တန်ဆောင်မုန်းလစပျစ်သီးစျေးအနည်းငယ်တက် 

Powered by Drupal

             တန်ဆောင်မုန်းလရာသီအခါသမယ မန္တလေးသစ်သီးစျေးကွက်သို့  စပျစ်သီးဝင်ရောက်မှု လျော့နည်းလာသည့်အတွက် စျေး အနည်းငယ်မြင့်တက်သွားကြောင်းသိရှိရပါသည်။   ၂၀၂၅  ခုနှစ် နိုဝင်ဘာလပထမပတ်အတွင်း   စပျစ်သီး‌စျေး တစ်ပိဿာလျှင် စပျစ်သီးအလုံးဝိုင်း (ကြီး)    ၁၅၀၀၀  ကျပ်   နှင့် ၁၈၀၀၀ကျပ်၊ စပျစ်သီးအချွန်မျိုး ၁၀၀၀ဝကျပ်  နှင့် ၁၁၀၀၀ ကျပ်၊စပျစ်သီး (လုံးသေး) ၈၀၀၀ ကျပ် နှင့် ၉၅၀၀ ကျပ် စျေးတို့ဖြင့် ရောင်းချလျက်ရှိပြီး၊ စပျစ်သီးမှာ တန်ဆောင်မုန်းလရာသီ အခါသမယတွင် အရောင်းသွက်လျက်ရှိကြောင်း မန္တလေးစျေးချိုရှိသစ်သီး ရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(မန္တလေး)