မအူပင်ဈေးကွက်တွင် တို့စရာ သရက်သီးစိမ်းများ ရောင်းချလျက်ရှိ

Powered by Drupal

     မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် တို့စရာသရက်သီးစိမ်းများ ရောင်းချနေကြောင်း တွေ့ရှိရသည်။ မအူပင်မြို့နယ် ကျေးရွာများတွင် သရက်ပင်စိုက်ပျိုးသူများရှိပြီး ထိုအပင်များမှ သရက်သီး စိမ်းများ စောလျှင်စွာထွက်ရှိနေ၍ တစ်နေ့လျင် သရက်သီးစိမ်း အလုံး ၅၀လုံး ခူး၍ ပေါ်ဦးပေါ်ဖျား ရောင်းချလျက်ရှိပြီး ၂၀၂၅ခုနှစ် နိုဝင်ဘာလ ၁၂ရက်အတွင်းမှ စ၍  သရက်သီး စိမ်း ၁လုံး လျှင် (၈၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိသည်။

      သရက်သီးကင်းက ပေါ်ဦးပေါဖျားဖြစ်၍ သရက်သီးကင်းတွေကို တို့စရာအဖြစ် ဒေသခံပြည်သူတွေ က ဝယ်ယူစားသုံးကြတော့ ရောင်းအားကောင်းလျက်ရှိသည်။ သရက်သီးနှံသည် ထွက်ရှိလာပါက  သရက်ကင်း၊ သရက်ချဉ်၊ သရက်သီးမှည့် ဟူ၍ ရောင်းချရသဖြင့် သရက်သီးနှံစိုက်ပျိုးရေး လုပ်ငန်းသည် သီးနှံဝင်ငွေ တွက်ချေကိုက်သည့် သီးနှံဖြစ်၍  နှစ်ရှည်သီးနှံများထဲတွင်  လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း မအူပင်မြို့နယ်အတွင်းရှိ သရက်သီးနှံ စိုက်ပျိုးတောင်သူများထံမှ သိရသည်။

DOCA(ဧရာဝတီ)