ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

နန္ဒဝန်ဈေးသစ်တွင် ရောင်းချနေသော မျှစ်ပြုတ်နှင့် မျှစ်ခြောက်ဈေးနှုန်း

        မုံရွာမြို့၊ နန္ဒဝန်ဈေးသစ်တွင် အသား၊ ငါးများ၊ ရာသီပေါ် အသီးအရွက်များအပြင် ဖိုလ်ဝင်းတောင်ဒေသထွက် မျှစ်စိမ်း၊ မျှစ်ပြုတ်နှင့် မျှစ်ခြောက်များလည်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

      ၂၀၂၅ ခုနစ်၊ ဒီဇင်ဘာလ စတုတ္တပတ်တွင် မုံရွာမြို့၊ နန္ဒဝန်ဈေးသစ်တွင် မျှစ်စိမ်း (၅၀)ကျပ်သားလျှင်(၂၁၀၀)ကျပ်၊ တစ်ပိဿာလျှင် (၄၂၀၀)ကျပ်၊ မျှစ်ပြုတ် (၅၀)ကျပ်သား လျှင်(၂၆၀၀)ကျပ်၊  တစ်ပိဿာလျှင် (၅၂၀၀)ကျပ်ဖြင့်လည်းကောင်း၊ မျှစ်ခြောက်ဈေးနှုန်းမှာ တစ်ဆယ်ကျပ်သားလျှင် (၃၈၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

“နေကြာ(ဆောင်း)များစိုက်ပျိုးပြီးစီး”

                       မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသတစ်ခု ဖြစ်သော ကြောင့်စပါး၊ပဲ၊ပြောင်း၊နှမ်းသီးနှံမျိုးစုံအောင်မြင်ဖြစ်ထွန်းလျက်ရှိရာ၄င်းသီးနှံများအနက်ဆီထွက်သီးနှံ တစ်မျိုးဖြစ်သော နေကြာသီးနှံကိုလည်း တောင်သူများမှ သီးထပ်သီးညှပ် စိုက်ပျိုးသည့်အပြင် သီးသန့်ဧကအလိုက် စိုက်ပျိုးလျက်ရှိပါသည်။ မြစ်သားမြို့နယ်တွင် နေကြာ(ဆောင်း) ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင်(၁၈၈၈)ဧကစိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်းသက်ဆိုင်ရာဌာန၏စာရင်းများအရသိရှိရပါသည်။ စိုက်ပျိုးသောကျေးရွာများမှာကသဲကုန်းကျေးရွာ၊မသဲ‌ကျေးရွာ၊ ရွှေလေးကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် မျိုး(၄-၅)ပြည်စိုက်ပျိုးရကြောင်း ၊ စိုက်ပျိုး သောမျိုးများမှာ ဆင်းရွှေကြာမျိုး-၁ ၊ ဆင်းရွှေကြာမျိုး-၂ မျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးနည်းမှာ ဘောင်ကြောင်းပေးစနစ်နှင့် ပတ်ကြဲစိုက်ပျိုးစနစ်ဟူ၍ (၂)မျိုး စိုက်ပျိုးကြကြောင်း ၊ စိုက်ပျိုးမှု ကုန်ကျစရိတ် အနေဖြင့် မျိုး ၊ သွင်းအားစု ၊ လုပ်သားခ အပါအဝင်(၄၅၀၀၀၀/-) ကျပ်ခန့် ကုန်ကျကြောင်း ၊ ယခင်နှစ် နေကြာထွက်ပေါ်ချိန်တွင် အထွက်နှုန်းအနေဖြင့် (၂၀-၂၅)တင်းခန့် ထွက်ရှိကြောင်း၊နေကြာစျေးနှုန်းအနေဖြင့်တစ်တင်းလျှင်(၅၅၀၀၀/-)ကျပ်‌စျေးနှုန်းများဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ပြီး၊စိုက်ပျိုးစရိတ်နှုတ်ပြီး အကျိုးအမြတ်အနေဖြင့် (၉၇၅၀၀၀/-)ကျပ် မြတ်ခဲ့ကြောင်း၊ ယခု လက်ရှိပေါက်စျေးအနေဖြင့် နေကြာတစ်တင်း လျှင်(၆၃၀၀၀/-)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊နေကြာထွက်ပေါ်ချိန်တွင် တောင်သူများမှာ မြို့ပေါ်ပွဲရုံများသို့ ကိုယ်တိုင်ရောင်းချကြကြောင်း၊ပွဲရုံများမှတဆင့် မန္တလေး၊ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း စိုက်ပျိုးစရိတ်သက်သာပြီး မိသားစုစားသုံးဆီဖူလုံရုံသာမက စီးပွားဖြစ်ဝင်ငွေတိုးသော ကြောင့်နေကြာသီးနှံကိုလည်း တောင်သူဦးကြီးများမှတစ်နှစ်ထက်တစ်နှစ် မိုပိုတိုးချဲ့စိုက်ပျိုးလာကြောင်း၊နေကြာစိုက်ပျိုးသောတောင်သူ တစ်ဦး၏ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)                                                                             

      

                              

‌ဒီဇင်ဘာလ စတုတ္ထပတ်တွင် ရောင်းချနေသော ကြက်ဟင်းခါးသီး၊ ခဆော့သီးနှင့် ကင်းမုံသီးဈေးနှုန်း

            စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုးရောင်းချလျက်ရှိကြောင်း သိရှိရပြီး  ကြက်ဟင်းခါးပင်၊ ခဆော့ပင်နှင့် ကင်းမုံသီးများကို  မိမိတို့နေအိမ်ခြံဝင်းများတွင်လည်းကောင်း၊ မိမိပိုင်လယ်တောများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုး၍ မုံရွာမြို့ပေါ်ရှိ ဈေးဟောင်းနှင့် ရပ်ကွက်ဈေးများတွင် လာရောက်ရောင်းချကြကြောင်း သိရှိရပါသည်။  

      ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ စတုတ္ထပတ်တွင် မုံရွာမြို့၊ ဈေးဟောင်းတွင် ရောင်းချလျက်ရှိသော  ကြက်ဟင်းခါးသီးဈေးနှုန်းများမှာ တောကြက်ဟင်းခါးသီး (၂၅)ကျပ်သားလျှင် (၁၀၀၀) ကျပ်၊ (၅၀)ကျပ်သားလျှင် (၂၀၀၀)ကျပ်၊ (၁)ပိဿာလျှင် (၄၀၀၀)ကျပ်၊ ခဆော့သီးတစ် (၁)ဘူးလျှင် (၄၀၀)ကျပ်နှင့် ကင်းမုံသီ(၁)ပြည်လျှင် (၂၂၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး ဈေးနှုန်းအနည်းငယ်ကျဆင်းသွားကြောင်း ကုန်စိမ်းရောင်းချသူများထံမှ  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၊ ဈေးဟောင်းရှိ ဆလပ်ရွက်နှင့် ပျဉ်းတော်သိမ်းရွက်ဈေးနှုန်း

       စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်ရှိ ကျေးရွာများတွင် ဟင်းသီးဟင်းရွက် စိုက်ပျိုးရေးလုပ်ငန်းများကို တစ်နိုင်တစ်ပိုင်သော်လည်းကောင်း၊ စီးပွားဖြစ်သော်လည်းကောင်း စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။  ဆလပ်ရွက်နှင့် ပျဉ်းတော်သိမ်းရွက်များကို အိမ်ရှင်မ များက ငပိရည်အတို့မြှုပ်အဖြစ်ဝယ်ယူကြသလို စားသောက်ဆိုင်များမှလည်း စီးပွားဖြစ်အသုံးပြုရန် ဝယ်ယူကြောင်း သိရှိရပါသည်။

         ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ စတုတ္ထပတ်တွင် ဈေးဟောင်းတွင် ရောင်းချနေသော ဆလပ်ရွက်ဈေးနှုန်းမှာ ဆလပ်ရွက်တစ်စည်းလျှင် (၂၀၀)ကျပ်မှ(၃)စည်း(၅၀၀)ကျပ်၊ ပျဉ်းတော်သိမ်းရွက်ဈေးနှုန်းမှာ အစည်းအကြီးအသေးပေါ်မူတည်၍ တစ်စည်းလျှင် (၃၀၀)ကျပ်မှ (၃၅၀) ကျပ်ထိ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ချင်းတွင်းရတနာဈေးရှိ သခွားသီး၊  ဂေါ်ရခါးသီး ဈေးနှုန်း

          မုံရွာမြို့၊ ချင်းတွင်းရတနာဈေးတွင်  သခွားသီး၊   ဂေါ်ရခါးသီးနှင့်  ဂေါ်ရခါးညွန့်များကို  ရောင်းချလျက်ရှိပြီး ရှမ်းပြည်နယ်၊ တောင်ကြီး၊ အောင်ပန်း၊ ကလောနှင့် ရွာငံ၊ ရေဦး ဒေသများမှ အဓိက ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။ သခွားသီး၊   ဂေါ်ရခါးသီးနှင့်  ဂေါ်ရခါးညွန့်များကို အိမ်ရှင်မများက အိမ်သုံးအတွက် ဝယ်ယူကြသလို စားသောက်ဆိုင်များမှလည်း အဓိကဝယ်ယူကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ စတုတ္ထပတ်တွင်  ချင်းတွင်းရတနာဈေးတွင် ရောင်းချနေသော သခွားသီးဈေးနှုန်းမှာ တစ်လုံးလျှင် (၃၅၀)ကျပ်မှ (၄၀၀)ကျပ်၊ ဂေါ်ရခါးသီဈေးနှုန်းများကို ဂေါ်ရခါးသီးအသေး(၁)လုံးလျှင် (၅၀၀)ကျပ်၊ ဂေါ်ရခါးသီးအလတ် (၁)လုံး လျှင် (၆၀၀) ဂေါ်ရခါးသီးအကြီး(၁)လုံးလျှင် (၈၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ချင်းတွင်းရတနာဈေးရှိ ပဲလိပ်ပြာဈေးနှုန်း

             မုံရွာမြို့ရှိ ချင်းတွင်းရတနာဈေးတွင် အသား၊ ငါးများ၊ သစ်သီးဝလံများအပြင် ဒေသထွက် ပဲလိပ်ပြာများ ရောင်းချလျက်ရှိပါသည်။ ပဲလိပ်ပြာများကို မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများမှ မိမိပိုင်ယာခင်းများတွင် စီးပွားဖြစ်သော်လည်း၊ တပိုင်တနိုင်သော်လည်းကောင်း စိုက်ပျိုးကြပြီး ချင်းတွင်းရတနာဈေးတွင် လာရောက်ရောင်းချကြကြောင်း သိရှိရပါသည်။

           ပဲလိပ်ပြာသည် ချိုဆိမ့်အရသာရှိပြီး ပဲဟင်းရည်ချက်စားရာတွင်လည်းကောင်း ခရမ်းချဉ်သီးကို အနှစ်ပြုလုပ်ပြီး ရော၍ချက်စားလျှင်လည်း အရသာကောင်းမွန်သဖြင့် လူကြိုက်များ၍ ရောင်းအားကောင်းကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ စတုတ္တပတ်တွင် ချင်းတွင်းရတနာဈေးတွင် ရောင်းချနေသော ပဲလိပ်ပြာဈေးနှုန်းမှာ ပဲလိပ်ပြာ (၁) ဘူးလျှင် (၁၅၀၀)ကျပ်၊  တစ်ပြည်လျှင် (၁၂၀၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

“ကျောက်ဆည်မြို့နယ်ရှိ အေးမြကြည်လင်ဈေးရှိ ကုန်စိမ်းဈေးနှုန်းများ”

                                                       မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ရှိ အေးမြကြည်လင်ဈေးတွင် အဝတ်အထည် များ၊ ဆန်၊ ဆီ၊ ပဲ၊ ပြောင်း၊ နှမ်းနှင့် အသားငါးများအပြင် ကုန်စိမ်းသီးနှံများလည်း ရောင်းချလျက်ရှိပါသည်။ အေးမြကြည်လင်ဈေးတွင် ရောင်းချလျက်ရှိသော ဒီဇင်ဘာလတွင် ကုန်စိမ်းဈေးနှုန်းများမှာ ကိုက်လန်တစ်စီးလျှင်(၁၅၀၀/-)ကျပ်၊ ဂေါရခါးညွှန့်တစ်စီးလျှင်(၁၀၀၀/-)ကျပ်၊ ချဉ်ပေါင်ရွက်တစ်စီးလျှင်(၃၀၀/-)ကျပ်၊ ဘူးရွက်တစ်စီးလျှင်(၅၀၀/-)ကျပ်၊ အိုးမုံ့ညင်း တစ်စီးလျှင်(၃၀၀/-)ကျပ်၊ ကန်စွန်းရွက်တစ်စီးလျှင်(၂၀၀/-)ကျပ်၊ ဗမာနံနံတစ်စီးလျှင်(၂၀၀/-)ကျပ်၊ တရုတ်နံနံတစ်စီးလျှင်(၃၀၀/-)ကျပ်၊ ရှမ်းနံနံတစ်စီးလျှင်(၃၀၀/-)ကျပ်၊ ပန်းမုံလာတစ်ပွင့်လျှင် (၂၀၀၀-၂၅၀၀/-)ကျပ်၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင်(၁၅၀၀-၂၀၀၀/-)ကျပ်၊ ဆလပ်မုန့်ညင်း (၂၅) ကျပ်သားလျှင်(၁၅၀၀/-)ကျပ်၊ ခရမ်းသီး(၂၅)ကျပ်သားလျှင်(၁၀၀၀/-)ကျပ်၊ အာလူးသီး (၂၅) ကျပ် သားလျှင်(၁၅၀၀/-)ကျပ်၊ မေမြို့ပဲသီး(၂၅)ကျပ်သားလျှင်(၂၀၀၀/-)ကျပ်၊ ပဲတောင့်ရှည် (၂၅)ကျပ် သားလျှင်(၈၀၀/-)ကျပ်၊ ကင်မွန်းချဉ်ရွက်(၂၅)ကျပ်သားလျှင်(၃၅၀၀/-)ကျပ်၊ ဆူးပုတ်ရွက် (၂၅) ကျပ်သားလျှင်(၂၀၀၀/-)ကျပ်၊ ငရုတ်သီးစိမ်း(၂၅)ကျပ်သားလျှင်(၁၀၀၀/-)ကျပ်ခန့်တို့ဖြင့် အသီးသီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

DOCA(မန္တလေး) 
 

“ကျောက်ဆည်မြို့နယ်ရှိ အေးမြကြည်လင်ဈေးရှိ အသားနှင့်ငါးဈေးနှုန်းများ”

             မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ရှိ အေးမြကြည်လင်ဈေးတွင် အဝတ် အထည်များ၊ ဆန်၊ ဆီ၊ ပဲ၊ ပြောင်း၊ နှမ်းနှင့် အသားငါးများအပြင် ကုန်စိမ်းသီးနှံများလည်း ရောင်းချ လျက်ရှိပါသည်။ အေးမြကြည်လင်ဈေးတွင် ရောင်းချလျက်ရှိသော ဒီဇင်ဘာလတွင် အသား ဈေးနှုန်းများမှာ ဝက်သားတစ်ပိဿာလျှင်(၃၈၀၀၀/-)ကျပ်၊ အမဲသားတစ်ပိဿာလျှင်(၃၆၀၀၀/-) ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင်(၄၀၀၀၀/- )ကျပ်၊ CPကြက်သားတစ်ပိဿာလျှင်(၂၀၀၀၀/-) ကျပ်၊ ဗမာကြက်သားတစ်ပိဿာလျှင် (၃၀၀၀၀/-)ကျပ်နှင့် ငါးဈေးနှုန်းများမှာ ငါးမြင်းတစ်ပိဿာလျှင် (၁၂၀၀၀/-)ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင်(၁၆၀၀၀/-)ကျပ်၊ ငါးခူတစ်ပိဿာလျှင်(၂၀၀၀၀ ) ကျပ်၊ ငါးရံ့တစ်ပိဿာလျှင်(၂၀၀၀၀/-)ကျပ်၊ ငါးဝက်မတစ်ပိဿာလျှင်(၁၆၀၀၀/-)ကျပ်၊ ငါးအုံတုံ တစ်ပိဿာ လျှင်(၃၀၀၀၀/-)ကျပ်၊ ငါးသဲလဲထိုးတစ်ပိဿာလျှင်(၃၀၀၀၀/-)ကျပ်၊ ငါးမြွေနီ တစ်ပိဿာလျှင် (၂၈၀၀၀/-)ကျပ်နှင့် ငါးခုံးမတစ်ပိဿာလျှင်(၆၀၀၀/-)ကျပ်တို့ဖြင့် အသီးသီး အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

DOCA(မန္တလေး) 

“ခရမ်းချဉ်သီးဈေးနှုန်းများ ဆက်လက်မြင့်တက်”

          ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်တွင်နွေ၊ မိုး ၊ ဆောင်း ဥတုသုံးပါး ညီမျှခြင်းကြောင့် သီးပင်၊ စားပင်များအား စိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ ၎င်းသီးနှံများအနက် ခရမ်းချဉ်သီးသီးနှံကို လွယ်ကူစွာ စိုက်ပျိုးလျှက်ရှိပါသည်။ ယခုအချိန်တွင် ရှမ်းပြည်နယ်၊အောင်ပန်း၊ အင်းလေးမှ ထွက်ရှိ သော ခရမ်းချဉ်သီးများ ကျောက်ဆည်ခရိုင်အတွင်းသို့ ဝင်ရောက်လျက်ရှိသလို ၊ မြို့နယ်အတွင်း စိုက်ပျိုးထားသော ခရမ်းချဉ်သီး သီးနှံများလည်း အနည်းငယ်ထွက်ပေါ်နေပြီး ဗမာခရမ်းချဉ်သီး တစ်ပိဿာလျှင်(၉၀၀၀-၉၅၀၀)ကျပ်၊ ခရမ်းချဉ်သီး‌(ရှမ်း)စျေးနှုန်းအနေဖြင့် ဒီဇင်ဘာလ ပထမ ပတ်တွင် (၁)ပိဿာလျှင် (၄၀၀၀-၄၅၀၀)ကျပ် ရှိခဲ့ရာမှ ဒီဇင်ဘာလ တတိယပတ်တွင် (၁)ပိဿာလျှင် (၆၀၀၀-၆၅၀၀)ကျပ် စျေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိပြီး ယခင်အပတ် နှင့် ယခုအပတ် နှိုင်းယှဉ်ပါက စျေးနှုန်းများ မြင့်တက်လာကြောင်း၊ ခရမ်းချဉ်သီးများ ဈေးကွက်အတွင်း ဝင်ရောက်မှုအနေဖြင့် အောင်ပန်း၊ အင်းလေးမြို့များမှ ဝင်ရောက်ရာတွင် သယ်ယူစရိတ်များပြားခြင်း နှင့် ဝင်ရောက်မှုနည်းခြင်းတို့ကြောင့် ခရမ်းချဉ်သီးဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း ခရမ်းချဉ်သီးရောင်းချသည့် စျေးသည်များထံမှ သိရှိရပါသည်။

DOCA(မန္တလေး) 

 

 

ကန့်ဘလူမြို့နယ်ဆီထွက်သီးနှံဈေးကွက်ရှိ နှမ်းနက်၊ နှမ်းဖြူဈေးနှုန်း

          ကန့်ဘလူခရိုင်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် ကန့်ဘလူမြို့နယ် တောက္ကရှပ်ကျေးရွာ၊ မြေထူးကျေးရွာ၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများတွင် ဆောင်းနှမ်းကိုအဓိက စိုက်ပျိုးကြောင်း၊ နှမ်းသီးနှံကို ဒေသတွင်း၌ဆီကြိတ်သော်လည်း ပိုလျှံသောသီးနှံများကို ရွှေဘိုမြို့နှင့် မန္တလေးမြို့ရှိပွဲရုံများသို့ အဓိကတင်ပို့ကြောင်း သိရသည်။

        ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ စတုတ္ထပတ်အတွင်း နှမ်းနက်(စမုံ)တစ်တင်းလျှင် (၂၂၅၀၀၀)ကျပ်၊ နှမ်းဖြူ(ဂျပန်)တစ်တင်းလျှင် (၇၇၀၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ  ဒီဇင်ဘာ လတတိယပတ်၏ ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ယခုစတုတ္ထပတ်အတွင်း နှမ်းနက်တစ်တင်းလျှင် (၈၀၀၀)ကျပ်ဈေးနှုန်းကျဆင်းသွားကြောင်း ဒေသတွင်းသီးနှံပွဲရုံများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း