ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (ဒုတိယ)ပတ်တွင်ဖြစ်ပေါ်နေသော ခရမ်းချဉ်သီးဈေးနှုန်း

  ရွှေဘိုမြို့ပေါ်ရှိဈေးများတွင် ခရမ်းချဉ်သီးများကို ရောင်းချလျက်ရှိရာ ရှမ်းပြည်နယ်၊ အောင်ပန်းဒေသထွက် ခရမ်းချဉ်သီးများကို မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ခုနှစ်၊ (နိုဝင်ဘာလ)ဒုတိယပတ်တွင် ဖြစ်ပေါ်ခဲ့သော ခရမ်းချဉ်သီး ဈေးနှုန်းမှာ အရွယ်အစားအကြီးအသေးပေါ်မူတည်၍ (၁)ပိဿာလျှင် (၃၀၀ဝိ/-)ကျပ်၊ (၃၅၀ဝိ/-) ကျပ် မှ (၄၀၀ဝိ/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်း ချသည့် လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့ရှိ ဈေးများတွင် ရောင်းချလျက်ရှိသည့် ကြက်ဟင်းခါးသီးဈေးနှုန်း

  ရွှေဘိုမြို့အပြင် ရွှေဘိုမြို့ပေါ်ရှိ ဈေးများတွင် သီးနှံမျိုးစုံများရောင်းချလျက်ရှိရာ ကြက်ဟင်း ခါးသီးများကိုလည်းရောင်းချလျက်ရှိပါသည်။ ကြက်ဟင်းခါးသီးမှာ ထိုင်ဝမ်းသီးနှင့် တောကြက် ဟင်းခါးသီးဟူ၍(၂)မျိုးရှိကြောင်း၊ ကြက်ဟင်းခါးသီးကို မိမိတို့အိမ်များတွင် တစ်နိုင်တစ်ပိုင်အဖြစ် စိုက်ပျိုးကြပြီး ခြံများတွင်လည်း စီးပွားဖြစ်စိုက်ပျိုးကြပါသည်။ တောကြက်ဟင်းခါးသီးမှာအိမ်၏ ခြံစည်းရိုး များတွင်လည်းကောင်း၊ အချို့မှာ ဝါးစင်ထိုးကာ စိုက်ပျိုးကြကြောင်း၊ အပင်များတွင် ကပ်ပေါက်သည့် နွယ်ပင်တစ်မျိုးဖြစ်၍ တောကြက်ဟင်းခါးသီးများမှာ ဈေးဖက်ဝင်၍ စားသုံးသူများ မှာ ကြက်ဟင်းခါးသီးဆိုလျှင် တောကြက်ဟင်းခါးသီးကို အများဆုံး ဝယ်ယူကြကြောင်း၊   ကြက် ဟင်းခါးသီးများကို ရွှေဘိုမြို့နယ်အတွင်းရှိ ကျေးရွာများ အပြင် ရေဉီးမြို့မှလည်း လာရောက် ရောင်းချကြကြောင်း၊ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (ဒုတိယ)ပတ်တွင် ဖြစ်ပေါ်နေသော ကြက်ဟင်း ခါးသီးဈေးနှုန်းများမှာ ထိုင်ဝမ်သီး (၁)ပိဿာလျှင် (၆၀၀ဝိ/-)ကျပ် ဖြင့် ရောင်းချလျက်ရှိပြီး တော ကြက်ဟင်းခါးသီးကိုမှု နို့ဆီဗူးဖြင့် ရောင်းချကြောင်း၊ နို့ဆီဗူး (၁)ဗူးလျှင် (၈၀ဝိ/-)ကျပ်ဖြင့် ရောင်းချ လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်ထံမှ သိရှိ ရပါသည်။

DOCA(စစ်ကိုင်း)

        မန္တလေးပဲကြားစျေးနှုန်းစျေးကွက်

     မန္တလေးပဲမျိုးစုံစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့်ရှမ်းပြည်နယ်တို့မှ ထွက်သည့်ပဲကြားသီးနှံများ ဝင်ရောက်လျက်ရှိကြောင်း သိရပါ သည်။ ပဲကြားမှာ ပြည်တွင်းစားသုံးမှုများသည့်ပဲတစ်မျိုးဖြစ်ပါသည်။ မန္တလေး တိုင်းဒေသကြီးတွင် ပဲမျိုးစုံစိုက်ပျိုးမှုများပြားပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်ပဲကြားသီးနှံအပါအဝင် ပဲမျိုးစုံ စိုက်ပျိုးမှု(၁၀၁၉၄၇၇) ဧကဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ခုနှစ်အောက်တိုဘာလနောက်ဆုံးပတ်အတွင်းဖြစ်ပေါ်လျက်ရှိသောပဲကြားပေါက်စျေးမှာ၃တင်း ဝင်တစ်အိတ်လျှင် ၃၇၀၀၀၀ ကျပ်၊တစ်ပိဿာပေါက်စျေးမှာ  ၆၅၇၈ ကျပ်တို့ဖြစ်ကြောင်း သိရှိရ ပါသည်။ ယခင်လကာလတူ ပဲကြားသီးနှံပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ် လျှင် ၂၇၅၀၀၀ ကျပ်နှင့် ၂၇၈၀၀၀ကျပ်၊တစ်ပိဿာစျေးမှာ ၄၈၈၉ကျပ်နှင့် ၄၉၄၂ကျပ်၊ ယခင်လနှင့်ယခုလ စျေးနှုန်း နှိုင်း ယှဉ်ပါက ပဲကြားသီးနှံစျေးမှာ ပိုမိုရရှိကြောင်း တွေ့ရှိရပါသည်။

DOCA(မန္တလေး)

၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (ဒုတိယ)ပတ်တွင် ဖြစ်ပေါ်နေသည့် ကြက်သွန်မြိတ် ဈေးနှုန်း

  ရာသီပေါ်သီးနှံဖြစ်သည့် ကြက်သွန်မြိတ်များကို အခြားမြို့များမှ သယ်ယူရောင်းချစရာမလို ဘဲ မိမိတို့အိမ်ရှိ နေရာလွတ်များတွင်လည်းကောင်း၊ ခြံဝန်းကျယ်များတွင်လည်း စိုက်ပျိုးကြ ကြောင်း၊ ရွှေဘိုမြို့နှင့် အနီးတဝိုက်ရှိ ကျေးရွာများမှလည်း လာရောက် ရောင်းချကြကြောင်း၊ ကြက် သွန်မြိတ်ကို ဟင်းခတ်အမွှေးအကြိုင်အဖြစ် ဟင်းလျာများ၊ မုန့်တီနှင့် အသုပ်စုံများတွင်ထည့်၍ အ သုံးပြုကြကြောင်း၊ ကြက်သွန်မြိတ်မှာ ပေါ်ဉီးပေါ်ဖျားဖြစ်သည့်အတွက် ဈေးကောင်းပေးဝယ်ရ ကြောင်း၊ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (ဒုတိယ)ပတ်တွင် ဖြစ်ပေါ်နေသော ကြက်သွန်မြိတ်ဈေးနှုန်းမှာ (၁)စည်းလျှင် (၅၀ဝိ/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသည့် ဈေး သည်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

အောက်တိုဘာလနောက်ဆုံးပတ်ပဲဇီးကွက်စျေး

 မန္တလေးစျေးကွက်သို့ ပဲသီးမျိုးစုံဝင်ရောက်လျက်ရှိပြီး၊ ပဲဇီးကွက်မှာ  ပြည်တွင်းစားသုံးမှု များပြားသည့် ပဲတစ်မျိုးဖြစ်ကြောင်း သိရပါသည်။ ပဲဇီးကွက်မှာ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင်စိုက်ပျိုးမှုများပြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်း  ၂၀၂၄- ၂၀၂၅ ခုနှစ်တွင် စားတော်ပဲအပါအဝင် ပဲမျိုးစုံ စိုက်ပျိုးမှု ၁၀၁၉၄၇၇ ဧက ဖြစ်ကြောင်း သိရပါသည်။   

         မန္တလေးပွဲစား၊ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင်  ၂၀၂၅ခုနှစ် အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်သည့်ပေါက်စျေးမှာ ပဲဇီးကွက်၃တင်းဝင် တစ်အိတ်လျှင်၃၅၀၀၀၀ ကျပ်နှင့် ၃၅၅၀၀၀ကျပ်၊တစ်ပိဿာလျှင် ၆၀၀၉ကျပ်နှင့်၆၀၉၄ကျပ်တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နှစ်ကာလတူပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ၂၉၀၀၀၀ကျပ်နှင့် ၃၀၀၀၀၀ကျပ်၊ တစ်ပိဿာလျှင် ၄၉၇၉ကျပ်နှင့် ၅၁၅၀ကျပ်ဖြစ်ပြီး၊ ယခုနှစ်နှင့် ယခင်နှစ် ကာလတူ ပေါက်စျေးနှိုင်းယှဉ်ချက် ပဲဇီးကွက်စျေးမှာ ပိုမိုရရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

အောက်တိုဘာလနောက်ဆုံးပတ်ပဲစင်းငုံစျေးကွက်

     မန္တလေးပဲမျိုးစုံစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့်ရှမ်းပြည်နယ်တို့မှထွက်သည့်ပဲစင်းငုံသီးနှံများ ဝင်ရောက်လျက်ရှိကြောင်းသိရပါသည်။ ပဲစင်းငုံမှာ ပြည်တွင်းစားသုံးမှုနည်းပြီး ပြည်ပသို့တင်ပို့ရောင်းချသည့် ပဲတစ်မျိုးဖြစ်ပါသည်။ မန္တလေး တိုင်းဒေသကြီးတွင် ပဲမျိုးစုံစိုက်ပျိုးမှုများပြားပြီး၊၃၁.၁.၂၀၂၅ ရက်နေ့အထိ ၂၀၂၄-၂၀၂၅ ခုနှစ် ပဲစင်းငုံ သီးနှံ စိုက်ပျိုးမှု(၃၈၀၀၇၇)ဧက၊ ရိတ်သိမ်း(၃၁၁၀၀၇)ဧက၊ အထွက်နှုန်း (၉.၃၃)တင်း နှင့်အထွက် (၂၉၀၁၃၃၃)တင်းဖြစ်ကြောင်း သိရပါတယ်။ မန္တလေးပွဲစား၊ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော် အသင်းတွင် ၂၀၂၅ ခုနှစ်အောက်တိုဘာလနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော ပေါက်စျေး မှာ ၃တင်းဝင်တစ်အိတ်လျှင်ပဲစင်းငုံ(နီ)(သစ်) ၂၄၅၀၀၀ကျပ်၊တစ်ပိဿာပေါက်စျေးမှာ ပဲစင်းငုံ(နီ) ၄၀၈၃ကျပ်တို့ဖြစ်ကြောင်းသိရှိရပါသည်။ ယခင်နှစ်ကာလတူပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ပဲစင်းငုံ(နီ)၄၆၀၀၀၀ကျပ်၊တစ်ပိဿာစျေးမှာပဲစင်းငုံ(နီ)၇၆၆၇ကျပ်ပြီး၊ ယခင်နှစ်စျေးနှင့် ယခုနှစ်နှိုင်း ယှဉ်ပါက ပဲစင်းငုံ(နီ)သီးနှံပေါက်စျေးမှာ လျော့နည်းသွားကြောင်း တွေ့ရှိရပါသည်။

DOCA(မန္တလေး)

 

အောက်တိုဘာလနောက်ဆုံးပတ် ပဲစင်းငုံစျေးကွက်

      မန္တလေးပဲမျိုးစုံစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့်ရှမ်းပြည်နယ်တို့မှထွက်သည့်ပဲစင်းငုံသီးနှံများ ဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။ ပဲစင်းငုံမှာ ပြည်တွင်းစားသုံးမှုနည်းပြီး ပြည်ပသို့တင်ပို့ရောင်းချသည့် ပဲတစ်မျိုးဖြစ်ပါသည်။ မန္တလေးတိုင်းဒေသကြီးတွင် ပဲမျိုးစုံစိုက်ပျိုးမှုများပြားပြီး၊၃၁.၁.၂၀၂၅ ရက်နေ့အထိ ၂၀၂၄-၂၀၂၅ ခုနှစ် ပဲစင်းငုံ သီးနှံ စိုက်ပျိုးမှု(၃၈၀၀၇၇)ဧက၊ ရိတ်သိမ်း(၃၁၁၀၀၇)ဧက၊ အထွက်နှုန်း (၉.၃၃)တင်း နှင့်အထွက် (၂၉၀၁၃၃၃)တင်းဖြစ်ကြောင်း သိရပါတယ်။ မန္တလေးပွဲစား၊ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော် အသင်းတွင် ၂၀၂၅ ခုနှစ်အောက်တိုဘာလနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော ပေါက်စျေး မှာ ၃တင်းဝင်တစ်အိတ်လျှင်ပဲစင်းငုံ(နီ)(သစ်) ၂၄၅၀၀၀ကျပ်၊တစ်ပိဿာပေါက်စျေးမှာ ပဲစင်းငုံ(နီ) ၄၀၈၃ကျပ်တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နှစ်ကာလတူပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ပဲစင်းငုံ(နီ)၄၆၀၀၀၀ကျပ်၊တစ်ပိဿာစျေးမှာပဲစင်းငုံ(နီ)၇၆၆၇ကျပ်ပြီး၊ ယခင်နှစ်စျေးနှင့် ယခုနှစ်နှိုင်းယှဉ်ပါက ပဲစင်းငုံ(နီ)သီးနှံပေါက်စျေးမှာ လျော့နည်းသွားကြောင်း တွေ့ရှိရပါသည်။

DOCA(မန္တလေး)

 

အောက်တိုဘာလနောက်ဆုံးပတ်မြေထောက်ပဲစျေး

        မြေထောက်ပဲမှာ ပြည်တွင်းစားသုံးမှုများပြားပြီး၊ပြည်ပသို့တင်ပို့သည့် ပဲတစ်မျိုး ဖြစ်ပါသည်။ မန္တလေးတိုင်းဒေသကြီးတွင် ပဲမျိုးစုံစိုက်ပျိုးမှုများပြားပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ် မြေထောက်ပဲ သီးနှံ အပါအဝင်ပဲမျိုးစုံ စိုက်ပျိုးမှု(၁၀၁၉၄၇၇)ဧကဖြစ်ကြောင်း သိရှိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်အောက်တိုဘာလနောက်ဆုံးပတ်အတွင်း ဖြစ် ပေါ်လျက်ရှိသော ၃တင်းဝင်တစ်အိတ်လျှင် မြေထောက်ပဲပေါက်စျေးမှာ ၂၂၀၀၀၀ ကျပ်နှင့် ၂၇၅၀၀၀ ကျပ်၊ တစ်ပိဿာပေါက်စျေးမှာ ၄၀၇၄ကျပ်နှင့် ၅၀၉၃ကျပ်တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင် နှစ်ကာလတူ မြေထောက်ပဲပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ၂၉၀၀၀၀ ကျပ်နှင့် ၃၅၀၀၀၀ ကျပ်၊ တစ်ပိဿာစျေးမှာ ၅၃၇၀ကျပ်နှင့် ၆၂၉၆ ကျပ်ဖြစ်ပြီး ယခုနှစ်နှင့်ယခင်နှစ် စျေးနှိုင်းယှဉ်ပါက မြေထောက်ပဲစျေးမှာ အနည်းငယ်ကျဆင်းသွားကြောင်း တွေ့ရှိရပါသည်။

DOCA(မန္တလေး)

                                   

အရောင်းသွက်သည့်မန္တလေးပဲနီပြားစျေးကွက်

    ပဲနီပြားမှာ ပြည်တွင်း စားသုံးမှုများပြားပြီး မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ပဲနီပြား သီးနှံအပါအဝင်ပဲမျိုးစုံစိုက်ပျိုးမှု   (၁၀၁၉၄၇၇)ဧကဖြစ်ကြောင်း သိရပါသည်။     မန္တလေးပွဲစား၊ကုန်သည်၊စက်ပိုင်များမဟာကထိန်တော်အသင်းတွင်  ၂၀၂၅ ခုနှစ် အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်သည့်ပေါက်စျေးမှာ၃တင်းဝင်တစ်အိတ်လျှင် ပဲနီပြား(ကျွန်း) ၅၀၀၀၀၀ ကျပ်နှင့် ၅၃၀၀၀၀ကျပ်၊ ပဲနီပြား(တံတားဦး) ၄၂၀၀၀၀ကျပ်၊  တစ်ပိဿာလျှင် ပဲနီပြား (ကျွန်း) ၉၀၅၀ ကျပ်နှင့် ၉၅၉၃ကျပ်၊ပဲနီပြား(တံတားဦး)၇၆၀၂ကျပ်တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နှစ် ကာလတူစျေးမှာတစ်ပိဿာလျှင် ပဲနီပြား(ကျွန်း) ၉၂၃၁ကျပ်နှင့်၉၄၁၂ကျပ်၊ပဲနီပြား(တံတားဦး) ၇၉၆၄ကျပ်တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နှင့် ယခုနှစ်စျေးနှိုင်းယှဉ်ပါက ပဲနီပြား (ကျွန်း)မှာ စျေးပိုမိုရရှိကာ အရောင်းသွက်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မြင်းခြံဈေးကွက်တွင် သုံးလပဲ ၊ ခြောက်လပဲဆံများ စတင်ဝင်ရောက်ရောင်းဝယ်လျက်ရှိ

        မြင်းခြံခရိုင်တွင် မြေပဲစိုက်ပျိုးဧက မိုး / ဆောင်း ၁၇၀၂၁၅ ဧက ရှိပြီး မြို့နယ်အလိုက်အနေဖြင့် မိုးစိုက်မိုးမြေပဲ မြင်းခြံမြို့နယ်တွင် ၂၆၆၉၁ ဧက ၊ တောင်သာ မြို့နယ်တွင်၁၀၉၈၈၄ ဧက ၊ နွားထိုး ကြီးမြို့နယ်တွင် ၃၃၆၄၀ ဧက နှင့် ဆောင်းစိုက် ဆောင်းမြေပဲ မြင်းခြံမြို့နယ်တွင် ၃၄၂၄ ဧက စိုက်ပျိုး ထားကြောင်း သက်ဆိုင်ရာကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ သိရှိရသည်။မြင်းခြံဈေးကွက်အတွင်းသို့လည်း သုံးလပဲဆံ ၊ခြောက်လပဲဆံများ ဈေးကွက်အတွင်း စတင်ရောင်းဝယ်နေကြပြီဖြစ်ကြောင်း သိရသည်။ ဈေးနှုန်းအနေဖြင့် သုံးလပဲလေးဆံ ဆီဆံတစ်ပိဿာ ၇၅၀၀- ၇၆၀၀ ကျပ် ၊ လုံးဆံတစ်ပိဿာ ၈၀၀၀ - ၈၂၀၀  ကျပ်၊ တစ်ပေါက်ကျဆံ ၇၇၀၀ - ၇၈၀၀ ကျပ်ဈေးရှိပါကြောင်း၊ ခြောက်လပဲကြီးဆံ တစ်ပိဿာ ၇၉၀၀-၈၀၀၀ ကျပ်၊ တစ်ရက်လျှင် အိတ် ၇၀-၈၀၊ ပိဿာချိန်အားဖြင့် ၂၀၀၀ ခန့်အဝင်ရှိပြီး မြို့ပေါ် ဆီစက်သမားအဝယ်ရှိကြောင်းသိရပြီး ယခင်နှစ်ဈေးနှင့်စာလျှင် ပေါ်စလက်ရှိဈေးသည် ဈေးရရှိပြီး ပဲဆံလှိုင်လှိုင်ဝင်လာပါက ဈေးနှုန်းကျဆင်းဖွယ်ရှိကြောင်း ကုန်သည်အသိုင်းအဝိုင်းမှ သိရသည်။

DOCA (မန္တလေး)           

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း