ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

နိုဝင်ဘာလနောက်ဆုံးပတ်တွင် ဂန္ဓမာပန်းစျေးကျ

              နတ်တော်လအခါသမယအတွင်း ဂန္ဓမာပန်းအမျိုးမျိုးဝင်ရောက်မှုများပြားလျက်ရှိပြီး၊ စျေးအနည်းငယ်ကျဆင်းသွားကြောင်း မန္တလေးပန်းစျေးကွက်အတွင်းမှ သိရှိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အမရပူရခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်၊ မိတ္တီလာ ခရိုင်နှင့် မြင်းခြံခရိုင်တို့မှထွက်သည့်ပန်းများ၊ စစ်ကိုင်းတိုင်းဒေသကြီး နှင့်ရှမ်းပြည်နယ်၊ တောင်ကြီး ဒေသတို့မှထွက်ရှိသည့်ဂန္ဓာမာပန်းများဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။ စျေးကွက်အတွင်း အများဆုံးတွေ့ရသော ဂန္ဓမာပန်းအမည်များမှာ ဆန်းမားဖြူ၊ ဆန်းမားဝါ၊ လပ်ကီးဖြူ၊ လပ်ကီးဝါ၊ လပ်ကီးနီ၊ရွှေစိမ်း၊ကီလို၊ကြွေဖြူ၊ကြွေဝါ၊ချက်စိမ်း၊ပုလဲဖြူစသည်ဖြင့် အမျိုးမျိုးတွေ့ရှိရပါသည်။၂၀၂၅ ခုနှစ် နိုဝင်ဘာလနောက်ဆုံးပတ်အတွင်း လက်လီစျေးအနေဖြင့် ဂန္ဓာမာပန်းကြွေဖြူ တစ်ရိုးတစ်ပွင့် (၁၀ခက်ပါ) တစ်စီး လျှင် ၄၀၀၀ ကျပ်နှင့် ၄၅၀၀ ကျပ်၊ ဆန်းမား၊ လပ်ကီး၊ ရွှေစိမ်း၊ ကီလို၊ ကြွေဖြူ၊ ကြွေဝါ၊ချက်စိမ်းနှင့် ပုလဲဖြူတစ်စီးလျှင် ၃၀၀၀ ကျပ်နှင့် ၃၅၀၀ကျပ်စျေးဖြင့် ရောင်းချလျှက်ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်း မန္တလေးမြို့၊ သိရီမာလာပန်းစျေးကွက်အတွင်းမှ သိရှိရပါသည်။

DOCA  (မန္တလေး)

 

နတ်တော်လဆန်းတွင် ပုရစ်စျေးအနည်းငယ်မြင့်တက်

               နတ်တော်လဆန်းတွင် မန္တလေးစျေးကွက်သို့ ပုရစ်ဝင်ရောက်မှုလျော့နည်းလာသည့်အတွက် စျေးအနည်းငယ်မြင့်တက်သွားကြောင်း ‌ရေကြည်ညောင်ပင်စျေးရှိ   ပုရစ်စျေးကွက်မှ သိရှိရပါ သည်။   မြစ်ကြီးနား၊ ရွှေကူ၊  ကသာ၊  မတ္တရာနှင့်  ဆည်တော်လေးဒေသတို့မှ ဝင်ရောက်သည့်ပုရစ်အား မိုးပုရစ် နှင့်ဆောင်းပုရစ်နှစ်မျိုးခွဲခြားရောင်းလေ့ရှိပြီး၊မိုးပုရစ်မှာ အထီးနှင့်အမစျေး ကွာခြားမှု မရှိဘဲ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ဆောင်းပုရစ်မှာ သီးတင်းကျွတ်လဆန်းပိုင်းမှစတင်ဝင် ရောက်လျက်ရှိပြီး၊ပုရစ်အမများတွင် ဥပါဝင်မှုများသဖြင့်  လူကြိုက်များသကဲ့သို့ စျေးအနည်းငယ်မြင့် ကြောင်းသိရှိရပါသည်။ မန္တလေး‌မြို့၊ရေကြည်ညောင်ပင်စျေးရှိဆောင်းပုရစ်စျေးကွက်တွင် ၂၀၂၅ခုနှစ် နိုဝင်ဘာလနောက်ဆုံးပတ်အတွင်း လက္ကားစျေးမှာ  ပုရစ်အကောင်ကြီး (၂၀၀ပါ) တစ် ထုပ်လျှင်   ပုရစ် (အမ) ၅၅၀၀၀ ကျပ်နှင့် ၅၉၀၀၀ ကျပ်၊ ပုရစ်(အထီး) ၂၅၀၀၀ ကျပ်နှင့် ၂၇၅၀၀ ကျပ်၊   သဲပုရစ် ခေါ် ပဲပုရစ်(အကောင်သေး)(၂၀၀ပါ)တစ်ထုပ်လျင် ၁၅၀၀၀ကျပ်နှင့် ၁၆၅၀၀ ကျပ်၊ လက်လီစျေးမှာ ပုရစ် အကောင်ကြီး(၁၀၀)လျှင်ပုရစ်(အမ) ၂၈၀၀၀ကျပ်နှင့်၃၂၀၀၀ကျပ်၊ပုရစ်(အထီး)၁၄၀၀၀ ကျပ် နှင့် ၁၅၅၀၀ ကျပ်၊ သဲပုရစ်(အကောင်သေး)(၁၀၀)လျှင် ၈၀၀၀ ကျပ်နှင့် ၈၅၀၀ ကျပ်စျေးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။  

DOCA  (မန္တလေး)

နတ်တော်လဆန်းတွင် အရောင်းသွက်သည့်မန္တလေးပန်းကုံးစျေးကွက်

                နတ်တော်လအခါသမယအချိန်ဖြစ်၍ မန္တလေးပန်းကုံးမျိုးစုံစျေးကွက်အတွင်း ပန်းကုံးများ ဝင်ရောက်မှုများလျက်ရှိပြီး၊အရောင်းသွက်လျှက်ရှိကြောင်း သိရှိရပါသည်။ စျေးကွက်အတွင်းသို့ မန္တလေးတိုင်းဒေသကြီးအတွင်း ပုသိမ်ကြီးမြို့နယ်၊ မတ္တရာမြို့နယ်၊ အမရပူရမြို့နယ်၊ ပြင်ဦးလွင်မြို့နယ် နှင့် ကျောက်ပန်းတောင်းမြို့နယ်(ပုပ္ပားဒေသ)နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ကုံးပန်းများ ဝင်ရောက်ကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာလနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်သည့် ပန်းကုံး လက်လီ ပေါက်စျေးနှုန်းများမှာ စပါယ်ပန်းအပွင့် ၂၅ကုံးပါတစ်တွဲလျှင် ၂၀၀ဝိ/-နှင့် ၂၅၀ဝိ/-၊ ဇွန်ပန်း ၂၅ ကုံးပါ ၂၀၀ဝိ/-နှင့် ၂၇၀ဝိ/-၊ စကားဝါပန်း/စကားဖြူပန်း ၁၀ ကုံးပါ ၃၅၀ဝိ/-နှင့် ၄၀၀ဝိ/-၊ သနပ်ခါး ပန်း၁၀ ကုံးပါ တစ်တွဲလျင် ၃၅၀ဝိ/-နှင့် ၄၀၀ဝိ/-၊ရွှေပန်းနှင့်ငွေပန်း ၁၀ ကုံး ပါတစ်တွဲလျင် ၃၀၀ဝိ/-နှင့် ၄၀၀ဝိ/-၊ကံ့ကော်ပန်း ၁၀ကုံးပါတစ်တွဲလျှင် ၄၀၀ဝိ/-နှင့် ၅၀၀ဝိ/-၊ နှင်းဆီပန်း(ဗမာ) ၁၀ ကုံး လျှင် ၃၅၀ဝိ/-နှင့်၄၀၀ဝိ/-စျေးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း   သိရှိရပါသည်။

DOCA  (မန္တလေး)

နတ်တော်လဆန်းတွင် အရောင်းသွက်သည့်သစ္စာပန်း

                နတ်တော်လရာသီအခါသမယအတွင်း ပန်းစျေးကွက်သို့  မန္တလေးတိုင်းဒေသကြီးရှိ အမရပူရ ခရိုင်၊ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်၊မိတ္တီလာခရိုင်နှင့်မြင်းခြံခရိုင်တို့မှထွက်သည့် ပန်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်၊ တောင်ကြီးဒေသတို့မှ ထွက်ရှိသည့်သစ္စာပန်းများ ဝင် ရောက်မှုများပြားလျက်ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။သစ္စာပန်းအပွင့် အရောင် မှာ အဖြူ၊ကြက်သွေးနီ၊မိတ်ကပ်ရောင်၊ပန်းရောင်၊ အဝါရောင်တို့တွေ့ရှိရပြီး၊ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ နောက်ဆုံးပတ်အတွင်းဖြစ်ပေါ်သည့်လက်လီစျေးနှုန်းများမှာသစ္စာပန်း(၅ခက်ပါ)၁စီးလျှင် (ပန်းပွင့် ကြီး)၂၅၀၀ကျပ်နှင့်၃၅၀၀ကျပ်၊ (ပန်းပွင့်သေး) ၂၀၀၀ကျပ်နှင့်၂၃၀၀ကျပ်စျေးတို့ဖြင့် ရောင်းချ လျှက်ရှိကြောင်း သိရှိရပါသည်။နတ်တော်လရာသီအခါသမယအတွင်း ဘုရားပွဲနှင့် အလှူပွဲတော်များ ကျင်းပသည့်အချိန်ဖြစ်၍ သစ္စာပန်းမှာစျေးကွက်အတွင်းဝယ်ယူမှုများပြား လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA  (မန္တလေး)

 

နတ်တော်လဆန်းရှိနှင်းပန်းစျေးကွက်

        နတ်တော်လရာသီအခါသမယအတွင်း ပန်းစျေးကွက်သို့  မန္တလေးတိုင်းဒေသကြီး ရှိ အမရပူရ ခရိုင်၊ပြင်ဦးလွင်ခရိုင်၊ကျောက်ဆည်ခရိုင်၊မိတ္တီလာခရိုင်နှင့်မြင်းခြံခရိုင်တို့မှ ထွက်သည့် ပန်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်၊ တောင်ကြီးဒေသတို့မှ ထွက်ရှိသည့်နှင်းပန်းများ ဝင်ရောက်လျက်ရှိပြီး၊အရောင်းသွက်လျက်ရှိကြောင်းသိရှိရပါသည်။ ၂၀၂၅ ခုနှစ်နိုဝင်ဘာလနောက်ဆုံး ပတ်အတွင်းဖြစ်ပေါ်သည့်လက္ကားစျေးအစီးကြီးတစ်စီးလျှင် ၁၀၀၀၀ ကျပ်နှင့် ၁၃၀၀၀ကျပ်၊ လက်လီ စျေး မှာ နှင်းပန်း(၅ခက်ပါ) ၁ စီးလျှင် ၁၅၀၀ကျပ်နှင့်၂၀၀၀ကျပ်စျေးတို့ဖြင့် ရောင်းချလျှက်ရှိ ကြောင်း သိရှိရပါသည်။နတ်တော်လရာသီချိန်အတွင်း ဘုရားပွဲနှင့်အလှူပွဲတော်များ ကျင်းပသည့် အချိန် ဖြစ်၍ နှင်းပန်းမှာ  စျေးကွက်အတွင်း ဝယ်ယူမှုများပြားလျက်ရှိကြောင်း သိရှိရပါသည်။

DOCA  (မန္တလေး)

နတ်တော်လဆန်းတွင်ငှက်ပျောသီးအရောင်းသွက်လျက်ရှိ

                      မန္တလေးစျေးကွက်တွင် နတ်တော်လဆန်းကာလအတွင်း ငှက်‌ပျောသီးများအရောင်းသွက် လျက်ရှိကြောင်း စျေးချိုတော်ရှိ ငှက်ပျောသီးဆိုင်ရှင်တစ်ဦး၏ပြောပြချက်အရ သိရှိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ် ငှက်ပျော သီးစိုက်ပျိုးမှု ၁၃၂၃၀ ဧက၊ ရိတ်သိမ်းမှု ၁၂၈၃၅ ဧက၊အထွက်နှုန်း ၁၀၅၅.၈၂ နှင့် အထွက်တင်း ၁၃၅၅၁၄၄၀ တင်းဖြစ်ကြောင်း သိရှိရပါသည်။ ဖီးကြမ်း၊ သီးမွှေး၊ ရခိုင်၊ငှက်ပျောချဉ်နှင့် ရွှေနီငှက်ပျော သီးတို့မှာ စျေးကွက်အတွင်း အများဆုံး တွေ့ရှိရပါသည်။ ဖီးကြမ်း၊ သီးမွှေး နှင့်ရခိုင်ငှက်ပျောသီးများ ကိုဘုရားပွဲ နှင့်မိရိုးဖလာပွဲများ တွင် သုံးစွဲမှုများပြီး၊ကန်တော့ပွဲတစ်ပွဲတွင် အုန်းသီးတစ်လုံးနှင့်သုံးစွဲ သည့်ငှက်ပျောခိုင် အရေအတွက် အလိုက်၊ အလုံးအရွယ်အစား အလိုက် စျေးနှုန်းအမျိုးမျိုး ရောင်းချ ကြောင်းသိရှိရပါသည်။ ၂၀၂၅ ခုနှစ်နိုဝင်ဘာလနောက်ဆုံးပတ်အတွင်း ငှက်ပျောဖီးစျေးနှုန်းများ အနေဖြင့် တစ်ဖီးလျှင် ဖီးကြမ်း (အစိမ်း) ၂၀၀ဝိ/- နှင့် ၃၅၀ဝိ/- ၊ဖီးကြမ်း (အမှည့်) ၁၅၀ဝိ/- နှင့် ၃၀၀ဝိ/-၊ သီးမွှေးငှက်ပျောသီးမှာ ၁၅၀ဝိ/-နှင့် ၂၅၀ဝိ/-၊ (တောင်ငူသီး) ၄၀၀ဝိ/-နှင့် ၅၅၀ဝိ/-၊ ရခိုင်ငှက်ပျောသီးနှင့် ငှက်ပျောချဉ်သီးမှာ ၁၅၀ဝ/- နှင့်၂၀၀ဝိ/-၊ ရွှေနီငှက်ပျောသီး (တောင်ငူသီး)မှာ ၅၀၀ဝိ/- နှင့် ၈၀၀ဝိ/- စျေးတို့ဖြင့် ရောင်းချလျှက်ရှိကြောင်းသိရှိရပါသည်။

DOCA  (မန္တလေး)

နိုဝင်ဘာလနောက်ဆုံးပတ်တွင် အာလူးစျေးအနည်းငယ်တက်

           မန္တလေးစျေးကွက်အတွင်းသို့ ရှမ်းပြည်နယ်မှ အာလူးသီးများဝင်ရောက်မှု အနည်းငယ်ကျ ဆင်းပြီးပေါက်စျေးအနည်းငယ်တက်သွားကြောင်း စျေးချိုတော်ရှိ အာလူးပွဲရုံတန်းမှ သိရှိရပါသည်။  မန္တလေးစျေးကွက်အတွင်း ၂၀၂၅ခုနှစ်နိုဝင်ဘာလနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော အာလူး သီးတစ်ပိဿာပေါက်စျေးမှာ  အလုံးကြီးလက္ကားစျေး၇၀၀ဝိ/-၊ လက်လီစျေး ၈၀၀ဝိ/-နှင့် ၉၀၀ဝိ/- ၊ လုံးလတ်လက္ကားစျေး၆၀၀ဝိ/-၊ လက်လီစျေး ၆၅၀ဝိ/-နှင့် ၇၀၀ဝိ/-၊အလုံးသေးလက္ကား ၂၅၀ဝိ/-၊ လက်လီစျေး ၃၀၀ဝိ/-နှင့် ၃၅၀ဝိ/-စျေးတို့ ဖြင့်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ယခင်တတိယပတ် စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက အာလူးစျေးနှုန်းမှာ အနည်းငယ်မြင့်တက်သွားကြောင်း သိရှိရပါသည်။

DOCA  (မန္တလေး)

အရောင်းသွက်သည့် မန္တလေးနနွင်းတက်စျေးကွက်

              မန္တလေးတိုင်း‌ဒေသကြီးအတွင်း စားဖိုစောင်သီးနှံမျိုးစုံစိုက်ပျိုးထွက်ရှိပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ် တွင်နနွင်းတက်စိုက်ပျိုးမှု ၂၈၉၉ ဧက၊ရိတ်သိမ်းမှု ၂၈၆၇ ဧက၊ အထွက်နှုန်း ၁၇၀၃.၆၉ တင်း၊ ထွက်ရှိ မှု ၄၈၈၄၄၇၁ တင်းဖြစ်ကြောင်း သိရှိရပါသည်။ မန္တလေးစျေးကွက်အတွင်း ၂၀၂၅ ခုနှစ်   နိုဝင်ဘာလ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသောပေါက်စျေးမှာ နနွင်းတက်တစ်ပိဿာလျှင် လက္ကားစျေး ၉၀၀ဝိ/- နှင့် ၁၀၀၀ဝိ/- ၊ လက်လီစျေး ၁၁၀၀ဝိ/- နှင့် ၁၃၀၀ဝိ/-ဖြစ်ပြီး၊ လက်လီစျေး နနွင်းမုန့် ၁၆၀၀ဝိ/-နှင့် ၁၈၀၀ဝိ/-စျေးတို့ ဖြင့်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ နနွင်းတက်စျေးနှုန်းမှာ ယခင်လပေါက်စျေးနှင့်နှိုင်းယှဉ်ပါက မန္တလေးစျေးချိုကိုင်းတန်းစျေးကွက်တွင် စျေးငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA  (မန္တလေး)

စျေးငြိမ်နေသောမန္တလေးငရုတ်သီးခြောက်စျေးကွက်

            မန္တလေးတိုင်း‌ဒေသကြီးအတွင်း စားဖိုစောင်သီးနှံမျိုးစုံစိုက်ပျိုးထွက်ရှိပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ် တွင် ငရုတ်သီးခြောက်စိုက်ပျိုးမှု ၁၀၈၉၇၃ ဧက၊ရိတ်သိမ်းမှု ၉၇၆၆၂ ဧက၊ အထွက်နှုန်း ၂၈၃.၁၁ တင်း၊ထွက်ရှိမှု ၂၇၆၄၉၄၁၀ တင်းဖြစ်ကြောင်း သိရှိရပါသည်။မန္တလေးစျေးကွက်အတွင်း ၂၀၂၅ ခုနှစ် နိုဝင်ဘာလနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသောပေါက်စျေးမှာ ငရုတ်ခြောက်တစ် ပိဿာ လျှင် လက္ကားစျေး ၁၁၀၀ဝိ/- နှင့် ၁၂၀၀ဝိ/- ၊လက်လီစျေး ၁၂၅၀ဝိ/- နှင့် ၁၃၅၀ဝိ/-ဖြစ်ပြီး၊ လက်လီစျေး ငရုတ်သီး(အကြမ်းမှုန့်) ၁၅၀၀ဝိ/-၊ အရောင်တင်မှုန့်(အနုမှုန့်) ၁၆၀၀ဝိ/-နှင့် ၁၇၅၀ဝိ/-စျေးတို့ ဖြင့်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ငရုတ်သီးခြောက်စျေးနှုန်းမှာ ယခင်လပေါက်စျေးနှင့်နှိုင်းယှဉ်ပါက စျေးငြိမ်နေကြောင်း သိရှိရပါသည်။

DOCA  (မန္တလေး)

ဗုံလုံသီး စိုက်ပျိုးထွက်ရှိမှု နှင့် တောင်သူအကျိုးအမြတ်ရရှိ

       ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်တွင် ရာသီစာ ဟင်းသီးဟင်းရွက်သီးနှံများကို စိုက်ပျိုး၍ စီးပွားဖြစ်စိုက်ပျိုးကြောင်း ဗုံလုံသီး (ခေါ်) ပဲလင်းမြွေသီး စိုက်ပျိုးရေးလုပ်ငန်းမှာ အောင်မြင်ဖြစ်ထွန်း၍ နေ့စဉ်အပိုဝင်ငွေရရှိပြီး စီးပွားဖြစ်ထွန်း၍  မအူပင်မြို့နယ်၊ တလုပ်လပ် ကမ်းနားသဲသောင်မြေပေါ်တွင် စိုက်ပျိုးကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

      စိုက်ပျိုးမှု အနေဖြင့် ဗုံလဲသီး မျိုးစေ့ တစ်စေ့ကို ၀၀ကျပ်ဖြင့် ၁ဧကတွင် အစေ့ ၀၀၀ စိုက်ပျိုးပြီး ၂၀၂ခုနှစ် အောက်တိုဘာလက စတင်စိုက်ပျိုးခဲ့ပြီး ဗုံလုံသီးထွက်ရှိမှုမှာ  ၂၀၂၅ခုနှစ် မတ်လတွင် အသီးမျိူး ပြတ်မည်ဖြစ်ကြောင်း သိရသည်။ စိုက်ပျိုးမှု ကုန်ကျစရိတ် ဝါး၊ မျိုး၊ လုပ်သား၊ သွင်းအားစု ကုန်ကျစရိတ် ၃၀ ၀၀၀ ၀၀၀ကျပ် ခန့် ကုန်ကျကြောင်း သိရသည်။ စိုက်ပျိုးရာ၌ စိုက်ဘောင်စနစ်ဖြင့် ကျင်းတူးကာ တစ်ကျင်းနှင့် တစ်ကျင်း ငါးပေခန့်ခွာ ၍ မျိုးစေ့ချ စိုက်ပျိုးနိုင်သည်။ စိုက်ပျိုးပြီး (၁၀)ရက်ခန့်တွင် အပင်ပေါက်ပြီး နွယ်တက်ရန်အတွက် ဝါးခြမ်းများစိုက်၍ စင်ထိုးခြင်းကို ပြုလုပ်ပေးရန်လိုအပ်ပြီး ရေကိုနှစ်ရက်ခြား၊ သုံးရက်ခြားတစ်ကြိမ် ရေလောင်းပေးရန် လိုအပ်ပါသည်။ စိုက်ပျိုးပြီး တစ်လကျော်အကြာတွင် အသီးများ စတင်သီးကာ အသီးများကို ခဲဆွဲထားရန်လည်း လိုအပ်ပြီး ၁ဧကတွင် သီးနှံ အတောင့်ရေ လေးသောင်းနှစ်ထောင်အထိ ဆွတ်ခူးရရှိနိုင်ကြောင်း သိရသည်။ 

      ဈေးနှုန်းအနေဖြင့် စတင်ထွက်ရှိချိန်က ၁တောင့်ကို ၁၀၀၀/-၊ ကျပ်ဈေးကောင်းရရှိပြီး ယနေ့ဈေးနှုန်း တစ်တောင့်ကို လက်ကားဈေး ၀၀-၀၀ ကျပ်ဖြင့်သာ ရောင်းချရကြောင်း သိရသည်။ ရန်ကုန်သို့ အဓိက ထား တင်ပို့ရောင်းချပြီး စိုက်ပျိုးမှု အကျိုးအမြတ်အနေဖြင့် ငါးလတာအတွင်း အကျိုးအမြတ်နှုတ်ပြီး သိန်း ၁၀ နီးပါး ခန့် ကျန်ရှိနိုင်ကြောင်းကို စိုက်ပျိုးတောင်သူပြောကြားချက်အရ သိရသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း