ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

နတ်တော်လဆန်းတွင် မန္တလေးဇီးဖြူသီးစျေးမြင့်တက်

               မန္တလေးစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီးရှိ အမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ကျောက်ဆည် ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှထွက်သည့်အသီးများနှင့်စစ်ကိုင်းတိုင်းဒေသကြီးတို့ မှထွက်သည့်ဇီးဖြူသီးများနတ်တော်လဆန်းတွင်ဝင်ရောက်မှုအနည်းငယ်လျော့ကျလျက်ရှိပြီး၊စျေးမြင့်တက်ကာ အရောင်း သွက်လျက်ရှိကြောင်းသိရှိရပါသည်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာလနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်သည့် စျေးနှုန်းများမှာ  ဇီးဖြူသီး ၁၀လုံးလျှင် အလုံး (ကြီး) ၁၅၀၀ကျပ် နှင့်၁၈၀၀ကျပ်၊အလုံး(လတ်)၁၀၀၀ ကျပ်နှင့် ၁၃၀၀ကျပ်၊ အလုံး(သေး) ၇၀၀ ကျပ်နှင့်၉၀၀ကျပ်စျေးတို့ဖြစ်ပြီး၊ အလုံးအရွယ်အစား အပေါ် မူတည်၍စျေးအနည်းငယ်ကွာခြားမှုရှိကြောင်း သိရှိရပါသည်။ ဇီးဖြူသီးမှာအချဉ်သုတ်၍ ရောင်းချသူ များမှ သုံးစွဲမှုများပြားသည့် အတွက်အရောင်း သွက်လျက်ရှိကြောင်း ထနောင်းပင်စျေးရှိ ကုန်စိမ်းရောင်းချသူတစ်ဦး၏ပြောပြ ချက်အရသိရှိရပါသည်။

DOCA  (မန္တလေး)

 

 

နိုဝင်ဘာလနောက်ဆုံးပတ်ရှိ မာလကာသီးစျေး

                         မန္တလေးစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီးရှိ အမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ကျောက်ဆည် ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှထွက်သည့်အသီးများ၊စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ မှ ထွက်သည့်မာလကာသီးများဝင်ရောက်မှုများပြားလျက်ရှိပြီး၊အရောင်းသွက်လျက်ရှိကြောင်းသိရှိရပါသည်။  ၂၀၂၅ ခုနှစ်နိုဝင်ဘာလနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်သည့်စျေးနှုန်းများမှာ မာလကာသီး ၁ လုံး လျှင် အလုံး(ကြီး) ၂၅၀၀ ကျပ်နှင့် ၃၀၀၀ကျပ်၊   အလုံး(လတ်)  ၁၅၀၀ ကျပ် နှင့် ၂၀၀၀ ကျပ်၊ အလုံး (သေး)၁၀၀၀ ကျပ်နှင့် ၁၃၀၀ ကျပ်စျေးတို့ ဖြင့် ရောင်းချလျက်ရှိပါသည်။ နတ်တော်လတွင် ဘုရား ပွဲတော်များ၊အလှူပွဲများကျင်းပသည့်ရာသီချိန်ဖြစ်၍ မာလကာသီးများ အရောင်းသွက်လျှက် ရှိကြောင်း မြင်းတန်း စျေးရှိ  သစ်သီးရောင်းချသူတစ်ဦး၏ပြောပြချက်အရ သိရှိရပါသည်။

DOCA  (မန္တလေး)

နိုဝင်ဘာလနောက်ဆုံးပတ်တွင်အရောင်းသွက်သည့်ဂဗ္ဗလာသီး

            မန္တလေးစျေးကွက်သို့မန္တလေးတိုင်းဒေသကြီးရှိ၊ပြင်ဦးလွင်မြို့နယ်၊မိုးကုတ်မြို့နယ်နှင့် ရှမ်း ပြည်နယ်တို့ မှ ထွက်သည့်ဂဗ္ဗလာသီးများ နိုဝင်ဘာလနောက်ဆုံးပတ်အတွင်း ဝင်ရောက်မှု များပြားပြီး၊ အရောင်းသွက်လျှက်ရှိကြောင်း သိရှိရပါသည်။  ၂၀၂၅ ခုနှစ်နိုဝင်ဘာလနောက်ဆုံးပတ် အတွင်း ဖြစ်ပေါ်သည့်   စျေးနှုန်းများမှာ ဂဗ္ဗလာသီး ၁၀ လုံးလျှင် အလုံး(ကြီး) ၂၀၀၀ ကျပ်နှင့် ၂၅၀၀ ကျပ်၊ အလုံး(လတ်)  ၁၅၀၀ ကျပ် နှင့် ၁၈၀၀ ကျပ်၊ အလုံး(သေး) ၁၀၀၀ ကျပ်နှင့် ၁၃၀၀ ကျပ်စျေးတို့ ဖြင့် ရောင်းချပြီး၊အလုံးအရွယ် အစားအပေါ် မူတည်၍ စျေးကွာခြားမှုရှိကြောင်းသိရှိရပါသည်။ ဂဗ္ဗလာ သီးများအားအသီးအတိုင်း စားသုံးခြင်းနှင့် ကျမ္မာရေးဓါတ်စာဖျော်ရည်အဖြစ် စားသုံးခြင်းတို့ကြောင့် စျေးကွက်အတွင်း အရောင်းသွက်လျက်ရှိကြောင်း ရေနီမြောင်းစျေးရှိသစ်သီး ရောင်းချသူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA  (မန္တလေး)

 

မန္တလေးစျေးကွက်တွင် တည်သီးစျေးအနည်းငယ်မြင့်တက်လျက်ရှိ

            မန္တလေးစျေးကွက်သို့  မန္တလေးတိုင်းဒေသကြီးရှိ၊  ပြင်ဦးလွင်မြို့နယ်၊ မိုးကုတ်မြို့နယ် နှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်တည်သီးများဝင်ရောက်မှုအနည်းငယ်လျော့ကျလျက်ရှိပြီး၊စျေးအနည်းငယ်မြင့်တက်ကာအရောင်းသွက်လျက်ရှိကြောင်းသိရှိရပါသည်။၂၀၂၅ ခုနှစ်နိုဝင်ဘာလနောက်ဆုံး ပတ် အတွင်း ဖြစ်ပေါ်သည့်စျေးနှုန်း များမှာ တည်သီး ၁ လုံးလျှင် အလုံး(ကြီး) ၂၅၀၀ ကျပ်နှင့် ၃၅၀၀ ကျပ်၊ အလုံး(လတ်) ၁၅၀၀ ကျပ်နှင့် ၂၀၀၀ ကျပ်၊အလုံး(သေး) ၁၀၀၀ ကျပ်နှင့် ၁၃၀၀ကျပ် စျေးတို့ဖြင့်ရောင်းချပြီး၊ အလုံးအရွယ်အစား အပေါ်မူတည်၍ စျေးကွာခြားမှုရှိကြောင်း သိရှိရပါသည်။ နတ်တော်လအခါသမယတွင် ဘုရားပွဲတော်များ၊အလှူပွဲများ ကျင်းပသည့် ချိန်ဖြစ်သည့်အတွက်  မန္တလေးစျေးကွက်တွင် တည်သီးများအရောင်းသွက်လျက်ရှိကြောင်း  စျေးချိုတော်ရှိ သစ်သီးရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA  (မန္တလေး)

 

 

 

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများ(၇-၁-၂၀၂၆)

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ၇-၁-၂၀၂၆ရက်နေ့တွင် ဖြစ်ပေါ်လျက်ရှိသော ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများကို ပူးတွဲပါ ဖိုင်တွင် ကြည့်ရှုနိုင်ပါသည်-

နိုဝင်ဘာလနောက်ဆုံးပတ်ရှိပန်းဂေါ်ဖီစိမ်းစျေး

            မန္တလေးကုန်စိမ်းစျေးကွက်သို့  မန္တလေးတိုင်းဒေသကြီး၊  စစ်ကိုင်းတိုင်းဒေသကြီးနှင့်ရှမ်းပြည် နယ်တောင်ပိုင်းဒေသများမှထွက်ရှိသည့်ပန်းဂေါ်ဖီပွင့်ဖြူနှင့် ပန်းဂေါ်ဖီပွင့်စိမ်းများ ဝင်ရောက်မှုမှာ နိုဝင်ဘာလနောက်ဆုံးပတ်အတွင်းဝင်ရောက်မှုများပြားသည့်အတွက် စျေးအနည်းငယ်ကျဆင်း သွားကြောင်းသိရှိရပါသည်။ စျေးကွက်အတွင်း ပန်းဂေါ်ဖီပွင့်ဖြူနှင့်ပန်းဂေါ်ဖီပွင့်စိမ်းမှာအရောင်းသွက်သည့်ကုန်စိမ်းအမယ်များဖြစ်ပြီး၊ပန်းဂေါ်ဖီစိမ်းမှာ နူးညံ့မှုပိုသည့်အတွက်စျေးပိုမိုရရှိကြောင်း သိ ရှိရပါသည်။ မန္တလေးကုန်စိမ်းစျေးကွက်အတွင်း ၂၀၂၅ခုနှစ် နိုဝင်ဘာလနောက်ဆုံးပတ်အတွင်း ပန်း ဂေါ်ဖီစိမ်းတစ်ခုလျှင် လက္ကားစျေး  ၁၅၀ဝိ/-နှင့် ၁၇၀ဝိ/- စျေး၊လက်လီစျေးမှာ  ၁၈၀ဝိ/- နှင့် ၂၀၀ဝိ/-စျေးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ မန္တလေးကုန်စိမ်းရောင်းချသည့် သီရိမာလာစျေး (ပိုက်ကျုံးစျေး)တွင် ပန်း‌ဂေါ်ဖီဖြူနှင့်ပန်းဂေါ်ဖီ စိမ်းကားဝင်ရောက်မှုမှာ နေ့စဉ်တစ်ရက်လျှင် Center () ဘီးကား (၈)စီးနှင့် (၁၀)စီးအကြား ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA  (မန္တလေး)

 

         

နတ်တော်လဆန်းရှိ မန္တလေးဟင်းနုနွယ်ရွက်စျေးကွက်

          မန္တလေးမြို့၊သီရိမာလာစျေးတွင် နတ်တော်လဆန်းကာလအတွင်းကုန်စိမ်းသီးနှံဝင်ရောက်မှုများပြားလျက်ရှိပြီး၊ဟင်းနုနွယ်ရွက်မှာ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာလနောက်ဆုံးပတ်အတွင်း ကုန်စိမ်း ဟင်းနုနွယ်ရွက်ပေါက်စျေးမှာ လက္ကားစျေးတစ်ပိဿာ လျှင် ၁၅၀၀ ကျပ်နှင့် ၁၇၀၀ ကျပ်၊ လက်လီ စျေးတစ်ပိဿာလျှင် ၁၈၀၀ ကျပ်နှင့် ၂၀၀၀ ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ သီရိမာလာစျေးအတွင်း နေ့စဉ်ကုန်စိမ်းသီးနှံဝင်ရောက်မှုမှာ ကုန်စည်အမျိုး အစားအလိုက် Canter (၁၂ဘီးနှင့် ၆ ဘီး) ယာဉ် (၄၀)စီး နှင့် (၆၀)စီးအကြား ဝင်ရောက်လျက်ရှိကြောင်း  သိရှိရပါသည်။

DOCA  (မန္တလေး)

 

နိုဝင်ဘာလနောက်ဆုံးပတ်ရှိသခွားမွှေးသီးစျေးကွက်

            မန္တလေးစျေးကွက်အတွင်း သစ်သီးမျိုးစုံဝင်ရောက်လျက်ရှိရာ ဆောင်းဦးရာသီချိန်ဖြစ်၍ သခွားမွှေးသီးဝင်ရောက်မှုလျော့နည်းလာသည့်အတွက်စျေးအနည်းငယ်မြင့်တက်သွားကြောင်း သိရှိ ရပါသည်။ သခွားမွှေးသီးမှာ ပြည်ပသို့တင်ပို့သည့်သစ်သီးဖြစ်ပြီး၊ ၂၀၂၄-၂၀၂၅ခုနှစ် မန္တလေးတိုင်းဒေသကြီးအတွင်း သခွားမွှေးသီးစိုက်ပျိုးမှု (၁၃၀၀) ဧကကျော်ဖြစ်ကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်နိုဝင်ဘာလနောက်ဆုံးပတ်အတွင်း သခွားမွှေးသီး‌စျေးမှာ တစ်လုံးလျှင် အလုံးဝိုင်း(ကြီး) ၄၀၀၀ ကျပ်နှင့် ၅၅၀၀ ကျပ်၊အလုံး(ရှည်) ၃၀၀၀ကျပ်နှင့်  ၄၅၀၀ ကျပ်စျေးဖြစ်ပြီး၊ မန္တလေးစျေး ကွက်တွင် သခွားမွှေးသီးများ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA  (မန္တလေး)

 

နိုဝင်ဘာလနောက်ဆုံးပတ်ရှိ ငရုတ်သီးစိမ်းစျေးကွက်

                မန္တလေးတိုင်းဒေသကြီးရှိအမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ကျောက်ဆည်ခရိုင်နှင့်မိတ္တီလာခရိုင် တို့မှထွက်သည့်ကုန်စိမ်းများ၊စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့် ငရုတ်ပွနှင့် ငရုတ်သီးစိမ်းများစျေးကွက်အတွင်း ဝင်ရောက်လျှက်ရှိပြီး၊ စျေးငြိမ်နေကြောင်း သိရှိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း၂၀၂၄-၂၀၂၅ခုနှစ်တွင် ငရုတ်သီး စိုက်ပျိုးမှု ၁၀၈၉၇၃ ဧက၊ ရိတ်သိမ်း မှု ၉၇၆၆၂ ဧက၊ အထွက်နှုန်း ၂၈၃.၁၀ တင်း၊ အထွက်ပေါင်း ၂၇၆၄၉၄၁၀ တင်းထွက်ရှိကြောင်း သိရှိရပါသည်။ စျေးကွက်အတွင်း ငရုတ်သီးစိမ်းအမျိုးအစားများမှာ ကုလားအော်ငရုတ်၊ လျှာဂျွန်းထိုး ငရုတ်၊ ငရုတ်ရှည်နှင့် ငရုတ်ပွသီး များတွေ့ရှိရပြီး၊ အလေးချိန်ဖြင့် ရောင်းချသကဲ့သို့ ငရုတ်ပွလုံးလေး များအား အလုံးအရွယ်အစားအလိုက်ရောင်းချကြောင်း တွေ့ရှိရပါသည်။ မန္တလေးမြို့၊ သီရိမာလာ စျေးနှင့် ၄၁လမ်းစျေးရှိ ကုန်စိမ်း စျေးကွက်တွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာလနောက်ဆုံးပတ်အတွင်း ဖြစ် ပေါ်သည့် ငရုတ်သီးပွ (လုံးသေး) စျေးနှုန်းများမှာ ၁ပိဿာလျှင် လက္ကားစျေး ၆၀၀၀ ကျပ် နှင့် ၇၀၀၀ ကျပ်၊ လက်လီ စျေး ၈၀၀၀ ကျပ် နှင့် ၉၀၀၀ကျပ်၊ ပန်းငရုတ်ပွ(လုံးသေး) တစ်ခုချင်းစျေးအနေဖြင့် ၃၀၀ ကျပ်နှင့် ၅၀၀ကျပ် ၊ မိုးထောင် ငရုတ်ရှည် ၁ပိဿာလျှင် လက္ကားစျေး ၄၀၀၀ ကျပ်နှင့် ၄၅၀၀ ကျပ်၊ လက်လီစျေး ၅၀၀၀ ကျပ်နှင့် ၆၀၀၀ ကျပ်၊ ကချင်သီးငရုတ်မှာ လက္ကားစျေး ၅၀၀၀ ကျပ်နှင့် ၆၅၀၀ ကျပ်၊လက်လီစျေး ၇၀၀၀ ကျပ်နှင့် ၇၅၀၀ ကျပ်စျေးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA  (မန္တလေး)

နိုဝင်ဘာလနောက်ဆုံးပတ်တွင် နဂါးမောက်သီးစျေးမြင့်တက်

           စျေးကွက်အတွင်းသို့ မန္တလေးတိုင်းဒေသကြီးရှိအမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည် ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှ ထွက်သည့်သစ်သီးများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်နဂါးမောက်သီးများ ဝင်ရောက်မှုအနည်းငယ်လျော့နည်းသွားပြီး၊ နဂါးမောက်သီးစျေးမှာ အနည်းငယ်မြင့်တက်သွားကြောင်းသိရှိရပါသည်။ စျေးကွက်တွင် နဂါးမောက်သီးအတွင်း သားအဖြူ ရောင်၊ခရမ်းရောင်နှင့်မရမ်းရောင်တို့တွေ့ရှိရပြီး၊အလုံးအရွယ်အစားအလိုက်စျေးကွာခြားမှုရှိကြောင်း တွေ့ရှိရပါသည်။မန္တလေးမြို့၊သစ်သီးရောင်းချသည့်စျေးတန်းတွင်၂၀၂၅ခုနှစ်နိုဝင်ဘာလနောက်ဆုံး ပတ်အတွင်း ဖြစ်ပေါ်သည့် နဂါးမောက်သီး ၁၀ လုံးစျေးနှုန်းများမှာ (လုံးကြီး) (အတွင်းသားဖြူ) ၂၀၀၀၀ ကျပ်နှင့်၃၅၀၀၀ ကျပ်၊ (လုံးလတ်) ၁၅၀၀၀ကျပ်နှင့်၂၀၀၀၀ကျပ်၊ (လုံးသေး) ၉၀၀၀ကျပ်နှင့် ၁၂၀၀၀ ကျပ်စျေး၊ အတွင်းသားခရမ်းရောင်နှင့် မရမ်းရောင်စျေးတို့မှာ အလုံးကြီး ၁၅၀၀၀ ကျပ်နှင့် ၂၀၀၀၀ ကျပ်၊ အလုံးသေး ၉၀၀၀ ကျပ်နှင့် ၁၁၀၀၀ကျပ်တို့ဖြင့် ရောင်းချလျှက်ရှိကြောင်း ရတနာပုံ စျေးရှိ သစ်သီးရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA  (မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း