ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသည့် ကြောင်လျှာပွင့်ခြောက်ဈေးနှုန်း

             စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ “မြို့မဈေး”သည် နေ့စဉ်ဈေးရောင်းသူများ၊ ဈေးဝယ်သူများနှင့် စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင် ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချပေးလျက်ရှိကြောင်း၊ ကြောင်လျှာပွင့်ခြောက်သည် ကန့်ဘလူမြို့ပေါ်ရပ်ကွက်များ၊ ကန့်ဘလူမြို့နယ် တောက္ကရှပ်ကျေးရွာ၊ နတ်အင်း ကျေးရွာနှင့် အခြားသောကျေးရွာများမှလည်း ဝင်ရောက်ကြောင်း သိရသည်။

            ၂၀၂၅ ခုနှစ်၊ မတ်လ စတုတ္ထပတ်အတွင်း “မြို့မဈေး”ရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသည့်  ကြောင်လျှာပွင့်ခြောက် ဈေးနှုန်းများမှာ (၁၀)ကျပ်သားလျှင်(၁၂၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင်(၆၀၀၀)ကျပ်၊ (၁)ပိဿာလျှင်(၁၀၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ကြောင်လျှာပွင့် အစိုများကို အခြောက်လှမ်းပြီး သိမ်းဆည်းထားကြောင်း၊ ယခုလိုရှားပါးချိန်တွင် ကြောင်လျှာပွင့်ခြောက်သည် လူကြိုက်များကာ ဈေးကောင်းရကြောင်း  ကုန်မျိုးစုံရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ အရောင်းအဝယ်ဖြစ်နေသော ကြက်ဆူစေ့သီးနှံဈေးနှုန်း

             စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စပါးနှင့်ဆီထွက်သီးနှံ များအပြင် ကြက်ဆူစေ့သီးနှံများလည်း စိုက်ပျိုးကြောင်း၊ ကြက်ဆူစေ့ကို ယာကွက်လွတ်များ၌လည်း ကောင်း၊ ယာခင်းဘေးပတ်လည်၌လည်းကောင်း၊ ကြဲပက်စနစ်နှင့် တန်းစိုက်စနစ်တို့ဖြင့် စိုက်ပျိုး ကြကြောင်း၊ ကြက်ဆူစေ့သီးနှံများသည် ကန့်ဘလူမြို့နယ် ကံကြီးကုန်းကျေးရွာ၊ တောက္ကရှပ်ကျေး ရွာနှင့် အခြားသောကျေးရွာများမှ ဝင်ရောက်လျက်ရှိပြီး ကြက်ဆူစေ့သည် စိုက်ပျိုးရလွယ်ကူပြီး ဈေးကောင်းရသဖြင့် စိုက်ပျိုးသူများအနေဖြင့် အပိုဝင်ငွေရရှိကာ မိသားစုအဆင်ပြေလျက်ရှိကြောင်း သိရသည်။

             ၂၀၂၅ ခုနှစ်၊ မတ်လ စတုတ္ထပတ်အတွင်း ဈေးနှုန်းမှာ ကြက်ဆူစေ့တစ်တင်းလျှင် (၃၁၀၀၀) ကျပ်၊ ကြက်ဆူစေ့ညံ့လျှင်(၃၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက် အနေဖြင့် ကန့်ဘလူမြို့နယ်မှထွက်ရှိသော ကြက်ဆူစေ့များကို ရွှေဘိုမြို့နှင့်မန္တလေးမြို့ရှိ ပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့လျက်ရှိကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ အရောင်းအဝယ်ဖြစ်နေသော ဂျင်း(ချင်း)တက်ဈေးနှုန်း

             စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဂျင်း(ချင်း)တက်များကို ရှမ်းပြည်နယ် အောင်ပန်းမြို့မှလည်းကောင်း၊ မန္တလေးမြို့မှလည်းကောင်း ဝယ်ယူရကြောင်း၊ ဂျင်း(ချင်း)တက်ကို အစားအသောက်များတွင် အရသာပိုမိုကောင်းမွန်ရန်အတွက် အသုံးပြုကြသလို၊ ဂျင်းပေါက်ပြုလုပ်သည့် လုပ်ငန်းရှင်များကလည်း ဝယ်ယူကြောင်း သိရသည်။

              ၂၀၂၅ ခုနှစ်၊ မတ်လ စတုတ္ထပတ်အတွင်း ကန့်ဘလူ“မြို့မဈေး”ရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသည့်  ဂျင်း(ချင်း)တက်ဈေးနှုန်းများမှာ လက္ကား(၁)ပိဿာလျှင်(၄၅၀၀)ကျပ်၊ လက်လီ (၁)ပိဿာလျှင်(၅၀၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း ကုန်မျိုးစုံရောင်းချသည့် လုပ်ငန်းရှင်များ ထံမှသိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲလွန်းဖြူသီးနှံဈေးနှုန်း

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စပါးနှင့်ဆီထွက်သီးနှံ များအပြင် ပဲမျိုးစုံကိုလည်းစိုက်ပျိုးကြောင်း၊ ပဲလွန်းဖြူသီးနှံများကို ကန့်ဘလူမြို့နယ် ကံကြီးကုန်း ကျေးရွာ၊ တောက္ကရှပ်ကျေးရွာနှင့် အခြားသောကျေးရွာများမှ ဝင်ရောက်လျက်ရှိကြောင်း၊  ပဲလွန်းဖြူ သီးနှံသည် စိုက်ပျိုးရလွယ်ကူပြီး ဈေးကောင်းရသဖြင့် စိုက်ပျိုးသူများအနေဖြင့် ဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

              ၂၀၂၅ ခုနှစ်၊ မတ်လစတုတ္ထပတ်အတွင်း ဈေးနှုန်းများမှာ ပဲလွန်းဖြူတစ်တင်းလျှင် (၈၀၀၀၀) ကျပ်၊အကွဲအနာပါတစ်တင်းလျှင်(၇၉၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက် အနေဖြင့် ကန့်ဘလူမြို့နယ်မှထွက်ရှိသော ပဲလွန်းဖြူသီးနှံများကို မန္တလေးမြို့ရှိ ပွဲရုံများ၊ ကုန်စည်ဒိုင် သို့တင်ပို့လျက်ရှိကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၏ မန်ကျည်းသီးမှည့် ဈေးနှုန်းဈေးကွက်

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်နေရာအနှံ့အပြားတွင် မန်ကျည်းပင်များ အလေ့ကျပေါက်ရောက်ကြောင်း၊ ကန့်ဘလူမြို့နယ်တောက္ကရှပ်ကျေးရွာ၊ နတ်ပေးကျေးရွာနှင့် မြို့ပေါ်ရပ်ကွက် များမှ လာရောက်ရောင်းချလျက်ရှိကြောင်း၊ မန်ကျည်းသီးမှည့်တွင် အစေ့ပါမန်ကျည်းသီးမှည့်နှင့် အစေ့လွတ်မန်ကျည်းသီးမှည့်ဟူ၍ နှစ်မျိုးရှိပြီး ဈေးကွက်အတွင်း အစေ့လွတ်မန်ကျည်းသီးမှည့်များ ကိုလူကြိုက်များ၍ အရောင်းအဝယ်ပိုဖြစ်ကြောင်း၊ မန်ကျည်းသီးမှည့်များကို  အကြောသင်ခြင်း၊ ထုခြင်း၊ အစေ့အသားခွဲခြားခြင်းတို့ ဆောင်ရွက်ရသည့်အတွက် အစေ့ပါမန်ကျည်းသီးမှည့်ထက် ဈေးပိုရကြောင်း သိရသည်။

            ကန့်ဘလူမြို့နယ်၌ မန်ကျည်းသီးမှည့်ကို ဝယ်ယူသည့်ပွဲရုံမရှိဘဲ ဒေသတွင်းရှိ အကြော်ဆိုင် များ၊ အကင်ဆိုင်များနှင့် စားသောက်ဆိုင်များမှ မန်ကျည်းမှည့်ဆော့ပြုလုပ်ရန် ဝယ်ယူကြကြောင်း၊ အဖျော်ရည်ဆိုင်များကလည်း အသုံးပြုကြောင်း၊ မတ်လ စတုတ္ထပတ်အတွင်း  အစေ့လွတ်မန်ကျည်း သီးမှည့်တစ်ပိဿာလျှင် ၁၁၅၀၀ကျပ်၊ (၅၀)ကျပ်သားလျှင် ၆၀၀၀ကျပ်၊ အစေ့ပါမန်ကျည်းသီးမှည့် တစ်ပိဿာလျှင် ၂၅၀၀မှ ၃၀၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း မန်ကျည်းသီးမှည့် ရောင်းချသည့် လုပ်ငန်းရှင်ထံမှ သိရသည်။

DOCA(စစ်ကိုင်း)

နာမည်ကြီး ရွှေဘိုပေါ်ဆန်းဆန် စိုက်ပျိုးထုတ်လုပ်မှုနှင့်ဈေးကွက်သို့ဖြန့်ဖြူးမှု

            မြန်မာနိုင်ငံတွင် လူကြိုက်များပြီး ဈေးကွက်တွင် အရောင်းသွက်သော ရွှေဘိုပေါ်ဆန်းဆန် သည် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းတွင် အများဆုံးစိုက်ပျိုးသည်။ ၂၀၂၄-၂၀၂၅ စိုက်ပျိုးရေးရာ သီတွင် မြို့နယ်အလိုက်စိုက်ဧကနှင့် ထွက်ရှိမှုမှာ အောက်ပါအတိုင်းဖြစ်သည်။

           ရွှေဘိုပေါ်ဆန်းဆန်များ ဒေသခံပြည်သူများက စားကြသော်လည်း ဒေသထွက် ဧရာမင်းဆန် နှင့်ရောနှောစားလေ့ရှိကြသည်။ အများစုကို တိုင်းဒေသကြီးပြင်ပသို့ တင်ပို့ရောင်းချကြသည်။ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် (၁၆၅၀၇)တန်၊ ၂၀၂၅ ခုနှစ်၊ ဇန်န္နဝါရီလတွင်(၃၇၉၉၄)တန်၊ ဖေဖော်ဝါရီလ တွင်(၃၅၇၃၆)တန်၊ မတ်လ(၂၀)ရက်နေ့အထိ( ၂၁၄၆၂)တန် ဖြစ်ကြောင်း မြေပြင်စာရင်းအရ သိရပါ သည်။

          ရွှေဘိုပေါ်ဆန်းဆန်ကို တချိန်က ပြည်ပသို့တင်ပို့နိုင်မှုမရှိခဲ့ပါ။ နောက်ပိုင်းတွင်နိုင်ငံခြားသားများ ရွှေဘိုဆန်း၏ အရသာ၊ အရည်အသွေး နှင့်၎င်း၏ တန်ဖိုးသိလာသဖြင့် လူကြိုက်များလာကြောင်း တွေ့ရသည်။ ဤအတွက်ကြောင့်လည်း ဆန်တင်ပို့မှုအားလုံး၏(၁၀)ရာခိုင်နှုန်းသည် ရွှေဘိုပေါ်ဆန်း ဆန်ဖြစ်ရန် ရည်မှန်းချက်ထားရှိကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ ဆန်ဈေးနှုန်းများအခြေအနေ

           စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မတ်လ  (စတုတ္ထ) ပတ်တွင် ဖြစ်ပေါ်နေသော စပါး/ ဆန် ဈေးနှုန်းများမှာ ရွှေဘိုခရိုင်၊ ရွှေဘိုပေါ်ဆန်း (စပါး)(သစ်)  တင်း ၁၀၀လျှင် ကျပ် ၃၆၀၀၀၀၀၊ ပေါ်ဆန်း (ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၃၅၀၀၀ ၊ ဧရာမင်း  (စပါး)(သစ်)  တင်း ၁၀၀လျှင် ကျပ် ၂၃၀၀၀၀၀ ဧရာမင်း ဆန် (သစ်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ်  ၁၁၀၀၀၀ ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရပါသည်။

             ရေဦးခရိုင်၊ ရေဦးမြို့နယ်မှ ပေါ်ဆန်း (စပါး)(သစ်)  တင်း ၁၀၀လျှင် ကျပ် ၃၆၀၀၀၀၀၊ ပေါ်ဆန်း (ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၃၅၀၀၀ ၊ ဧရာမင်း  (စပါး)(သစ်)  တင်း ၁၀၀လျှင် ကျပ် ၂၃၀၀၀၀၀ ဧရာမင်း ဆန် (သစ်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ်  ၁၁၀၀၀၀ အရောင်း အဝယ်ဖြစ်နေကြောင်း သိရပါသည်။

           ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး)(ဟောင်း) တင်း၁၀၀ လျှင် ကျပ် ၂၇၀၀၀၀၀ ၊ဧည့်မထ (ဆန်)(ဟောင်း) ‌၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၈၅,၀၀၀၊ ဧည့်မထ(စပါး)(သစ်) တင်း၁၀၀ လျှင် ကျပ် ၁၇၀၀၀၀၀ ၊ဧည့်မထ (ဆန်)(သစ်) ‌၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၆၈,၀၀၀၊ ငစိန်(စပါး) (ဟောင်း) တင်း၁၀၀လျှင် ကျပ်၂၀၀၀၀၀၀ ၊ ငစိန် (ဆန်)(ဟောင်း)၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၇၅,၀၀၀၊ ဧရာမင်း(စပါး)(ဟောင်း) တင်း ၁၀၀ လျှင် ကျပ် ၃,၀၀၀,၀၀၀၊ ဧရာမင်း(ဆန်)(ဟောင်း) ၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၁၂၀၀၀၀၊ ဧရာမင်း(စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ် ၂၁,၀၀,၀၀၀၊ ဧရာမင်း(ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၈၃၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါ သည်။

          ကသာခရိုင်၊ အင်းတော်မြို့နယ်မှ ဆင်းဧကရီ(၃)(စပါး)(ဟောင်း)  တင်း၁၀၀ လျှင် ကျပ် ၂,၀၀၀,၀၀၀၊ ဆင်းဧကရီ-၃ ဆန်  ၂၄ပြည်တစ်အိတ်မှာ ကျပ် ၉၁,၀၀၀၊ ဆင်းဧကရီ(၃)(စပါး)(သစ်)  တင်း၁၀၀ လျှင် ကျပ် ၁၆,၀၀,၀၀၀၊ ဆင်းဧကရီ-၃ ဆန်(သစ်)  ၂၄ပြည်တစ်အိတ်မှာ ကျပ် ၈၀,၀၀၀၊ ဧရာမင်း(စပါး) (ဟောင်း) တင်း ၁၀၀လျှင် ကျပ် ၂၈၀၀၀၀၀၊ ဧရာမင်း (ဆန်)(ဟောင်း) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၃၂၀၀၀    ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

 

             မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)(ဟောင်း) တင်း ၁၀၀ လျှင် ကျပ် ၂၈၅၀,၀၀၀၊  ဧရာမင်း (ဆန်)(‌ဟောင်း) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၁၃၅၀၀၀၊ ဧရာမင်း (စပါး) (သစ်) တင်း ၁၀၀ လျှင် ကျပ် ၂၄၅၀၀၀၀၊ ဧရာမင်း ဆန် (သစ်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၂၀၀၀၀ ၊ ရွှေဘိုပေါ်ဆန်း(စပါး)(သစ်)  တင်း ၁၀၀ လျှင် ကျပ် ၃၆၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၁၃၅၀၀၀၊ မနောသုခ (စပါး)(သစ်)တင်း ၁၀၀ လျှင် ကျပ် ၁၈၀၀,၀၀၀၊  မနောသုခ (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၈၀၀၀၀၊ ရွှေဝါထွန်း (စပါး)(သစ်)တင်း ၁၀၀ လျှင် ကျပ် ၂၁၀၀၀၀၀၊  ရွှေဝါထွန်း (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၈၅၀၀၀၊ ရွှေသွယ်ရင်  (စပါး)(သစ် ) တင်း ၁၀၀ လျှင် ကျပ် ၁၈၀၀,၀၀၀၊  ရွှေသွယ်ရင် (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၇၈၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှထုတ်ပြန်သည့် စိုက်ပျိုးသူတောင်သူများ အပါအဝင် ကုန်သွယ်ရောင်းဝယ်သို လှောင်ကြသူများအထိ သင့်တင့်မျှတသော ရည်ညွှန်းဈေးနှုန်းများ အ‌ပေါ်မူတည်၍ ယခု မတ်လ စတုတ္ထပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စပါး/ ဆန် ဈေးနှုန်းများမှာ  ယခင်အပတ်အတိုင်း ဈေးနှုန်းတည်ငြိမ်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဟင်္သာတမြို့နယ်၌ ပဲလွမ်းဖြူဈေးကွက်အရောင်းအဝယ်သွက်၍ ဒေသစီးပွားရေးတိုးတက်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် လတ်တလောအချိန်အတွင်း ပဲလွမ်းဖြူအရောင်းအဝယ်လုပ်ငန်းများ သွက်လာပါတယ်။ မတ်လဒုတိယပတ်မှ စတင်ကာ မတ်လ ၂၁ ရက်အထိ ပဲလွမ်းဖြူဈေးကွက်အတွင်း ဝယ်ယူမှုတိုးလာမှုကြောင့် အရောင်းအဝယ်လုပ်ငန်း ကောင်း လာတာကို တွေ့ရပါတယ်။ လက်ရှိတွင် ဒေသအတွင်း ပဲလွမ်းဖြူအသစ်များမှာ မထွက်ရှိသေးသော် လည်း ယခင်သိမ်းဆည်းထားသော ဆောင်းသီးနှံ ပဲလွမ်းဖြူများကို အဓိကအရောင်း အဝယ် လုပ်ကိုင် နေခြင်း ဖြစ်ပါတယ်။ ဈေးနှုန်းအနေဖြင့် ပဲလွမ်းဖြူ ၂၄ ပြည်ဝင် တစ်အိတ်သည် ယခုအချိန်တွင် ကျပ် ၁၂၉၅၀၀ ခန့်ပေါက်ဈေးရှိနေပြီး ယင်းပဲလွမ်းဖြူအပြင် မတ်ပဲ၊ ပဲတီစိမ်း၊ ပြောင်း၊ စပါးနှင့် ဆန်စသည့် ထုတ်ကုန်များကိုလည်း ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိသည်။

DOCA(ဧရာဝတီ)

 

စစ်ကိုင်းတိုင်းဒေသကြီး၏ မြေပဲသီးနှံ ဈေးကွက်ဈေးနှုန်း အခြေအနေ

            မြေပဲသီးနှံကို စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလ များတွင် စိုက်ပျိုးကြပြီး ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်၊ ဧပြီလ များတွင်ထွက်ရှိသည့်အတွက် ယခုအချိန်သည် မြေပဲသီးနှံထွက်ရှိသည့် ကာလဖြစ်ပါသည်။ စိုက်ပျိုးရာသီအနေဖြင့် မိုးနှင့် ဆောင်းရာသီများတွင် စိုက်ပျိုးကြလေ့ရှိသော်လည်း စစ်ကိုင်းတိုင်းဒေသကြီးတွင် ဆောင်းမြေပဲကိုသာ အစိုက်များကြောင်း သိရှိရပါသည်။

            စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြေပဲသီးနှံကို မုံရွာ၊ စစ်ကိုင်း၊ ကလေး၊ ကနီ၊ မင်းကင်း စသည့်မြို့နယ်အသီးသီးတို့တွင် စိုက်ပျိုးကြောင်းသိရှိရပြီး ရန်ကုန်ကုန်စည်ဒိုင်မှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့နိုင်သည့် နိုင်ငံခြားဝင်ငွေရသည့် သီးနှံတစ်မျိုးလည်းဖြစ်ပါသည်။

             စစ်ကိုင်းတိုင်းဒေသကြီးတွင် မြေပဲစိုက်ဧက (၉၄၄၄၅၄) ဧက ရှိပြီး အထွက်နှုန်းအနေဖြင့် တစ်နှစ်လျှင် (၄၇၂၂၂၇၀၀) တင်းထွက်ရှိကြောင်းသိရှိရသည်။ ယခုနှစ် မြေပဲလုံးဆံနီ ဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ်(၈၃၀၀)၊ မြေပဲလုံဆံဖြူဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ်(၈၆၀၀) ဖြစ်ပြီး မြေပဲလုံးဆံနီ တစ်တင်းဈေးနှုန်းမှာ ကျပ်(၁၃၂,၈၀၀)၊ မြေပဲလုံးဆံဖြူတစ်တင်းဈေးနှုန်းမှာ ကျပ် (၁၃၇,၆၀၀)ဖြစ်ရာ ယခင်နှစ် ကာလတူ ဈေးနှုန်းနှင့် နှိုင်းယှဉ်လျှင် မြေပဲလုံးဆံနီ တစ်ပိဿာ ဈေးနှုန်းမှာ ကျပ် (၇၀၀၀)၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ ဈေးနှုန်းမှာ ကျပ်  (၆၄၀၀) ကျပ်ဖြစ်ရာ ယခုနှစ်တွင် မြေပဲလုံးဆံနီ တစ်ပိဿာလျှင် ကျပ်(၁၃၀၀)၊ မြေပဲလုံးဆံဖြူတစ်ပိဿာလျှင် ကျပ် (၂၂၀၀)ခန့် ဈေးနှုန်းမြင့်တင်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ပန်းတနော် ကွမ်းသီးခြောက်ဈေးကွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်မှ ထွက်ရှိသော ကွမ်းသီးခြောက်များကို ရန်ကုန် ဈေးကွက်သို့ တင်ပို့ရောင်းချမှုများ တိုးတက်လာခဲ့ပါတယ်။ အထူးသဖြင့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ အတွင်းတွင် ကွမ်းသီးခြောက်ပိဿာချိန် ၇၅၀၀၀ ထိ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ယခင် ဇန်နဝါရီလအတွင်း၌ တင်ပို့ရောင်းချမှုမှာ ပိဿာ ၆၅၀၀၀ သာရှိခဲ့သဖြင့် တင်ပို့ပမာဏမှာ တစ်လ အတွင်းအနေဖြင့် သိသာစွာ တိုးတက်လာသည်ကိုလည်းတွေ့နိုင်ပါတယ်။ ဈေးကွက်သို့ တင်ပို့ ထား သော ကွမ်းသီးခြောက်များသည် အရည်အသွေးကောင်းမွန်မှုကြောင့် ဝယ်လိုအားများနေပြီး၊ ရန်ကုန် ဈေးကွက်တွင်လည်း နေ့စဉ်အမှာစာများ ဆက်တိုက်ရရှိနေပါတယ်။ ထို့ကြောင့် ပန်းတနော် မြို့နယ်မှ ထုတ်လုပ်သော ကွမ်းသီးခြောက်များကို ရန်ကုန်အပြင် အခြားဒေသဈေးကွက်များသို့လည်း တင်ပို့ ရောင်းချနိုင်ရေးကိုလည်း ဆက်လက်လုပ်ဆောင်နေကြကြောင်းကိုလည်း သိရှိရပါတယ်။ ဈေးနှုန်း အနေဖြင့် ကွမ်းသီးခြောက်တစ်ပိဿာလျှင် ငွေကျပ် ၂၂၀၀၀ အထိရောင်းချနိုင်ပြီး၊ ဈေးကွက်အရောင်း အဝယ်ကောင်းမွန်လာမှုသည် ဒေသတွင်းစိုက်ပျိုးရေးလုပ်ငန်းရှင်များ၊ ကုန်သည်များနှင့် ပွဲရုံလုပ် ငန်းရှင်များ ၏ အလုပ်အကိုင်အခွင့်အလမ်းများကို တိုးတက်စေသည့်အပြင် ကွမ်းသီးညှပ်လုပ်သား များ နှင့် ကုန်တင်ကုန်ချလုပ်သားများအတွက်လည်း အသက်မွေးဝမ်းကြောင်း ပိုမိုတည်ငြိမ်လာစေ ကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။  

DOCA(ဧရာဝတီ)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း