ကြက်သွန်နီအသစ်များ ဝင်ရောက်မှုများပြားလျက်ရှိ

စျေးကွက်အတွင်း မန္တလေးတိုင်းဒေသကြီးရှိ မြင်းခြံမြို့နယ်၊ မြစ်သားမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ မုံရွာမြို့နယ်တို့မှထွက်ရှိသည့် စားဖိုဆောင်သီးနှံ ကြက်သွန်နီအသစ်များ ဝင်ရောက်မှုများပြားလျက်ရှိပြီး၊ ကြက်သွန်နီအသစ်စျေးနှင့် အဟောင်းစျေးနှုန်းမှာ အနည်းငယ်သာပြောင်းလဲမှုရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့် ကြက်သွန်နီ(အသစ်)အမျိုးအစားအလိုက်တစ်ပိဿာပေါက်စျေးများမှာ မြစ်သားကြက်သွန်နီ (လတ်) လက္ကားစျေး၁၃၀၀ ကျပ်နှင့် ၁၄၀၀ ကျပ်၊လက်လီစျေး ၁၅၀၀ ကျပ်နှင့်၁၆၀၀ကျပ်၊ မြင်းခြံကြက်သွန်နီ (လတ်)လက္ကားစျေးမှာ ၁၂၀၀ ကျပ်နှင့် ၁၃၀၀ ကျပ်၊ လက်လီ စျေး ၁၄၀၀ ကျပ်နှင့် ၁၅၀၀ ကျပ်၊ မုံရွာကြက်သွန်နီ(လတ်)လက္ကားစျေး ၁၃၀၀ကျပ် နှင့် ၁၄၀၀ ကျပ်၊ လက်လီစျေး ၁၅၀၀ ကျပ်နှင့် ၁၆၀၀ ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သီရိမာလာစျေးရှိ ပွဲရုံပိုင်ရှင်တစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။
DOCA(မန္တလေး)









