ရာသီပေါ်စိန်တလုံးသရက်သီး ဈေးကွက်အတွင်းသို့ဝင်ရောက်လာ

Powered by Drupal

                   ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ အမှတ်(၅)ဈေး၊ ဒေသတွင်းဈေးများတွင် ရာသီဝင် စိန်တလုံးသရက်သီးများ ရောင်းချလျက်ရှိနေသည်ကို တွေ့ရှိရပါသည်။ ထိုစိန်တလုံးသရက်သီးများ မှာ မြန်မာနိုင်ငံ (အလယ်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ဟံမြင့်မိုရ်မှ ထွက်ရှိသည့် သရက်သီးများဖြစ်ကြောင်း သစ်သီးရောင်းချသူများထံမှ သိရှိခဲ့ရပါသည်။

                    ယခုနှစ် ရာသီတွင် စိန်တလုံးသရက်သီးများ ဈေးကွက်အတွင်း ဝင်ရောက်လာပြီး၊ ဒေသတွင်း ဈေးများတွင် ရောင်းချလျက်ရှိကြောင်းတွေ့ရှိရပါသည်။ စိန်တလုံးသရက်သီးသည် အရသာချိုမြိန်၍ စားသုံးသူများအကြား လူကြိုက်များသော သရက်မျိုးတစ်မျိုးဖြစ်ပါသည်။ လက်ရှိဒေသတွင်းဈေး များတွင် ဈေးနှုန်းများမှာ အရည်အသွေးနှင့် အရွယ်အစားအလိုက်ကွာခြားမှုရှိပါသည်။ စိန်တလုံး သရက်သီး အသေးစား (၁၀) လုံးလျှင် ၁၅၀၀ဝိ/-ကျပ်၊ အလတ်စား (၁၀) လုံးလျှင် ၃၀၀၀ဝိ/-ကျပ်၊ အကြီးစား (၁၀) လုံးလျှင် ၄၀၀၀ဝိ/-ကျပ် ဈေးနှုန်းရှိကြောင်း သရက်သီးရောင်းချသူများထံမှ သိရှိခဲ့ရ ပါသည်။ဝယ်ယူသူများမှာလည်း ရာသီပေါ်ဖြစ်သည့်အတွက် စိန်တလုံးသရက်သီးများအား စိတ်ဝင်စား ဝယ်ယူလျက်ရှိကြောင်း တွေ့ရှိရပါသည်။

DOCA(ရှမ်း)