“ကြက်သွန်ဖြူများအောင်မြင်စွာရိတ်သိမ်းပြီးစီး”

Powered by Drupal

ကျောက်ဆည်ခရိုင်သည်  ဆည်ရေသောက်ဒေသတစ်ခုဖြစ်ပြီး  သီးနှံမျိုးစုံ   အောင်မြင်ဖြစ် ထွန်းလျက်ရှိရာ စပါး ၊ ပဲ ၊ ပြောင်းသီးနှံများအပြင်                  စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော ကြက်သွန်ဖြူ သီးနှံကိုလည်းစိုက်ပျိုးလျက်ရှိပါသည်။ မြစ်သား်မြို့နယ်အတွင်း ကြက်သွန်ဖြူ စိုက်ဧက (၅၅) ဧက စိုက်ပျိုးထားရှိပြီး စိုက်ဧကအားလုံးရိတ်သိမ်းပြီးဖြစ်ကြောင်း သက်ဆိုင်ရာဌာများ၏ စာရင်းများအရသိရှိပါသည်။  မတ်လဆန်းမှစတင်၍ ထွက်ရှိခဲ့ပြီး ဧပြီပထမအပတ်တွင် ရိတ်သိမ်းပြီး စီးပြီဖြစ်ကြောင်း၊ အများဆုံးစိုက်ပျိုးသော ကျေးရွာများမှာ သိုတန်၊ ဆင်းကွတ်၊ ဒါးရဲကောင်းကျေးရွာ များ ဖြစ်ပါသည်။ စိုက်ပျိုးမှုအနေဖြင့် ကြက်သွန်ဖြူကို အတက်ကလေးများ နွှာပြီး  စိုက်ပျိုးရ ကြောင်း၊ အများဆုံးစိုက်ပျိုးသော မျိုးများမှာ ဗမာမျိုးများကိုသာ အဓိကထား စိုက်ပျိုးကြကြောင်း၊ ကြက်သွန်ဖြူ (၁)ဧက စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း သိန်း (၂၅)ကျော်ခန့်ကုန်ကျကြောင်း၊ ထွက်ရှိမှုအနေဖြင့်(၁)ဧက အထွက်နှုန်း (၈၀၀-၁၀၀၀)ပိဿာ ကျော်ထွက်ရှိခဲ့ကြောင်း၊ ယခုလက်ရှိ ကြက်သွန်ဖြူ စျေးနှုန်းအနေဖြင့် (၁)ပိဿာလျှင် လက်ကား(၆၀၀၀-၇၀၀၀)ကျပ်၊ လက်လီ တစ်ပိဿာလျှင် (၉၀၀၀-၁၀၀၀၀)ကျပ် အထိစျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ အကျိုးအမြတ် အနေဖြင့် စိုက်ပျိုးစရိတ်နှုတ်ပြီး (၂၀)သိန်းကျော် မြတ်ခဲ့ကြောင်း၊ ကြက်သွန်ဖြူ ရောင်းဝယ်မှုအနေဖြင့် ပွဲစားများမှ စိုက်ခင်းထဲအရောက် လာရောက်ဝယ်ယူကြကြောင်း၊ မြို့ပေါ်ပွဲရုံ များသို့လည်း တိုက်ရိုက်တင်ပို့ရောင်းချကြကြောင်း၊ ကြက်သွန်ဖြူ ထွက်ရှိချိန်တွင် စျေးနှုန်းများ ကောင်းမွန်ပါက တောင်သူများအကျိုးအမြတ် ပိုမိုဖြစ်ထွန်းနိုင် မည်ဖြစ်ကြောင်း ကြက်သွန်ဖြူ စိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)