ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တနင်္သာရီတိုင်း၊မြိတ်မြို့ပေါ်ရှိရောင်းအားကောင်းသောစက်သနပ်ခါးဈေးကွက်

    တနင်္သာရီတိုင်းဒေသကြီးသည် မြန်မာအမျိုးသမီးများ ကြိုက်နှစ်သက်စွာ အသုံးပြုနေ ကြသော သနပ်ခါးပင်များကို တနင်္သာရီမြို့တွင် အများဆုံးစိုက်ပျိုးထွက်ရှိရာ ဒေသတစ်ခု ဖြစ်ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံတွင် သနပ်ခါးသည် သဘာဝအလှကုန်ပစ္စည်းအဖြစ် ဈေးကွက်တွင် အရေးပါပြီး နိုင်ငံတကာတွင်လည်း စိတ်ဝင်စားမှုများလာကြောင်း၊ သနပ်ခါး သည် ကျန်းမာရေးနှင့် အလှအပတို့အတွက် တန်ဖိုးမဖြတ်နိုင်သော သဘာဝလက်ဆောင်တစ် ခုဖြစ်ပြီး၊ မြိတ်မြို့ပေါ်ရှိ ဆိပ်ငယ်ဈေးကြီးတွင် ရောင်းချနေသော နန်းမြင့်မိုရ်ဆိုင်တွင် တောင်တန်ကြီးသနပ်ခါးတုံးများ၊ ကရမက်သနပ်ခါး၊ စက်သနပ်ခါးများနှင့် အခြားသောသနပ် ခါးများကို  လက်လီ/လက်ကား ဝယ်ယူရောင်း ချလျက်ရှိပြီး နန်းမြင့်မိုရ်အသင့်လိမ်းစက်သနပ် ခါးမှာ တစ်ပိဿာလျှင် (၆၀၀၀) ကျပ်ရှိပြီး တောင်တန်ကြီးသနပ်ခါးတုံးမှာ တစ်ပိဿာလျှင် (၇၀၀၀)ကျပ်ရှိကြောင်း နန်းမြင့်မိုရ် ပင်ရင်းဆိုင်မှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

    မြိတ်မြို့ပေါ်ရှိ စက်သုံးဆီဈေးနှုန်း

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် စက်သုံးဆီအရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချ လျက်ရှိပြီး စက်သုံးဆီ လက်လီစျေးနှုန်းများမှာ ယခုအောက်တိုဘာလဒုတိယပတ်အတွင်း ဒီဇယ် (ရိုးရိုး) တစ်လီတာကို (၀) ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာကို (၃)ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာကို (၂၉၅၀) ကျပ်နှင့် ဓါတ်ဆီ 95 တစ်လီတာကို (၃၀၅၀) ကျပ်တို့ဖြစ် ရောင်းချလျက်ရှိပြီး ယခင်အပတ်နှင့်နှိုင်းယှဉ်ကြည့်ပါက စက်သုံးဆီများ ဈေးနှုန်းငြိမ်နေကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

မြိတ်ခရိုင်၊ မြိတ်မြို့ရှိ ကွမ်းသီးခြောက်ဈေးနှုန်းအခြေအနေ

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်မှထွက်ရှိလာသော ဒေသထွက် ကွမ်းသီးခြောက်များကို နေ့စဉ် အခြားတိုင်းနှင့် ပြည်နယ်များသို့ နေ့စဥ်တင်ပို့ရောင်းချလျက် ရှိပြီး စျေးကွက်မှာလည်း တည်ငြိမ်လျက်ရှိကြောင်းသိရှိရသည်။ ကွမ်းသီးတင်ပို့ရောင်းချရာ တွင် ကွမ်းသီးခြောက်၊ ခွဲခြမ်းနှင့် ကွမ်းသီးအနုများဟူ၍ အမျိုးမျိုးတင်ပို့ရောင်းချလျက်ရှိပြီး ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးသို့ အဓိကတင်ပို့ရောင်းချလျက်ရှိကြပါသည်။ ယခင် စက် တင်ဘာလတွင် ကွမ်းသီးခြောက် စျေးနှုန်းမြင့်တက်လာပြီး ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၁၀)ရက်နေ့စျေးနှုန်းအရ ကွမ်းသီးခြောက်တစ်ပိဿာလျှင်(၂၅၀၀၀)ကျပ်ခန့်ထိ ဖြစ်ပေါ် လျက်ရှိရာ ယခုအောက်တိုဘာလ ဒုတိယအပတ်တွင် ကွမ်းသီးခြောက် တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်ခန့်ထိကျဆင်း သွားကြောင်း ကွမ်းသီးလုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

 

 

 

 

မြိတ်မြို့၏ ဝက်သားထုတ်လုပ်မှုနှင့်စျေးနှုန်းစျေးကွက်

     မြိတ်မြို့အနေဖြင့် ဝက်သားထုတ်လုပ်ရောင်းချမှုတွင် တစ်နိုင်တစ်ပိုင် မွေးမြူသည့် ကဏ္ဍမှ ထုတ်လုပ်သည့် ဝက်သားများနှင့် အနီးအနားရှိ ကျေးရွာများမှ တင်ပို့လာသော ဝက်သားများ ရောနှောရောင်းချနေရခြင်းကြောင့် ဈေးနှုန်းများ အနည်းငယ်ကွဲပြားမှုရှိနိုင် ကြောင်းနှင့် ဝက်သားများအား အခြားဒေသသို့တင်ပို့ရောင်းချခြင်းမရှိဘဲ မြိတ်မြို့အတွင်း၌ သာအဓိကရောင်းချကြကြောင်း သိရပါသည်။ ယခင်စက်တင်ဘာလ နောက်ဆုံးပတ်၏ဈေး နှုန်းနှင့် နှိုင်းယှဉ်ပါက ဝက်သားစျေးနှုန်းမှာ တည်ငြိမ်လျက်ရှိကြောင်း သိရပါသည်။

     ၂၀၂၅ ခုနှစ် ၊ အောက်တိုဘာလ ဒုတိယပတ်အတွင်း မြိတ်မြို့ရှိ အဓိကဈေးကြီးများနှင့် ရပ်ကွက်ဈေးငယ်များတွင် ရောင်းချနေသော ဝက်သား ဈေးနှုန်းများမှာ တစ်ပိဿာလျှင် ကျပ် ၃၀,၀၀၀ မှ ၃၅,၀၀၀ အထိ ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

မြိတ်မြို့ရှိ မုန့်တီမုန့်ဖတ်နှင့် ကိုက်ကြီးကိုက်မုန့်ဖတ်စျေးနှုန်းစျေးကွက်

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင်  မိသားစုစားဝတ်နေရေးအတွက် (မုန့်တီနှင့် ကိုက်ကြီးကိုက်)မုန့်ဖတ်လုပ်ငန်းများကို စီးပွားဖြစ်တစ်နိုင်တစ်ပိုင်လုပ်ကိုင်ကြပါသည်။  မုန့် တီမုန့်ဖတ်နှင့် ကိုက်ကြီးကိုက်မုန့်ဖတ်များကို မြိတ်မြို့ပေါ်နှင့် အနီးပတ်ဝန်းကျင်ရှိကျေးရွာ များမှ ဝယ်ယူစားသုံးကြောင်းသိရှိရသည်။ အလှူပွဲ၊ မွေးနေ့ပွဲနှင့် ဘုရားပွဲများတွင် အသုံးပြုရန် အတွက်လည်း ဝယ်ယူကြသဖြင့် အရောင်းအဝယ်ကောင်းလျက်ရှိကြောင်း သိရပါသည်။

       ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ဒုတိယအပတ်အတွင်းတွင် မြိတ်မြို့တွင် ရောင်းချ လျက်ရှိသော မုန့်တီမုန့်ဖတ်ဈေးနှုန်းမှာ (၁)ပိဿာလျှင် (၃၀၀၀)ကျပ်၊ ကိုက်ကြီးကိုက် မုန့်ဖတ်ဈေးနှုန်းမှာ (၁)ပိဿာလျှင် (၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

 

 

 

 

ကျောက်ပျဉ်ဈေးနှုန်းဈေးကွက်

           ကျောက်ပျဉ်ဆိုသည်မှာ မြန်မာနိုင်ငံတွင် အမျိုးသမီးများ အမွှေးနံ့သာလိမ်းကျံရာ၌ အသုံး ပြုသောနံ့သာသွေးရာကျောက်ချပ်ပြားဖြစ်သည်။ များသောအားဖြင့် မြန်မာအမျိုးသမီးများသည် သနပ် ခါးကို လိမ်းကျံခြယ်သလေ့ရှိကြသဖြင့် သနပ်ခါးအများဆုံးသွေးရာ ကျောက်ပြားဖြစ်၍ သနပ်ခါး ကျောက်ပျဉ်ဟုလည်းခေါ်သည်။ ထို့အပြင်နံ့သာဖြူ၊ ကရမက်၊ တောင်နံ့ကြီးစသော နံ့သာတုံးများ ကိုလည်း ကျောက်ပျဉ်တွင် တင်၍သွေးလေ့ရှိသည်။ ကျောက်ပျဉ်မှာ အရွယ်အစားအမျိုးမျိုး ရှိသော်လည်း ပုံသဏ္ဍာန်မှာ တစ်မျိုးတည်းပင်ဖြစ်သည်။ မြန်မာနိုင်ငံ အလယ်ပိုင်း ချောက်မြို့နယ် အတွင်းရှိ ဂွေးချိုတောင်အနီး မင်းကန်ရွာများမှအများအပြားပြုလုပ် ရောင်းချ လျက်ရှိသည်။ မန္တလေး တိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ ကျောက်ပျဉ်အရောင်း ဆိုင်များမှ ကျောက်ပျဉ်များကို မင်းကန်ရွာမှ မှာယူရကြောင်းသိရှိရသည်။ ကျောက်ပျဉ်ဈေးနှုန်းများအနေဖြင့် ကျောက်ပျဉ်အကြီး တစ်ချပ်လျှင်(၃၀၀၀၀-၂၅၀၀၀)ကျပ်၊ အလတ်တစ်ချပ်လျှင်(၁၀၀၀၀-၇၀၀၀)ကျပ်၊ အသေးတစ်ချပ် လျှင်(၃၀၀၀-၂၅၀၀)ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရသည်။

DOCA (မန္တလေး)

ဘူးညွန့်ကပေးတဲ့ကျန်းမာရေး

    ဘူးညွန့်ဆိုသည်မှာ ဘူးပင်၏အရွက်ကိုဆိုလိုခြင်းဖြစ်ပြီး နွယ်တက်ပြီး အရွက်သည် အစိမ်းရောင် ဖားဖားလေးများဖြစ်သည်။ အရွက်နှင့်ရိုးတံလေးများတွင် အမွေးပါးပါးဖြူဖြူလေးတွေ ပါတတ်ပြီး အရသာမှာနုပြီးလတ်ဆတ်လျှင်ချိုပါသည်။ ရိုးတံလေးများရော၊ အရွက်လေးများပါ သေချာသန့်စင်ပြီး ပြုတ်စားခြင်း၊ ကြော်စားခြင်း၊ချဉ်ရည်ချက်စားခြင်းများဖြင့် စားသုံးနိုင်သည်။ ဘူးညွန့်တွင် အမျှင်ဓာတ်၊ ဗီတာမင်အေ၊ ဗီတာမင်ဘီ၊ ဗီတာမင်စီ၊ ဗီတာမင်အီး ၊ ဗီတာမင်ကေ၊ သံဓာတ်၊ ဖောလိတ်၊ ပိုတက်ဆီယမ်၊မဂ္ဂနီဆီယမ်၊ ကာဗိုဟိုက်ဒရိတ်၊ ကယ်လ်ဆီယမ်၊ ပရိုတင်း တို့ပါဝင်နေပါသည်။ ဘူးညွန့်ကိုစားသုံးခြင်းဖြင့် ဝိတ်ကျစေခြင်း၊ အစာခြေစနစ်ကိုကောင်းမွန်စေခြင်း ၊အပူငြိမ်းစေခြင်း၊ နှလုံးကျန်းမာစေခြင်း၊ စိတ်ဖိစီးမှု ပြေလျော့စေခြင်း၊ ရေဓာတ်ဖြည့်ပေးခြင်းစသည့် ကျန်းမာရေး ကောင်းကျိုးများစွာရရှိစေပါသည်။ ဘူးညွန့်သည်ကျန်းမာရေးနှင့်ညီညွတ်သလို အများစုနှင့်လည်းတည့် ပါသည်။ တန်ဆေးလွန်ဘေးဆိုသကဲ့သို့ အလွန်အကျွံ မစားမိစေဖို့သတိပြုရန်လည်းလိုအပ်ပါသည်။ ကျန်းမာရေးအတွက် ကောင်းကျိုးများသောဘူးရွက်ကို ကျောက်ပန်းတောင်းမြို့၊ မြို့မစည်ပင်သာယာ ပျံကျဈေးတွင် ဘူးညွှန့်တစ်စည်းလျှင်(၂၀၀)ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိပါသည်။

DOCA (မန္တလေး)

 

                                                         

ဒန့်ဒလွန်ရွက်နှင့်ဒန့်ဒလွန်သီး၏ကျန်းမာရေး 

         ဒန့်ဒလွန်ပင်သည် မြန်မာနိုင်ငံနေရာအနှံအပြားတွင် ပေါက်ရောက်ကြောင်း၊ ဒန့်ဒလွန်ပင်၏ အရွက်ကို လွန်ခဲ့သောနှစ်ပေါင်းများစွာကပင် တိုင်းရင်းဆေးများတွင်အသုံးပြုကြကြောင်း၊  ဒန့်ဒ လွန်ပင်၏ပင်စည်သည် အဖြူရောင်ဖြစ်ပြီး ကျွတ်ဆက်သည့်အကိုင်းအလက်များနှင့် ဘဲဥပုံ အစိမ်း ရောင်အရွက်များပါရှိပါသည်။ ဒန့်ဒလွန်ရွက်တွင် ပရိုတင်း၊ ကယ်လ်ဆီယမ်၊ ဗီတာမင်စီ၊ ပိုတက် ဆီယမ်စသည့် အာဟာရဓာတ်များစွာပါဝင်ကြောင်း၊ ဒန့်ဒလွန်တွင် မှိုပိုးကို သေစေနိုင်သည့် အာနိသင် ရှိ၍ ရောဂါပိုးများကိုတိုက်ဖျတ်ပေးနိုင်သည့် အစွမ်းရှိသည့်အပြင် ရောင်ရမ်းမှုကိုလျော့ ပါးစေနိုင်သည့် အစွမ်းလည်းရှိကြောင်း၊  ဒန့်ဒလွန်ရွက်တွင်ခန္ဓာကိုယ်ဖွဲ့စည်းမှုနှင့် ပရိုတင်း ဖြစ်ပေါ်မှု အတွက်အသုံးဝင် သည့် အမိုင်နိုအက်ဆစ်များပါဝင်ပြီး ခန္ဓာကိုယ်၏ ကျန်းမာရေးကို အထောက်အကူပြုကြောင်း၊ ဒန့်ဒလွန်ရွက်သည် အနာဖြစ်ခြင်း၊ အပူလောင်ခြင်း၊ ပြတ်ရှဒဏ်ရာများနှင့် အသေး စားဒဏ်ရာ များကို လည်းသက်သာစေနိုင်ပြီး အနာကျက်လည်း မြန်စေကြောင်း၊ နို့တိုက်မိခင် များအတွက်လည်း ဒန့်ဒလွန် ရွက်ကိုစားသုံး ပေးခြင်းဖြင့် နို့ထွက်အား ကောင်းပြီး သံဓာတ်ကြွယ်ဝကြောင်း၊  အဆီများကို လောင် ကျွမ်းစေနိုင်ပြီး ခန္ဓာကိုယ်ကိုကျစ်လျစ်ပြီး နှလုံးနှင့်ပါတ်သက်သောရောဂါများကို လျော့ချပေးကြောင်း၊  ဒန့်ဒလွန်ရွက်သည် ဆီးချိုရောဂါကို ထိန်းချုပ်ပေး၍ သွေးတွင်း သကြား ဓာတ်ကိုလည်းလျော့ ချပေးကြောင်း၊ ဗီတာမင်Cတို့ပါဝင်သောကြောင့် အသားအရည်ကို ကြည်လင်ပြီး သွေးသားသန့်စင်၍ ဦးရေပြားသွေးလည်ပတ်မှုကိုကောင်းမွန်ပြီး ဆံပင်များကိုနက် မှောင်သန်စွမ်းကြောင်း၊ ဒန့်ဒလွန်ရွက်ကို စားသုံးပေးခြင်းဖြင့် ခေါင်းကိုက်ခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်းနှင့် အခြားအာရုံကြောဆိုင်ရာ ဝေဒနာများကို သက်သာစေနိုင်ကြောင်း၊ ဒန့်ဒလွန်ရွက်သည် အစာကြေလွယ်ပြီး အစာချေဖျတ်မှုကို ကောင်းမွန်ကြောင်း၊သံဓာတ်ပြည့်ဝသောကြောင့် ကိုယ်ခံအား  ကောင်းစေပြီးအသည်းနှင့် အရိုးကျန်းမာ သန်စွမ်းကြောင်း၊ ဆီးကျောက်တည်ခြင်းမှ ကာကွယ်၍၊ ကျောက်ကပ်ရောဂါမဖြစ်အောင် တားဆီး ပေးကြောင်း၊ သွေးတိုးဝေဒနာရှင်များအနေဖြင့် ဒန့်သလွန်ရွက်နှင့်ဒန့်သလွန်သီးများကို ပုံမှန် စားသုံး ခြင်းဖြင့်သွေးတိုးရောဂါကိုသက်သာစေနိုင်ကြောင်းစာပေများမှဖတ်ရှု့သိရှိရသည်။ ကျောက်ပန်းတောင်း မြို့၊ မြို့မစည်ပင်သာယာပျံကျဈေးတွင် ဒန့်သလွန်သီးတောင့်ဈေးနှုန်းမှာ၅တောင့်ပါ တစ်စည်းလျှင် (၁၀၀၀)ကျပ်၊ဖြင့်အရောင်းအဝယ် ဖြစ်ကြောင်းသိရှိရသည်။

DOCA (မန္တလေး)

 

ထားဝယ်မြို့ရှိ ပုစွန်ချဉ်ဈေးနှုန်း/ဈေးကွက်

    တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့ပေါ်ရှိ ဈေးများတွင် ရာသီပေါ်သီးနှံများ၊ အသားမျိုးစုံနှင့် ဒေသထွက်ငါးမျိုးစုံအပြင် ငါးကိုအချဉ်သိပ်၍ ငါးချဉ် အဖြစ်လည်းကောင်း၊ ပုစွန်ကိုအချဉ်သိပ်၍ ပုစွန်ချဉ်အဖြစ်လည်းကောင်းပြုလုပ်၍ရောင်းချလျက်ရှိကြောင်း သိရသည်။ ပုစွန်ချဉ်ပြုလုပ်ရာအသုံးပြုသော ပုစွန်များကို ကမ်းနားဈေးမှ ဝယ်ယူကြပြီး ပုစွန်ချဉ်(၁၀)သား တစ်ထုပ်လျှင်(၁၀၀၀)ကျပ်ရှိကြောင်း၊ ပုစွန်ချဉ်များကို ကြော်၍လည်းကောင်း၊ အစိမ်းအတိုင်း သုပ်စား၍လည်းကောင်းစားသုံးကြသဖြင့်အရောင်းအဝယ်သွက်လျက်ရှိကြောင်း  ပုစွန်ချဉ်ရောင်းဝယ် သူများထံမှ သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

 

ပဲသီးတောင့်ရှည်နှင့်ကျန်းမာရေးအကျိုးကျေးဇူးများ

      ပဲသီးတောင့်သည်ရာသီစာဟင်းသီးဟင်းရွက်မဟုတ်ဘဲ တစ်နှစ်ပတ်လုံးရရှိနိုင်သော အစိမ်း ရောင်ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်သည်။ ရှင်သန်ပေါက်ရောက်ရာ ရေ၊ မြေသဘာဝနှင့်မျိုးစိတ်အပေါ် မူတည်၍ ၁၂လက်မနှင့် ၃၀လက်မအထိရှည်တတ်သည်။ ပဲသီးတွင် ဗီတာမင်အေ၊ ပရိုတင်း၊ သံဓာတ်၊ မီးစုန်း၊ သီအာမင်၊ ရီဘိုပလာဗင်နှင့် ပိုတက်ဆီယမ်တို့ ကြွယ်ဝစွာပါရှိသည့်အပြင် ဗီတာမင်စီ၊ ဖောလိတ်၊ မဂ္ဂနီဆီယမ်နှင့် မဂ္ဂနိစ်တို့စုဝေးရာ အရင်းအမြစ်လည်းဖြစ်သည်။ ထို့ကြောင့် ပဲသီးကိုအားအင်ပြည့်ဝစေ သောအစားအစာတစ်ခုအဖြစ် စားသုံးသင့်ပေသည်။ ကယ်လ်လိုရီနည်းသော အစိမ်းရောင်ဟင်းသီး ဟင်းရွက်ဖြစ်သောကြောင့် ပဲသီးကိုမှန်မှန်စားသုံးပေးခြင်းဖြင့်  ခန္ဓာကိုယ်အလေးချိန်ကို လျှော့ချနိုင် သည်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကြွယ်ဝစွာပါရှိသဖြင့် ကင်ဆာရောဂါအမျိုးမျိုးမှလည်း ကာကွယ် ပေးနိုင်သည့်အပြင် အစိမ်းရောင်ခြယ်ကလိုရိုဖီးဓာတ်မြင့်မားစွာပါ ရှိသည့်အတွက်ကင်ဆာဖြစ်စေ တတ်သောဓာတ်ကိုပိတ်ဆို့ပေးသည်။ အကင်စားသုံးသူများအနေဖြင့်လည်း ပဲသီးဖြင့်တွဲဖက်စားသုံး ပေးခြင်းဖြင့် ကင်ဆာဖြစ်ပွားမှုကိုလျော့ကျစေနိုင်သည်။ ပဲသီးစားသုံးခြင်းဖြင့် အိုမင်းရင့်ရော်မှုကို နှောင့်နှေးစေပြီး အရွယ်တင်နုပျိုစေကာ နှလုံးသွေးကြောနှင့် ဆိုင်သောရောဂါများကိုလည်း ကာကွယ် ပေးနိုင်သည်။ သွေးတိုးရောဂါ၊ အဆစ်ရောင်ဝေဒနာရောဂါ၊ အရိုးပါးရောဂါ၊ လေသင်တုန်းဖြတ်ရောဂါ၊ ဆီးချိုရောဂါ၊ သွေးအားနည်းရောဂါများမဖြစ်အောင် လည်းကာကွယ်ပေးပါသည်။ ကိုယ်ဝန်ဆောင်ရန် အစီအစဉ်ရှိသူများ၊ ကိုယ်ဝန်သည်များနှင့်ကလေး မီးဖွားပြီးသူများအနေဖြင့်ပဲသီးကို နေ့တိုင်းလိုလို စားသုံးပေးသင့်ပါသည်။ ပဲသီးတွင်ပါဝင်သော သဘာဝဗီတာမင်စီသည် ကိုယ်ခံအားစနစ်ကိုကောင်း မွန်စေပြီး အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးဆက်လွယ်သော အအေးမိခြင်း၊ တုပ်ကွေးဖြစ်ခြင်း၊ ရာသီဖျားနာခြင်းတို့မှလည်းကာကွယ်ပေးနိုင်သည်။ ပဲသီးတွင် ဖော့စ်ဖရပ်စ်(ခေါ်) မီးစုန်းဓာတ်ကြွယ်ဝ သဖြင့်သွားရောဂါအမျိုးမျိုးအတွက် ကောင်းကျိုးပြုပေးနိုင်သည့်အပြင် သဘာဝပရိုတင်းဓာတ်များက ကြွက်သားများကို သန်စွမ်းအား ကောင်းစေပြီး ဗီတာမင်အေပါဝင်သောကြောင့် မျက်စိရောဂါအမျိုးမျိုး အတွက် လွန်စွာဆေးဖက်ဝင်သည်။ နာတာရှည်သွေးအားနည်းရောဂါရှိသူများအနေဖြင့်လည်း သံဓာတ် ပါဝင်မှုများသော ပဲသီးကို မကြာခဏစားသုံးပေးသင့်ပါသည်။အချုပ်အားဖြင့်ဆိုသော် ပဲသီး(ခေါ်) ပဲတောင့်ရှည်သည် စားသုံးသူများအတွက် ဘက်ပေါင်းစုံမှဆေးဖက်ဝင်ပြီး ဘေးထွက်ဆိုးကျိုးမရှိစေဘဲ တစ်နှစ်ပတ်လုံး အလွယ်တကူရရှိနိုင်ကာ အာဟာရလည်းဖြစ်စေသောကြောင့် ပဲတောင့်ရှည်ကို စားသုံး ပေးသင့် ပေသည်။ ကျောက်ပန်းတောင်းမြို့ မြို့မစည်ပင်သာယာပျံကျဈေးတွင်ပဲသီးတောင့်ဈေးနှုန်းမှာ တစ်ပိဿာဈေးနှုန်း (၃၅၀၀)ကျပ်၊ဖြင့်အရောင်းအဝယ်ဖြစ်ကြောင်းသိရှိရသည်။

DOCA (မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း