တောင်ငူမြို့ရှိ တစ်နိုင်တစ်ပိုင် မွှေးနံ့သာတိုင်နှင့်ခြင်ဆေးတိုင်လုပ်ငန်းမှ ကုန်ပစ္စည်များအရောင်းသွက်

Powered by Drupal

          တောင်ငူခရိုင်၊တောင်ငူမြို့နယ်တွင် မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းဖြစ်သော စိန်ဟင်္သာအမှတ် တံဆိပ်ပါကရမက်မွှေးနံသာတိုင်နှင့် နနွင်းခြင်ဆေးတိုင်များ ပြုလုပ်ရောင်းချလျက်ရှိသည်။ မွှေးနံ့သာတိုင် နှင့်ခြင်ဆေးတိုင်များပြုလုပ်ရာတွင် ကုန်ကြမ်းအမှုန့်များကို ရန်ကုန်မြို့နှင့်မန္တလေးမြို့တို့မှ ဝယ်ယူရပါ သည်။

       ပထမဦးစွာ ၁၀ လက်မခန့်ရှိသော ဝါးချောင်းလေးများကို အသင့်ပြုလုပ်ရပါသည်။ထို့နောက် ကုန်ကြမ်းမှ ကုန်ချောအဖြစ်ပြုလုပ်ရာတွင် ကရမက်အမှုန့်နှင့် နနွင်းအမှုန့်များကို ရေနှင့်ဖျော်၍ အသင့် လုပ်ပြီးသား ဝါးချောင်းများနှင့် လိမ့်ပေးရပါသည်။ ရလာသောမွှေးနံသာတိုင်နှင့် နနွင်းတိုင်များအား နေရောက်အောက်တွင် အခြောက်ခံရပါသည်။

     ကရမက်မွှေးနံ့သာတိုင် ၁၅ တိုင်ပါ ၁ထုတ်လျှင် ၁၀၀၀ ကျပ်၊ ၃၀ တိုင်ပါ ၁ထုတ်လျှင် ၂၀၀၀ ကျပ်နှင့် ၃၅တိုင်ပါ ၁ထုတ်လျှင် ၃၅၀၀ ကျပ်ဖြင့် ရောင်းချပြီး နနွင်းခြင်ဆေးတိုင် ၃၀တိုင်ပါ ၁ထုတ်လျှင် ၃၅၀၀ကျပ် ဖြင့် ရောင်းချလျက်ရှိသည်။ ကရမက် ၁၀ ကျပ်သားလျှင် ၄၀၀၀ကျပ်၊ နံ့သာဖြူ ၁ကျပ်သား လျှင် ၅၅၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိသည်။ မွှေးနံ့သာတိုင်သည် ဗုဒ္ဓဘာသာဝင်တို့၏ ဘုရာမီးပူဇော်ရာတွင် အသုံးပြုရသည့်အတွက် အရောင်းအဝယ်ကောင်းပြီး မိုးရာသီကာလခြင်များပိုမိုပေါက်ဖွားသဖြင့်  ခြင်ဆေးတိုင်မှာလည်း အရောင်းသွက်ကြောင်း စိန်ဟင်္သာအမှတ်တံဆိပ် အမွှေးတိုင်နှင့် ခြင်ဆေးတိုင် လုပ်ငန်းရှင် မမြင့်၏ပြောကြားချက်အရ သိရပါသည်။

DOCA(ပဲခူး)