ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တောင်ငူမြို့နယ် ကေတုမတီမြို့ရှိ သွားတိုက်ဆေးဈေးနှုန်း

  အစာစားပြီးတိုင်း သွားတိုက်ခြင်းသည် တစ်ကိုယ်ရည်သန့်ရှင်းမှုအတွက် နေ့စဉ်လုပ်ဆောင် ပေးသင့် သောအလေ့အထတစ်ခုဖြစ်ပါသည်။ သွားတိုက်ခြင်းနှင့်ပလုပ်ကျင်းခြင်းသည် အစာအကြွင်း အကျန်များကို ဖယ်ရှားပေးနိုင်သည့်အပြင် သွားနှင့်သွားဖုံးကင်ဆာဖြစ်ခြင်းကို လျော့ပါးစေနိုင် ပါသည်။ သို့သော် မိမိရွေးချယ် အသုံးပြုသည့် သွားတိုက်ဆေးအမျိုးအစားပေါ်မူတည်၍ သွားနာခြင်း၊ သွားဖုံးယောင်ခြင်းများကို သက်သာစေပါသည်။ သွားတိုက်ဆေးတွင် များသောအားဖြင့် ဖလိုရိုက် ပါဝင်ပြီး ၎င်းကသွားများကို သန့်ရှင်းစေရုံသာမက သွားအပေါ်ယံလွှာကိုသန်မာစေပါသည်။

     ယနေ့ခေတ်မြန်မာနိုင်ငံတွင် သွားတိုက်ဆေးမျိုးစုံအား ပြည်တွင်း၌ထုတ်လုပ်၍ သော်လည်းကောင်း၊ ပြည်ပမှကိုယ်စားလှယ်ယူပြီး တင်သွင်း၍သော်လည်းကောင်း ဖြန့်ဖြူးရောင်းချ လျက်ရှိပါသည်။ တောင်ငူမြို့နယ်၊ ကေတုမတီမြို့ရှိ Family ဆေးနှင့်အလှကုန်စတိုးတွင် သွားတိုက် ဆေးများရောင်းချလျက်ရှိရာ ထိုင်းနိုင်ငံထုတ် Close Up Triple Fresh (160 g) သွားတိုက်ဆေး ဘူးကြီးတစ်ဘူးလျှင် (၇၀၀၀) ကျပ်၊ ထိုင်းနိုင်ငံ ထုတ် Colgate Cibaca (160 g) သွားတိုက်ဆေး ဘူးကြီးတစ်ဘူးလျှင် (၇၀၀၀) ကျပ်၊ ပြည်တွင်းထုတ်လုပ်သည့် Signal (160 g) သွားတိုက်ဆေး ဘူးကြီးတစ်ဘူးလျှင် (၆၀၀၀) ကျပ်၊ ပြည်ပနိုင်ငံထုတ် Fresh Up Kids Gel (50g) (ကလေးသုံး) သွားတိုက်ဆေးတစ်ဘူးလျှင် (၇၀၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး ပုံမှန်ရောင်းဝယ်လျက်ရှိကြောင်း Family ဆေးနှင့်အလှကုန်စတိုးဆိုင်ပိုင်ရှင် ဒေါ်ဝင်းရွှေရီ၏ပြောကြားချက်အရ သိရှိရသည်။

DOCA(ပဲခူး)

တောင်ငူမြို့နယ် ကေတုမတီမြို့မဈေးရှိ ကွမ်းကြမ်းနှင့်ကွမ်းသီးဈေးကွက်

  ကွမ်းသည် ကပ်ပါးနွယ်ပင်တစ်မျိုးဖြစ်ပြီး မြန်မာနိုင်ငံအနှံအပြားပေါက်ရောက်သော အပင်တစ်မျိုးဖြစ်ပြီး မြန်မာအစတကောင်းက”ဟု ဆိုရိုးစကားရှိသကဲ့သို့ ကွမ်းကိုတကောင်းခေတ် ကတည်းကစားသုံးခဲ့ကြပါသည်။ ကွမ်းရွက်ကိုညှစ်၍ရသောအရည်နှင့် ဂျင်းပြုတ်ရည်၊ ဆား အနည်းငယ်နှင့် တိုက်ကျွေးပါက ပန်းနာရင်ကျပ်၊ ရင်ပြည့်ရင်ကယ်၊ ကြက်ညှာချောင်းဆိုးရောဂါများ ပျောက်ကင်းစေနိုင်ပြီး ကလေးများ လေပွခြင်း၊ အစာမကြေဖြစ်ခြင်း၊ ဝမ်းသွားခြင်း၊ ဖျားနာခြင်း များအတွက် ကွမ်းရွက်အရည်နှင့်ပျားရည် ရော၍တိုက်ကျွေးလျှင် ပျောက်ကင်းနိုင်သဖြင့် အလွန်အသုံးဝင်ပါသည်။

          တောင်ငူမြို့နယ်ရှိ ကေတုမတီမြို့မဈေးတွင် ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသမှ ထွက်ရှိသော ကွမ်းကြမ်းတစ်ထုပ်လျှင် ၂၀၀၀ ကျပ်၊ ဘောဂလိဒေသမှထွက်သော ကွမ်းသီး(ပြောင်) တစ်ပိဿာလျှင် ၄၀၀၀၀ ကျပ်၊ ကွမ်းသီး(ရွေး)တစ်ပိဿာလျှင် ၅၀၀၀၀ ကျပ်မှ ၇၀၀၀၀ ကျပ်၊ ကွမ်းသီး(ကြက်ချေး) တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်တို့ဖြင့် ဈေးနှုန်းဖြစ်ပေါ်နေပြီး အရောင်းသွက် နေကြောင်း တောင်ငူမြို့နယ်၊ ကေတုမတီမြို့မ ဈေးရှိ ကွမ်းနှင့်ကွမ်းသီးရောင်းချသူ ဒေါ်မြအေး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(ပဲခူး)

ကုဆိုင်ပင် ခေါ်တရုတ်ဂျုးမြစ်ဈေးနှုန်းဈေးကွက်

    ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အတွင်းရှိ ရပ်ကွက်အလိုက် ဈေးများထဲတွင် ဟင်းသီးဟင်းရွက်နှင့် သီးနှံမျိုးစုံရောင်းချလျက်ရှိရာ ယခုအခါ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊  လယ်ဝေးမြို့နယ်ဘက်မှ မှာယူရောင်းချသော  တရုတ်ဂျူးမြစ် (ခေါ်) ကုဆိုင်များ ရောင်းချလျက်ရှိနေပါသည်။ ဂျူးမြစ်ကို တရုတ်ဂျူးမြစ် နှင့်ရှမ်းဂျူးမြစ်ဟူ၍ လူသိများသော်လည်း ရှမ်းဂျူးမြစ်သည် အမြစ်ပါ စားသုံးနိုင်ပြီး တရုတ်ဂျူးမြစ်၏ အမြစ်မှာတော့ စားသုံး၍ မရပါ။ တရုတ်ဂျူးမြစ် (ခေါ်)ကုဆိုင်ပင်သည် ကြက်သွန်အမျိုးအနွယ်ထဲတွင် ပါဝင်ပြီး နေရာအနှံ့အပြားတွင် ပေါက်ရောက်သော နှစ်ရှည်ပင်အမျိုးအစားဖြစ်ပါသည်။ တစ်နှစ်ပတ်လုံး ၃ ကြိမ်မှ ၄ ကြိမ်အထိ ရိတ်နိုင်ပြီး ပါးလျတဲ့ အရွက်များပါရှိကာ မြက်ပင်များကဲ့သို့ အစုအဝေး ပေါက်ရောက်ကြပါသည်။ ရနံ့သင်းပြီး စားကောင်းသည့်အတွက် စားသုံးသူများ နှစ်သက်ကြသော ဟင်းခတ်အမွှေးအကြိုင် အပင် တစ်မျိုးဖြစ်၍  အကြော်အလှော်များနှင့်ပတ်သက်သော အစားအစာများတွင် ကုဆိုင်ကို ထည့်သွင်းအသုံးပြု ကြလေ့ရှိပါသည်။ အရသာအားဖြင့် အနည်းငယ်စပ်သော အနေအထားရှိပါသည်။

ကုဆိုင်ကို အသားဟင်းလျာ၊ ဟင်းချို၊ အဆာသွတ်မုန့်၊ ဖက်ထုပ်နဲ့ အကြော်အလှော် စသော အစားအစာများထဲတွင် အများဆုံး အသုံးပြုကြသည်။ ထို့ပြင် ကုဆိုင်ကို ကြက်ဥ (သို့မဟုတ်) ဘဲဥတို့ဖြင့် ကြော်စားခြင်း၊ ဆီသုတ်၍ မီးကင်စားခြင်း၊ တို့စရာအဖြစ် စားသုံးကြသေးသည်။

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်တွင် တောင်ငူမြို့ဈေးများရှိ ကုဆိုင်ဈေးနှုန်းမှာ ကုဆိုင် လက္ကား () ပိဿာလျှင် ၆၀၀၀ ကျပ် ၊ (၅၀) ကျပ်သားလျှင် ၃၀၀၀ ကျပ်ဖြင့် ရောင်းချပြီး ကုဆိုင်လက်လီ (၅၀) ကျပ်သားလျှင် ၃၅၀၀ ကျပ်၊ (၂၅) ကျပ်သားလျှင် ၂၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကုဆိုင်ကို စားသောက်ဆိုင်များ၊ ထမင်းဆိုင်များတွင် အသုံးပြုသည့်အတွက် ရောင်းအားကောင်းကြောင်း ကုန်စိမ်း ရောင်းချသည့် ဈေးသည်ထံမှ သိရှိရ သည်။

DOCA(ပဲခူး)

တောင်ငူမြို့နယ်အတွင်း အရောင်းသွက်လျက်ရှိသော မြင့််မြင့်သန်းကွေ့တီယို

  ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက် ဆိုင်များတွင် မြန်မာထမင်းနှင့်ဟင်းလျာများကို ရောင်းချသည့်အပြင် မုန့်ဟင်းခါး၊ ရှမ်းခေါက်ဆွဲ၊ ကြာဇံကြော်၊ ခေါက်ဆွဲကြော်၊ ကြေးအိုးဆီချက်၊ နန်းကြီးသုတ် စသည်ဖြင့် အမျိုးမျိုးသော အစား အသောက်များကိုလည်း မိသားစု တစ်နိုင်တစ်ပိုင်စီးပွားဖြစ်ရောင်းချလျက်ရှိရာ ဆိုင်နာမည် “မြင့်မြင့်သန်း” အမည်ရှိပြီး တောင်ငူမြို့နယ်တွင် နာမည်ကျော်ကြားလှသော ကွေ့တီယို အစား အသောက်သည် လူကြီး/လူငယ်မရွေးကြိုက်နှစ်သက်ကြသည့် အတွက် တောင်ငူအစားအသောက် ဈေးကွက်တွင် ရောင်းအားကောင်းလျက်ရှိနေပါသည်။

              မြင့်မြင့်သန်းဆိုင်မှ ရောင်းချလျက်ရှိသော ကွေ့တီယိုအစားအစာကို အသုတ်နှင့်အရည် ဖျော်ဟူ၍(၂)မျိုး ပြုလုပ်ထားပြီး စားသုံးမှုပုံစံမတူအောင် ရောင်းချလျက်ရှိနေပါသည်။ ကွေ့တီယို ပြုလုပ်ရာတွင် ကြက်သားကိုအများဆုံးအသုံးပြုထားပြီး ကြက်သားကို ဆား၊ အရသာမှုန့်၊ သကြား၊ ပဲငံပြာရည်တို့ဖြင့် ရော၍ပြုတ်ပေးရပြီးနောက် ဟင်းရည်ပြုလုပ်ရန်အတွက် ကြက်သားပြုတ်ရည်နှင့် သစ်ချပိုးခေါက်၊ လေးညှင်း ပွင့်၊ ငရုတ်ကောင်း၊ ကြက်သွန်ဖြူ၊ အရသာမှုန့်များနှင့် ကြက်ဥ သို့မဟုတ် ငုံးဥအပြင် ကြိုက်နှစ်သက်သော အသားလုံးများရော၍ပြုတ်ပါက ဟင်းရည်အဖြစ် ရရှိလာပြီ ဖြစ်ပါသည်။

              ကွေ့တီယိုအသုတ်ပုံစံစားသုံးရန်အတွက် အနှစ်လိုအပ်ပြီး ကွေ့တီယိုဆော့စ်၊ ဆား၊ သကြား၊ ကြက်သားမှုန့်၊ ငံပြာရည်၊ အချိုမှုန့်၊ ပဲငံပြာရည်တို့ကိုရောစပ်ပါက လိုအပ်သော အနှစ်ရရှိလာပါသည်။ ထို့နောက် ကွေ့တီယိုဖတ်၊ ကန်စွန်းရွက်၊ ပဲပင်ပေါက်တို့ကို ၃ မိနစ်ခန့် ရေနွေး ဖျောပြီးပါက ကြက်သား၊ မြေပဲဆံထည့်၍ အသင့်ပြုလုပ်ထားသော အနှစ်ဖြင့်သုတ်စားခြင်း ဖြင့်လည်းကောင်း၊ ကွေ့တီယိုဖတ်နှင့် အရည် ဖျော်ရောစပ်၍ အရည်ဖျော်အဖြစ်လည်းကောင်း စားသုံးနိုင်ပါသည်။

              ယခုကာလများ၌ ကွေ့တီယို ၁ ပွဲလျှင် ၄၅၀၀ ကျပ်ဖြင့်ရောင်းချလျက်ရှိပြီး ကုန်ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် ယခင်နှစ်များထက် ဈေးနှုန်းအနည်းငယ်မြင့်တက် သွားကြောင်း၊ ရောင်းအားအနေဖြင့်လည်း စားသုံးသူအများအပြားလာရောက် စားသောက်ကြသည့် အတွက် ယခင်ထက်ပိုမိုရောင်းအားကောင်း လျက်ရှိနေကြောင်း တောင်ငူမြို့၊ ဘုရားလမ်းရှိ ကွေ့တီယိုရောင်းချသူ ဆိုင်ပိုင်ရှင်ဒေါ်မြင့်မြင့်သန်း၏ ပြောကြားချက်အရသိရှိရသည်။

DOCA(ပဲခူး)

ခဝဲသီးစိုက်ပျိုးပုံနည်းစနစ်

  ခဝဲသီးကို  အချိုချက်၊ အသား၊ ငါးနှင့် ပုဇွန်တို့ဖြင့်ရောနှော၍ ချက်ပြုတ်စားတတ်ကြသည်။ ဟင်းချိုအဖြစ်လည်း ချက်၍စားကြသလို အသီးနုများကိုပြုတ်၍တို့စားကြသည်။ ချိုသောအရသာရှိ၍ အများစုကကြိုက်နှစ်သက်ကြသည်။ ဒေသမျိုးများတွင် အပုမျိုးနှင့်အရှည်မျိုးဟူ၍ (၂)မျိုးရှိသည်။ အပုမျိုးသည် (၆)လက်မခန့်ရှည်ပြီး အသီးပုံသဏ္ဍာန်မှာ အဖျားရှူး၍ အညှာပိုင်းကြီးသည်။ အရှည်မျိုး သည် (၁)ပေခန့်အထိရှည်၍ အရင်းအဖျားညီသည်။ ဆောင်းရာသီတွင် အပင်ငယ်ဖြင့်ပန်းပွင့်တတ်၍ သတိထား၍စိုက်ပျိုးရသည်။ ရောဂါပိုးမွှားဒဏ်ကိုခံ၍ ဒေသနှင့်ကိုက်ညီသောမျိုးများကို ထိန်းသိမ်း စိုက်ပျိုးသင့်သည်။

          မိုးရာသီ ဇွန်၊ ဇူလိုင်၊ သြဂုတ်လများတွင် အစိုက်များသည်။ စက်တင်ဘာလ၊ အောက်တို ဘာလတွင် ခူးဆွတ်ကြသည်။ မြေပြန့်ဒေသများတွင် ဆောင်းနှင့်နွေတွင် စိုက်ပျိုးနိုင်သော်လည်း ရေကိုဝအောင်ပေးရပါမည်။ ဆောင်းရာသီတွင် အောက်ခြေမှ ငါးပေအထိအသီးအပွင့်များကို ချွေပြီးမှ အပေါ်အဆစ်မှ အသီးများကိုခူးယူသင့်သည်။ မိုးဒဏ်ကိုခံနိုင်ရည်ရှိပြီး စင်တင်စနစ်၊ ဝါးတန်း ထိုးစနစ်ဖြင့်သာ အစိုက်များသည်။ တိုက်ရိုက်အစေ့ချစနစ်ကိုသာ စိုက်ကြသည်။ မျိုးစေ့ကို အညှောင့်ဖောက်၍ စိုက်ဘောင်ပေါ်တွင် (၁)ပေကြားလက်မဝက်ခန့် မြှုပ်၍စိုက်ပါ။ စိုက်ဘောင်ကို (၂)ပေအကျယ်၊ (၁)ပေအမြင့်ဆွဲ၍ တစ်ဘောင်နှင့်တစ်ဘောင် (၅)ပေခြားဆွဲပါ။ (၁)ဧကလျှင် အပင်(၈၀၀၀)ခန့်ရအောင် စိုက်ပျိုးရမည်။ စင်ပေါ်သို့မရောက်မီ ကြားဝါးတန်းများကို (၁)ပေခြား ကန့်လန့်ဖြတ် ချည်ပေးရမည်။ ခဝဲတစ်ဧကလျှင် သီးတောင့်(၂၀၀၀၀-၃၀၀၀၀)ခန့်အထိ ထွက်နိုင်သည်။

          ခဝဲသီးသည် ကိုယ်အလေးချိန်လျော့ချပေးနိုင်ရန်အတွက် အဓိကကျသည့် အဆီပါဝင်မှု ၊ ကယ်လိုရီပါဝင်မှုနှင့် ပြည့်ဝဆီ ကိုလက်စထရောပါဝင်မှုနည်းပါးပြီး အမျှင်ဓာတ်များပါဝင်ခြင်းကြောင့် ခန္ဓာကိုယ်တွင်း ကိုလက်စထရောစုပ်ယူမှုနည်းစေသည်။ ထို့ပြင်ရေဓာတ်ပါဝင်မှုပမာဏများသော ကြောင့် ကိုယ်အလေးချိန်ကျစေရန် ကူညီပေးနိုင်သဖြင့် ကိုယ်အလေးချိန်ကျလိုသူများ စားသုံးပေး သင့်ပါသည်။ ခဝဲသီးသည် ဆေးဘက်ဆိုင်ရာလေ့လာမှုများအရ အသားဝါခြင်းရောဂါ ဖြစ်ပွား နိုင်ချေကို လျော့နည်းစေပြီး ခဝဲသီးအစေ့များနှင့် အခွံများက အသားဝါရောဂါဖြစ်ပွားနိုင်ချေကို လျော့ကျစေနိုင်သည်ဟု သိရှိရသည်။  ခဝဲသီးတွင် သွေးများကိုသန့်စင်စေသည့် အစွမ်းရှိသဖြင့် အရက်ကြောင့်ဖြစ်သည့် အသည်းဝေဒနာကိုလည်း ကာကွယ်ပေးနိုင်သည်။ ထို့ပြင် ခဝဲသီးကို စားသုံးပေးခြင်းဖြင့် အသားအရေကိုကောင်းမွန်စေခြင်း၊ ဆီးချိုးသွေးချိုရောဂါဖြစ်ပွားမှု လျော့နည်းစေနိုင်ခြင်း၊ လိပ်ခေါင်းရောဂါကို သက်သာစေနိုင်ခြင်း၊ ရောင်ရမ်းမှုကို သက်သာ စေနိုင်ခြင်း၊ နှလုံးရောဂါ၊ ဆီးကြိတ်ကင်ဆာကိုလျော့နည်းစေနိုင်ခြင်း၊ သွေးတွင်းသကြားဓာတ် ကို လျော့ကျစေနိုင်ခြင်း စသည့်ကျန်းမာရေးအကျိုးကျေးဇူးများစွာကို ရရှိစေနိုင်သောကြောင့် စားသုံးပေး သင့်သော အသီးအနှံတစ်မျိုးဖြစ်ပါသည်။

DOCA(ပဲခူး)

သနပ်ခါးပန်းနှင့် သနပ်ခါးပန်းပင်ဈေးကွက်

             သနပ်ခါးပန်းဟုဆိုရာဝယ် မျက်နှာမှာလိမ်းသော သနပ်ခါးတုံးပင်မှ ပွင့်သောပန်း မဟုတ်ပေ။ သနပ်ခါးပန်းပင်သည် ယင်းမာပင်၊ တမာပင်မျိုးရင်းတွင် ပါဝင်သည့် သနပ်ခါးပန်းသည် ရနံ့သင်းသင်းနှင့် မွှေးသောပန်းအမျိုးအစားဖြစ်ပါသည်။ လူတစ်ယောက် သနပ်ခါးပန်း ပန်ထားလျှင် အခြားသူအားလုံး မွှေးပါသည်။ သနပ်ခါးပန်းကို အမျိုးသမီးများ နှစ်သက်မြတ်နိုးစွာ ပန်ဆင်တတ် ကြသလို အပင်ပေါ်မှာ ပွင့်နေလျှင်လည်း အလွန်လှပါသည်။ မိုးရာသီတွင် သနပ်ခါးပန်းများ လှိုင်လှိုင်ပွင့်တတ်ပြီး သနပ်ခါးပန်းခိုင်ကလေးများကို ခူးယူ၍ သီကုံးကာ ဈေးကွက်သို့ တင်ပို့ ရောင်းချလျှက်ရှိပါသည်။ သနပ်ခါးပန်းတစ်ကုံးလျှင်(၅၀၀)ကျပ် ဖြင့်ရောင်းချလျှက်ရှိကြောင်း၊ ပန်းမျိုးစုံအရောင်းဆိုင်မှ သိရှိရသည်။ ယခင်က သနပ်ခါးပန်းပင်အကြီးမျိုးသာရှိပြီး ယခုအခါ ယိုးဒယားသနပ်ခါးပန်းပင်အပုမျိုးများလည်း ရောင်းချလျှက်ရှိပါသည်။ ယခုလို မိုးကျရာသီမှာ သစ်ပင်ပန်းပင်စိုက်ပျိုးသူများသောကြောင့် ‌ရောင်းအားကောင်းလျှက်ရှိကြောင်း သိရှိရသည်။ သနပ်ခါးပန်းပင်တစ်ပင်လျှင် အပင်အရွယ်အစားပေါ်မူတည်၍ (၂၀၀၀/၅၀၀၀) ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း ပန်းပျိုးပင် အရောင်းဆိုင်မှ သိရှိရသည်။

DOCA(မန္တလေး)     

 

ပန်းတိမ်မနိုင်ပန်းဈေးကွက်

            မန္တလေးဈေးကွက်အတွင်းသို့ ပြင်ဦးလွင်ဒေသထွက် ပန်းတိမ်ငို(ခေါ်) ပန်းတိမ်မနိုင်ပန်းများ ဇွန်လဆန်းမှ စတင်ဝင်ရောက်ခဲ့ပြီး သီတင်းကျွတ်ကာလတွင် လှိုင်လှိုင်ထွက်ပေါ်ခဲ့ပါသည်။ ပန်းတိမ်ငို (ခေါ်) ပန်းတိမ်မနိုင်ပန်းအရောင်မှာ သဘာဝစိမ်းဝါနုဖျော့ဖျော့အရောင်မှ ယခုအခါ ခရမ်း‌ရောင်၊ အနီရောင်၊ အဖြူရောင်များလည်း ဝင် ရောက်လျှက်ရှိပါသည်။ ပန်းတိမ်ငို ‌(ခေါ်) ပန်းတိမ်မနိုင်ပန်းသည် စူးရှသည့်ရနံ့မရှိဘဲ ပန်းတိုင်း ပန်းတိမ်ဆရာ ငိုလောက်အောင် လှတဲ့ ပန်းမျိုးဖြစ်ပါသည်။ စိုက်ပျိုးရာတွင်လည်း တစ်ခါစိုက်ထား လျှင် မိုးစတင်ရွာလာပါက မြေဆီကျွေး ဘောင်ခတ်မြေဖို့ပြီး ပြုစုရလွယ်ကူသော အပင်တစ်မျိုး ဖြစ်ပါသည်။ ပန်းတိမ်မနိုင်ပန်းကို ဘုရားပန်းလှူက (၁၀)ရက် (၁၅)ရက် ခန့်ထိ ကြာရှည်ခံပါသည်။  ဝါကျွတ်ကာလတွင် ပန်းတိမ်မနိုင်ပန်း‌(ခေါ်) ပန်းတိမ်ငိုပန်းများ ဈေးကွက်အနည်းငယ် ကျဆင်းလျှက်ရှိကြောင်းသိရှိရသည်။ ပန်းတိမ်မနိုင်ပန်း(၁၀)ပင် တစ် စည်းလျှင် (၂၀၀၀/၃၀၀၀) ကျပ်ဖြင့်ရောင်းချလျှက်ရှိကြောင်း ပန်းမျိုးစုံ အရောင်းဆိုင်များမှ သိရှိရသည်။

DOCA(မန္တလေး)     

စကားဝါပန်းပျိုးပင်ဈေးကွက်

           သစ်ပင်စိုက်ပါ တို့ကမ္ဘာသာယာ လှပစိမ်းမြမြ ဟု ဆိုသည့်အတိုင်း သစ်ပင်ပန်းပင်တို့သည် ဤကမ္ဘာကြီးကို အလှဆင်ထားပါသည်။ လူနှင့်သက်ရှိသတ္တဝါတို့အတွက် မရှိမဖြစ်လိုအပ်သော အောက်ဆီဂျင်ကို သစ်ပင်ပန်းပင်များက ထုတ်လွှတ်ပေးနိုင်သလို လူနှင့်သတ္တဝါတို့ ရှုထုတ်လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို သစ်ပင်ပန်းပင်များက အစာ ချက်လုပ်ရန် စုပ်ယူကြပါသည်။ ထိုကြောင့် သစ်ပင်ပန်းပင်နှင့်လူသားတို့သည် ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ ဆိုသလို အပြန်အလှန် ကျေးဇူးပြု လျှက်ရှိပါသည်။ လူတိုင်းနီးပါး သစ်ပင်ပန်းပင်များကို ချစ်မြတ်နိုးတတ်ကြပါသည်။ ထို့အတူ ပန်းပွင့် ကလေးများက အရောင်အသွေးစုံလင်စွာဖြင့် လူတို့၏ စိတ်ကို ကြည်နူးရွှင်မြူးစေပါသည်။ ကိုယ်စိုက် ပျိုးထားသော သစ်ပင်ကလေးများ ပန်းပွင့်ပြီဆိုလျှင် လွန်စွာပျော်တတ်ကြပါသည်။ ပန်းပျိုးပင် ဈေး ကွက်အတွင်း၌ စကားဝါပန်းပင်များ အရောင်းသွက်လျှက်ရှိကြောင်း သိရှိရသည်။ ယခင်ကဆိုလျှင် စကားဝါပန်းကို ပုပ္ပားဒေသမှာသာ ထွက်ပေါ်ပြီး လေလုံဖန်ပုလင်းတွင် ထည့်ရောင်းသောကြောင့် ပုပ္ပားပြန်လက်ဆောင်အဖြစ် ဝယ်ယူ‌ရောင်းချကြသည်။ ယခုအခါ စကားဝါကိုင်းဆက်ပျိုးပင် များသည် (၃)နှစ်အတွင်း ပန်းပွင့်သောကြောင့် လူတိုင်းအိမ်ခြံ စည်းရိုးများတွင် စိုက်ပျိုးလာကြသည်။ စကားဝါ၊ စကားဖြူ၊စကားနီ၊ စကားစိမ်း ဟူ၍ ရှိကြသည်။ စကားဝါပန်းရနံ့သည် အလွန်မွှေး ကြိုင်ပါသည်။ စကားဝါပန်း၏ အဓိပ္ပါဘ်သည် မြင့်မြတ်ခြင်း၊ ဇွဲလုံ့လရှိခြင်း သဘာဝကို ချစ်မြတ်နိုး ခြင်းရဲ့ သင်္ကတ( Love of Nature) ဟု ဆိုကြသည်။ စကားဝါပန်းပျိုးပင်တစ်ပင်လျှင် အပင်အရွယ် အစားပေါ်မူတည်၍ (၈၀၀၀)ကျပ်မှ (၁၀၀၀၀) ကျပ်ထိ ပေါက်ဈေးရှိပြီး ဝယ်ယူမှု များပြားကြောင်းပန်းပျိုးပင်အရောင်းဆိုင်မှ သိရှိရသည်။

DOCA(မန္တလေး)     

ပြည်လုံးချမ်းသာပန်းပျိုးပင်ဈေးကွက်

          နေရာဒေသအလိုက်ပန်းအမည်အခေါ်အဝေါ်ကွဲပြာကြသည်။ ပြည်လုံးချမ်းသာပန်းကို Morning Flower ၊Lucky Flower ၊ ရှစ်နာရီပန်း ၊ကိုးနာရီပန်း၊မွန်းတည့်ပန်း၊အိမ်လုံးချမ်းသာ စသည်ဖြင့် မျိုးစုံခေါ်ဝေါ်ကြသည်။မွှေးသောပန်းများက ရနံ့ဖြင့် လူတွေ၏ စိတ်ကိုလန်းဆန်းသလို ပြည်လုံး ချမ်းသာ ရောင်စုံပန်းလှကလေးများကလဲ ရနံ့မကြွယ်ပင်မဲ့ သူတို့ရဲ့အလှနှင့် အိမ်တစ်အိမ်လုံ၏ ဂုဏ်ကိုတင့်တယ်စေသည်။ပြည်လုံးချမ်းသာပန်းပင်သည် အရိုးကျရှင်သန်ဖြစ်ထွန်သော ရွက်ကျ ပင်မျိုးဖြစ်သည်။ပြည်လုံချမ်းသာပန်းပင်သည် မိုးကျသည်နှင့် တပြိုင်နက် အညွှန့်အတက်များ ထွက်ပေါ်လာပြီးပန်းအလွန်ပွင့်သော အပင်မျိုးဖြစ်သည်။အဖြူရောင်၊အနီရောင်၊ အဝါ၊ခရမ်းရောင်၊ အဝါကြားရောင်စသည်ဖြင့် အရောင်မျိုးစုံရှသည်။ပြည်လုံးချမ်းသာပန်းလေးများသည် နံနက် နေထွက်ချိန်၌ပွင့်တက်ပြီးနေဝန်ချိန်၌ ညှိုးနွမ်းသွားတက်သည်။ နောက်နေ့နံနက် နောက်ထပ် ပန်းများပွင့်တက်သည် ပြည်လုံးချမ်းသာပန်းပွင့်များကို မိမိတို့ လိုအပ်သလို ဒီဇိုင်း ပုံဖေါ်ပြီး စိုက်ပျိုးမှုများလာခြင်းကြောင့် ရောင်းအားကောင်းလျက်ရှိပါသည်။ပန်းခြံများ အပန်းဖြေစခန်းများ ဘုရားကျောင်းကန်များ အိမ်ရှေ့အလှပန်းအိုးများအဖြစ် စိုက်ပျိုးကြသည်။နေရောင်ဆမ်းမှ သူ့ဘဝသူ့လှ ဖော်ပြနိုင်သည့် ပန်းကလေးများဖြစ်သည်။ စိတ်ထွေမွန်းကြပ်နေလျှင် ပန်းပင်လေ တွေရဲ့သဘာဝအလှတရားခံစားကြည့်လိုက်ပါ စိတ်ပျော်ရွှင်ကြည်နူးစေမှာ အမှန်ပင်ဖြစ်ပါသည်။ ပြည်လုံးချမ်းသာ ပန်းအိုးခြင်းတစ်ခြင်းလျှင် အရွယ်စားပေါ်မူတည်၍ (၂၀၀၀-၃၀၀၀)ကျပ် ဖြင့်ရောင်းချလျက်ရှိကြောင်းပန်းပျိုးပင်ဈေးကွက်မှ သိရှိရပါသည်။

DOCA(မန္တလေး)        

 

မအိုမနာမသေအပင်

          ဆေးနည်းပေါင်းစုံ ကျန်းမာရေးဗဟုသုတ ဖော်ပြချက်သီရှိရခြင်းဖြစ်ပါသည်။ သစ်ပင်လိမ္မာ ကျွမ်းကျင် ပညာရှင်၏ အဆိုရ  မအိုမနာမသေချင်လျှင် မအိုမနာမသေသော ဆေးပင်ကို သုံးစွဲရမည်ဟု ဆိုသည်။ ယင်းဆေးပင်များမှာ အုန်းနှဲ့ပင်၊ ငုပင်နှင့် ဆင်တုံးမနွယ်ပင်တို့ဖြစ်သည်။အုန်းနှဲ့ပင်၏ အခေါက်ကို နေလှန်းအတုံး ကလေးများတုံး၍ ကွမ်းယာ၊ဆေးလိပ်တို့တွင်ထည့်သုံးကြသည်ကို ငယ်ငယ်ကမြင်ဖူးကြမည် သည့်ကြမည်ထင်ပါသည်။ ရှေးလူကြီးများအဆိုအရ  အုန်းနှဲ့ပင်ရှိရာ အနီးအနားတွင်  ရေတွင်းတူက ရေချိုထွက်သည်ဟူ၍ ဆုံးမကြားဖူးနားဝရှိခဲ့ဖူးပါသည်။ အုန်းနှဲ့ပင်သည် (၁၂)ရာသီလုံးရင့်ရော် အိုမင်းအရွက်ကြွေခြင်းမရှိသည့် အပင်မျိုးဖြစ်သည်။ ထိုကြောင့် အုန်းနှဲ့ပင်ကို မအိုသောအပင်ဟုခေါ်သည်။ ငုပင်သည် မနာသောအပင်ဖြစ်သည်။ငုပင်၏ အခေါက်ကိုခွာယူလျှင် ၎င်းငုပင်သည်နွမ်းခြင်းပရှိပေ။အပူညှင်းလေအား ရှိလေဖြစ်ကာ လန်းဆန်းစိုပြေသော သတ္တိရှိသည်။ ငုပင်က နာအောင်ညှင်းလေ မနာလေအပင်ဖြစ်သည်။ မသေသောအပင်က ဆင်တုံးမနွယ်ပင်ဖြစ် သည်။ မြေ၊ရေ မထိတွေ့ရေစေပကမူ သေသည်ဟူ၍ မရှိချေ။ အဖြူ၊အဝါ၊အနက် သုံးမျိုးတွင်  အနက်မျိုးသည် အကောင်းဆုံးဖြစ်သည်။အစွမ်းသတ္တိကောင်းဆေးပင် (၃) မျိုးအညီအမျှစီယူ၍ ပျားရည်စစ်စစ်နှင့်တေပြီး စားအကျိုးများသည့်ဟုဆိုကြသည်။ ချွဲကြပ်ခြင်း၊ မောဟိုက်ခြင်း၊ လေဖြတ်ခြင်း၊ ထုံခြင်း၊ ကိုယ်တပိုင်းတခြင်းသေခြင်း၊ ဆီးရှိလျှက်ဆီမဆင်းခြင်း၊ ဓါတ်ချုပ်စမြင်းခံခြင်း၊ လေငန်းအမျိုးမျိုးတို့အတွက် ပျောက်ကင်းစေပြီးကျန်းမာ အသက်ရှည်သည်ဟု လေ့လာသိရှိရသည်။၎င်းဆေးတွင်နနွင်းခါးစစ်စစ်ထပ်မံရောစပ်ကဆီချိုးရောဂါနှင့် ကျောက်ကပ်အားမရှိ၍ သွေးအညစ်အကြေးများပြီး ပွေးကွက်ယား ကွက်ထွက်သူ ဝေဒနာရှင် များလည် သက်သာပျောက်ကင်းနိုင်ကြောင်းလဲသိရှိရသည်။

DOCA(မန္တလေး)        

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း