
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ် ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ဆီထွက်သီးနှံ များဖြစ်သည့် နှမ်း၊ နေကြာ၊ မြေပဲဆန်နှင့် ကြက်ဆူ စသည်သီးနှံများ၏ စက်တင်ဘာလ တတိယ ပတ် ဈေးနှုန်းများကို စုစည်းဖော်ပြလိုက်ပါသည်။
နှမ်း
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ကန့်ဘလူမြို့နယ်၌ နှမ်းနက်(စမုန်) တစ်တင်းလျှင် ကျပ် ၁၉၂၀၀၀၊ နှမ်းဖြူ(ဂျပန်)တစ်တင်းလျှင် ကျပ် ၁၄၅၀၀၀ ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခင်အပတ်၏ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက မန္တလေးဈေးကွက်တွင် အရောင်းအဝယ်လိုက်၍ နှမ်းနက်တစ်တင်းလျှင် ကျပ် ၂၀၀၀ ၊ နှမ်းဖြူတစ်တင်းလျှင် ကျပ် ၁၀၀၀၀ ဒေသတွင်းဈေးကွက်၌ ဈေးနှုန်းမြင့်တက်လာကြောင်း သိရသည်။
ဆီနေကြာ
စက်တင်ဘာလ တတိယပတ်အတွင်း ဆီနေကြာတစ်တင်းလျှင် ကျပ် ၅၂၀၀၀၊ နေကြာ အရည်အသွေးညံ့လျှင် ကျပ် ၅၁၅၀၀ နှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခင်အပတ် ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ဒေသတွင်းဈေးကွက်၌ ဆီနေကြာတစ်တင်းလျှင် ကျပ် ၉၀၀၀ ကျဆင်းသွားကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။
မြေပဲဆံ
ကန့်ဘလူမြို့နယ်တွင် ၂၀၂၆ ခုနှစ် စက်တင်ဘာလအတွင်း အရောင်းအဝယ်ဖြစ်နေသည့် မြေပဲလုံးဆံများကို ဒေသတွင်းရှိ စိုက်ပျိုးသူများထံမှလည်းကောင်း၊ မန္တလေးမြို့နှင့် ရွှေဘိုမြို့တို့မှ လည်းကောင်း ဝင်ရောက်လျက်ရှိရာ စက်တင်ဘာလ တတိယပတ်အတွင်း မြေပဲလုံးဆံ ၂၅ပိဿာ တစ်အိတ်လျှင် ကျပ် ၂၈၇၅၀၀ ဈေးနှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိရာ ယခင်အပတ် ဈေးနှုန်း များနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ၂၅ ပိဿာတစ်အိတ်လျှင် ကျပ် ၅၀၀၀ ကျဆင်းသွားကြောင်း၊ ဒေသတွင်း တောင်သူများ၏ မိုးမြေပဲများ ရိတ်သိမ်းချိန်ဖြစ်၍ ဈေးကွက်အတွင်း သီးနှံဝင်ရောက်မှု များလာသောကြောင့် အနည်းငယ် ဈေးနှုန်းကျဆင်းသွားကြောင်း ဒေသတွင်း ပွဲရုံလုပ်ငန်းရှင်များ ထံမှ သိရသည်။
DOCA(စစ်ကိုင်း)
