
နံနံပင်သည် ဟင်းလျာများတွင် အနံ့၊ အရသာပိုမို ကောင်းမွန်စေရန် မရှိမဖြစ် ထည့်သွင်း ရသော ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးဖြစ်ပါသည်။ နံနံပင်ကို တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်နှင့် တနင်္သာရီမြို့တို့တွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသလို စီးပွားဖြစ်လည်း စိုက်ပျိုးကြကြောင်း သိရသည်။
နံနံပင် စိုက်ဧက (၁)ဧကလျှင် နံနံစေ့မျိုးထုတ် (၂၈)ထုပ်ခန့်မှ (၃၀)ခန့် စိုက်ပျိုးမှသာ (၁)ဧကအတွက် အပင်အထွက်နှုန်းနှင့် မျိုးအောင်နှုန်းများမှန်ကန်မည်ဖြစ်ပါသည်။ နံနံပင်များကို ကျင်းများဖြင့်စိုက်ပျိုးရပြီး နံနံစေ့မျိုး(၁)ထုပ်လျှင် ကျပ်(၁၅၀၀)ဖြင့် ဝယ်ယူ၍စတင်စိုက်ပျိုးပြီး စိုက်သည့်ရက်မှ ရက်ပေါင်း(၄၅)ရက်အကြာတွင် ရောင်းချရနိုင်သောအရွယ်သို့ ရောက်ရှိကြသည်။ နံနံပင်အထွက်နှုန်းသည် နွေရာသီနှင့် မိုးရာသီတွင် အထွက်နှုန်းနည်းပါးသော်လည်း ဆောင်းရာသီတွင်မူ အထွက်နှုန်းကောင်းမွန်လျက်ရှိပါသည်။ အရွယ်ရောက်ပြီးသော နံနံပင်များကို စတင်ရိတ် သိမ်း၍ လက်လီ/လက်ကားကုန်သည်များထံသို့ တင်ပို့ကြပြီး ၎င်းလက်လီ/လက်ကားကုန်သည်ကြီး များမှတဆင့် အသုပ်ဆိုင်များ၊ ထမင်းဆိုင်များနှင့် စားသောက်ဆိုင်များသို့ ပြန်လည်တင်ပို့ ရောင်း ချကြသည်။ ယခုဧပြီလသည် နွေနှောင်းကာလဖြစ်သောကြောင့် နံနံပင် အထွက်နှုန်းကျဆင်းသောကြောင့် နံနံပင် အသေး တစ်စည်းလျှင် (၇၀၀)ခန့်ထိရှိကြောင်း လက်လီ/လက်ကား ကုန်သည်များထံမှ သိရှိရပါသည်။
DOCA(တနင်္သာရီ)
