
မန္တလေးကုန်စိမ်းစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်ရှမ်းပြည် နယ်တောင်ပိုင်းဒေသများမှ ထွက်ရှိသည့်ပန်းဂေါ်ဖီပွင့်ဖြူနှင့် ပန်းဂေါ်ဖီပွင့်စိမ်းများ ဝင်ရောက်မှုမှာ နိုဝင်ဘာလဒုတိယပတ်အတွင်း အနည်းလျော့နည်းသွားသည့်အတွက် စျေးအနည်းငယ်မြင့်တက်သွားကြောင်းသိရှိရပါသည်။ စျေးကွက်အတွင်း ပန်းဂေါ်ဖီပွင့်ဖြူနှင့်ပန်းဂေါ်ဖီပွင့်စိမ်းမှာ အရောင်း သွက်သည့်ကုန်စိမ်းအမယ်များဖြစ်ပြီး၊ပန်းဂေါ်ဖီစိမ်းမှာ နူးညံ့မှုပိုသည့်အတွက်စျေးပိုမိုရရှိကြောင်း သိ ရှိရပါသည်။ မန္တလေးကုန်စိမ်းစျေးကွက်အတွင်း ၂၀၂၅ခုနှစ် နိုဝင်ဘာလဒုတိယပတ်အတွင်း ပန်း ဂေါ်ဖီစိမ်းတစ်ခုလျှင် လက္ကားစျေး ၁၅၀ဝိ/-နှင့် ၁၇၀ဝိ/- စျေး၊လက်လီစျေးမှာ ၁၈၀ဝိ/- နှင့် ၂၀၀ဝိ/-စျေးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ မန္တလေးကုန်စိမ်းရောင်းချသည့် သီရိမာလာစျေး (ပိုက်ကျုံးစျေး)တွင် ပန်းဂေါ်ဖီဖြူနှင့်ပန်းဂေါ်ဖီ စိမ်းကားဝင်ရောက်မှုမှာ နေ့စဉ်တစ်ရက်လျှင် Center (၆) ဘီးကား (၈)စီးနှင့် (၁၀)စီးအကြား ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
