မိတ္ထီလာဈေးကွက်တွင် နေကြာစေ့ဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိ

Powered by Drupal

  မိတ္ထီလာခရိုင်တွင် ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် မိုးနေကြာများကိုမြို့နယ်(၄)မြို့နယ်လုံး စိုက်ပျိုး ကြကြောင်း၊  မိတ္ထီလာခရိုင်တွင် ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးနေကြာစိုက်ဧက   ( ၁၅၄၇) ဧက စိုက်ပျိုး နိုင်ခဲ့ ထွက်ရှိသောနေကြာသီးနှံများကို ဒေသတွင်းဆီကြိတ်စက်များမှ အများဆုံးဝယ်ယူကြကြောင်း သိရပါသည်။

   ယခုဒီဇင်ဘာလပထမပတ်တွင် နေကြာစေ့တစ်ပိဿာလျှင်(၇၀၀၀)ကျပ် ၊နေကြာဆီ တစ်ပိဿာ လျှင်(၁၉၀၀၀)ကျပ်၊ နေကြာဖတ်တစ်ပိဿာလျှင် (၃၄၀၀-၃၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း၊ ယခင်လနှင့်ကာလတူနှိုင်းယှဉ်လျှင် နေကြာစေ့တစ်ပိသာလျှင်(၃၀၀-၅၀၀)ကျပ်ခန့် ဈေးနှုန်း ကျဆင်းလာပြီး၊  တိရိစ္ဆာန်အစာဈေးမြင့်တက်၍ နေကြာဖတ်တစ်ပိသာလျှင် (၃၀၀)ကျပ်ခန့်ဈေးနှုန်းမြင့် တက်လာကြောင်း၊ နေကြာဆီ ဈေးနှုန်းမှာ အရောင်းအဝယ်အေး၍ဈေးနှုန်း တည်ငြိမ်နေကြောင်း သိရပါ သည်။

DOCA(မန္တလေး)