ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မြို့မဈေး၌ နေ့စဉ်အရောင်းအဝယ်ဖြစ်သည့် CPကြက်သားနှင့် ဗမာကြက်သား

       စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းမျာ ဆောင်ရွက်လျက်ရှိသလို   ကန့်ဘလူခရိုင်အတွင်း ဖြစ်ပေါ်လျက်ရှိသော အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကိုလေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း၊ ကန့်ဘလူ“မြို့မဈေး”တွင် ရောင်းချလျက်ရှိသည့် CPကြက်သားများကို ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်အတွင်းမှ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

          ကန့်ဘလူမြို့မဈေးတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ စတုတ္ထပတ်အတွင်း  CPကြက်ကောင်လုံး ဈေး(၁)ပိဿာလျှင် (၂၂၀၀၀)ကျပ်၊ ကြက်ရင်ပုံသားသန့် (၅၀)ကျပ်သားလျှင် (၁၂၅၀၀)ကျပ်နှင့် (၂၅)ကျပ်သားလျှင် (၆၃၀၀)ကျပ်၊  ဒေသကြက်(၁)ပိဿာလျှင် (၃၄၀၀၀)ကျပ်၊ ကြက်ခြေထောက် နှင့်ကြက်တောင်ပံ (၁)ပိဿာလျှင်(၁၈၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိရာ ယခုဒီဇင်ဘာ လတတိယပတ်၏ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက စတုတ္ထပတ်အတွင်း CPကြက်သား(၁)ပိဿာလျှင် (၃၀၀၀)ကျပ်၊ ကြက်ရင်ပုံသားသန့်(၁)ပိဿာလျှင် (၂၀၀၀)ကျပ်နှင့် ကြက်ခြေထောက်နှင့် ကြက်တောင်ပံ(၁)ပိဿာလျှင် (၂၀၀၀)ကျပ်အသီးသီးဈေးနှုန်းများ ကျဆင်းလျက်ရှိကြောင်း ကြက်သားရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့၊ ပန်းဈေးကွက်ရှိ သပြေပန်း၊ ရက်(၁၀၀)သပြေ၊ အာဆီယံသပြေပန်း

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင်သာမက အခြားသောဒေသများတွင်လည်း ပန်းစိုက်ပျိုးရေးလုပ်ငန်းများကို မိသားစုတစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ်စိုက်ပျိုးလျက်ရှိကြကြောင်း သိရသည်။ သပြေပန်းကို ယခင်က တောတောင်များ၌သာ တွေ့ရလေ့ရှိပြီး ယခုအခါ မိမိတို့ခြံဝင်းများ၊ ယာခင်းများ၌ခြံဖွဲ့၍ တောသပြေ၊ အာဆီယံသပြေ၊ ရက်(၁၀၀)သပြေနှင့် ရွှေသပြေများစိုက်ပျိုးလျက်ရှိပြီး မိသားစုဝင်ငွေရရှိနေကြောင်း သိရသည်။

        ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့ ပန်းဈေးကွက်တွင် သပြေပန်းငုတ်၊ သပြေပန်းခက်အစည်း၊ အာဆီယံသပြေနှင့် ရက်(၁၀၀)သပြေစသည်ဖြင့် ရောင်းချလျက်ရှိရာ တောသပြေပန်းခက် ()စီးလျှင်(၁၀၀၀)ကျပ်၊ တောသပြေငုတ်အကြီး ()ငုတ်လျှင်(၅၀၀၀)ကျပ်၊ အသေး()ငုတ်လျှင်(၂၀၀၀မှ ၃၀၀၀)ကျပ်၊ ရက်(၁၀၀)သပြေငုတ်()ငုတ်လျှင်(၂၅၀၀)ကျပ်နှင့် အာဆီယံသပြေ()စည်းလျှင် (၁၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခု ဒီဇင်ဘာလ တတိယပတ်၏ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက စတုတ္ထပတ်အတွင်း ရက်(၁၀၀)သပြေ ()ငုတ်လျှင်(၅၀၀)ကျပ် ဈေးနှုန်းကျဆင်းသွားကြောင်း ပန်းရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့၊ ပန်းဈေးကွက်တွင် ပုံမှန်အရောင်းအဝယ်ဖြစ်နေသည့် ဂန္ဓမာပန်း၊ နှင်းပန်း၊ သစ္စာပန်းဈေးနှုန်း

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ပန်းဈေးကွက်၌ နှင်းဆီပန်း၊ နှင်းပန်း၊ ဂန္ဓမာပန်း၊ သပြေပန်း၊ အာစီယံသပြေ၊ စံပါယ်ပန်း၊ ဇွန်ပန်း၊ သစ္စာပန်းစသည့် ပန်းမျိုးစုံရောင်းချလျက်ရှိကြောင်း၊ ဒေသခံပြည်သူများကလည်း ဘုရားပန်းကပ်လှူရန်၊ ပန်းအလှဆင်ရန်နှင့် အမျိုးသမီးများအလှပန်ဆင်ရန် နေ့စဉ်ဝယ်ယူအသုံးပြုလျက်ရှိကြောင်း သိရသည်။

        ကန့်ဘလူမြို့ပန်းဈေးကွက်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ စတုတ္ထပတ်အတွင်း ပြင်ဦးလွင်ဒေသ ထွက်ဂန္ဓမာပန်း(၁)စီးလျှင်(၂၅၀၀)ကျပ်၊ ဒေသထွက် ဂန္ဓမာပန်း(၁)စီးလျှင်(၈၀၀)ကျပ်၊ နှင်းပန်း (၁)စီးလျှင် (၂၀၀၀)ကျပ်၊ သစ္စာပန်း()စီးလျှင် (၂၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခုလတတိယပတ်၏ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက စတုတ္ထပတ်အတွင်း ဂန္ဓမာပန်း ()စီးလျှင်(၅၀၀)ကျပ် ဈေးနှုန်းကျဆင်းသွားကြောင်း ပန်းရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးရှိ ငါးရံ့၊ ငါးဘတ်နှင့် တီလားဗီးယားငါးဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်း၊ ဈေးကွက်အခြေအနေများကိုလေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

        ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် တီလားဗီးယားငါးအကြီး (၁)ပိဿာလျှင် (၁၉၅၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၅၀၀၀)ကျပ်၊ အသေး(၁)ပိဿာလျှင်(၁၈၀၀၀) ကျပ်၊ ငါးဘတ်(၁)ပိဿာလျှင် (၃၀၀၀၀)ကျပ်၊  ငါးရံ့(၁)ပိဿာ (၂၀၀၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ဒီဇင်ဘာလ တတိယပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ငါးဘတ်(၁)ပိဿာလျှင်(၃၀၀၀)ကျပ်ဈေးနှုန်းမြင့်တက်၍ငါးရံ့(၁)ပိဿာလျှင်(၂၀၀၀)ဈေးနှုန်းကျဆင်းသွားကြောင်း ဈေးကွက်အနေဖြင့် စားသောက်ဆိုင်များ၊ ထမင်းဆိုင်များနှင့် အကင်ဆိုင်များမှ ဝယ်ယူလျက်ရှိကြောင်း ငါးရောင်းဝယ်ရေးဒိုင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မြို့မဈေးတွင်အရောင်းအဝယ်ဖြစ်နေသည့် ဂေါ်ရခါးသီး၊ ခရမ်းသီးနှင့် ငရုတ်သီးစိမ်းဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ဈေးသည်များ၊ ဈေးဝယ်သူများနှင့် နေ့စဉ်စည်ကားလျက်ရှိပြီး မိသားစုစားဝတ်နေရေးအတွက် ဒေသထွက်သီးနှံများအပြင် အခြားတိုင်းဒေသကြီးမှ ထွက်ရှိသော ဂေါ်ရခါးသီး၊ ခရမ်းသီးနှင့် ခဝဲသီးတို့ကို မန္တလေးမြို့နှင့် ရွှေဘို မြို့တို့မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရသည်။

        ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ စတုတ္ထပတ်အတွင်း အရောင်းအဝယ်ဖြစ်နေသော ဂေါ်ရခါးသီးဈေးနှုန်းများမှာ  အလုံးကြီး(၁)လုံးလျှင် (၆၀၀)ကျပ်၊  အသေး(၁)လုံးလျှင် (၅၀၀)ကျပ်၊ ခရမ်းသီး(၁) ပိဿာလျှင်(၃၂၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၆၀၀)ကျပ်နှင့် ငရုတ်သီးစိမ်း(၁)ပိဿာလျှင် (၃၂၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ၊ ဒီဇင်ဘာလတတိယပတ် ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုစတုတ္ထပတ်အတွင်း ဂေါ်ရခါးသီး(၁)လုံးလျှင်(၁၀၀)ကျပ်နှင့် ခရမ်းသီး(၁) ပိဿာလျှင်(၃၀၀)ကျပ် ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း၊ ဂေါ်ရခါးသီး၊ ခရမ်းသီးနှင့် ငရုတ်သီးများကို ထမင်းဆိုင်များ၊ စားသောက်ဆိုင်များက ဝယ်ယူအသုံးပြုလျက်ရှိကြောင်း၊ ကုန်စိမ်းသီးနှံမျိုးစုံ ရောင်းချသည့်  လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ငါန်းဇွန်မြို့နယ်၏ ဒီဇင်ဘာလ တတိယပတ် စက်သုံးဆီရောင်းချမှု အခြေအနေ

               ငါန်းဇွန်မြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင် ၁၀ ဆိုင်မှ စက်သုံးဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်း ဈေးနှုန်းများအနေဖြင့် 92 Octance ၂၇၅၀ ကျပ်၊ 95 Octance ၂၈၈၀ ကျပ်၊ ရိုးရိုးဒီဇယ် ၂၄၅၀ ကျပ်၊ ပရီမီယမ် ဒီဇယ် ၂၈၇၅ ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

   စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၁၉-၁၂-၂၀၂၅ ရက်နေ့တွင်ထုတ်ပြန်ထားသည့် မန္တလေးတိုင်းဒေသကြီးအတွင်း စက်သုံးဆီတစ်လီတာ၏ သတ်မှတ် ရည်ညွှန်းဈေးများမှာ 92 Octance ၂၆၃၀ ကျပ်၊ 95 Octance ၂၆၈၅ ကျပ်၊ ရိုးရိုးဒီဇယ် ၂၃၄၅ ကျပ်၊ ပရီမီယမ်ဒီဇယ် ၂၈၀၀ ကျပ်ဖြစ်ကြောင်း  သိရှိရသည်။ သတ်မှတ် ရည်ညွှန်းဈေးများသည် ယခင်အပတ် ထက် 92 Octanceတွင် ၂၅ ကျပ်၊ 95 Octanceတွင်  ၃၀ ကျပ် တို့ အသီးသီးဈေးနှုန်းလျော့ကျခဲ့ကာ ရိုးရိုးဒီဇယ်တွင် ၁၅ ကျပ်ဈေးနှုန်းမြင့်တက်ခဲ့ပြီး ပရီမီယမ်ဒီဇယ်တွင် ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း သိရှိရသည်။

DOCA(မန္တလေး)

ကျောက်ပန်းတောင်းမြို့နယ်၏ ဒီဇင်ဘာလ တတိယပတ် စက်သုံးဆီရောင်းချမှု အခြေအနေ

                     ကျောက်ပန်းတောင်းမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင် ၃၁ ဆိုင်မှ စက်သုံးဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့ စက်သုံးဆီ တစ်လီတာ အရောင်း ဈေးနှုန်းများအနေဖြင့် 92 Octance ၂၆၆၀ ကျပ်၊ 95 Octance ၂၇၁၅ ကျပ်၊ ရိုးရိုးဒီဇယ် ၂၃၆၅ ကျပ်၊ ပရီမီယမ် ဒီဇယ် ၂၈၃၀ ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

          စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၁၉-၁၂-၂၀၂၅ ရက်နေ့တွင်ထုတ်ပြန်ထားသည့် မန္တလေးတိုင်းဒေသကြီးအတွင်း စက်သုံးဆီတစ်လီတာ၏ သတ်မှတ် ရည်ညွှန်းဈေးများမှာ 92 Octance ၂၆၃၀ ကျပ်၊ 95 Octance ၂၆၈၅ ကျပ်၊ ရိုးရိုးဒီဇယ် ၂၃၄၅ ကျပ်၊ ပရီမီယမ်ဒီဇယ် ၂၈၀၀ ကျပ်ဖြစ်ကြောင်း သိရှိရသည်။ သတ်မှတ် ရည်ညွှန်းဈေးများသည် ယခင်အပတ် ထက် 92 Octanceတွင် ၂၅ ကျပ်၊ 95 Octanceတွင်  ၃၀ ကျပ် တို့ အသီးသီးဈေးနှုန်းလျော့ကျခဲ့ကာ ရိုးရိုးဒီဇယ်တွင် ၁၅ ကျပ်ဈေးနှုန်းမြင့်တက်ခဲ့ပြီး ပရီမီယမ်ဒီဇယ်တွင် ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း သိရှိရသည်။

DOCA(မန္တလေး)

ညောင်ဦးမြို့နယ်၏ ဒီဇင်ဘာလ တတိယပတ် စက်သုံးဆီရောင်းချမှု အခြေအနေ

                  စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၁၉-၁၂-၂၀၂၅ ရက်နေ့တွင်ထုတ်ပြန်ထားသည့် မန္တလေးတိုင်းဒေသကြီးအတွင်း စက်သုံးဆီတစ်လီတာ၏ သတ်မှတ် ရည်ညွှန်းဈေးများမှာ 92 Octance ၂၆၃၀ ကျပ်၊ 95 Octance ၂၆၈၅ ကျပ်၊ ရိုးရိုးဒီဇယ် ၂၃၄၅ ကျပ်၊ ပရီမီယမ်ဒီဇယ် ၂၈၀၀ ကျပ်ဖြစ်ကြောင်း  သိရှိရသည်။

             ညောင်ဦးမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင် ၁၇ ဆိုင်မှ စက်သုံးဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်း ဈေးနှုန်းများ အနေဖြင့် 92 Octance ၂၆၇၀ ကျပ်၊ 95 Octance ၂၇၇၅ ကျပ်၊ ရိုးရိုးဒီဇယ် ၂၃၉၅ ကျပ်၊ ပရီမီယမ်ဒီဇယ် ၂၈၆၀ ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။ သတ်မှတ် ရည်ညွှန်း ဈေးများသည် ယခင်အပတ်ထက် 92 Octanceတွင် ၂၅ ကျပ်၊ 95 Octanceတွင်  ၃၀ ကျပ် တို့ အသီးသီး ဈေးနှုန်းလျော့ကျခဲ့ကာ ရိုးရိုးဒီဇယ်တွင် ၁၅ ကျပ်ဈေးနှုန်းမြင့်တက်ခဲ့ပြီး ပရီမီယမ်ဒီဇယ်တွင် ဈေးနှုန်း ပြောင်းလဲမှုမရှိကြောင်း သိရှိရသည်။

DOCA(မန္တလေး)

နွားထိုးကြီးမြို့နယ်၏ ဒီဇင်ဘာလ တတိယပတ် စက်သုံးဆီရောင်းချမှု အခြေအနေ

              နွားထိုးကြီးမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင် ၁၀ ဆိုင်မှ စက်သုံးဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်းဈေးနှုန်းများအနေဖြင့် 92 Octance ၂၆၃၀ ကျပ်၊ 95 Octance ၂၆၈၅ ကျပ်၊ ရိုးရိုးဒီဇယ် ၂၃၄၅ ကျပ်၊ ပရီမီယမ်ဒီဇယ် ၂၈၀၀ ကျပ်ဖြင့် ရည်ညွှန်းဈေးအတိုင်း ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

           စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၁၉-၁၂-၂၀၂၅ ရက်နေ့တွင်ထုတ်ပြန်ထားသည့် မန္တလေးတိုင်းဒေသကြီးအတွင်း စက်သုံးဆီတစ်လီတာ၏ သတ်မှတ် ရည်ညွှန်းဈေးများမှာ 92 Octance ၂၆၃၀ ကျပ်၊ 95 Octance ၂၆၈၅ ကျပ်၊ ရိုးရိုးဒီဇယ် ၂၃၄၅ ကျပ်၊ ပရီမီယမ်ဒီဇယ် ၂၈၀၀ ကျပ်ဖြစ်ကြောင်း သိရှိရသည်။ သတ်မှတ် ရည်ညွှန်းဈေးများသည် ယခင်အပတ် ထက် 92 Octanceတွင် ၂၅ ကျပ်၊ 95 Octanceတွင် ၃၀ ကျပ် တို့ အသီးသီးဈေးနှုန်းလျော့ကျခဲ့ကာ ရိုးရိုးဒီဇယ်တွင် ၁၅ ကျပ်ဈေးနှုန်းမြင့်တက်ခဲ့ပြီး ပရီမီယမ်ဒီဇယ်တွင် ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း သိရှိရသည်။

DOCA(မန္တလေး)

တောင်သာမြို့နယ်၏ ဒီဇင်ဘာလ တတိယပတ် စက်သုံးဆီရောင်းချမှု အခြေအနေ

             တောင်သာမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင် ၁၃ ဆိုင်မှ စက်သုံးဆီများကို နေ့စဉ်ပုံမှန် ဖွင့်လှစ်ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်း ဈေးနှုန်းများအနေဖြင့် 92 Octance ၂၆၈၀ ကျပ်၊ 95 Octance ၂၇၃၅ ကျပ်၊ ရိုးရိုးဒီဇယ်  ၂၃၉၅  ကျပ်၊ ပရီမီယမ် ဒီဇယ် ၂၈၅၀ ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

        စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၁၉-၁၂-၂၀၂၅ ရက်နေ့တွင်ထုတ်ပြန်ထားသည့် မန္တလေးတိုင်းဒေသကြီးအတွင်း စက်သုံးဆီတစ်လီတာ၏ သတ်မှတ် ရည်ညွှန်းဈေးများမှာ 92 Octance ၂၆၃၀ ကျပ်၊ 95 Octance ၂၆၈၅ ကျပ်၊ ရိုးရိုးဒီဇယ် ၂၃၄၅ ကျပ်၊ ပရီမီယမ်ဒီဇယ် ၂၈၀၀ ကျပ်ဖြစ်ကြောင်းသိရှိရသည်။ သတ်မှတ်ရည်ညွှန်းဈေးများသည် ယခင်အပတ ်ထက် 92 Octanceတွင် ၂၅ ကျပ်၊ 95 Octanceတွင် ၃၀ ကျပ် တို့ အသီးသီးဈေးနှုန်းလျော့ကျခဲ့ကာ ရိုးရိုးဒီဇယ်တွင် ၁၅ ကျပ်ဈေးနှုန်းမြင့်တက်ခဲ့ပြီး ပရီမီယမ်ဒီဇယ်တွင် ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း သိရှိရသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း