ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

နိုဝင်ဘာလစတုတ္ထပတ်တွင် မန္တလေးပဲဇီးကွက်စျေးပိုမိုရရှိ

        မန္တလေးစျေးကွက်သို့ ပဲသီးမျိုးစုံဝင်ရောက်လျက်ရှိပြီး၊ ပဲဇီးကွက်မှာ  ပြည်တွင်းစားသုံးမှု များပြားသည့် ပဲတစ်မျိုးဖြစ်ကြောင်း သိရပါသည်။ ပဲဇီးကွက်မှာ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် စိုက်ပျိုးမှုများပြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်း  ၂၀၂၄- ၂၀၂၅ ခုနှစ်တွင် ပဲဇီးကွက်အပါအဝင် ပဲမျိုးစုံစိုက်ပျိုးမှု   ၁၀၁၉၄၇၇ဧကဖြစ်ကြောင်း သိရှိရပါသည်။   

        မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင်  ၂၀၂၅ခုနှစ် နိုဝင်ဘာလစတုတ္ထ ပတ်အတွင်းဖြစ်ပေါ်သည့် ပေါက်စျေးမှာ ပဲဇီးကွက်(ဗမာ) ၃တင်းဝင်တစ်အိတ်လျှင်၄၅၀၀၀၀ ကျပ်နှင့် ၄၆၀၀၀၀ကျပ်၊တစ်ပိဿာလျှင် ၇၇၂၅ကျပ်နှင့် ၇၈၉၇ ကျပ်တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နှစ် ကာလတူပေါက်ဈေးမှာ ၃တင်း ဝင်တစ်အိတ်လျှင်၂၉၀၀၀၀ကျပ်နှင့် ၃၀၀၀၀၀ကျပ်၊ တစ်ပိဿာလျှင် ၄၉၇၉ကျပ်နှင့် ၅၁၅၀ကျပ်ဖြစ်ပြီး၊ ယခုနှစ်နှင့်ယခင်နှစ် ကာလတူ ပေါက်စျေးနှိုင်းယှဉ်ချက် မန္တလေးစျေးကွက်တွင် ပဲဇီးကွက်စျေးပိုမိုရရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

သွေးသားသန့်စင်သောကန်စွန်းရိုးနီ

              ကန်စွန်းရိုးနီပြုတ်ရည်သည်  ငွေကုန်သက်သာပြီး ခန္ဓာကိုယ်အတွက် အကျိုးများစေ၍ သွေသားသန့်စင်သလို ကိုယ်တွင်းအပူကင်းစင်ပြီး အသားအရည်ကြည်လင်လာခြင်းကြောင့်  ကျားမ မရွေးသောက်သုံးရန်လိုအပ်ကြောင်း၊ ရေနှင့်စင်ကြယ်စွာဆေးကြောပြီးသော ကန်စွန်းရိုးနီနှစ်စည်း ခန့်ကို ဆားအနည်းငယ်၊ ထန်းလျက်နှစ်လုံးခန့်၊ မန်ကျည်းသီးမှည့်အနည်းငယ်နှင့် ရေတစ်လီတာခန့် ထည့်ပြီး မီးဖိုပေါ်တွင်ဆူပွက်အောင်မိနစ် ၂၀ ခန့်ကြာအောင်တည်ပါ။ ၎င်းပြုတ်ရည်အား မနက်တစ်ခွက်၊ အိပ်ခါနီးအစာနဲ့ဝေးချိန်တစ်ခွက်၊ တစ်ပတ်လျှင် အနည်းဆုံး ၂ ရက်၊ ၃ ရက်လောက် သောက်ပေးခြင်းဖြင့် ခန္ဓာကိုယ်ခုခံအားကိုကောင်းစေကြောင်း၊ ကိုယ်တွင်းအဆိတ်အတောက် များကိုဖယ်ရှားပေးကြောင်း၊ သွေးသားကိုသန့်စင်စေပြီးမီးယပ်သွေးဆုံးဝေဒနာများကိုသက်သာစေကြောင်း၊ဆီးပူခြင်းနှင့်ဆီးကျောက်တည်ခြင်းများကို သက်သာပျောက်ကင်းစေပြီး ခန္ဓာကိုယ် အတွက်လိုအပ်သော သံဓာတ်ကိုဖြည့်တင်းပေးကြောင်း၊ လူ့ခန္ဓာကိုယ်အတွင်းရှိ သွေးဟောင်းများ၏ သက်တမ်းသည် ရက်ပေါင်း ၁၂၀ ခန့်ဖြစ်သဖြင့် သွေးသစ်သွေးသန့်များဖြစ်ပေါ်လာစေရန် အချိန် ၄ လခန့်မှန်မှန်သောက်သုံးပေးပါက သွေးသားသန့်စင်ပြီး အသားအရည်စိုပြည်လှပလာမည် ဖြစ်ကြောင်း စာပေများမှလေ့လာသိရှိရသည်။ ကန်စွန်းရိုးနီသည် လယ်ကန်သင်းရိုးများတွင် အလေ့ကျပေါက်‌သလို  စိုက်ခင်းများတွင်လည်း ရေသွင်း၍စနစ်တကျစီးပွားဖြစ် စိုက်ပျိုး‌‌ရောင်းချ ကြောင်း ၂၀၂၅ခုနှစ်၊ စက်တင်ဘာလတတိယပတ်တွင်‌ ရောင်းချနေသော ကန်စွန်းရိုးနီလက်ဆုပ် တစ်စည်းလျှင် ၂၀၀ ကျပ်၊ ကန်စွန်းရွက်နုအညွှန့် ၂၅ ကျပ်သားလျှင် (၁၀၀၀) ကျပ်ခန့် ပေါက်ဈေး များဖြင့်ရောင်းချကြောင်းသိရှိရသည်။  

DOCA(မန္တလေး)

နိုဝင်ဘာလစတုတ္ထပတ်ရှိ မန္တလေးပဲစင်းငုံနီစျေးကွက်

       မန္တလေးပဲမျိုးစုံစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်ပဲစင်းငုံသီးနှံများ ဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။ ပဲစင်းငုံမှာ ပြည်တွင်းစားသုံးမှုနည်းပြီး ပြည်ပသို့တင်ပို့ရောင်းချသည့် ပဲတစ်မျိုးဖြစ်ပါသည်။ မန္တလေးတိုင်းဒေသကြီးတွင် ပဲမျိုးစုံစိုက်ပျိုးမှုများပြားပြီး၊ ၃၁.၁.၂၀၂၅ ရက်နေ့အထိ ၂၀၂၄-၂၀၂၅ ခုနှစ် ပဲစင်းငုံသီးနှံ စိုက်ပျိုးမှု(၃၈၀၀၇၇)ဧက၊ ရိတ်သိမ်း(၃၁၁၀၀၇)ဧက၊ အထွက်နှုန်း (၉.၃၃)တင်းနှင့် အထွက် (၂၉၀၁၃၃၃)တင်းဖြစ်ကြောင်း သိရပါတယ်။ မန္တလေးပွဲစား၊ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်နိုဝင်ဘာလစတုတ္ထပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသောပေါက်စျေးမှာ ၃တင်းဝင် တစ်အိတ်လျှင်ပဲစင်းငုံ(နီ) ၂၄၃၀၀၀ကျပ်၊ပဲစင်းငုံ(ဖြူ)၂၂၅၀၀၀ကျပ်နှင့်၂၂၈၀၀၀ကျပ်၊ တစ်ပိဿာ ပေါက်စျေးမှာ ပဲစင်းငုံ (နီ)၄၀၅၀ကျပ်၊ ပဲစင်းငုံ(ဖြူ)၃၇၅၀ကျပ်နှင့် ၃၈၀၀ကျပ်တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နှစ်ကာလတူပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ပဲစင်းငုံ(နီ)၄၆၀၀၀၀ကျပ်၊ တစ် ပိဿာစျေးမှာပဲစင်းငုံ(နီ)၇၆၆၇ကျပ်ပြီး၊ ယခင်နှစ်စျေးနှင့်ယခုနှစ်နှိုင်းယှဉ်ပါက ပဲစင်းငုံသီးနှံပေါက် စျေးမှာ လျော့နည်းသွားကြောင်း တွေ့ရှိရပါသည်။

DOCA(မန္တလေး)

နိုဝင်ဘာလစတုတ္ထပတ်ရှိ မန္တလေးမြေထောက်ပဲစျေးကွက်

     မြေထောက်ပဲမှာ ပြည်တွင်းစားသုံးမှုများပြားပြီး၊ ပြည်ပသို့တင်ပို့သည့် ပဲတစ်မျိုးဖြစ်ပါသည်။ မန္တလေးတိုင်းဒေသကြီးတွင် ပဲမျိုးစုံစိုက်ပျိုးမှုများပြားပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ် မြေထောက်ပဲသီးနှံ အပါအဝင်ပဲမျိုးစုံ စိုက်ပျိုးမှု(၁၀၁၉၄၇၇)ဧကဖြစ်ကြောင်း သိရှိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ခုနှစ်နိုဝင်ဘာလစတုတ္ထပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော ၃တင်းဝင်တစ်အိတ်လျှင်မြေထောက်ပဲပေါက်စျေးမှာ ၂၃၀၀၀၀ ကျပ်နှင့် ၂၈၀၀၀၀ ကျပ်၊ တစ်ပိဿာပေါက်စျေးမှာ ၄၂၅၉ကျပ်နှင့် ၅၁၈၅ကျပ်တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နှစ် ကာလတူ မြေထောက်ပဲပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ၂၉၀၀၀၀ ကျပ်နှင့် ၃၅၀၀၀၀ ကျပ်၊ တစ်ပိဿာစျေးမှာ ၅၃၇၀ကျပ်နှင့် ၆၄၈၂ ကျပ်ဖြစ်ပြီး ယခုနှစ်နှင့် ယခင်နှစ် စျေးနှိုင်းယှဉ်ပါက မြေထောက်ပဲစျေးမှာ အနည်းငယ်ကျဆင်းသွားကြောင်း တွေ့ရှိရပါသည်။

DOCA(မန္တလေး) 

အညာဒေသမြင်းခြံမြို့၏ချဉ်ပေါင်ဖူးဈေးနှုန်း

            မြင်းခြံမြို့၊အေးမြသီတာဈေး၌ ဟင်းသီးဟင်းရွက်မျိုးစုံ ရောင်းချလျက်ရှိသည့်အနက် စားဖိုဆောင်သီးနှံဖြစ်သော ချဉ်ပေါင်ဖူးသီးနှံများကိုလည်း ‌ရောင်းချလျက်ရှိကြောင်း၊ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၌ ချဉ်ပေါင်ဖူး ၂၅ ကျပ်သားလျှင်(၁၅၀၀)ကျပ်ခန့် ပေါက်ဈေးများဖြင့် ရောင်းချ လျက်ရှိကြောင်း၊ ရာသီပေါ်ဖြစ်၍ စားသုံးမှုများပြားပြီး အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း၊ ချဉ်ပေါင်ဖူးသည် အာဟာရကြွယ်ဝပြီး ကိုယ်ခံအားကိုမြှင့်တင်ပေးခြင်း၊ ကိုလက်စထရော နှင့် သွေးတွင်းအဆီများကျစေပြီး တုပ်ကွေးနှင့်အအေးမိရောဂါကိုကာကွယ်ပေးကြောင်း၊ ဗီတာမင်စီကြွယ်ဝသောကြောင့် အသားအရေကြည်လင်ဝင်းပကြောင်း၊ စားသုံးမှုအနေဖြင့် ချဉ်ပေါင် ဖူးကိုမြေပဲထောင်း၊ ပဲကျက်မှုံ၊ဆီချက်တို့ဖြင့် သုပ်စားခြင်း၊ ပုစွန်တို့ဖြင့်ကြော်ချက်စားခြင်း၊ ထောင်းစားခြင်း၊ ချဉ်ပေါင်ဖူးဖျော်ရည်ခြင်း၊ ဟင်းရည်ချက်ခြင်းနှင့်  ရေနွေးကြမ်းအနေဖြင့်လည်းသုံးဆောင်နိုင်ကြောင်း အမျိုးမျိုးပြုလုပ်စားသုံးကြသောကြောင့် ဈေးကွက်တစ်ခုအဖြစ် ရောင်းဝယ်လျက်ရှိသည်။

DOCA(မန္တလေး)

 

နိုဝင်ဘာလစတုတ္ထပတ်ရှိ မန္တလေးပဲနီပြားပေါက်စျေး

       ပဲနီပြားမှာ ပြည်တွင်း စားသုံးမှုများပြားပြီး မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ် တွင်ပဲနီပြားသီးနှံအပါအဝင်ပဲမျိုးစုံစိုက်ပျိုးမှု(၁၀၁၉၄၇၇)ဧကဖြစ်ကြောင်း သိရှိရပါသည်။   မန္တလေး ပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင်  ၂၀၂၅ ခုနှစ် နိုဝင်ဘာလစတုတ္ထပတ် အတွင်းဖြစ်ပေါ်သည့်ပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ပဲနီပြား(ကျွန်း) ၄၈၀၀၀၀ ကျပ်နှင့် ၅၃၀၀၀၀ ကျပ်၊ ပဲနီပြား(တံတားဦး) ၄၂၀၀၀၀ကျပ်၊  တစ်ပိဿာလျှင် ပဲနီပြား (ကျွန်း) ၈၆၈၈ ကျပ် နှင့် ၉၅၉၃ကျပ်၊ပဲနီပြား(တံတားဦး)၇၆၀၂ကျပ်တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နှစ် ကာလတူစျေးမှာ တစ်ပိဿာလျှင် ပဲနီပြား(ကျွန်း) ၉၄၁၂ကျပ်နှင့် ၉၅၉၃ကျပ်၊ပဲနီပြား(တံတားဦး) ၈၃၂၆ ကျပ်နှင့် ၈၅၀၇ ကျပ်တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နှင့်ယခုနှစ်စျေးနှိုင်းယှဉ်ပါက ပဲနီပြား(ကျွန်း)မှာ စျေးကွာခြားမှုမရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မက္ကာဒေးမီးယားအကြောင်း

               မက္ကာ‌ဒေးမီးယားစေ့သည် အခွံမာမာလေးနဲ့အတွင်းမှာ အဖြူဆံလေးပါ၍  စားရသည်မှာချိုချို ဆိမ့်ဆိမ့်လေးနှင့် ချောကလက်ထဲမှာ ပါလေ့ရှိသလိုစားလို့လည်း တော်တော်လေး အရသာရှိပြီး ကျန်းမာစေကြောင်း၊ နို့ထဲမှာရောကြိတ်ပြီး သောက်ကြသလို နို့နှင့်စိမ်ပြီးလည်း သောက်ပေး ကြကြောင်း၊ အခွံ၏အရောင်မှာ အစိမ်းရောင်ဖြစ်ပြီး အတွင်ဆံ‌ကအဖြူရောင် ဖြစ်ကြောင်း၊ မီးအေးအေးဖြင့်လှော်လိုက်ပါက အခွံလေးကချောကလက်လေးလို အညိုရောင်သန်းသည့် အရောင် ဖြစ်သွားပြီး အာဟာရဓာတ်တွေကို ပြည့်ပြည့်ဝဝရရှိကြောင်း၊ စားလိုက်ရင် ချိုစိမ့်စိမ့်လေးနဲ့ အရသာ ရှိကြောင်းသိရှိရသည်။ ပရိုတင်းဓာတ်၊ ဗီတာမင်အီး၊ သကြားဓာတ်၊ အမျှင်ဓာတ်နှင့် အဆီဓာတ် များပါဝင်ကြောင်း၊ ပြည့်ဝဆီကြွယ်ဝသောကြောင့် အသင့်အတင့် စားသုံးပါက  နှလုံးကျန်းမာစေသလို သွေးတွင်က အကျိုးမပြုသော ကိုလက်စထရောတွေကို ကျဆင်းစေပြီး နှလုံးသွေးကြော ကျဉ်းစေကြောင်း၊ အဆာခံနိုင်ပြီး အစားအစားချင်စိတ် ခဏခဏမဖြစ်အောင် လုပ်ဆောင်ပေးသလို ကိုယ်အလေးချိန်ကို ထိန်းညှိပေး၍ ဝိတ်ချချင်သူများအတွက်လည်း သင့်တင့်သောပမာဏကို စားသုံးခြင်းဖြင့် ကျန်းမာရေနှင့်ညီညွတ်သော ဓာတ်စာ တစ်မျိုးဖြစ်ကြောင်း၊ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးသောကြောင့် ဆီးချိုရှိသူများအတွက် အထူးသင့်တော်ပြီး အမျှင်ဓာတ်ပါဝင်သောကြောင့် ဝမ်းမချုပ်ခြင်းကိုကာကွယ်ပေးကြောင်း၊ မက္ကာဒေးမီးယားစေ့တွင် ဗီတာမင်အီးပါဝင်သောကြောင့် နေ့စဉ်စားသုံးမှုတွင် သင့်တင်သောပမာဏ ပါဝင်အောင်စားသုံးခြင်းဖြင့်  ကင်ဆာရောဂါကို ကာကွယ်ကြောင်း၊ မပြည့်ဝဆီကြွယ်ဝသောကြောင့် သင့်တင့်စွာစားသုံးခြင်းဖြင့် သွေးတွင်းမှ အကျိုးမပြုသော ကိုလက်စထ‌ရောတွေကို ကျဆင်းစေပြီး နှလုံးသွေးကြောကျဉ်းရောဂါကိုကာကွယ်ပေး၍ နှလုံးကို ကျန်းမာစေကြောင်း စာပေများမှ ဖတ်ရှု့သိရှိရသည်။

DOCA(မန္တလေး)

ကျောက်ပန်းတောင်းမြို့နယ်၏၊၂၀၂၅/၂၀၂၆ခုနှစ်မိုးစပါးစိုက်ပျိုးထားရှိမှု

                  မိုးစပါးစိုက်ဧကများကို ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ကြက်မောက်တောင်ဆည် အထက်ဘက်ကျေးရွာများဖြစ်သည့်ဂွေးကုန်းရွာ၊လက်ပံအိုင့်ရွာ၊လဲဂွရွာ၊မုန့်ကုန်းရွာ၊ ဆပ်ပြာကျင်း ရွာ၊ ညောင်ဖြူပင်ရွာနှင့် ရွာသစ်ရွာများ၌ စိုက်ပျိုးထားကြောင်းသိရှိရသည်။ မိုးစပါးသီးနှံကို ဇူလိုင်လ၊ ဩဂုတ်လ၊ စက်တင်ဘာလတို့တွင် စတင်စိုက်ပျိုးပြီး၊ ဒီဇင်ဘာလနှင့် ဇန်နဝါရီလတို့တွင် ရိတ်သိမ်းထွက်ပေါ်မည်ဖြစ်ကြောင်း၊ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ကြက်မောက်တောင်  ဆည်ရေသောက်‌ ဒေသတွင်မိုးစပါး (၈၅၀) ဧကစိုက်ပျိုးထားကြောင်း စိုက်ပျိုး‌ရေးဦးစီးဌာန၏ စာရင်းများအရသိရှိ ရသည်။ စိုက်ပျိုးသည့် စပါးမျိုးများမှာ ဆင်းသုခ၊ မနောသုခနှင့် အောင်နိုင်တိုးစပါးမျိုးများကို စိုက်ပျိုးထား ကြောင်း၊  ပျိုးထောင်ရက် (၂၁)ရက်အကြာတွင် စိုက်ပျိုးမည့် လယ်မြေအတွင်း ရွေ့ပြောင်းစိုက်ရ ကြောင်း စပါးတစ်သီး ရင့်မှည့်ချိန်အထိ ငါးလကြာမြင့်ကြောင်း ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလတွင် မိုးစပါးများရိတ်သိမ်း ထွက်ပေါ်မည် ဖြစ်ကြောင်း၊ မိုးလေဝသမှန်ကန်သည့် နှစ်များတွင် မိုးစပါးများကို စောစောစိုက်ပျိုးလေ့ရှိပြီး မိုးရွာသွန်းမှုနောက်ကျလျှင် မြေအောက်ရေ သောက်စနစ် ဖြင့်စိုက်ပျိုး ကြောင်း သိရှိရသည်။ ယခင်နှစ်တစ်ဧကအထွက်နှုန်းအနေဖြင့်၉၇တင်းမှ၁၀၀တင်းခန့်ထွက်ရှိကြောင်း၊ယခင်နှစ်ထွက်ပေါ်ချိန်စပါးတစ်တင်းလျှင်ဒေသပေါက်ဈေး (၁၈၀၀၀- ၂၀၀၀၀) ကျပ်ခန့်ပေါက်ဈေးရှိသော်လည်း အရောင်းအဝယ်မရှိကြောင်း၊ ထွက်ရှိသော စပါးများကို ဒေသအတွင်းရှိ စက်များ၌ကြိတ်ခွဲပြီး ရရှိလာသောဆန် သားများကို ‌ဒေသတွင်းဝမ်းစာနှင့် တိရိစ္ဆာန်အစာ အဖြစ်အသုံးပြုကြကြောင်း၊သိရှိပါသည်။

DOCA(မန္တလေး)

နိုဝင်ဘာလစတုတ္ထပတ်တွင် ပဲပုတ်စျေးအနည်းငယ်ကျ

         ပြည်တွင်းစားသုံးမှုများပြားခြင်းနှင့် ပြည်ပတင်ပို့သည့်ပဲပုတ်မှာ အရောင်းသွက်လျက်ရှိပြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်း၂၀၂၄-၂၀၂၅ခုနှစ်တွင်ပဲပုတ်အပါအဝင်ပဲမျိုးစုံစိုက်ပျိုးမှု ၁၀၁၉၄၇၇ ဧက ဖြစ်ကြောင်း သိရှိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း တွင်၂၀၂၅ ခုနှစ်နိုဝင်ဘာလစတုတ္ထပတ်အတွင်း ပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ပဲပုတ် (ရှမ်း) ၂၈၅၀၀၀ကျပ်နှင့်၂၉၅၀၀၀ကျပ်၊ ပဲပုတ်(ဗမာ)၃၂၀၀၀၀ကျပ်နှင့် ၃၃၀၀၀၀ကျပ်၊ ပဲပုတ်(စက်ပဲ)၂၇၅၀၀၀ ကျပ်နှင့် ၂၈၅၀၀၀ ကျပ်၊တစ်ပိဿာပေါက်စျေးမှာ ပဲပုတ်(ရှမ်း) ၅၃၅၂ကျပ်နှင့် ၅၅၄၀ကျပ်၊ ပဲပုတ် (ဗမာ) ၆၀၀၉ကျပ်နှင့် ၆၁၉၇ ကျပ်၊ ပဲပုတ်(စက်ပဲ)၅၁၆၄ကျပ်နှင့် ၅၃၅၂ကျပ် တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာ ပဲပုတ်(ရှမ်း)၆၅၇၃ကျပ်နှင့် ၇၇၀၀ ကျပ်၊ ပဲပုတ် (ဗမာ)၉၀၁၄ကျပ်၊ ပဲပုတ် (စက်ပဲ) ၅၆၃၄ကျပ်နှင့် ၆၁၉၇ကျပ်တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခုနှင့် ယခင်နှစ်ကာလတူ ပေါက်စျေးနှိုင်းယှဉ်ပါကပဲပုတ်စျေးမှာ အနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

နိုဝင်ဘာလစတုတ္ထပတ်ရှိ မန္တလေးပဲယင်းကြီးစျေးကွက်

       ပဲယဉ်းသီးနှံမှာ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပသို့တင်ပို့သည့်စျေးကွက်ဝင် ပဲအမျိုးအစားဖြစ်ပြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်း၂၀၂၄-၂၀၂၅ခုနှစ် ပဲယင်းသီးနှံအပါအဝင်ပဲမျိုးစုံစိုက်ပျိုးမှုမှာ (၁၀၁၉၄၇၇)ဧကဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ခုနှစ်နိုဝင်ဘာလစတုတ္ထပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော ပေါက်စျေးမှာ ၃တင်း ဝင် တစ်အိတ်လျှင် ပဲယင်း(နီ)၂၂၀၀၀၀ကျပ်နှင့်၂၂၅၀၀၀ကျပ်၊ ပဲယင်း(ကြီး) ၂၁၀၀၀၀ ကျပ်နှင့် ၂၁၅၀၀၀ကျပ်၊တစ်ပိဿာစျေးမှာ ပဲယင်း(နီ)၃၆၆၇ကျပ်နှင့် ၃၇၅၀ကျပ်၊ ပဲယင်း(ကြီး) ၃၅၀၀ကျပ်နှင့် ၃၅၈၃ ကျပ်တို့ဖြစ်ပြီး၊ ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာ ပဲယင်း(နီ) ၄၂၅၀ကျပ်နှင့်၄၃၃၃ ကျပ်၊ ပဲယင်း(ကြီး) ၄၀၈၃ကျပ်နှင့် ၄၁၃၃ကျပ်တို့ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါသည်။ ယခုနှင့်ယခင်နှစ် ကာလတူပေါက်စျေးနှိုင်းယှဉ်ပါက စျေးအနည်းငယ် လျော့နည်းသွားကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း