ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

  ပရိုတင်းဓာတ်ကြွယ်ဝသောကြက်ဥ၏အာဟာရ

           လူအများစုသည် ကြက်ဥပြုတ်ကို အများအားဖြင့် နံနက်စာအဖြစ် စားသုံးကြကြောင်း၊ ကြက်ဥသည်မြေဓာတ်နှင့် ရေဓာတ်မျှတမှုရှိပြီး စွမ်းအင်ပေးကြောင်း၊ အာဟာရဓာတ်ပြည့်ဝသော အစားအစာတစ်မျိုးဖြစ်ပြီး ပရိုတင်းဓာတ်ကြွယ်ဝသောကြောင့် ခန္ဓာကိုယ်အတွက် ကြွက်သား များတည်ဆောက်ခြင်း၊  ပြုပြင်ခြင်းနှင့် ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ်များအတွက် အကျိုးပြုပြီးသော ကြောင့် ကလေးမှသည် လူကြီးအထိ သတ္တုဓာတ်များ ပါဝင်သောကြောင့် စားသုံးသင့်ကြောင်း၊ ပရိုတင်းဓာတ်ကြွယ်ဝသော ကြက်ဥကိုစားသုံးခြင်းသည် ကြွက်သားများသန်မာစေသောကြောင့်  အားကစားသမားများအတွက် အကောင်းဆုံးအစားအစာတစ်ခုဖြစ်ကြောင်း၊ ကိုလင်းဓာတ်ပါဝင် သောကြောင့် ဦးနှောက်နှင့် အာရုံကြောစနစ်ကျန်းမာရေးအတွက် အထောက်အကူပြုကြောင်း၊ ဗီတာမင်အေ၊ ဗီတာမင်ဒီနှင့် ဇင့်ဓာတ်တို့ပါဝင်သောကြောင့် ကိုယ်ခံအားကိုမြှင့်တင်ပေးကြောင်း၊ဗီတာမင်ဒီကြွယ်ဝ၍ အရိုးများသန်မာစေကြောင်း၊ အာဟာရဓာတ်များစွာပါဝင်သော အစားအစာ တစ်ခုဖြစ်ပြီး နေ့စဉ်စားသုံးပါက ပရိုတင်းဓာတ်ကြွယ်ဝကြောင်းလေ့လာဖတ်ရှု့ရသည်။ မြင်းခြံမြို့၊ အေးမြသီတာဈေး၌ရောင်းချနေသော ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလပထမပတ်တွင်ကြက်ဥတစ်ပိဿာလျှင်(၁၂၀၀၀) ကျပ်ပိဿာခန့်ပေါက်ဈေးများဖြင့်‌ ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

DOCA (မန္တလေး)

ဂွေးသီး၏ကျန်းမာရေးအကျိုးကျေးဇူးများ

           ဂွေးသီးပင်များသည် နှစ်ရှည်အပင်အမျိုးအစားဖြစ်ပြီး မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် ပေါက်ရောက်၍ အသီးကိုစားသုံးနိုင်သောအပင်ဖြစ်ပြီး ပန်းပွင့်သည်အဖြူရောင်ဖြစ်၍ အပင်အမြင့် မှာ ပေ(၃၀-၄၀)ခန့်အထိရှိ‌ကြောင်း၊ ဝင်ငွေရစီးပွားဖြစ်သောအပင်ဖြစ်ပြီး  ကျန်းမာရေးအတွက် လည်း ဆေးဖက်ဝင်သော အပင်ဖြစ်ကြောင်းသိရှိရသည်။ ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးသော ဗီတာ မင်စီကြွယ်ဝစွာပါဝင် သဖြင့်အဆုတ်နှင့် အာရုံကြောများကိုအားကောင်းစေကြောင်း၊ သံဓာတ် ပါဝင်မှုကြောင့် သွေးအားနည်းခြင်းရောဂါကို ကာကွယ်ပေးကြောင်း၊ အသားအရေ နူးညံ့ချောမွတ်စေ၍ နှလုံးနှင့် သွေးလည်ပတ်မှုကောင်းမွန်စေသလို သွေးဖိအားကိုလည်း ထိန်းညှိပေးကြောင်း၊ အမျှင်ဓာတ်နှင့် Antioxidant များပါဝင်သောကြောင့် ခန္ဓာကိုယ်ထဲရှိ အညစ်အကြေးနှင့် အဆိပ်အတောက်များ ကိုဖယ်ရှားပေးကြောင်း၊ ဂွေးသီးသည် ကယ်လ်ဆီယမ်ဓာတ်ကြွယ်ဝစွာပါဝင်၍  အရည်ရွှမ်းပြီး အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်သဖြင့် သွေးလည်ပတ်မှုကိုကောင်းမွန်စေကြောင်း၊ အသီးတွင် အမျှင်ဓာတ် ကြွယ်ဝစွာပါဝင်သဖြင့် အစာအိမ်နှင့် အူလမ်းကြောင်း အတွက်ကောင်းမွန် ကြောင်း၊ အညာ‌ဒေသဖြစ်သော မြင်းခြံမြို့တွင်ဂွေးသီးများကို အသုပ်၊ အထောင်းများပြုလုပ်၍ ပြုလုပ်၍စားသုံးကြသလို ဂွေးသီးငပိချက်၊ ဂွေးသီးမြေပဲဆံချက်နှင့် ဂွေးသီးဝက်သားချက်များအဖြစ် ချက်ပြုပ်စားသုံးကြာင်း သိရှိရသည်။

DOCA (မန္တလေး)

ပန်းတနော် မြို့နယ်မှ ထွက်ရှိသော အောက်တိုဘာလ ဆန်နှင့် ဆန်ကွဲများ ရန်ကုန် စီးထွက်မှု အခြေအနေ

  ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် အနေဖြင့် မြို့နယ်များအပါအဝင် ၁၅တန်နှင့်အထက် ဆန်စက်အလုံးရေ (၁၈)လုံး ရှိပြီး စပါးကြိတ်ခွဲထွက်ရှိမှုမှ ဆန်များကို ရန်ကုန်တိုင်းဒေသကြီးသို့ အဓိကထား၍ စီးထွက်လျက်ရှိပြီး  ရန်ကုန်မှတဆင့် အခြားဒေသများသို့ နေ့စဉ် ပုံမှန် (စီးထွက်) လျက်ရှိကြောင်း သိရသည်။

   ပန်းတနော် မြို့နယ်အနေဖြင့်  ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁လအတွင်း ဆန်တင်ပို့မှုအနေဖြင့်  ၁၃၆၇၂ အိတ်၊ တန်အားဖြင့် ၆၈၄ တန်နှင့်  ဆန်ကွဲအနေဖြင့် ၄၁၀၉ အိတ်၊ တန်အားဖြင့်၂၀၅ တန် တင်ပို့နိုင်ခဲ့ပြီး ယခင်လနှင့် တင်ပို့မှု အနေဖြင့် ဆန် ၁၂၂၈၁  အိတ် နှင့် ၊ ဆန်ကွဲ ၅၅၀၀  အိတ် တင်ပို့ခဲ့ကြောင်း ယခုလအနေဖြင့် ဆန်အိတ် ၁၃၉၁ အိတ် ပိုမို တင်ပိုခဲ့ကြောင်းနှင့်  ဆန်ကွဲ ၁၃၉၁ အိတ် လျော့နည်း တင်ပို့နိုင်ခဲ့ကြောင်း ပန်းတိုင်စစ်ဆေးရေးဂိတ်စာရင်းများအရ သိရသည်။

  ဆန်များကို ရန်ကုန်သီလဝါ ဆိပ်ကမ်း၊ သံလျင်မြို့၊ ဆူးလေဆိပ်ကမ်း၊ ရွှေပြည်သာမြို့၊ ကျိုက်ဝိုင်းဈေး မရမ်းကုန်းမြို့၊ ကားကြီးဝန်း ဘုရင့်နောင်မြို့၊ ဇုန်-၃ လှိုင်သာယာမြို့ တို့သို့ လည်းကောင်း ဆန်ကွဲများကို စက်မှုဇုန်လုပ်ငန်းများသို့လည်းကောင်း နေ့စဉ်တင်ပို့လျက် ရှိကြောင်း သိရသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့နယ်မှ ထွက်ရှိသော ဆန်/ဆန်ကွဲ အောက်တိုဘာလ ရန်ကုန် တင်ပို့နှိုင်မှုနှင့် အခြားမြို့နယ် စီးထွက်မှု အခြေအနေ

  မအူပင်ခရိုင်၊ မအူပင်မြို့နယ်မှ စိုက်ပျိုးထွက်ရှိသော စပါးများကို ဆန်စက်(၁၉)စက်မှ ကြိတ်ခွဲပြီး ထွက်ရှိလာသော ဆန်/ဆန်ကွဲများကို ရန်ကုန်သို့ အဓိကထားတင်ပို့လျက်ရှိပါသည်။ ၂၀၂၅ခုနှစ် အတွင်း အောက်တိုဘာလ ၁လအတွင်း ဆန်တင်ပို့မှု ၁၄၇၇၅ အိတ်နှင့် တန်အားဖြင့် ၇၃၉ အိတ်၊  ဆန်ကွဲအနေဖြင့် ၇၄၈၉ အိတ်၊ တန်အားဖြင့် ၃၇၅ တန်၊ ယခင်လတင်ပို့မှုမှာ ဆန်အိတ် ၁၃၃၄၃ အိတ်၊ ဆန်ကွဲ အိတ် ၆၄၃၁ အိတ်  နှိုင်းယှဉ်တင်ပို့မှုမှာ ဆန် ၁၄၃၂ အိတ် တိုးမြင့်တင်ပို့ပြီး ဆန်ကွဲအနေဖြင့်  ၁၀၅၈ အိတ် ပိုမို တင်ပို့ကြောင်း တွေ့ရှိရသည်။ 

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူမြို့နယ် အနေဖြင့် ဆန်စက် ၁၉ စက်ရှိပြီး ဒေသထွက်ရှိသော ဆန်နှင့် ဆန်ကွဲများကို ရန်ကုန်မြို့ သီလဝါဆိပ်ကမ်း၊ သံလျင်မြို့၊ ဆူးလေဆိပ်ကမ်း ပန်းပဲတန်းမြို့၊ Asiaworld ဆိပ်ကမ်းအလုံမြို့၊ ဇုန်-၂ ရွှေပြည်သာမြို့၊ ကျိုက်ဝိုင်းဈေး မရမ်းကုန်းမြို့၊ ကားကြီးဝန်း ဘုရင့်နောင်မြို့၊ ဇုန်-၃ လှိုင်သာယာမြို့၊ ယုဇန ၂လမ်း၊ ဘုရင့်နောင်မြို့၊ ၁ရပ်ကွက်မရမ်းကုန်းမြို့၊ ကျိုက်ဝိုင်းဈေး၊ မရမ်းကုန်းမြို့၊ ပဲခူးဈေးကြီး၊ ပဲခူးမြို့၊ သုဇနလမ်း၊ ထောက့်မြို့၊ ရွှေလင်ပန်းစက်မှု ဇုန်လှိုင်သာယာမြို့၊ ပိတောက်လမ်း ဘုရင့်နောင်၊ AWPT ဆိတ်ကမ်းအလုံမြို့ တို့သို့ တင့်လျက်ရှိကြောင်း သိရှိရပါသည်။

  အခြားမြို့နယ်တင်ပို့မှု အနေဖြင့် အောက်တိုဘာလ ဆန် ၁၆၆၇၅၀ အိတ်၊ ဆန်ကွဲ ၅၃၂၄၀ အိတ် နှင့် ယခင်လက ဆန် ၁၈၈၂၀၀အိတ်၊ ဆန်ကွဲ ၇၃၂၅၀ အိတ် ကို ယခုလ ၂၁၄၅၀အိတ်၊ ဆန်ကွဲ ၂၀၀၁၀အိတ် လျောနည်းတင်ပို့ ကြောင်းတွေ့ရှိရပြီး လျော့နည်းရခြင်းမှာ ဒေသထွက် စပါးများ ထွက်ရှိမှု နည်းပါးသေးသဖြင့် မိုးလေဝသအခြေအနေများကြောင့် စပါးအခြောက်လှန်းရန် လိုအပ်နေသေးသောကြောင့် မြို့နယ်တွင်း ဆန်/ဆန်ကွဲအကျန်များကို တင်ပို့ခြင်းဖြစ်ကြောင်း မြို့နယ်ကုန်သည်များထံမှ သိရသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့နယ်ဒေသထွက် ပြုလုပ်ရောင်းချနေသော ငါးငပိ ဈေးနှုန်း

  ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် တွင် မြစ်ချောင်းများမှ ဖမ်းယူရရှိသော ငါးများကို ငါးပိပြုလုပ်၍ မြို့နယ်အတွင်း ရောင်းချလျက်ရှိပါသည်။ ထွက်ရှိသော ငါးပိများမှ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်း စေရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် ဇာနများမှ ကွင်းဆင်း ကြပ်မတ်ဆောင်ရွက်လျက်ရှိပါသည်။

   ငါးများကို မြို့နယ်အတွင်းမှ ထွက်ရှိသော ရေချိုငါးများဖြင့် ပြုလုပ်ကြောင်း လုပ်ငန်းရှင်က ရှင်းပြသည်။  အဆိုပါ ငါးကုန်ကြမ်းများကို ဆားနှင့်နယ်ပြီး ထမင်းဖြင့်အချဉ်သိပကြာ အိုးထဲတွင် (၄-၅) လခန့် သိုလှောင်ရပြီး ထွက်ရှိလာသော ငါးပိများကို မြို့နယ်အတွင်းသို့ ရောင်းချကြောင်း၊ ငါးပိကို အကောင်သေးပြုလုပ်ရာတွင် ငါးခုံးမ၊ ငါးဘဲငါးလေးများဖြင့် ပြုလုပ်ပြီး၊ ငါးအကောင်ကြီး ငါးပိကို ငါးရံ့ဖြင့် ပြုလုပ်ကြောင်း’၊ ဈေးကွက်အတွင်းသို့ ရောင်းချသည့်အခါ နိုဝင်ဘာလဈေးအနေဖြင့် ငါးအကောင်သေး ငပိ ၁ပိဿာ ၇၀၀၀-၈၀၀၀ကျပ်၊ ငါးအကောင်းကြီး ၁ပိဿာ ၁၀၀၀၀-၁၂၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး ယခင် လများဖြစ်သော ဩဂုတ်၊ စက်တင်ဘာလများက ငါးပိဈေးနှုန်းများမှာ အကောင်သေး ၁ပိဿာ ၄၀၀၀-၅၀၀၀ကျပ်နှင့် အကောင်ကြီး ၁ပိဿာ ၈၀၀၀ကျပ် သာရှိပြီး ယခုရောင်းချသော ငါးပိများမှာ ဧပြီလသိပ်ငါးများကို ထုတ်ယူရောင်းချ၍ ဈေးကောင်းမွန်လျက်ရှိ ကြောင်း ဈေးကွက်အတွင်းနှင့် ငါးပိလုပ်သူလုပ်ငန်းရှင်ထံမှ သိရသည်။ ဈေးကွက်အတွင်းရောင်းချနေ‌သော ငါးပိများကို မိတ်ဖက်ဌာနများနှင့်အတူ ကွင်းဆင်းစစ်ဆေး၍ နမူနာ ယူစစ်ဆေးခြင်း၊ ဓါတုကင်းစင်စွာ အသုံးပြုရောင်းချနိုင်ရေး စစ်ဆေးဆောင်ရွက်ခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

DOCA (ဧရာဝတီ)

သထုံခရိုင်၏ ဆန်စပါးစျေးနှုန်းနှင့် စီးဝင်/စီးထွက်မှု အခြေအနေ

     သထုံခရိုင်အတွင်းရှိမြို့နယ်များတွင် နိုဝင်ဘာလ၏ ပထမအပတ်တွင် စပါး၊ ဆန် စျေးနှုန်းမှာ တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။ သထုံခရိုင်အတွင်းမှ အခြားတိုင်း ဒေသကြီး နှင့် အခြားခရိုင်မြို့နယ်များသို့ ဆန်စီးထွက်မှုနှုန်းမှာ မော်လမြိုင်သို့ (၂၀၀) အိတ်ခန့်၊ ကရင် ပြည်နယ်သို့  (၂၀၀) အိတ်ခန့်၊ စုစုပေါင်း (၄၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၁၂) တန် စီးထွက်ခဲ့ပါသည်။ ယခုနိုဝင်ဘာလ၏ ပထမအပတ်တွင် မော်လမြိုင်သို့ (၂၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၂၀၀) အိတ်ခန့်၊ စုစုပေါင်း (၄၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၀၇)တန်ခန့် စီးထွက်ခဲ့ပြီး ယခင်နောက်ဆုံးအပတ်နှင့် နှိုင်းယှဥ်ပါက အနည်းငယ်လျော့၍ စီးထွက်ခဲ့ပါသည်။

     သထုံခရိုင်အတွင်းသို့ အောက်တိုဘာလ၏ နောက်ဆုံအပတ်တွင် ဆန်စီးဝင်မှုနှုန်းမှာ ရန်ကုန်တိုင်းဒေသကြီးမှ (၁၉၀၀) အိတ်ခန့်၊  ပဲခူးတိုင်းဒေသကြီးမှ (၁၀၀) အိတ်ခန့်၊ စုစုပေါင်း (၃၈၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၁၈၃) တန်ခန့်စီးဝင်ခဲ့ပြီး ယခုနိုဝင်ဘာလ၏ ပထမအပတ်တွင် ရန်ကုန်တိုင်းဒေသကြီးမှ (၁၈၀၀) အိတ်ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ (၁၉၀၀) အိတ်ခန့်၊ စုစုပေါင်း (၃၇၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၁၇၈) တန်ခန့် စီးဝင်ခဲ့ပြီး သထုံခရိုင်အတွင်းသို့ ဆန်စီးဝင်မှုနှုန်းမှာ ယခင်နောက်ဆုံးအပတ်နှင့်နှိုင်းယှဥ်ပါက အနည်းငယ် လျော့ စီးဝင်ခဲ့ပါသည်။

      သထုံခရိုင်အတွင်း၌ ယခုနိုဝင်ဘာလ၏ ပထမအပတ်တွင် စပါး၊ ဆန်စျေးနှုန်းများ မှာ စပါးတင်း (၁၀၀) လျှင် ဒေသပေါက်စျေး ကျားပျံဟိုတယ် (၂၇၅၀၀၀၀ိ/-) ခန့်၊ ပေါ်ဆန်းဝါ    (၂၄၅၀၀၀၀ိ/-)ခန့်၊ ကမာကြည် (၁၀၀၀၀၀ိ/-) ခန့်၊ ဧည့်မထ (၁၂၅၀၀၀၀ိ/-) ခန့်နှင့် (၂၄) ပြည် ဝင်ဆန် တစ်အိတ်လျှင် ကျားပျံဟိုတယ် (၁၂၅၀၀၀ိ/-) ခန့်၊ ပေါ်ဆန်းဝါ (၁၂၀၀၀၀ိ/-) ခန့်၊   ကမာကြည် (၇၈၀၀၀ိ/-) ခန့်၊ ဧည့်မထ (၅၅၀၀၀ိ/-) ခန့်ရှိပြီး ယခုအပတ်တွင် စပါး၊ ဆန် စျေးနှုန်းမှာ တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

                 DOCA (မွန်)

 

 

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်တွင်ဖြစ်ပေါ်နေသော အောင်သပြေငုတ်ဈေးနှုန်း

   ရွှေဘိုမြို့ရှိ ဈေးများတွင် ရာသီအလိုက်ပေါ်သည့် ပန်းများအပြင် အထားလည်းခံ၊ အကြမ်း လည်းခံသည့် အောင်သပြေငုတ်များကိုရောင်းချလျက်ရှိရာ အောင်သပြေငုတ်များကို မန္တလေးတိုင်း ကျောက်ဆည်ခရိုင်တွင် စိုက်ပျိုးပြီး ရွှေဘိုမြို့မှ သယ်ယူရောင်းချကြကြောင်း၊ ရွှေဘိုမြို့တွင် အောင်သပြေငုတ်များကို လိုက်ထရပ်ကားဖြင့်လည်းကောင်း၊ ဆိုက်တွဲဖြင့်လည်းကောင်း လူစည် ကားသည့် နေရာများတွင်ရောင်းချလျက်ရှိကြောင်း၊ အောင်သပြေငုတ်ကို ရွှေဘိုမြို့တွင်းအပြင် မြို့ ၏ အနီးတဝိုက်ဖြစ်သည့် ကျေးရွာများ၊  ရေဉီး၊ ခင်ဦးမြို့မှလည်း ပြန်လည်ရောင်းချရန် ဝယ်ယူ ကြောင်း၊ အပင်အလုံးပတ် အကြီးအသေးပေါ်မူတည်ပြီး ရောင်းချကြကြောင်း၊ အောင်သပြေငုတ်ကို အပင်(၁)ပင်မှစ၍ အစည်းလိုက်လည်း ဝယ်ယူ၍ရကြောင်း၊ ၂၀၂၅ခုနှစ် ၊ နိုဝင်ဘာလ (ဒုတိယ) ပတ်တွင်ဖြစ်ပေါ်နေသော အောင်သပြေငုတ် ဈေးနှုန်းမှာ  လက်သန်းလုံးခန့် အောင်သပြေငုတ် (၁) ပင်လျှင် (၂၀၀ဝိ/-)ကျပ်ဖြင့်ရောင်းချပြီး ထိုထက်ပို၍ကြီးပါက  (၃၀၀ဝိ/-)ကျပ်၊ (၅၀၀ဝိ/-) ကျပ်၊ (၈၀၀ဝိ/-) ကျပ်ဖြင့် ရောင်းချကြပြီး ပို၍ရင့်ပြီး လုံးပတ်ပိုကြီးပါက (၁၅၀၀ဝိ/-) ကျပ်ထိ ဈေးနှုန်းဖြင့် ရောင်းချရကြောင်း  ဈေးနှုန်းအနည်းငယ်မြင့်တက်ရခြင်းမှာ သယ်ယူစရိတ်မြင့်မားခြင်းကြောင့် ပန်းဈေးနှုန်းမှာ အနည်းငယ်မြင့်တက်လျက်ရှိကြောင်း အောင်သပြေငုတ် ရောင်းချသည့် ဈေးဆိုင် ထံမှ သိရှိရပါသည်။ရွှေဘိုမြို့ပေါ်ရှိ ဈေးများ၊ လမ်းဆုံလမ်းခွများတွင် ဘုရားပန်းများကိုရောင်းချလျက်ရှိရာ ရာသီအလိုက်ပေါ်သည့်ပန်းများအပြင် အောင်သပြေငုတ်များကိုလည်း ရောင်းချလျက်ရှိပါသည်။     ဘုရားပန်းတစ်မျိုးဖြစ်သည့် အောင်သပြေငုတ်များမှာ ဘုရားပန်းအိုးထိုးရာတွင် ရက်တာရှည်စွာ အထာခံသဖြင့် အောင်သပြေငုတ်ကို ပို၍လူကြိုက်များကြောင်း၊ အောင်သပြေငုတ်ကို (၃)ရက်(၁)ခါ ဘုရားပန်းအိုး ရေလဲပေးလျှင် ပို၍အထားခံကြောင်း၊ အောင်သပြေငုတ်ကို မန္တလေးတိုင်း၊ ကျောက်ဆည် ခရိုင်တွင် စိုက်ပျိုးပြီး ရွှေဘိုမြို့မှ သယ်ယူရောင်းချကြောင်း၊ ရွှေဘိုမြို့တွင် အောင်သ ပြေငုတ်များကို လိုက်ထရပ်ကားဖြင့်လည်းကောင်း၊ ဆိုက်တွဲဖြင့်လည်းကောင်း လူစည်ကားသည့် နေရာများတွင်ရောင်းချလျက်ရှိကြောင်း၊ အောင်သပြေငုတ်ကို ရွှေဘိုမြို့တွင်းအပြင်မြို့၏အနီး တဝိုက်ဖြစ်သည့် ကျေးရွာများ၊  ရေဉီး၊ ခင်ဦးမြို့မှလည်း ပြန်လည်ရောင်းချရန် ဝယ်ယူကြောင်း၊ အပင်အလုံးပတ်အကြီးအသေးပေါ်မူတည်ပြီး ရောင်းချကြကြောင်း၊ အောင်သပြေငုတ်ကို အပင်(၁) ပင်မှစ၍ အစည်းလိုက်လည်းဝယ်ယူ၍ရကြောင်း၊ လက်သန်းလုံးခန့် အောင်သပြေငုတ် (၁)ပင်လျှင် (၁၅၀ဝိ/-)ကျပ်ဖြင့်ရောင်းချပြီး ထိုထက်ပို၍ကြီးပါက  (၂၅၀ဝိ/-)ကျပ်၊ (၄၀၀ဝိ/-)ကျပ်၊ (၇၀၀ဝိ/-) ကျပ်ဖြင့် ရောင်းချကြပြီး ပို၍ရင့်ပြီး လုံးပတ်ပိုကြီးပါက (၁၃၀၀ဝိ/-)ကျပ်ထိ ဈေးနှုန်းဖြင့် ရောင်းချရကြောင်း အောင်သပြေငုတ် ရောင်းချသည့် ဈေးဆိုင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်တွင် ဖြစ်ပေါ်နေသည့် ဟင်းညံ့ဖူးဈေးနှုန်း

   ရွှေဘိုမြို့ရှိ ဈေးများတွင် အသား/ငါးများ၊ ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများကို ရောင်းချလျက်ရှိရာ ဟင်းညံ့ဖူးများကိုလည်း ရောင်းချလျက်ရှိပါသည်။ ဟင်းညံ့ဖူးများမှာ ရေကန်များ တွင် ပေါက်ရောက်ပြီး မိုးရာသီအကုန် ဆောင်းရာသီအဝင်တွင် ပေါ်ပေါ်များများ ထွက်ရှိသော အရွက်တစ်မျိုးဖြစ်ပါသည်။ ဟင်းညံ့ဖူးကို ကြက်သားဖြင့် ရောနှောချက်စား၍သော်လည်းကောင်း၊ ကန်စွန်း ရွက်ဖြင့် သော်လည်းကောင်းကြော်စားကြကြောင်း၊ ဟင်းညံ့ဖူးကို ချဉ်ပေါင်ရွက်ဖြင့် ချဉ်ရေ ကျိုချက်၍သော်လည်းချက်စားကြကြောင်း၊ ဟင်းညံ့ဖူး၏အရဿာမှာ ချိုပြီးစိမ့်သော အရဿာ ဖြစ်၍ စားသုံးသူများမှာ ပေါ်ဉီးပေါ်ဖျားဖြစ်သည့် ဟင်းညံ့ဖူးကို အများဆုံးဝယ်ယူကြကြောင်း၊ ဟင်းညံ့ဖူး (၅)ပင်ပါ (၁)စည်းလျှင် (၂၀ဝိ/-)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချ သည့် လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့ရှိ ရာသီပေါ် မုန်လာဥနှင့် မုန်လာချဉ်ဈေးနှုန်း

  ရွှေဘိုမြို့ရှိ ဈေးများတွင် အသား/ငါးများ၊ သစ်သီးဝလံများ၊ လူသုံးကုန်ပစ္စည်းများကိုရောင်းချ လျက်ရှိရာ ရာသီပေါ်သီးနှံဖြစ်သည့် မုံလာဉများကို အခြားမြို့များမှ သယ်ယူရောင်းချသည့်အပြင် ရွှေ ဘိုမြို့နှင့် အနီးတဝိုက်ရှိ ကျေးရွာများမှလည်း စိုက်ပျိုးကြပြီး ရွှေဘိုမြို့ပေါ်သို့ လာရောက်ရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။ မုန်လာဉနှင့် မုန်လာဉကိုအချဉ်တည်ပြီး မုန်လာချဉ် အဖြစ်ရောင်းချ ကြကြောင်း၊ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(ဒုတိယ)ပတ်တွင် ရောင်းချနေသည့် မုန်လာဉနှင့် မုန်လာချဉ် ဈေးနှုန်းများမှာ မုန်လာဉ (၃)လုံးပါ (၁)စည်းလျှင် (၇၀ဝိ/-)ကျပ်ဖြင့် ရောင်းချပြီး မုန်လာချဉ်လက် ဘက်ရည် အကြမ်းပန်းကန်(၁)လုံးလျှင် (၅၀ဝိ/-)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ပေါ်ဉီးပေါ် ဖျားဖြစ်သည့် မုန်လာဉနှင့် မုန်လာချဉ်များကို ရွှေဘိုမြို့အပြင် ဆိုင်ကယ်ဖြင့် ရောင်းချသည့် ဟင်း ထုပ်သည်နှင့် အသီးအနှံရောင်းချသည့် ဈေးသည်များမှလည်း ဝယ်ယူကြကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

“ ဆောင်းပဲကြီးများ စတင်စိုက်ပျိုး”

       မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်အတွင်းရှိမြစ်သားမြို့နယ်တွင်ပဲမျိုးစုံသီးနှံ ဖြစ် သည့် တိုင်ထောင်ပဲ၊ ပဲယဉ်း၊ ထောပတ်ပဲ၊ ကုလားပဲ၊ ပဲစဉ်းငုံသီးနှံများအပြင်၊ ‌ပဲကြီးသီးနှံကိုလည်း စိုက်ပျိုးလာကြပါသည်။ နိုဝင်ဘာလဆန်းမှစတင်၍ ပဲကြီးသီးနှံများ စတင်စိုက်ပျိုး လျက်ရှိပါသည်။ အများဆုံး စိုက်ပျိုးသောရွာများမှာ ရိုးကန်၊ရစ်ကန်၊တောင်တွင်းရွာများတွင် အများဆုံး စိုက်းပျိုးကြပါသည်။ စိုက်ပျိုးပြီး (၄)လ အကြာ တွင်ထွက်ရှိမည် ဖြစ်ကြောင်း၊ ပဲကြီးစိုက်ပျိုးရာတွင် မျိုးအနေဖြင့် (၄-၅)ပြီခန့် ကုန်ကျကြောင်း၊ တစ်ဧကကုန်ကျစရိတ် အနေဖြင့်မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း (၂၅၀၀၀၀)ကျပ်ခန့် ကုန်ကျကြောင်း၊ ပဲကြီးသီးနှံကို ထယ်ထိုးပြီး မျိုးစေ့ပတ်၊ ထယ်ဖုံးစနစ်ဖြင့် စိုက်ပျိုးကြပါသည်။အများဆုံး စိုက်ပျိုးသောမျိုးများမှာ ပင်ထောင် မျိုးနှင့် ပင်ပြန်မျိုး များကို အများဆုံးစိုက်ပျိုးကြကြောင်း၊ ယခင်နှစ်ပဲကြီးပေါ်ချိန်တွင် အထွက်နှုန်း အနေဖြင့် (၁၀-၁၂)တင်းထွက်ရှိခဲ့ကြောင်း၊ ယခင်နှစ်ပဲကြီး ဈေးနှုန်း အနေဖြင့် တစ်တင်းလျင် (၉၀၀၀၀) ကျပ်ဖြင့်ရောင်း ဝယ်ခဲ့ကြောင်း၊ ကုန်ကျစရိတ်နုတ်ပြီးပါက (၇၀၀၀၀၀)ကျပ် မြတ်ခဲ့ ကြောင်း ယခုလက်ရှိ ပဲကြီးပေါက်ဈေးအနေဖြင့် တစ်တင်းလျှင်(၁၁၀၀၀၀/-)ကျပ်ခန့် ရောင်းဝယ် လျက်ရှိကြောင်း၊ ပဲကြီးသီးနှံပေါ်ချိန်တွင်တောင်သူများမှ မြို့ပေါ်ပွဲရုံများသို့ တိုက်ရိုက်တင်ပို့ ရောင်းချကြကြောင်း၊ ပွဲရုံများမှတစ်ဆင့် မန္တလေး၊ ရန်ကုန်မြို့များသို့တင်ပို့ ရောင်းချလျက်ရှိ ကြောင်း၊ ပဲစားသုံးခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူးများအနေဖြင့် သွေးတွင်းသကြားဓာတ် ကျဆင်းစေပြီး အရိုးတွေသန်မာစေခြင်း၊ စံသားကျန်းမှာစေနိုင်သောကြောင့် ပဲကြီးကိုစားသုံးသင့်ပါ ကြောင်း၊ စိုက်ပျိုးစရိတ်သက်သာပြီး စီးပွားဖြစ်ဝင်ငွေတိုးပြီး ဈေးကွက်ဝယ်လိုအားရှိသော ပဲကြီးသီးနှံကို တောင်သူများ တိုးချဲ့စိုက်ပျိုး သင့်ပါကြောင်းရေးသား တင်ပြအပ်ပါသည်။

DOCA(မန္တလေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း