ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရွှေဘိုဈေးကွက်တွင် ပုဂံပဲဈေးငြိမ်ပြီး ပဲတီဆံဈေး အနည်းငယ်တက်

     စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ ပုဂံပဲစိုက်ပျိုးမှုမရှိဘဲ ပဲတီစိမ်း(၁၀၆၃၄)ဧက စိုက်ပျိုးကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင် ရောင်းချသည့် ပုဂံပဲနှင့်ပဲတီဆံများကို အခြားဒေသများမှ မှာယူရောင်းချခြင်းမရှိဘဲ သယ်ယူခ ကုန်ကျစရိတ်များ သက်သာစေရန်  ရွှေဘိုမြို့ရှိ ပွဲရုံများမှဝယ်ယူရောင်းချကြောင်း သိရှိရပါသည်။

ပုဂံပဲ

     ရွှေဘိုမြို့ဈေးကွက်အတွင်း အောက်တိုဘာလ၊ လကုန်အပတ်တွင်ရောင်းချသည့် ပုဂံပဲဈေးနှုန်းမှာ ()ပြည်လျှင်(၉၅၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၅၂၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခု အပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ပုဂံပဲ(၁)ပြည်လျှင် (၉၅၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်နှင့် ယခင်အပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီကြောင်း၊  ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့် သူများ၊ ပဲပြုတ်ရောင်းချသည့်သူများ၊ အလှူမင်္ဂလာပွဲလမ်းဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း၊ ဈေးကွက်အတွင်း ပုဂံပဲကို နိုင်လွန်ပဲဟုလည်းခေါ်ကြကြောင်း  ပဲမျိုးစုံရောင်းချသည့် ဆိုင်များမှ သတင်းရရှိပါသည်။

ပဲတီဆံ

     ရွှေဘိုမြို့ဈေးကွက်အတွင်း အောက်တိုဘာလ၊ လကုန်အပတ်တွင်ရောင်းချသည့် ပဲတီဆံ         ဈေးနှုန်းမှာ ()ပြည်လျှင်(၉၆၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၅၃၆၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ် နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲတီဆံ (၁)ပြည်လျှင်(၉၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ် သည့်ဈေးနှုန်းတူညီကြောင်း၊  ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများ၊ အလှူမင်္ဂလာပွဲလမ်းဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချ သည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

          ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်  သီရိမင်္ဂလာဈေးတွင် တိုင်း/ ပြည်နယ်များမှ သစ်သီးများ အများဆုံးဝင်ရောက်ကြောင်း သိရှိရပြီး အောက်တိုဘာလ (၂၉) ရက်နေ့ မှ နိုဝင်ဘာလ (၅) ရက် နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးအဝင်များမှာ ပြင်ဦးလွင်မှ ထောပတ်သီး အိတ်ကြီးတစ်အိတ် ကျပ် ၄၅၀၀၀၊ ရှမ်းပြည်မှ လိမ္မော်သီး တစ်ပိဿာ ၅၀၀၀/၆၀၀၀/၇၀၀၀၊ ပြင်ဦးလွင်မှ အာတာလွတ်ဥ တစ်ပိဿာ ကျပ် ၀၀၀၊ တိုက်ကြီး မှ ကလောဥ တစ်ပိဿာ ကျပ် ၁၀၀၊ ပြည်မှ ဇီးသီး(ချဉ်) တစ်ပိဿာ ကျပ် ၃၀၀၀၊မော်လမြိုင်မှ ကျွဲကောသီး ကျပ် ၀၀၀/၅၀၀၀/၀၀၀၊ မန္တလေးမှ သင်္ဘောသီးတစ်လုံး ကျပ် ၃၀၀၀/၇၀၀၀၊ ပုပ္ပါး၊ ပြင်ဦးလွင်မှ နဂါးမောက်သီး ဂျပ်ဖာ ကျပ် ၅၀၀၀/၅၀၀၀၊   ကျိုက်ကော်မှ နာနတ်သီး တစ်လုံး ကျပ် ၃၀၀၀/၇၀၀၀၊ တိုက်ကြီး မှ မာလာကာသီး အိတ်ကြီးတစ်အိတ် ၆၀၀၀၀/၁၀၀၀၀၀ ကျပ် ငါးဆူတောင်မှ ဖရဲသီး(855) တစ်လုံး ကျပ် ၁၅၀၀၀/၁၈၀၀၀၊ ရဲမွန် မှ ဖရဲသီး(211) အလုံးကြီး ကျပ် ၅၀၀၀/၆၀၀၀/၇၀၀၀၊  ယိုးဒယား ပန်းသီး တစ်သေတ္တာ ကျပ် ၁၇၀၀၀၀၊ ရှမ်းပြည်မှ ပန်းသီး တစ်သေတ္တာ ကျပ် ၁၀၀၀၀၀တို့ ရှိကြောင်း သစ်သီးဈေးနှုန်းများသည့် ဈေးနှုန်းမြင့်တက်မှုမရှိဘဲ ယခင်တစ်ပတ်နှင့် ယခုတစ်ပတ် ဈေးနှုန်းများ အနည်းငယ်သာ ပြောင်းလဲကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်ဟင်းသီး ဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင် ပို့ရောင်းချသူများအသင်း (MFVP) မှ သိရှိရပါသည်။

DOCA(ရန်ကုန်)

စားတော်ပဲနှင့် စားတော်ပဲလုံးရေစိမ်ဈေး

      စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ စားတော်ပဲ(၇၆)ဧကသာ စိုက်ပျိုးကြောင်းသိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် စားတော်ပဲများကို အခြားဒေသများမှ မှာယူရောင်းချခြင်းမရှိဘဲ သယ်ယူခကုန်ကျစရိတ်များ သက်သာစေရန်  ဒေသတွင်းရှိ ပွဲရုံများမှ ဝယ်ယူရောင်းချကြပါသည်။

စားတော်ပဲ

     ရွှေဘိုမြို့ ဈေးကွက်အတွင်း အောက်တိုဘာလ၊ လကုန်အပတ်တွင်ရောင်းချသည့် စားတော်ပဲ ဈေးနှုန်းမှာ ()ပြည်လျှင်(၈၈၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၄၀၈၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ် နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ စားတော်ပဲ (၁)ပြည်လျှင်(၈၈၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်  ဖြစ်သည့် ဈေးနှုန်းတူညီကြောင်း၊  ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများ၊ ပဲပြုတ်ရောင်းချသည့်သူများ၊ လ္ဘက်ရည်ဆိုင်၊ အကြော်ဆိုင်များ၊ အလှူမင်္ဂလာပွဲ လမ်းဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

စားတော်ပဲလုံးရေစိမ်

     ရွှေဘိုမြို့ဈေးကွက်အတွင်း အောက်တိုဘာလ၊ လကုန်အပတ်တွင်ရောင်းချသည့် စားတော်ပဲလုံး ရေစိမ်ဈေးနှုန်းမှာ ()ပြည်လျှင်(၅၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊  ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်း အဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ စားတော်ပဲလုံးရေစိမ်()ပြည်လျှင်(၅၀၀ဝိ/-) ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီ ကြောင်း၊  နေ့စဉ်စားတော်ပဲလုံး(၈)ပြည်ခန့်ရေစိမ်ရပြီး ဈေးကွက်အနေဖြင့် လ္ဘက်ရည်ဆိုင်၊ အကြော်ဆိုင် များ၊ ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံ ရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကုလားပဲဆံနှင့် ကုလာပဲလုံးဈေး

        စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ ကုလားပဲ(၃၀၁၄၃)ဧကစိုက်ပျိုးကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုခရိုင်အနေဖြင့် ကုလားပဲစိုက်ပျိုးမှု ရှိသော်လည်း ထွက်ရှိသည့်ကုလားပဲများကို ကုန်ကြမ်းအဖြစ်သာရောင်းချပြီး ပဲခွဲစက်ဖြင့်ခွဲ၍ ကုလားပဲဆံများထုတ်လုပ်ရောင်းချမှုမရှိသည့်အတွက် ရွှေဘိုမြို့တွင်ရောင်းချသည့် ကုလားပဲဆံများကို မန္တလေးမြို့မှ ဝယ်ယူရောင်းချပြီး ကုလားပဲလုံးများကို အခြားဒေသများမှ မှာယူရောင်းချခြင်းမရှိဘဲ သယ်ယူခ ကုန်ကျစရိတ်များ သက်သာစေရန်  ဒေသတွင်းရှိ ပွဲရုံများမှဝယ်ယူရောင်းချကြပါသည်။

ကုလားပဲဆံ

      ရွှေဘိုမြို့ ဈေးကွက်အတွင်း အောက်တိုဘာလ၊ လကုန်အပတ်တွင် ရောင်းချသည့် ကုလားပဲဆံ ဈေးနှုန်းမှာ ()ပြည်လျှင်(၈၂၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၃၁၂၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ် နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ကုလားပဲဆံ (၁)ပြည်လျှင်(၈၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့်  ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ် သည့် ဈေးနှုန်းတူညီကြောင်း၊  ဈေးကွက်အနေဖြင့် တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ ကိုယ်တိုင် ကြော်သည့် ကုလားပဲဆံကြော်ဖိုများ၊ အလှူမင်္ဂလာပွဲလမ်း ဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

ကုလားပဲလုံး

    ရွှေဘိုမြို့ ဈေးကွက်အတွင်း အောက်တိုဘာလ၊ လကုန်အပတ်တွင်ရောင်းချသည့် ကုလားပဲလုံး ဈေးနှုန်းမှာ ()ပြည်လျှင်(၆၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၉၆၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ကုလားပဲလုံးမှာ အဖြူရောင် နှင့်အဝါရောင်နှစ်မျိုးရှိပြီး ရောင်းချရသည့်ဈေးနှုန်းမှာလည်း တူညီကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ကုလားပဲလုံး (၁)ပြည်လျှင်(၆၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ် ဖြစ်သည့် ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊  ဧပြီလ၊ စတုတ္ထအပတ်မှစတင်၍ ယခုအချိန်ထိ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊  ဈေးကွက်အနေဖြင့် ဒေသတွင်းရှိ စားသုံးသူများ၊ တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ ကုလားပဲသုတ်ရောင်းချသူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကျွန်းလှမြို့တွင် ယိုးဒယားအင်ကြင်းဖြူပျိုးပင်များ စိုက်ပျိုးရောင်းချလျက်ရှိ

     ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်တွင် ၊ အပိုဝင်ငွေရရှိရန်အတွက်  စိုက်ပျိုးရေးနှင့် မွေးမြူရေးကို လုပ်ကိုင်ကြရာမှ သစ်ပင်ပန်းပင်အမျိုးမျိုးကို အပင်ပေါက်ရော အပွင့်ပါ ရောင်းချရန်  တစ်နိုင် တစ်ပိုင် စိုက်ပျိုးလာကြသည်။

     ယိုးဒယားအင်ကြင်းဖြူပျိုးပင်ကို အလှပန်းအိုးဖြင့် စိုက်ပျိုး၍ရသလို မြေအောက်ရေတင်စနစ်ဖြင့် မြေကျင်းတူးစိုက်ပျိုးရသော အပင်တစ်မျိုးဖြစ်ပြီး ယိုးဒယားအင်ကြင်းဖြူပျိုးပင်သည် ပြုစုရလွယ်ကူပြီး နေရာဒေသမရွေး စိုက်ပျိုးနိုင်သောအပင်ဖြစ်ပြီး (၁၂)လရာသီပွင့်သောပန်းဖြစ်ပါသည်။ ယိုးဒယားအင်ကြင်းဖြူ ပန်းပွင့်အနေဖြင့် အဖြူရောင်းလေးပွင့်ပြီး အပွင့်ကြီးကာ အရမ်းမွှေးသော ပန်းပွင့်မျိုးဖြစ်ကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ နောက်ဆုံးအပတ် ကျွန်းလှမြို့၏ ရောင်းချနေသော ယိုးဒယား အင်ကြင်းဖြူပျိုးပင် ဈေးနှုန်းများမှာ ယိုးဒယားအင်ကြင်းဖြူပျိုးပင် တစ်ပင်လျှင်(၁၀၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ပန်းဥယာဉ်စိုက်ပျိုး ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ရွှေဘိုမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

     ၂၀၂၅ခုနှစ် အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များ ဖြစ်သော ရွှေဘိုပေါ်ဆန်း တစ်ပြည် (၆၈၀၀)ကျပ်၊  ဧရာမင်းဆန် တစ်ပြည်လျှင် (၅၆၀၀)ကျပ်၊ ရွှေဝါထွန်း တစ်ပြည် (၄၂၀၀)ကျပ်၊မဂျမ်းတော တစ်ပြည် (၄၅၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။

    စားသုံးဆီ ဈေးနှုန်းများမှာ ပဲဆီသန့် တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်၊  စားအုန်းဆီ တစ်ပိဿာလျှင် ၇၉၀၀ကျပ်နှင့် နှမ်းဆီ တစ်ပိဿာလျှင် ၁၆၅၀၀ကျပ်၊ နေကြာဆီ တစ်ပိဿာလျှင် ၁၅၅၀၀ကျပ်ဖြင့် အရောင်း အဝယ် ဖြစ်နေကြောင်း သိရသည်။

      ကြက်သွန်နီ တစ်ပိဿာလျင် ၁၂၀၀ကျပ်မှ ၁၅၀၀ကျပ်ထိ အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ရှမ်း ကြက်သွန်ဖြူ တစ်ပိဿာ ၁၄၀၀၀ကျပ်မှ ၁၇၀၀၀ကျပ်ထိ ၊ (ကြူကုပ်) တစ်ပိဿာ ၁၅၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်ထိ၊ ကြက်သွန်ဖြူ(အသစ်) (ဗမာ) တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်မှ ၁၂၀၀၀)ကျပ်၊ ချင်းတစ်ပိဿာ ၆၀၀၀ကျပ်၊ ငရုတ်သီးခြောက် အမျိုးအစားအလိုက် ၁၄၀၀၀ကျပ် မှ ၁၆၀၀၀ကျပ်ထိ အာလူး တစ်ပိဿာ ၄၅၀၀ကျပ်မှ ၅၅၀၀ကျပ်ထိ ၊ကုလားပဲ တစ်ပိဿာ ၈၅၀၀ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ၃၀၀၀ကျပ်မှ  ၃၅၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေပါသည်။

   ကြက်ဥ လက်လီဈေးနှုန်းမှာ (ကြီး)တစ်လုံး ၅၀၀ကျပ်၊ (သေး) တစ်လုံး ၄၃၀ကျပ် ၊ ဘဲဥ (ကြီး) တစ်လုံး (၇၀၀)ကျပ်၊ (သေး)တစ်လုံး (၆၀၀)ကျပ်ရှိသည်။ ရွှေဘိုမြို့၏ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(CP)  တစ်ပိဿာ ၂၆၀၀၀ကျပ်မှ ၃၂၀၀၀ကျပ်ထိ၊ကြက်သား (ဗမာ) ဒေသကြက်တစ်ပိဿာ ၃၂၀၀၀ ကျပ်မှ ၃၅၀၀၀ကျပ်ထိ၊  ဝက်သား တစ်ပိဿာ ၃၆၀၀၀ကျပ်မှ ၄၄၀၀၀ကျပ်ထိ၊ အမဲသားတစ်ပိဿာ ၂၄၀၀၀ကျပ်မှ ၂၈၀၀၀ကျပ်ထိ၊ဆိတ်သား တစ်ပိဿာလျှင် ၃၆၀၀၀ကျပ်မှ ၄၅၀၀၀ကျပ်ထိ၊ ငါးမုတ် တစ်ပိဿာ ၁၀၀၀၀ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာ ၁၅၀၀၀ကျပ်၊ ငါးကြင်း တစ်ပိဿာ ၁၅၀၀၀ကျပ်ဖြင့် ရောင်းဝယ်နေကြောင်း သိရသည်။

      ယခင်အပတ်နှင့်နှိုင်းယှဉ်ကြည့်ပါက စားသုံးဆီဈေးနှုန်းများနှင့် အသားငါး ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိပြီး ၊ကျန်သီးနှံဈေးနှုန်းများမှာ ယခင်ပတ်နည်းတူ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့၏ ရာသီစာ ကောက်ညှင်းပြား(ခေါ်)ခေါစီဈေးနှုန်း

     မြန်မာနိုင်ငံတွင် နွေရာသီ၊ မိုးရာသီနှင့် ဆောင်းရာသီဆိုပြီး ရာသီဥတု(၃)မျိုးရှိရာ ရာသီဥတု အလိုက် ဒေသအစားအစာများ ပြုလုပ်ရောင်းချလျက်ရှိကြသည်။ ယခုအခါ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူမြို့တွင် ရာသီအစားအစာတစ်မျိုးဖြစ်သည့်  ကောက်ညှင်းပြား(ခေါ်)ခေါစီများ  ရောင်းချလျက်ရှိကြောင်း သိရသည်။

          ကောက်ညှင်းပြား(ခေါ်)ခေါစီပြုလုပ်ရာတွင် အသုံးပြုသည့် ကုန်ကြမ်း ကောက်ညှင်းဆန်ကို ဒေသတွင်းတောင်သူများထံမှ ဝယ်ယူရရှိသလို မိုးညှင်းဒေသမှလည်းမှာယူပြီး အသုံးပြုလျက်ရှိ ကြောင်း၊ ကောက်ညှင်းဆန်အနက်ရောင်နှင့် ကောက်ညှင်းဆန်အဖြူရောင်ဆိုပြီး (၂)မျိုးရှိကြောင်း၊ စားသုံးသူများအနေဖြင့် ကောက်ညှင်းဆန်အနက်ဖြင့် ပြုလုပ်သည်ကို ပိုမိုကြိုက်ကြကြောင်း၊ ကောက်ညှင်းဆန်ကို ကောက်ညှင်းပြားအပြင် ခေါပြင်နှင့် ပေါင်းသင်းတို့ပြုလုပ်၍လည်း ရောင်းချကြောင်း၊ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ နောက်ဆုံးအပတ်အတွင်း ရောင်းချလျက်ရှိသောကောက် ညှင်းပြား(ခေါ်)ခေါစီဈေးနှုန်းများမှာ ကောက်ညှင်းပြားအကြီး(၅)ပြားလျှင် ၁၀၀၀ကျပ်၊ ကောက် ညှင်းပြားအသေး(၁၀)ပြားလျှင် ၁၀၀၀ကျပ် ၊ ခေါပြင် ၁တုံးလျှင် ၂၀၀ကျပ်ဖြင့်ရောင်းချကြောင်း၊ဈေး ကွက်နေဖြင့်မြို့ပေါ်နေပြည်သူများ၊ ခရီးသွားပြည်သူများနှင့် အသိမိတ်ဆွေများထံ လက်ဆောင် ပစ္စည်းအဖြစ် ဝယ်ယူပေးပို့ကြသောကြောင့် နေ့စဉ်ဝင်ငွေရရှိကာ မိသားစုအဆင်ပြေလျက်ရှိကြောင်း ကောက်ညှင်းပြား(ခေါ်)ခေါစီ ပြုလုပ်ရောင်းချသူထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

                                               

မြို့မဈေးတွင် ရောင်းချလျက်ရှိသော ဟင်းသီးဟင်းရွက်ဈေးနှုန်းများ

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်သည့် စပါး၊ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးသည့်အပြင် ရာသီစာသီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြသည်။

       ယခုအခါ ကန့်ဘလူမြို့ပေါ်၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများတွင် ဟင်းသီး ဟင်းရွက်အပင်များကိုစိုက်ပျိုးကြကြောင်း၊ ထိုဟင်းသီးဟင်းရွက်များကို ကန့်ဘလူမြို့မဈေးတွင် ရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ နောက်ဆုံးအပတ်အတွင်း နံနံပင်(၁)စည်းလျှင် (၃၀၀)ကျပ်၊ နံနံပင်(၂)စည်းလျှင် (၅၀၀)ကျပ်နှင့် နံနံပင်(၄)စည်းလျှင် (၁၀၀၀)ကျပ်ဖြင့်ရောင်းချ ကြောင်း၊ နောက်ဆုံးအပတ်အတွင်း ပင်စိမ်းရွက် (၁)စည်းလျှင် (၃၀၀)ကျပ်၊ ပင်စိမ်းရွက်(၂)စည်း လျှင်(၅၀၀)ကျပ်နှင့် ပင်စိမ်းရွက်(၅)စည်းလျှင် (၁၂၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ နောက်ဆုံးအ ပတ်အတွင်း ဖက်ဖယ်ရွက်(၁)စည်းလျှင် (၃၀၀)ကျပ်နှင့် ပူစီနံနံရွက်(၁)စည်းလျှင် (၂၀၀)ကျပ်၊ (၃) စည်းလျှင် (၅၀၀)ကျပ်ဖြင့်ရောင်းချကြောင်း မြို့မဈေးရှိ ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရ ပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့ ကုန်းဘောင်ဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

      ရွှေဘိုမြို့ အမှတ်(၁၀)ရပ်ကွက်ရှိ ကုန်းဘောင်ဈေးတွင် အောက်တိုဘာလ နောက်ဆုံးပတ် တွင် ဖြစ်ပေါ်ခဲ့သော သစ်သီးဝလံ ပန်းသီးတစ်လုံးလျှင် (၂၅၀၀)ကျပ်မှ (၃၀၀၀)ကျပ်ထိ၊ ပန်းသစ်တော်သီး တစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ ဆားတောင်မြို့ နှင့် ရွှေပန်းကုန်းရွာမှ ထွက်ရှိသည့် ငှက်ပျောသီး ဖီးကြမ်း တစ်ဖီးလျှင်(၁၈၀၀)ကျပ်မှ (၂၅၀၀)ကျပ်၊သီးမွှေး ငှက်ပျောသီး တစ်ဖီးလျှင် (၂၅၀၀)ကျပ်မှ (၄၀၀၀)ကျပ်ထိ၊ ဖရဲသီး(ကျောက်စိမ်း) တစ်လုံးလျင် (၃၀၀၀)ကျပ်မှ (၅၅၀၀)ကျပ်ထိ၊  မာလကာသီး တစ်လုံးလျှင်(၃၀၀)ကျပ်မှ (၅၀၀)ကျပ်ထိ၊ နဂါးမောက်သီး တစ်လုံးလျှင် (၁၀၀၀)ကျပ်မှ (၁၅၀၀)ကျပ်ထိ၊ ထောပတ်သီး တစ်လုံးလျှင် (၈၀၀)ကျပ်မှ (၁၅၀၀)ကျပ်ထိ ၊ထောပတ်သီး (Hass) (1kg)လျှင် (၆၀၀၀)ကျပ်မှ (၈၀၀၀)ကျပ်ထိ၊ စပျစ်သီး အစေ့လွတ် တစ်ပိဿာလျှင် (၃၆၀၀၀)ကျပ်၊တည်သီး တစ်လုံးလျှင် (၅၀၀)ကျပ်မှ (၈၀၀)ကျပ်ထိ၊ အသီးသီး အရောင်းအဝယ် ဖြစ်နေကြောင်း ကုန်းဘောင်ဈေးအတွင်း ရောင်းချသော သစ်သီးဆိုင်များမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော သစ္စာပန်း ဈေးနှုန်း

      ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ဘုရားပန်း အမျိုးမျိုးဖြစ်သော ဂန္ဓာမာပန်း၊ သစ္စာပန်း၊ စိန်လည်တုံ၊ နှင်းဆီ၊ ဇွန်ပန်း၊ ရှင်မွေးလွန်း၊ မေမြို့ပန်း(အက်စတာ)၊ မြေမြို့ပန်း (ကြက်လည်ဆံ) သပြေပန်း (အောင်သပြေ) အငုတ်၊ အောင်သပြေ အခက်များနှင့် အာစီယံသပြေ တို့ကို မိမိတို့ ဒေသထွက်နှင့် မန္တလေးမြို့၊ ပြင်ဦးလွင်မြို့၊ တောင်ကြီးမြို့တို့မှ မှာယူရောင်းချကြောင်း သိရှိရပါသည်။

       သစ္စာပန်းသည် မျိုးကွဲပေါင်းများစွာ အရောင်းအသွေးပေါင်းများစွာရှိပြီး လူအများ ကြိုက်နှစ်သက် သောပန်းဖြစ်ပြီး ဩဂုတ်လဆန်းပိုင်းတွင် စတင်ဖူးပွင့်လေ့ရှိကြောင်းသိရသည်။ သစ္စာပန်း၏ အဓိပ္ပါယ် ကတော့ ရိုးသားခြင်း၊ အရူးအမူးစွဲလမ်းခြင်း၊ သတိရခြင်း၊ သစ္စာရှိခြင်း၊ ဘယ်တော့မှအရှုံးမပေးနဲ့ဆိုသည့် အဓိပ္ပါယ်ကိုဆောင်ပါသည်။ သစ္စာပန်းသည် အရောင်အလိုက် ကိုယ်စားပြုသော အဓိပ္ပါယ်ရှိပြီး အဖြူ ရောင်ကတော့ ဖြူစင်ခြင်းကို ကိုယ်စားပြုခြင်း၊ အဝါရောင်းကတော့ ပျော်ရွင်မှု Friend Ship တွေကို ကိုယ်စားပြုခြင်း၊ အနီရောင်းကတော့ အချစ်ကို ကိုယ်စားပြုခြင်းဖြစ်သလို ခရမ်းရောင်ကတော့ ကျက် သရေရှိခြင်း နှင့် လျှို့ဝှက်ဆန်းကြယ်ခြင်းကို ကိုယ်စားပြုတာဖြစ်ပါသည်။ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (နောက်ဆုံးပတ်)တွင် ကျွန်းလှမြို့နယ်အတွင်း ဖြစ်ပေါ်နေသော သစ္စာပန်း ဈေးနှုန်းအနေဖြင့် သစ္စာပန်း (ဟော်လန်)အပွင့်ကြီး(၅)ခက်ပါ တစ်စီးလျှင်(၃၅၀၀)ကျပ်၊ သစ္စာပန်း အပွင့်သေး စာကလေးပန်း (၅)ခက် ပါ တစ်စီးလျှင်(၂၅၀၀)ကျပ်၊ ဈေးနှုန်းတို့ဖြင့် ရောင်းချခဲ့ပြီး ယခင်အပတ်ထက် သစ္စာပန်း တစ်စီးလျှင် (၅၀၀)ကျပ် ဈေးနှုန်း မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း