MSMEလုပ်ငန်းဖြစ်သောတို့ဟူးစိမ်းထုတ်လုပ်ပုံနှင့် ဈေးနှုန်းဈေးကွက်

Powered by Drupal

           မြင်းခြံမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများ၌ မိသားစုတစ်နိုင်တစ်ပိုင် စားဝတ်နေရေးအတွက် MSME လုပ်ငန်းဖြစ်သော တို့ဟူးစိမ်းထုတ်လုပ်မှုလုပ်ငန်းများ လုပ်ကိုင်ကြကြောင်း၊ တို့ဟူးကျိုရန်အတွက် ကုန်ကြမ်းပဲမှုန့်အစိမ်းတစ်ပိဿာလျှင်(၈၀၀၀)ကျပ်ခန့်ဝယ်ယူရကြောင်း သိရှိရသည်။ တို့ဟူး ကျိုချက်ရာတွင် ပဲစိမ်းမှုန့်ကို အသုံးပြုကြောင်း၊ ပဲစိမ်းမှုန့်တစ်ဆ၊ ရေနှစ်ဆရောစပ်၍ ပဲစိမ်းမှုန့် အလုံးအခဲလေးတွေ   မကျန်အောင် သေချာဖျော်ထားပြီး နာရီဝက်လောက် ခဏထားကြောင်း ၎င်းနောက် တို့ဟူးကျိုမည့်အိုးထဲသို့ ဇကာလေးနဲ့စစ်ထည့်ပြီး နနွင်းမှုံ၊ ဆား၊ ဆီအနည်းငယ်ထည့်ပြီး မီးအနေတော်ဖြင့်ကျိုရကြောင်း၊ စကျိုသည့်အချိန်မှစ၍ နှစ်မိနစ်ခန့်ကြာလျှင် အလုံးအခဲလေးတွေ စဖြစ်လာပါက အဆက်မပြတ်မွှေပေးရကြောင်း၊ စကျိုသည့်အချိန်မှစ၍ ဆယ်မိနစ် ခန့်ကြာလျှင် ကြွက်မြီးတန်းလာပါက မီးဖိုပေါ်မှချရကြောင်း၊ ထို့နောက် အဆင်သင့်ဆီသုပ်ထားတဲ့ လင်ပန်း (သို့)ခွက်တစ်ခုထဲသို့ လောင်းထည့်ပြီး မျက်နှာပြင်ကိုညီအောင် ဆီသုတ်ထားသည့်ဇွန်းနှင့်ညှိ ပေးရကြောင်း၊ ပြီးနောက် သုံးနာရီအအေးခံ ထားပြီးပါက တို့ဟူးစိမ်းများရရှိ၍ ဈေးကွက်သို့ရောင်းချကြောင်း၊ မြင်းခြံမြို့ အေးမြသီတာဈေးတွင် ၂၀၂‌၅ခုနှစ်၊ အောက်တိုဘာလ စတုတ္ထပတ်၌ ရောင်းချနေသော တို့ဟူးစိမ်းလက်လီ၂၅ကျပ်သားလျှင် (၁၅၀၀) ကျပ်၊ လက်ကား တစ်ပိဿာ လျှင်(၅၅၀၀) ကျပ် ပေါက်ဈေးများဖြင့် ရောင်းချကြောင်း၊ နေ့စဉ် တို့ဟူးစိမ်း အချိန် (၁၀-၁၅) ပိဿာခန့်ရောင်း ကုန်ကြောင်း၊  စားသုံးမှုများပြီး လူကြိုက်များကြောင်း၊ အရောင်းအဝယ်ကောင်းပြီး စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း တို့ဟူးစိမ်းရောင်းချသူ၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)