
မိုးမြေပဲများ စတင်ရိတ်သိမ်းချိန်ကာလဖြစ်သည့်အတွက် စက်တင်ဘာလ ဒုတိယပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ၊ ယင်းမာပင်၊ ဆားလင်းကြီး၊ ကနီ၊ ရွှေဘို၊ ဝက်လက်၊ ဒီပဲယင်း မြို့များ၊ မကွေးတိုင်းဒေသကြီး ပခုက္ကူ၊ မြိုင်၊ ရေစကြို၊ မကွေး၊ နတ်မောက်၊ တောင်တွင်းကြီး မြို့များမှ မြေပဲဆံ(နီ/ဖြူ)များ မန္တလေးကုန်စည်ဒိုင်သို့ လှိုင်လှိုင်ဝင်ရောက်မှု ရှိနေပါသည်။ တိုင်းတွင်း ထွက်ရှိမှုများသည့် ကျောက်ဆည်၊ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ ပျော်ဘွယ်၊ ရမည်းသင်းမြို့ များမှလည်း ဝင်ရောက်မှုရှိနေပါကြောင်း သိရပါသည်။ တိုင်းဒေသကြီးအတွင်း မြေပဲ(မိုး+ဆောင်း) စိုက်ပျိုးထွက်ရှိမှုအခြေအနေအား သက်ဆိုင်ရာဌာနစာရင်းများအရ အောက်ပါအတိုင်း ဖော်ပြအပ် ပါသည်-
|
စဉ် |
ခုနှစ် |
စိုက်ဧက |
ရိတ်ဧက |
အထွက်နှုန်း (တင်း) |
အထွက်တင်း |
|
၁ |
၂၀၂၄-၂၀၂၅ |
၆၃၈၆၂၆ |
၆၃၇၄၄၇ |
၄၆.၇၇ |
၂၉၈၁၅၉၉ |
|
၂ |
၂၀၂၅-၂၀၂၆ |
၆၄၁၁၁၇ |
၆၄၁၁၁၇ |
၄၆.၉၇ |
၃၀၁၁၅၂၉ |
မန္တလေးကုန်စည်ဒိုင်တွင် ဖြစ်ပေါ်နေသော နှစ်အလိုက် မြေပဲဆံဈေးနှုန်းများအား အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်- ရေတွက်ပုံ-ပိဿာ/ကျပ်
|
စဉ် |
သီးနှံ အမည် |
ယခင်နှစ် ၄-၉-၂၀၂၅ |
ယခင်လ ၄-၈-၂၀၂၆ |
ယခင်အပတ် ၂၈-၈-၂၀၂၆ |
ယခုအပတ် ၄-၉-၂၀၂၆ |
ယခင် အပတ်နှင့် နှိုင်းယှဉ်ချက် |
|
၁ |
မြေပဲဆံ |
၇၅၀၀ |
၁၃၅၀၀ |
၁၃၀၀၀ |
၁၂၃၀၀ |
-၇၀၀ |
ယခုတစ်ပါတ်အတွင်း မန္တလေးကုန်စည်ဒိုင်သို့ မိုးမြေပဲများ ဝင်ရောက်မှုများလာပြီး မြေပဲကို တိုင်းတွင်းဆီစက်သမားများမှ အဓိကဝယ်ယူကြိတ်ခွဲလျက်ရှိပါကြောင်း၊ မြေပဲဆီ ဈေးနှုန်းမှာ တစ်ပိသာလျှင် ၂၁၀၀၀ ကျပ်၊ မြေပဲကြိတ်ဖတ်မှာ တစ်ပိဿာ ၇၁၅၀ ကျပ်ခန့် ရှိကြောင်း၊ မြေပဲဆံဈေးနှုန်းမှာ ဒေသတွင်း ဝယ်လိုအားနည်းခြင်းကြောင့် ဈေးနှုန်းကျဆင်းခဲ့ ကြောင်း ကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။
DOCA(မန္တလေး)
