ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျောက်ပန်းတောင်းမြို့နယ်၏ ဆူးပုတ်ကြီးဈေးနှုန်း

             ကျောက်ပန်းတောင်းမြို့နယ်တွင် ကျေးရွာပေါင်း(၃၉၉)ရွာ ရှိသည့်အနက်မှ ဆည်ပေါက်၊ ညောင်ကန်၊ အင်ချောင်း၊ ရေထွက်၊ ညောင်ဖြူပင် စသည့်ကျေးရွာများ၌ ဆူးပုတ်ကြီးပင်ကို အိမ်ခြံစည်းရိုးများတွင် စိုက်ပျိုးကြပြီး ဒေသဈေးကွက်သို့ရောင်းချလျက်ရှိသလို မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်ဘက်မှလည်း မှာယူပြီး မြို့မစည်ပင်သာယာဈေးတွင်ရောင်းချလျက်ရှိပါသည်။အောက်တိုဘာလပထမပတ်တွင် ဆူးပုတ်ကြီးတစ်ဆယ်ကျပ်သားလျှင်(၂၀၀၀)ကျပ်၊တစ်ပိဿာလျှင်(၁၇၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုအောက်တိုဘာလ တတိယပတ်တွင် ဆူးပုတ်ကြီး တစ်ဆယ်ကျပ်သားလျှင်(၁၅၀၀)ကျပ်၊ တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း သိရသည်။

DOCA(မန္တလေး)

မြိတ်မြို့ရှိ စက်သုံးဆီစျေးနှုန်းစျေးကွက်

     တနင်္သာရီတိုင်း‌ဒေသကြီး၊ မြိတ်ခရိုင်တွင် စက်မှုလုပ်ငန်းများနှင့် သယ်ယူပို့ဆောင်ရေးအတွက် အရေးပါလျက်ရှိသော စက်သုံးဆီများကို ရန်ကုန်မြို့နှင့် မလေး၊ ထိုင်း၊ စင်္ကာပူနိုင်ငံတို့မှ  ပြန်လည် တင်သွင်းလျက်ရှိပြီး မြိတ်မြို့ စက်သုံးဆီအရောင်းဆိုင်များ၊ လျှပ်စစ်မီးရရှိရေးနှင့် စက်မှုလုပ်ငန်းများ တွင် ပြန်လည်အသုံးပြုလျက်ရှိပါသည်။ နိုဝင်ဘာလလက်ကားစျေးနှုန်းအရ ဓါတ်ဆီတစ်ပေပါမှာ ၅၇၀၀၀၀ကျပ်နှင့် ဒီဇယ်တစ်ပေပါ မှာ ၆၀၀၀၀၀ ကျပ်ခန့်စျေးရှိကြောင်းသိရှိရပါသည်။

      မြိတ်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်တွင် ရောင်းချနေသော နိုဝင်ဘာလလက်လီစျေးနှုန်းအရ ၉၂ ဓါတ်ဆီ တစ်လီတာ (၂၈၀၀) ကျပ်၊ ဒီဇယ် ၉၅ ဓါတ်ဆီ တစ်လီတာ (၂၉၀၀) ကျပ်၊ ဒီဇယ် တစ်လီတာ (၂၉၅၀)ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ စျေးနှုန်းမှာ (၃၀၀၀)ကျပ် ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ကျောင်းကုန်းမြို့နယ်အတွင်းရှိ ပိန်းဥဈေးကွက်ကောင်းမွန်နေ

  ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၌ ပိန်းဥများဝယ်လိုအားကောင်းနေပြီး အရောင်း အဝယ်ကောင်းမွန်နေကြောင်း ကုန်စိမ်းရောင်းချသူ လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။ ကျောင်းကုန်း ဒေသထွက် ပိန်းဥများအရောင်းအဝယ်ကောင်းမွန်နေကြောင်း၊ တစ်ရက်လျှင် ပိဿာ ၂၅၀၀ မှ ၅၅၀၀ အထိ အရောင်းအဝယ်ကောင်းမွန်နေကြောင်း သိရှိရပါသည်။ ဈေးနှုန်းမှာ တစ်ပိဿာလျှင် ၅၀၀၀ ကျပ်မှ ၆၀၀၀ ကျပ်အထိ အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

          ကျောင်းကုန်းမြို့နယ်၌ ပိန်းဥဈေးကွက်ကောင်းမွန်နေသည့်အတွက် တောင်သူများ၊ ကုန်သည် များ၊ ကုန်တင်၊ကုန်ချလုပ်သားများ၊ ကုန်တင်ယာဉ်အငှားလိုက်သူများ အလုပ်အကိုင် အခွင့်အလမ်းများ စွာရလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

မြိတ်မြို့ ဒေသထွက် ဆီးဖြူသီး(ခေါ်)ဆားဖြူးသီး စျေးနှုန်းစျေးကွက်

      တနင်္သာရီတိုင်း၊ မြိတ်ခရိုင်တွင် ကွမ်းသီး၊ ရာဘာ၊ သီဟိုဠ် များစိုက်ပျိုးကြသလို ဆီးဖြူသီး ကိုလည်း စိုက်ပျိုးလျက်ရှိကြပါသည်။ ဆီးဖြူသီးဟာ ဗီတာမင် စီ အလွန်ကြွယ်ဝတဲ့ အသီးဖြစ်ပြီး ကျန်းမာရေးအရ စားသုံးရန်သင့်သောအသီးဖြစ်သည်။ အရသာမှာ ချို၊ ချဉ်၊ ဖန်အရသာရှိပြီး သီးစုံ အချဉ်ပေါင်းများနှင့် ဖျော်ရည်များတွင် သုံးစွဲကြလေ့ရှိပါသည်။

     မြိတ်မြို့၊ နိုဝင်ဘာလပထမပတ်စျေးနှုန်းအရ ဒေသထွက် ဆီးဖြူသီး(ခေါ်)ဆားဖြူးသီး တစ် ပိဿာလျှင် (၈၀၀၀)ကျပ်ရှိပြီး တစ်ဆယ်သားလျှင်(၁၀၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း သိရှိရ ပါသည်။

DOCA(တနင်္သာရီ)

 

 

ပြောင်းဖူးများ တင်ပို့မှုနှင့် ဈေးကွက်အတွင်းပေါများစွာ ရောက်ရှိလာခြင်း

    ယခုအချိန်တွင် စားသုံးသူအများဆုံး အစာပြေအစားအစာအဖြစ်လည်းကောင်း၊ ဟင်းလျာအဖြစ်လည်းကောင်း စားသုံးသော ပြောင်းဖူးများဈေးကွက်အတွင်းအများဆုံးရောက်ရှိလာသော ရာသီဖြစ် ပါသည်။ ပြောင်းဖူးများကို ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လယ်များ၊ ကိုင်းများတွင် လယ်ယာ လုပ်ကိုင်သော တောင်သူများမှ စိုက်ပျိုးကြပြီး အနယ်နယ်အရပ်ရပ်သို့ မီးရထားများ၊ ကားများဖြင့် လည်းကောင်း၊ ရေလမ်းခရီးများမှ လည်းကောင်း တင်ပို့မှုများပြားလာကာ ပြောင်းဖူးထွက်ရှိမှုများ များပြားလာမှုကြောင့် လယ်ယာ/ကိုင်းကျွန်းလုပ်ကိုင်သော တောင်သူများ၊ ယာလုပ်သူများ ဝင်ငွေတိုး စေသော ကာလတစ်ခုလည်းဖြစ်ပါသည်။ ပြောင်းဖူး လှိုင်လှိုင်ပေါသော ရာသီတွင် ဈေးနှုန်းသက်သာ သောကြောင့် စားသုံးသူများ သက်သာစွာဝယ်ယူစားသောက်နိုင်ပြီး ပြောင်းဖူးတွင် သကြားပြောင်း၊ ငချိတ်ပြောင်း အပြင် အစေးပြောင်းနှင့် အခြားအမျိုးအစားများလည်း များပြားစွာရှိကြပါသည်။ ပြောင်းဖူးကို ပြောင်းကော်မှုန့်များလည်းပြုလုပ်ပါသည်။ ပြောင်းဖူးတွင် ဗီတာမင် C ပြည့်ဝစွာ ပါရှိသည့်အတွက် ကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်သောကြောင့် စားသုံးသင့်သော အစား အစာတစ်မျိုးဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပခုက္ကူမြို့၌ ကြက်ဥဈေး အနည်းအငယ်ကျ၍ အရောင်းအဝယ်ဖြစ်

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်တွင် ဥစားကြက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်မှု နည်းပါးခြင်းကြောင့် ဒေသတွင်းစားသုံးမှု မလုံလောက်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့တို့မှ ဝယ်ယူ၍ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

          ဈေးနှုန်းများအနေဖြင့်၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် ကြက်ဥအကြီးအသေးမူတည်၍ ကြက်ဥ(၁၀)လုံးလျှင် ကျပ်(၄၁၀၀၊ ၄၃၀၀၊ ၄၅၀၀)ဈေးရှိပြီး တစ်ပိဿာလျှင် ကျပ်(၁၁၀၀၀)၊ ယခင် စက်တင်ဘာလတွင် ကြက်ဥတစ်ပိဿာလျှင် ကျပ်(၁၂၀၀၀)ဈေးဖြင့် အရောင်းအဝယ်ရှိခဲ့ရာ ယခင် ယခုဈေးနှုန်းနှိုင်းယှဉ်ပါက တစ်လအတွင်း ကြက်ဥတစ်ပိဿာလျှင် ကျပ်(၁၀၀၀)ခန့်ဈေးကျ၍ အရောင်း အဝယ်ဖြစ် လျက်ရှိကြောင်း သိရှိရပါသည်။

          ကြက်ဥသည် ကျန်းမာရေးနှင့် ညီညွှတ်ပြီး အာဟာရပြည့်ဝသော အစားအစာတစ်မျိုးဖြစ်ပြီး စားသုံးပြည်သူများအနေဖြင့် လူတန်းစားမရွေး ဝယ်ယူစားသုံးနိုင်ပြီး အလွယ်တကူ စားသုံးရသော အစားအစာတစ်မျိုးဖြစ်ခြင်းအပြင် စားသောက်ဆိုင်လုပ်ငန်းရှင်များမှလည်း ဝယ်ယူမှုများခြင်း ကြောင့် အရောင်းအဝယ်သွက်ကြောင်း ကြက်ဥရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

ပခုက္ကူ မန်ကျည်းသီးမှည့်ဈေး ငြိမ်၍ အရောင်းအဝယ်ဖြစ်

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်တွင် မန်ကျည်းသီးမှည့်များ ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး အဓိကအားဖြင့် ယောနယ်ဒေသများနှင့် ကျောက်ပန်းတောင်းမြို့၊ ဆိပ်ဖြူမြို့၊ မြိုင်၊ ကမ္မနှင့် မြစ်ခြေမြို့များမှ ထွက်ရှိ၍ နေ့စဉ်ဝင်ရောက်အရောင်းအဝယ် ဖြစ်လျက် ရှိပါသည်။

                  ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ(စတုတ္ထပတ်)တွင် မန်ကျည်းသီးများ ဈေးငြိမ်၍ အရောင်း အဝယ်ဖြစ်လျက်ရှိသည်။ မန်ကျည်းသီးမှည့် အစေ့ပါ တစ်ပိဿာလျှင် ကျပ်(၄၅၀၀-၅၀၀၀)၊ အစေ့လွတ် တစ်ပိဿာလျှင် ကျပ်(၁၂၀၀၀)ဖြစ်ပြီး ယခင်စက်တင်ဘာလ(စတုတ္ထပတ်)နှင့်ဈေးနှုန်း နှိုင်းယှဉ်ပါက ဈေးအတက်အကျမရှိ ငြိမ်၍ အရောင်းအဝယ်ဖြစ်ကြောင်း ဈေးကွက်မှ သိရှိရသည်။

                  မန်ကျည်းသားများကို ပခုက္ကူမြို့ပေါ်ရှိ စားသောက်ကုန်လုပ်ငန်းရှင် လှောင်လက်သမား များမှ ကုန်ဝင်မှုရှိသော်လည်း ဝယ်ယူထားရှိပြီး ပြန်လည်ရောင်းချကြကြောင်း၊ အကြော်ဆိုင်၊ အကင် ဆိုင်များမှ မန်ကျည်းသီး အချဉ်ရည်များ ပြုလုပ်ရန်အတွက် ဝယ်ယူခြင်း၊ မန်ကျည်းဖျော်ရည် လုပ်ငန်းများနှင့် မန်ကျည်းတော်ဖီ လုပ်ငန်းရှင်များမှလည်း အများအပြား ဝယ်ယူသည့်အပြင် ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့လည်း တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူခရိုင်အတွင်းရှိ မြို့နယ်များတွင် မိုးစိုက် (ခေါ်) ဥစိုက် ကြက်သွန်နီများ စိုက်ပျိုးလျက်ရှိ

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ မြို့နယ်များတွင် မိုးကြက်သွန် (ခေါ်) ဥစိုက် ကြက်သွန်နီနှင့် ဆောင်းကြက်သွန်နီ (ခေါ်) အပင်စိုက်များကို နှစ်စဉ်မပျက် အများအပြား စိုက်ပျိုး ထုတ်လုပ်ပြီး ပြည်တွင်းနှင့် ပြည်ပသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။ မကွေးတိုင်းဒေသကြီးကို မြန်မာနိုင်ငံ၏ ဆီအိုးကြီးဟု ပြည်သူများကအသိအမှတ်ပြု ခေါ်ဆိုခဲ့ကြပါသည်။ မကွေးတိုင်းဒေသ ကြီးတွင် ဆီထွက်သီးနှံများဖြစ်သည့် နှမ်း၊ မြေပဲနှင့် နေကြာများကို ရာသီအလိုက် စိုက်ပျိုးလျက်ရှိ သည့်အပြင် ပခုက္ကူခရိုင်တွင်လည်း စားဖိုဆောင်သီးနှံဖြစ်သော ကြက်သွန်နီကို ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ဆိပ်ဖြူမြို့နယ်များတွင် စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ ကြက်သွန်နီဈေးကွက်တွင် လည်း ဆိပ်ဖြူ ကြက်သွန်၊ ပခုက္ကူကြက်သွန်နှင့် ပေါက်ယောချောင်းကြက်သွန်များမှာ အရည်အသွေးကောင်း၍  နာမည်တစ်လုံးရရှိခဲ့ပါသည်။

      ကြက်သွန်နီဈေးကွက်တွင် ယခင်နှစ်က စိုက်ပျိုးထွက်ရှိခဲ့သည့် အပင်စိုက် ကြက်သွန်နီများ မှာ ကြက်သွန်ဒိုင်ပြတ်ဈေးအနေဖြင့် () ပိဿာ ကျပ်(၁၁၀၀)မှ ကျပ်(၄၀၀)ဖြင့်သာ အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။ ယခုလက်ရှိဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေသည့် ကြက်သွန်နီ များမှာ ဒီဇင်ဘာ၊ ဇန်နဝါရီလများတွင် အညှောင့်များထွက်လာ၍ သက်တမ်းကုန်ဆုံးမည်ဖြစ်သည့် အတွက် ကြက်သွန်နီစိုက်တောင်သူများအနေဖြင့် ဈေးကောင်းကိုမျှော်လင့်၍ မိုးစိုက် (ခေါ်) ဥစိုက် ကြက်သွန်နီများကို ပခုက္ကူ၊ရေစကြို၊ဆိပ်ဖြူမြို့များတွင် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ရေဝင်ရောက် ရာကျေးရွာများတွင် မြစ်ရေကျချိန် စက်တင်ဘာလ၊ အောက်တိုဘာလများတွင် စိုက်ပျိုးလျှက်ရှိပါ သည်။ ယခုနှစ် ()ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ ထွန်ယက်စိုက်ပျိုးကုန်ကျစရိတ် ကျပ်(၂၅) သိန်းခန့်ကုန်ကျပြီး ခန့်မှန်းအထွက်အနေဖြင့် ပိဿာ (၃၀၀၀)ခန့် ထွက်လျှင် ယခု လက်ရှိ ဈေးအတိုင်း ရောင်းချပါက အကျိုးအမြတ်မရရှိသော်လည်း အရှုံးမရှိကြောင်း၊ အကယ်၍ ကြက်သွန်နီ ပေါ်ချိန် ဒီဇင်ဘာ၊ ဇန်နဝါရီလများတွင် ဈေးနှုန်း () ပိဿာကို ကျပ်(၂၀၀၀)ခန့် ရောင်းချရလျှင် ကြက်သွန်စိုက်တောင်သူများ အကျိုးအမြတ်များစွာရရှိနိုင်မည်ဖြစ်ကြောင်း ကြက်သွန်နီစိုက် တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မကွေး)

 

 

ဘူးသီးဘူးညွှန့်ဈေးနှုန်းများ

      မြင်းခြံမြို့ပေါ်ရှိ ဘူးသီးဘူးညွှန့်များသည် စားသုံးသူများပြားသည့် သီးနှံဖြစ်သည်။ ရာသီပေါ်သီးနှံဖြစ်သည့် ဘူးသီးများကို ခရမ်းချဉ်သီးနှင့် ချဉ်ရည်ဟင်းချက်ပြုတ်၍ စားသောက်ခြင်း၊ ဘူးသီးနှင့် ပဲ၊ပုဇွန်ခြောက်၊ ဘူးသီးနှင့် ကြက်သားတို့ရောပြီး ကြက်ဘူးသီးဟင်းကိုနှစ်သက်စွာ ချက်စားကြသည်။အကြော်ဆိုင်များတွင်လည်း ဘူးသီးကြော်များ ရောင်းချကြ၍ ဝယ်ယူမှုများ သောကြောင့် စိုက်ပျိုးရောင်းချသူများအတွက်လည်း ဝင်ငွေရရှိစေပါသည်။ ဘူးပင်မှရရှိသောဘူးညွှန့်များကိုလည်း ကြော်ချက်၍ စားကြသလို တို့စရာအဖြစ်လည်း စားသုံးကြပါသည်။ ယခုအခါ ဘူးသီးများကို အလုံးအကြီးအသေးပေါ်မူတည်၍ ၃၀၀၀/၄၀၀၀ ကျပ်၊ ဘူးသီးအနုမှာ (၁၂၀၀)ကျပ်၊ ဘူးညွှန့်တစ်စည်းလျှင် (၂၀၀)ကျပ်နှင့် (၃)စည်းလျှင် (၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ရှိနေကြောင်း သိရသည်။

DOCA(မန္တလေး)

သရက်မြို့၏ ငှက်ပျောသီး ဈေးနှုန်းအခြေအနေ

         မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်ရှိ ထီးရိုး၊ ရွှေပန်းကိုင်းကျေးရွာနှင့် မင်းတုန်းမြို့နယ်ရှိ ယော၊ သမ္ဗူလ၊ မြို့ဟောင်း၊ အလယ်ချောင်းကျေးရွာများမှ ထွက်ရှိသည့် ဖီးကြမ်း ငှက်ပျောနှင့် ရခိုင်ငှက်ပျောသီးများမှာ သရက်မြို့ပေါ်ရှိ ငှက်ပျောသီးဆိုင်များသို့ အများဆုံးဝင် ရောက်လျက်ရှိကြောင်း သိရသည်။

     ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ(စတုတ္ထပတ်)တွင် ငှက်ပျောသီး တစ်ဖီးဈေးနှုန်းအနေဖြင့် ဖီးကြမ်း ကျပ်(၃၀၀၀-၃၅၀၀)၊ ရခိုင်ငှက်ပျောသီး ကျပ်(၁၃၀၀-၁၅၀၀)ဖြင့် ရောင်းချကြောင်း၊ ယခင် (တတိယပတ်)နှင့် နှိုင်းယှဉ်ပါက ပြောင်းလဲမှုမရှိဘဲ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငှက် ပျောသီးရောင်းချသည့် ဈေးသည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း