ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

 စျေးကွက်အတွင်း ပဲသီးတောင့်ရှည်စျေးအနည်းမြင့်တက်

          ကုန်စိမ်းစျေးကွက်သို့ တန်ဆောင်းမုန်းလပြည့်ကျော်ကာလအတွင်း မန္တလေးတိုင်းဒေသကြီး အမရပူရခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှ ထွက်သည့်ကုန်စိမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်ပဲသီးတောင့်ရှည်ကုန်စိမ်းများ ဝင်ရောက်မှု အနည်းငယ်လျော့ကျပြီး၊ စျေးအနည်းငယ်မြင့်တက်သွားကြောင်း သိရှိရပါသည်။ စျေးကွက်အတွင်း ဝင်ရောက်လျှက်ရှိသည့်ပဲသီး တောင့်ရှည်များအား အစိမ်းရောင်နှင့်ခရမ်းရောင်ပဲသီးတောင့်များ တွေ့ရှိရပါသည်။ မန္တလေးမြို့၊ သီရိမာလာစျေးနှင့်၄၁လမ်းစျေးရှိ ကုန်စိမ်းစျေးကွက်တွင်၂၀၂၅ခုနှစ် နိုဝင်ဘာလပထမပတ်အတွင်း ဖြစ်ပေါ်သည့် ပဲသီးတောင့်ရှည်စျေးနှုန်းများမှာ ၁ပိဿာလျှင် လက္ကား စျေး ၃၅၀၀ ကျပ်နှင့် ၄၅၀၀ကျပ်၊လက်လီစျေး၅၀၀၀ကျပ်နှင့်၅၅၀၀ကျပ်စျေးဖြင့် ရောင်းချလျက်ကရှိရှိကြောင်းသိရှိရပါသည်။ ပဲသီးတောင့်ရှည်ပေါက်စျေးမှာ အောက်တိုဘာလနောက်ဆုံးပတ်ပေါက်စျေး နှင့်နှိုင်းယှဉ်ပါက ၁ ပိဿာ လျှင် ၅၀၀ကျပ်စျေးမြင့်တက်သွားကြောင်း ကုန်စိမ်းရောင်းချသူ တစ်ဦး ၏ပြောပြချက်အရ သိရှိရပါသည်။ မန္တလေးမြို့၊ သီရိမာလာစျေးအတွင်း နေ့စဉ်ကုန်စိမ်း သီးနှံဝင် ရောက်မှုမှာ ကုန်စည်အမျိုးအစားအလိုက်(Canter၁၂ဘီးနှင့်၆ဘီး)ယာဉ်(၄၀)စီးနှင့် (၆၀)စီး အကြားဝင်ရောက်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)        

တန်ဆောင်မုန်းလ မန္တလေးပန်းကုံးစျေးကွက်

                     တန်ဆောင်မုန်းလပြည့်ကျော် အခါသမယအချိန်ဖြစ်၍ မန္တလေးပန်းကုံး မျိုးစုံစျေးကွက် အတွင်း စျေးအနည်းငယ်မြင့်တက်ပြီး အရောင်းသွက်လျှက်ရှိကြောင်း သိရှိရပါသည်။ စျေးကွက် အတွင်းသို့ မန္တလေး တိုင်းဒေသကြီးအတွင်း ပုသိမ်ကြီးမြို့နယ်၊ မတ္တရာမြို့နယ်၊ အမရပူရမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်နှင့် ကျောက်ပန်းတောင်းမြို့နယ်(ပုပ္ပားဒေသ)နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ကုံးပန်းများ ဝင်ရောက်ကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာလပထမပတ်အတွင်း ဖြစ် ပေါ်သည့်ပန်းကုံး လက်လီပေါက်စျေးနှုန်းများမှာ စပါယ်ပန်းအပွင့် ၂၅ ကုံးပါတစ်တွဲလျှင် ၁၈၀ဝိ/-နှင့် ၂၀၀ဝိ/-၊ ဇွန်ပန်း ၂၅ ကုံးပါ ၁၈၀ဝိ/-နှင့် ၂၀၀ဝိ/-၊ စကားဝါပန်း/စကားဖြူပန်း ၁၀ ကုံးပါ ၃၅၀ဝိ/-နှင့် ၄၀၀ဝိ/-၊ သနပ်ခါးပန်း၁၀ ကုံးပါ တစ်တွဲလျင် ၃၀၀ဝိ/-နှင့် ၃၅၀ဝိ/-၊ရွှေပန်းနှင့်ငွေပန်း ၁၀ ကုံး ပါတစ်တွဲလျင် ၃၀၀ဝိ/-နှင့် ၄၀၀ဝိ/-၊ ကံ့ကော်ပန်း ၁၀ကုံးပါတစ်တွဲလျှင် ၄၀၀ဝိ/-နှင့် ၅၀၀ဝိ/-၊ နှင်းဆီပန်း(ဗမာ) ၁၀ ကုံးလျှင် ၃၅၀ဝိ/-နှင့်၄၀၀ဝိ/-စျေးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)        

ထန်းလျက်စျေးအနည်းငယ်မြင့်တက်

             မန္တလေးမြို့စျေးကွက်အတွင်းသို့တံတားဦးမြို့နယ်၊ကျောက်ပန်းတောင်းမြို့နယ်နှင့်ညောင်ဦး မြို့နယ်တို့မှ ထွက်ရှိသည့်ထန်းလျက်များ အမျိုးအစားအလိုက် ပေါက်ဈေးအမျိုးမျိုးဖြင့် ရောင်းချ လျက်ရှိပြီး ဝင်ရောက်မှုလျော့နည်းသည့်အတွက် စျေးအနည်းငယ်မြင့်တက်သွားကြောင်း သိရှိရ ပါသည်။ ၂၀၂၅ ခုနှစ်နိုဝင်ဘာလပထမပတ်အတွင်းဖြစ်ပေါ်နေသည့်ထန်းလျက် လက်လီတစ်ပိဿာ ပေါက်စျေးများမှာ ထန်းလျက်(လုံးသေး) ၁၀၀၀ဝိ/- နှင့် ၁၂၀၀ဝိ/-၊ အုန်းထန်းလျက် ၁၂၀၀ဝိ/- နှင့် ၁၃၀၀ဝိ/-၊ နို့ထန်းလျက်  ၁၂၀၀ဝိ/- နှင့် ၁၃၀၀ဝိ/-၊ ဆီးထန်းလျက် ၉၀၀ဝိ/-နှင့် ၁၀၀၀ဝိ/-၊နှမ်းထန်းလျက် ၁၁၀၀ဝိ/- နှင့် ၁၂၀၀ဝိ/-၊မြေပဲထန်လျက် ၁၂၀၀ဝိ/- နှင့် ၁၃၀၀ဝိ/- စျေးတို့ဖြင့် ရောင်းချလျှက်ရှိကြောင်း သိရှိရပါသည်။ မန္တလေးစျေးကွက်အတွင်း ထန်းလျက်ဝင်ရောက်မှု အနည်းငယ်လျော့ကျပြီး၊ စျေးအနည်းငယ်မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။ 

DOCA(မန္တလေး)        

ဆောင်းဦးရာသီရှိရွှေပဲသီးတောင့်စျေး

         ဆောင်းဦးရာသီအတွင်း မန္တလေးကုန်စိမ်းစျေးကွက်သို့ ရွှေပဲသီးတောင့်ဝင်ရောက်မှုအနည်း ငယ်လျော့နည်းပြီး၊ စျေးအနည်းငယ်မြင့်တက်သွားရှိကြောင်း သိရှိရပါသည်။ မန္တလေးမြို့၊ ၄၁လမ်း ဈေးနှင့် သီရိမာလာ ဈေးတို့တွင် မန္တ‌လေးတိုင်းဒေသကြီး၊ပြင်ဦးလွင်မြို့နှင့်ရှမ်းပြည်နယ်ဒေသတို့မှထွက်ရှိသော ရွှေပဲသီးတောင့်သီးနှံများ ဝင်ရောက်ကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်နိုဝင်ဘာလ ပထမပတ်အတွင်း ပေါက်စျေးအနေဖြင့် ရွှေပဲသီးတောင့် တစ်ပိဿာလျှင် လက္ကားစျေး  ၇၅၀၀ ကျပ်နှင့် ၈၀၀၀ ကျပ်၊လက်လီစျေး ၈၅၀၀ ကျပ်နှင့် ၉၀၀၀ ကျပ်၊ ‌ရွှေပဲသီး အရွက်(၁၀ စည်းပါ) တစ်စည်းလျှင် လက္ကား စျေး ၉၀၀၀ ကျပ်နှင့် ၁၀၀၀၀ ကျပ်၊ လက်လီစျေး ၁၁၀၀၀ ကျပ်နှင့် ၁၃၀၀၀ ကျပ်ဖြင့် ရောင်းချပြီး၊ အောက်တိုဘာလနောက်ဆုံးပတ်ပေါက်စျေးနှင့် နှိုင်းယှဉ်ပါကတစ်ပိဿာလျှင် ၅၀၀ ကျပ်ခန့် မြင့်တက်သွားပြီး၊ ဆောင်းဦးရာသီရှိရွှေပဲသီးတောင့်ကုန်စိမ်းမှာအရောင်းသွက် လျက်ရှိကြောင်း  ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရပါသည်။

DOCA(မန္တလေး)                

 ခါကြက်ဥ(ခေါ်)မုန်လာဥနီဈေးအနည်းငယ်မြင့်တက်

         ဆောင်းဦးရာသီအတွင်း ပြင်ဦးလွင်ဒေသနှင့်ရှမ်းပြည်နယ်တောင်ပိုင်းဒေသများမှ ထွက်သည့် ခါကြက်ဥ(ခေါ်)မုန်လာဥနီ ကုန်စိမ်းများ မန္တလေးစျေးကွက်သို့ ဝင်ရောက်မှုအနည်းငယ်လျော့ကျပြီး၊ စျေးအနည်းငယ်မြင့်တက်လျက်ရှိကြောင်းသိရှိရပါသည်။ ဈေးကွက်အတွင်း တွေ့ရသော ခါကြက်ဥ (ခေါ်) မုန်လာဥနီကုန်စိမ်းမှာ ဒေသမျိုးမုန်လာဥနီနှင့်ထိုင်ဝမ်မျိုးမုန်လာ ဥနီအမျိုး အစား(၂)မျိုးရှိပြီး တစ်နှစ်ပတ်လုံး ဝင်ရောက် သည့်ကုန်စိမ်း  အမယ်တစ်မျိုးဖြစ်ပါသည်။ မန္တလေးမြို့၊ ၄၁လမ်းဈေးနှင့် သီရိမာလာစျေးတို့တွင်  ၂၀၂၅ ခုနှစ်နိုဝင်ဘာလပထမပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော ပေါက်ဈေး မှာ တစ်ပိဿာလျှင် လက္ကားဈေးမုံလာဥနီ(ဒေသမျိုး) ၂၀၀၀ကျပ်နှင့် ၂၅၀၀ကျပ်၊ မုံလာဥနီ ထိုင်ဝမ် မျိုး ၈၀၀၀ ကျပ် နှင့် ၈၈၀၀ ကျပ်၊ လက်လီဈေးနေဖြင့် မုန်လာဥနီ ဒေသမျိုး ၂၇၀၀ကျပ်နှင့် ၃၀၀၀ ကျပ်၊ မုန်လာဥနီထိုင်ဝမ်မျိုး ၉၀၀၀ကျပ်နှင့် ၁၀၀၀၀ ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပြီး၊ အောက်တို ဘာလနောက်ဆုံးပတ်ပေါက်စျေးနှင့်နှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ၃၀၀ ကျပ်ခန့်မြင့်တက်သွားကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)                

အရောင်းသွက်သည့်ရာသီစာကန်စွန်းဥ

           တန်ဆောင်မုန်းလအတွင်းသို့ ရာသီစာကန်စွန်းဥများ ဝင်ရောက်မှုများပြီး၊ အရောင်းသွက်လျက် ရှိကြောင်း သိရှိရပါသည်။မန္တလေးတိုင်းဒေသကြီး၊စစ်ကိုင်းတိုင်းဒေသကြီး နှင့်ရှမ်းပြည်နယ်တို့မှ ထွက် သည့် ကန်စွန်းဥများ ဝင်ရောက်မှုများပြား ပြီး၊ကျန်ဒေသများမှလည်းဝင်ရောက်ကြောင်း သိရှိရပါ သည်။ မန္တလေးတိုင်းဒေသကြီးအတွင်း အမရပူရ၊ ပုသိမ်ကြီး၊ မတ္တရာ၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ်တို့တွင် ကန်စွန်းဥအများအပြားစိုက်ပျိုးလျက်ရှိပြီး၊ ကန်စွန်းဥအတွင်းသားမှာ ငချိတ် ရောင်၊အဖြူရောင်၊ခရမ်းရောင်၊လိမ္မော်ရောင်နှင့်အဝါနုရောင်တို့မှာ စျေးကွက်အတွင်းအများဆုံး တွေ့ ရှိရပါသည်။ ၂၀၂၅ ခုနှစ်နိုဝင်ဘာလပထမ ပတ်အတွင်း ရောင်းချသည့် ကန်စွန်းဥ တစ်ပိဿာ လက္ကား စျေးမှာ (ငချိတ်ရောင်)၃၅၀ဝကျပ် မှ ၃၇၀ဝ ကျပ်၊ (လိမ္မော်ရောင်) ၂၅၀၀ကျပ်၊ ၃၀၀၀ကျပ်၊လက်လီစျေး(ငချိတ်ရောင်)၄၀၀ဝိ/-မှ၅၀၀ဝိ/-၊ (လိမေ္မာ်ရောင်)၃၅၀၀ ကျပ်နှင့် ၃၈၀၀ကျပ် တို့ဖြင့် ရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။ မန္တလေးစျေးကွက်တွင် တန်ဆောင်မုန်းလပြည့်ကျော်ကာလ ရာသီ စာကန်စွန်းဥမှာ စျေးနှုန်းချိုပြီး၊ အရောင်းသွက်သည့်သီးနှံတစ်မျိုးဖြစ်ကြောင်း ကန်စွန်းဥရောင်းချသူတစ်ဦးထံမှ သိရပါသည်။

DOCA(မန္တလေး)                

 

                                                                                                       

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆန်အမျိုးအစားအလိုက် ဆန်အဝင်နှင့်ဆန်ဈေးနှုန်းစာရင်း

       ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ၁၃.၁၁.၂၀၂၅ ရက်နေ့တွင် ပဲခူး(အရှေ့) မှ ရှယ်စ ၃၅၆၂ အိတ်နှင့် ဈေးနှုန်းမှာ ၅၃၀၀၀ မှ ၅၄၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၀၂၈ နှင့် ဈေးနှုန်းမှာ ၄၆၅၀၀ မှ ၄၈၅၀၀ ကျပ်၊ လက်စအိတ်ရေ ၂၅၄၀ နှင့် ဈေးနှုန်းမှာ ၄၆၀၀၀ မှ ၄၇၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၄၈၇ နှင့် ဈေးနှုန်းများမှာ ၄၄၅၀၀ မှ ၄၆၀၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၅၆၉၈ နှင့် ဈေးနှုန်းများမှာ ၄၃၀၀၀ မှ ၄၇၀၀၀ကျပ်၊ ပဲခူး(အနောက်) ၃၄၈၅ အိတ်နှင့် ဈေးနှုန်းမှာ ၅၃၀၀၀ မှ ၅၄၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၁၆၀ နှင့် ဈေးနှုန်းမှာ ၄၆၅၀၀ မှ ၄၈၅၀၀ ကျပ်၊ လက်စအိတ်ရေ ၂၆၉၈ နှင့် ဈေးနှုန်းမှာ ၄၆၀၀၀ မှ ၄၇၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၅၉၆ နှင့် ဈေးနှုန်းများမှာ ၄၄၅၀၀ မှ ၄၆၀၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၅၃၄၃ နှင့် ဈေးနှုန်းများမှာ ၄၃၀၀၀ မှ ၄၇၀၀၀ကျပ်၊ ဧရာဝတီတိုင်းမှ ရှယ်စ ၃၆၉၇ အိတ်နှင့် ဈေးနှုန်းမှာ ၅၃၀၀၀ မှ ၅၄၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၉၆၅ နှင့် ဈေးနှုန်းမှာ ၄၆၅၀၀ မှ ၄၈၅၀၀ ကျပ်၊ လက်စအိတ်ရေ ၂၆၂၀ နှင့် ဈေးနှုန်းမှာ ၄၆၀၀၀ မှ ၄၇၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၆၉၄ နှင့် ဈေးနှုန်းများမှာ ၄၄၅၀၀ မှ ၄၆၀၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၅၆၇၄ နှင့် ဈေးနှုန်းများမှာ ၄၃၀၀၀ မှ ၄၇၀၀၀ကျပ် တို့ဝင်ရောက်ကြောင်း သိရှိရပါသည်။         

       ၁၃.၁၁.၂၀၂၅ ရက်နေ့တွင်  ကုန်စည်ဒိုင်သို့ ဆန်အိတ်ရေ (၄၉၂၄၇)  အိတ်ဝင်ရောက်ခဲ့ပြီး ၁၂.၁၁.၂၀၂၅ ရက်နေ့ထက် အနည်းငယ်လျော့နည်း၍ဝင်ရောက်ခဲ့ရာ ဆန်ဈေးနှုန်းမှာ ပြောင်းလဲမှုမရှိ ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

၁၃.၁၁.၂၀၂၅ ရက်နေ့ရှိ ဘုရင့်နောင်ကုန်စည်ဒိုင် ပဲအမျိုးအစားအလိုက် လက်ကျန်စာရင်း

          ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ကုန်စည်ဒိုင် ပဲနှမ်းအသင်းမှ  ၁၃.၁၁.၂၀၂၅ ရက်နေ့ရှိ ပဲလက်ကျန်စာရင်းမှာ မြေပဲတစ်ပိဿာလျှင် မြေပဲလုံးဆံ ၈၃၀၀ ကျပ်ခန့် ၊ မြေပဲဆီဆံ တစ်ပိဿာလျှင် ၇၀၀ ကျပ်ခန့်ရှိပါသည်။ နှမ်းဖြူ မန္တလေးဈေးမှာ ၄၅ ပိဿာ တစ်အိတ်လျှင် ၂၉၀၀၀၀ ကျပ်ခန့်ရှိပါသည်။ နှမ်းနက်(ရိုးရိုး) ဈေးနှုန်းမှာ ၄၅ ပိဿာတစ်အိတ်လျှင် ၆၇၅၀၀၀ ကျပ် ခန့်ရှိပြီး ရန်ကုန်ဈေးကွက်တွင် မုန့်ညှင်းဈေးကွက်မရှိပါ။ ပဲပုတ် ၂၀၂၅ အတွက် တန်ချိန် (၁၅၆၀၀) ဝန်းကျင်ရှိမည်ဟု ခန့်မှန်းခဲ့ပါသည်။ ယခုတစ်ပါတ်တွင် ပဲပုတ် ၂၀၂၅ ခုနှစ် အတွက် တန်ချိန် (၁၅၅၀၀) ရှိရာမှ တန်ချိန် (၁၅၆၀၀) ရှိမည်ဟုခန့်မှန်းကြောင်း  ဘုရင့်နောင် ကုန်စည်ဒိုင် ပဲနှမ်းအသင်းမှ သိရှိရပါသည်။

DOCA(ရန်ကုန်)

တန်ဆောင်မုန်းလရှိတောင်ပို့မှိုစျေး

            မန္တလေးစျေးကွက်အတွင်းသို့ ပြင်ဦးလွင်ဒေသနှင့်ရှမ်းပြည်နယ်မှ  ထွက်တောင်ပို့မှိုများ ဝင်ရောက်မှုများပြားပြီး၊ တန်ဆောင်မုန်းလအတွင်း  ရာသီစာတောင်ပို့မှိုများအရောင်းသွက်လျှက်ရှိ ကြောင်း သိရပါသည်။ မန္တလေး စျေးကွက်အတွင်း ဆောင်းရာသီဝင်စအချိန်တွင် ရရှိသည့် ပြင်ဦးလွင် ဒေသ ထွက်တောင်ပို့မှိုများ၊ ငွေနှင်းမှုံမှို၊ကောက်ရိုးမှို၊အပ်မှို၊မှိုကြက်တောင်၊ရှီတာကီမှို၊ဝါးမှိုများ  တွေ့ ရှိရပါသည်။  မန္တလေး စျေးကွက်အတွင်း   သဘာဝအတိုင်းထွက်သည့်မှိုနှင့် စိုက်ပျိုးသည့်မှို  နှစ်မျိုး တို့တွေ့ ရှိရပါသည်။ ၂၀၂၅ ခုနှစ်  နိုဝင်ဘာလပထမပတ်အတွင်း   မှိုအမျိုးအစား အလိုက်ဖြစ် ပေါ်ခဲ့ သည့် တစ် ပိဿာပေါက်စျေးများမှာတောင်ပို့မှိုလက္ကားစျေး ၃၀၀၀ဝိ/-နှင့်၃၅၀၀ဝိ/-၊ လက်လီစျေး ၄၀၀၀ဝိ/- နှင့် ၅၀၀၀ဝိ/-၊  ငွေနှင်း မှုံမှိုလက္ကားစျေး  ၇၀၀ဝိ/-နှင့် ၈၀၀ဝိ/-၊ လက်လီစျေး ၈၀၀ဝိ/-နှင့် ၉၀၀ဝိ/-၊ ကောက်ရိုးမှိုလက္ကားစျေး   ၉၅၀ဝိ/-လက်လီစျေး ၁၀၅၀ဝိ/- နှင့် ၁၁၀၀ဝိ/- ၊   အပ်မှိုထုတ် (အထုတ်သေး ၁၀ ခုပါ)လက္ကားစျေး ၃၀၀၀ဝိ/- နှင့် လက်လီစျေးအထုတ်(သေး)၃၅၀၀ဝိ/စျေးတို့ဖြင့် ရောင်းချလျှက် ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)                                                                                               

  

                                                                                  

  မယ်ဇလီဖူးစျေးအနည်းငယ်ကျ

         မန္တလေးစျေးကွက်သို့ တန်ဆောင်းမုန်းလပြည့်ကျော်အတွင်း  ရာသီစာမယ်ဇလီးဖူးများ ဝင်ရောက်မှုများပြားလျက်ရှိပြီး၊စျေးအနည်းငယ်ကျကာ အရောင်းသွက်လျက်ရှိကြောင်းသိရှိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း မယ်ဇလီပင်မှာ အများဆုံးတွေ့ရှိရသည့်အပင်များ ဖြစ်ပြီး၊ အညာ ဒေသနှင့် ခွဲခြား၍မရသည့်ဆေးဖက်ဝင် အပင်တစ်မျိုးဖြစ်ပါသည်။မယ်ဇလီးဖူးအား အစိမ်းအတိုင်း ရောင်းချခြင်းနှင့် ပြုတ်၍ရောင်းချခြင်းတို့တွေ့ရှိရပြီး၊ နှစ်မျိုးစလုံးအရောင်းသွက်လျက်ရှိကြောင်းသိ ရှိရပါသည်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာလပထမဆုံးပတ်အတွင်း မန္တလေးစျေးကွက်အတွင်း မယ်ဇလီးဖူး များအား လက္ကားစျေးတစ်ပြည်စျေးမှာ  ၅၀၀၀ ကျပ်နှင့် ၆၀၀၀ ကျပ်၊ လက်လီစျေး တစ်ဗူးလျှင် ၇၀၀ ကျပ်နှင့် ၈၀၀ ကျပ်စျေးဖြင့် ရောင်းချလျက်ရှိပြီး၊ အစိမ်းစျေးနှင့်ပြုတ်၍ ရောင်းချသည့်စျေး ကွာခြားမှုမရှိဘဲ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။မယ်ဇလီဖူးစျေးမှာ တန်ဆောင်မုန်းလဆန်းတွင် ရောင်းချသည့်စျေးနှင့်နှိုင်းယှဉ်ပါက တစ်ဗူးလျှင် ၂၀၀ ကျပ် ခန့် လျော့နည်းသွားကြောင်း မြင်းတန်း စျေးရှိစျေးသည်တစ်ဦး၏ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)                                                                                               

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း