မုံရွာမြို့တွင် မြန်မာ့စိန်တလုံးသရက်သီး ပေါ်ဦးပေါ်ဖျားဈေးကောင်းရရှိနေ

Powered by Drupal

              မြန်မာနိုင်ငံတွင် သရက်သီးစိုက်ပျိုးထုတ်လုပ်မှုအရ မြန်မာ့စိန်တလုံးသရက်သီးမှာ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း၊ ကျောက်ဆည်ဒေသ၊ စဉ့်ကိုင်ဒေသနှင့် ရှမ်းပြည်နယ်တို့တွင် အဓိကစိုက်ပျိုးကြပြီး စိုက်ပျိုးသည့် သရက်သီး အမျိုးအစားများမှာ မြကျောက်၊ စိန်တလုံး၊ ရွှေဟင်္သာ၊ ရင်ကွဲ၊ မချစ်စု၊ ပတ္တမြားငမောက်စသော သရက်သီး အမျိုးအစားများ ဖြစ်ကြသည်။ စစ်ကိုင်းတိုင်းဒေသကြီးတွင် မုံရွာမြို့နယ်ရှိ ရွှေဘို၊ ဒီပဲယင်း၊ ကန့်ဘလူ၊ ဘုတလင် ကနီမြို့နယ် များသည်   စိန်တလုံးသရက်ကို အများဆုံးစိုက်ပျိုးကြကြောင်း သိရသည်။

                               ယခု ဧပြီလ စတုတ္တပတ်စ၍ ရွှေဘို၊ ဘုတလင်၊ ကနီမြို့နယ်များမှ မြန်မာ့စိန်တလုံး သရက်သီးများ မုံရွာမြို့ရှိ ဈေးကွက်အတွင်း ဝင်ရောက်လာပြီးဈေးကာင်းရရှိနေပါသည်။ပေါ်ဦးပေါ်ဖျားဖြစ်၍ထွက်ရှိမှု/ဝင်ရောက်မှုပမဏနည်းပါးသောကြောင့်ဈေးကောင်းရရှိကာ    အရည်အသွေးကောင်းမွန်သည့် အသီးများကို  စားသုံးသူများက ဦးစားပေးဝယ်ယူနေကြောင်း သိရသည်။ 

          စိန်တလုံးသရက်သီးများ ဝယ်လိုအားမြင့်တက်ရခြင်းမှာ လက်လီ/လက်ကား ဈေးကွက် များတွင် အရွယ်အစားနှင့် အသီးအလှ ပေါ်မူတည်၍ ပေါ်ဦးပေါ်ဖျားဈေးနှုန်းဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း၊ သရက်သီးပွဲရုံများတွင် တောင်းပြတ်ရောင်းချလျှင် တောင်းတစ် တောင်း ကို  လက်က္ကား ဈေးပြွန် ပျမ်းမျှတစ်လုံး(၅၀၀) ကျပ်နှုန်းဖြင့် အလုံးရေ (၁၂၀) ပါ (၆၀၀၀၀)ကျပ်ဖြင့် ရောင်းချရပါကြောင်း၊ သစ်သီးခြင်းတစ်ခြင်းလျှင် အလုံးရေ(၁၀၀)လုံးပါ ငွေကျပ် ၅ သောင်းဖြင့် ရောင်းချလျက်ရှိပါကြောင်း၊ ရွေးကောက်ရောင်းချလျှင် သရက်သီးအလုံး အသေး/အကြီးအမျိုးအစား ပေါ်မှုတည်၍ (၅၀၀)ကျပ်မှ စတင်ပြီး (၁၀၀၀)ကျပ် အထိရောင်းချရပြီး ဈေးကွက် အတွင်း အရောင်းသွက်လျက်ရှိကြောင်း၊ တစ်ရက်ရောင်းချရမှုမှာ သရက်သီးတောင်းရေ ၁၀၀ မှ ၁၅၀ ခန့်ထိ ရောင်းချရပြီး ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်မြို့များသို့ ပို့ဆောင်ရပါကြောင်း  သရက်သီးပွဲရုံမှ သိရှိရပါသည်။

           လက်လီဈေးသည်များသည်လည်း ဈေးကောင်းရရှိနေသောကြောင်း ပွဲရုံမှ ဖောက်သည် ဈေးယူကာ ထပ်ဆင့်ရောင်းချရာ တစ်ရက်လျှင် တောင်းရေ (၁၀) တောင်းခန့် ရောင်းချရကြောင်း သိရှိရပါသည်။   "အသီးမှာ သရက်၊ အသားမှာ ဝက်၊ အရွက်မှာ လက်ဖက်ဆိုသည့် အတိုင်း  စိန်တလုံးသရက်သည်" ယခုအချိန်တွင် ရောင်းအား အကောင်းဆုံး သီးနှံဖြစ်၍ ရောင်း ချသည့် ပွဲရုံလက်ကားဒိုင်နှင့် လက်လီးဈေးသည်များပါ အမြတ် အစွန်းများ ပိုမိုရရှိကြောင်း သိရှိ ရပါသည်။

DOCA(စစ်ကိုင်း)