကုန်အညွှန်းအမှတ်အသား စိစစ်တင်ပြပြီး ခွင့်ပြုချက်ရရှိထား ပြီးဖြစ်ကြောင်းသိရသည်၊၊  မအူပင်မြို့နယ် အတွင်း တွင် မြေပဲဆီဆိုင် ဖွင့်လှစ်ထား သည့်အပြင် မြို့နှင့်အနီးတစ်ဝိုက် အခြားမြို့နယ်မှ လက်ဟောင်းမိတ် ဆွေများက ဝယ်ယူသုံးပြုလျက်ရှိကြောင်း သိရသည်။

DOCA(ဧရာဝတီ)

အင်းစိန်ဈေးရှိ အခြေခံစားသောက်ကုန်ဈေးနှုန်းများ

      ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်အတွင်းရှိ အင်းစိန်ဈေးအတွင်း အခြေခံစားသောက်ကုန်ဈေးနှုန်းများဖြစ်သော ဆန်ကြမ်း/ဆန်ချော အမျိုးအစားများအလိုက် ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် ဧည့်မထတစ်ပြည်လျှင် ကျပ် ၃၃၀၀ မှ ၃၄၀၀၊ ငစိန်တစ်ပြည်လျှင် ကျပ် ၃၀၀၀ မှ ၃၂၀၀၊ ဇီယာတစ်ပြည်လျှင် ကျပ် ၃၆၀၀ မှ ၃၇၀၀၊ ပေါ်ကျွဲတစ်ပြည်လျှင် ကျပ် ၄၇၀၀ မှ ၄၈၀၀၊ ပေါ်ဆန်းတစ်ပြည်လျှင် ကျပ် ၅၅၀၀ မှ ၅၇၀၀၊ ရွှေဘိုပေါ်ဆန်းမွှေးတစ်ပြည်လျှင် ကျပ် ၆၅၀၀ မှ ၇၀၀၀ တို့ဖြစ်ပြီး စားဖိုဆောင်စားသောက်ကုန်များတွင် စားအုန်းဆီတစ်ပိဿာလျှင် ကျပ် ၆၄၅၀၊ ပဲဆီတစ်ပိဿာလျှင် ကျပ် ၂၀,၀၀၀၊ ကြက်သွန်နီတစ်ပိဿာလျှင် ကျပ် ၂,၂၀၀၊ ကြက်သွန်ဖြူ (ကြူကုတ်)တစ်ပိဿာလျှင် ကျပ် ၂၄,၀၀၀၊  အာလူးတစ်ပိဿာလျှင် ကျပ် ၇,၅၀၀၊ မန်ကျည်းသီး မှည့်တစ်ပိဿာလျှင် ကျပ် ၁၅,၀၀၀၊ ချင်းတစ်ပိဿာလျှင် ကျပ် ၈,၀၀၀၊ ငရုပ်သီးခြောက်(အရှည်) တစ်ပိဿာလျှင် ကျပ် ၂၂,၀၀၀၊ အသား/ငါးဈေးနှုန်းများမှာလည်း မွေးမြူရေးကြက်တစ်ပိဿာ ကျပ် ၂၀,၀၀၀၊ မြန်မာကြက်တစ်ပိဿာကျပ် ၄၀,၀၀၀၊ ဝက်သားတစ်ပိဿာကျပ် ၃၅,၀၀၀၊ ဆိတ်သား တစ်ပိဿာလျှင် ကျပ် ၆၀,၀၀၀၊ ဘဲသားတစ်ပိဿာလျှင် ကျပ် ၃၀,၀၀၀၊ အမဲသားတစ်ပိဿာလျှင် ကျပ် ၃၃,၀၀၀၊ ငါးကြင်းတစ်ပိဿာလျှင် ကျပ် ၂၅,၀၀၀၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ကျပ် ၂၀,၀၀၀၊ ပုစွန်ထုပ်(ကြီး)တစ်ပိဿာလျှင် ကျပ် ၆၀,၀၀၀၊ ပုစွန်ကြော့တစ်ပိဿာလျှင် ကျပ် ၃၀,၀၀၀၊ ကြက်ဥ တစ်လုံးလျှင် ကျပ် ၃၇၀၊ ဘဲဥတစ်လုံးလျှင်ကျပ် ၅၅၀ မှ ၆၀၀ အတွင်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ဟင်းသီးဟင်းရွက်များကို တညင်းကုန်းလက်ကားဈေးကြီး နှင့်သီရိမင်္ဂလာဈေး တို့မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရှိရ ပါသည်။

      စားအုန်းဆီမှ ရည်ညွှန်းဈေးကျပ် ၆၀၅၀ အပေါ် အခြေခံရောင်းချရ၍ ဈေးနှုန်းအနည်းငယ်ကျကာ အခြေခံစားကုန်များဖြစ်သည့် ကြက်သွန်နီ၊ ကြက်သွန်ဖြူ(ကြူကုတ်)၊ မန်ကျည်းသီးမှည့်၊ ငရုပ်သီးခြောက် (အရှည်)၊ ဆိတ်သားနှင့် ပုစွန်ထုပ်(ကြီး)တို့မှာ ဈေးနှုန်းအနည်းငယ်တက်လျက်ရှိကာ အာလူး၊ ချင်းနှင့မွေးမြူရေးကြက်တို့မှာ ဈေးကျလျက်ရှိပြီး ကျန်စားဖိုဆောင်စား သောက်ကုန်နှင့် အသားငါးတို့မှာ ဈေးနှုန်းတည်ငြိမ်လျက်ရှိရာ ဒီဇင်ဘာလ(၂၃)ရက်အတွက်  ဈေးကွက်စုံစမ်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ကျိုက်မရောမြို့၌ ဘိုစားပဲသီးများ လှိုင်လှိုင်ထွက်ရှိပြီး ဈေးကောင်းရရှိ

      မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် လယ်ယာစိုက်ပျိုးရေးကိုလုပ်ကိုင်သူများပြီး ရာသီအလိုက်သီးနှံမျိုးစုံကို ရာသီအလိုက်စိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်သီးနှံဖြစ်သည့် ဘိုစားပဲသီး များကို တိုင်ထောင်၍ စီးပွားဖြစ်စိုက်ပျိုးသူများလာကြောင်း၊ ယခုနှစ်၌ ဘိုစားပဲသီးများ လှိုင်လှိုင် ထွက်ရှိကာ ဈေးကောင်းလည်းရသဖြင့် စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

          ဘိုစားပဲသီးကို ရာသီမရွေးစိုက်ပျိုးနိုင်ပြီး ဆောင်းရာသီ၌ အများဆုံစိုက်ပျိုးကြကြောင်း၊ အောက်တိုဘာလနှင့် နိုဝင်ဘာလတွင် စိုက်ပျိုးကြပြီး ဇန်နဝါရီလတွင် အသီးများလှိုင်လှိုင် ထွက်ရှိကာ ဈေးကွက်၌ ရောင်းချပြီး ဈေးနှုန်းလည်းကောင်းသဖြင့် အဆင်ပြေကြောင်း၊ ယခုလို တရုတ်နှစ်သစ်ကူးရာသီ၌ ပို၍ဈေးကောင်းရပြီး တစ်ပိဿာလျှင် (၄၀၀၀) ကျပ်မှ (၅၀၀၀) အထိ ရပြီး တွက်ခြေကိုက်သည့် စားဖိုဆောင်သီးနှံဖြစ်ကြောင်း ဘိုစားပဲစိုက်ပျိုးရောင်းချသူ ဒေါ်ခင်အုန်းမြင့်ထံမှ သိရသည်။

DOCA (မွန်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း