စျေးကွက်အတွင်းအရောင်းသွက်လျက်ရှိသည့်စကားဝါ

Powered by Drupal

        မန္တလေးမြို့၊ရေနီမြောင်းစျေးတွင်‌ ဆောင်းဦးရာသီချိန်ဖြစ်၍ စကားဝါပန်းကုံးများ ဝင်ရောက် မှုများ ပြားပြီး၊ အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။ မန္တလေးစျေးကွက်အတွင်းသို့ ပြင်ဦးလွင် မြို့နယ်၊ ကျောက်ပန်းတောင်းမြို့နယ် (ပုပ္ပားဒေသ) တို့မှထွက်ရှိသည့်ပန်းများနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်စကားဝါပန်းနှင့်စကားဖြူပန်းများဝင်ရောက်မှုများပြားကြောင်း သိရပါသည်။ ၂၀၂၅ခုနှစ်  နိုဝင်ဘာလဒုတိယပတ်အတွင်း စျေးနှုန်းများမှာ စကားဝါပန်းနှင့် စကားဖြူပန်း ၁၀ ကုံးလျှင် လက္ကားစျေး၂၅၀ဝိ/-နှင့် ၂၈၀ဝိ/- ၊လက်လီစျေး ၃၀၀၀ ကျပ် နှင့် ၃၅၀၀ကျပ်စျေးအသီးသီးဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါသည်။

DOCA(မန္တလေး)