
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် အရှေ့ဘက်ကမ်းကျေးရွာများတွင် စံပါယ်ပန်းကို အများဆုံး စိုက်ပျိုးကြကြောင်း သိရသည်။ အိမ်ထောင်စု နှစ်စ်ထောင်ကျော်ရှိပြီး အိမ်ထောင်စု အကုန်နှီးပါး စံပယ်ပန်းကို စိုက်ပျိုးကြသည်။ စံပယ်ပန်းများ နိုဝင်ဘာလတွင် ထွက်ရှိလာပြီး ရန်ကုန်သို့ တင်ပို့က ရန်ကုန်ဈေးကွက်တွင် ဈေးပိုရရှိကြောင်း ၊ စံပါယ်ပန်းခူးပြီး တင်ပို့သော ကားများမှာ နေ့စဉ် နေ့လည် ၁၂နာရီတွင် အချိန်မှန်ရန်ကုန်သို့ တင်ပို့ကြောင်း သိရသည်။ စံပယ်ပန်းများသည် နွေ၊ မိုး၊ ဆောင်း သုံးရာသီလုံး ထွက်ရှိပြီး ဆောင်းရာသီတွင် အထွက်နှုန်းများပြီး မိုးရာသီထက် ဈေးနှုန်း နည်းသည်။ မိုး’ရာသီတွင် အထွက်နည်းပြီး ဈေးကောင်းမွန်သည်။
စံပါယ်ပန်းဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ် နိုဝင်ဘာလ ဆန်ပိုင်းမှ စ၍ စံပါယ် အဖူး ၁၀၀ကို ၆၀၀ကျပ်၊ အပွင့် ၁၀၀၀လျှင် ၆၀၀၀၀ကျပ်ဖြင့် စံပါယ်ခြံမှ ဈေးပေးဝယ်ရပြီး ရန်ကုန်ဈေးကွက်သို့ တင်ပို့ပါက အဖူး ၁၀၀၀လျှင် ၉၀၀၀၀-၁၀၀၀၀၀ကျပ်အထိဈေးရကြောင်း စိုက်ပျိုးသူထံမှ သိရသည်။ ရန်ကုန်ကား နေ့လည် အချိန်မီခူး၍ တင်ပို့နိုင်ပါက ဈေးကောင်းရပြီး ရန်ကုန်သို့ အချိန်မီတင်ပို့ရန် ကျန်ရှိသော ပန်းများသည် မအူပင်ဈေးကွက်တွင် ဈေးနည်းကြောင်း သိရသည်။ ယခင်လများဖြစ်သော ဇူလိုင်၊ ဩဂုတ်လများက စွပါယ်ပန်းဈေးမှာ အဖူး ၁၀၀လျှင် ၁၅၀၀-၂၀၀၀ကျပ်၊ အဖူး ၁၀၀၀လျှင် ၁၅၀၀၀-၂၀၀၀၀ ကျပ် မအူပင်ဈေးကွက်အတွင်းရောင်းချနေပြီး၊ ရန်ကုန်ဈေးကွက်တွင် အဖူး ၁၀၀၀ လျှင် ၂၂၀၀၀၀-၂၅၀၀၀၀ ကျပ်အထိ ဈေးရရှိခဲ့ကြောင်း၊ မအူပင်ဈေးအတွင်းတွင် စံပါယ် ၁၂ ပွင့်ပါ တစ်ကုံးလျှင် ၄၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး စိုက်ပျိုးသူရေး၊ ပန်းရောင်းချသူများပါ စီးပွားဖြစ် နေ့စဉ် ဝင်ငွေရ အဆင်ပြေနေကြောင်းကို စံပါယ်ပန်းရောင်းချသူထံမှ သိရှိရပါသည်။
DOCA(ဧရာဝတီ)
