မြိတ်ခြံထွက် ပေါ်ဦးပေါ်ဖျားကြက်မောက်သီးများ

Powered by Drupal

               ကြက်မောက်ပင်သည် မြေမျိုးအစား အမျိုးမျိုးတွင် စိုက်ပျိုးနိုင်သော်လည်း သစ်ဆွေးဓာတ် ကြယ်ဝပြီး ရေစိမ့်အား ကောင်းသည့်သဲနှုန်းမြေတွင် အပင်ကြီးထွားမှုနှင့် သီးထွက်ကောင်းစေသည်။ ဓာတ်မြေသြဇာ နှင့် သဘာဝမြေသြဇာ ထည့်ပေးနိုင်ပါက ဂ၀ံမြေနီတွင်လည်း စိုက်ပျိုးနိုင်သည်။ ကြက်မောက်မျိုးများကို အသားနှင့်အစေ့ကိုခွာ၍ ရနိုင်၊မရနိုင်ပေါ်မူတည်ပြီး အကြမ်းအားဖြင့် အစေ့ ကျွတ်ကပ်နှင့် အစေ့မကပ် မျိုးဟူ၍ ခွဲခြားနိုင်ပါသည်။ မြန်မာနိုင်ငံတွင် ကန်ကလေး ၁၊ ကန်ကလေး ၂ မျိုးများသည် စိုက်ပျိုးရန် သင့်တော်သောမျိုးများဖြစ်သည်။ ပဲခူးတိုင်း၊ ဧရာ၀တီတိုင်း ၊ရခိုင်ပြည် နယ် များတွင်ဖြစ်ထွန်းသော်လည်း အထူးသဖြင့် တနင်္သာရီတိုင်းတွင် ကောင်းစွာပေါက်ရောက် ဖြစ်ထွန်းသည်။ မြိတ်၊ ပုလော ကျွန်းစုနှင့် တနင်္သာရီမြို့တို့တွင်လည်း စိုက်ပျိုးကြပါသည်။ ယခု စိုက်ပျိုးနေကြသော နည်းမှာအစေ့ကို ပျိုးထောင်၍ ပြောင်းလဲစိုက်ပျိုးခြင်းပင်ဖြစ်သည်။ ဒူးရင်း၊ မင်းဂွတ်သီးများ ကဲ့သို့ စားသုံးရာတွင် အရသာရှိ၍ ဒူးရင်း၊ မင်းဂွတ်သီးများကဲ့သို့ပင် ပူအိုက်စွတ် စိုသောဒေသတွင် ပေါက်ရောက်သော နောက်အသီးတစ်မျိုးမှာ ကြက်မောက်သီးပင် ဖြစ်သည်။ သွေး၊ သည်းခြေနှင့် သင့်သည်ဟု မြန်မာ့ဆေးကျမ်းတွင်ဆိုသည်။

          တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်တွင် နွေကာလရောက်သောအခါ သီးပင်စားပင်များ၊ ဒူးရင်း၊မင်းဂွတ်၊အများအပြားရောင်းချလျက်ရှိပြီး ပေါ်ဦးပေါ်ဖျားထွက်ရှိလာသော ကြက်မောက်သီး ကို မြို့ပေါ်ရှိစျေးများ၊ စည်ပင်သာယာဈေးနှင့် ဇေယျာသီရိစျေးတို့တွင် ကြက်မောက်သီး  အလုံး(၂၀) ပါ တစ်စီး (၉၀၀၀) ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ရာသီအလိုက်ဈေးနှုန်း တက်နိုင်၊ ကျနိုင်ကြောင်းသိရှိရပါသည်။

          DOCA(တနင်္သာရီ)