ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

နိုဝင်ဘာလ စတုတ္ထပတ်ရှိ စားတော်ပဲစျေးကွက်

       စားတော်ပဲမှာ ပြည်တွင်းစားသုံးမှုများပြားသည့်ပဲဖြစ်ပြီး၊ စျေးကွက်အတွင်း အရောင်းသွက်သည့် ပဲအမျိုးအစားဖြစ်ကြောင်း သိရပါသည်။မန္တလေးတိုင်းဒေသကြီးအတွင်း အမရပူရ၊ ပြင်ဦးလွင်၊  မိုးကုတ်၊ တကောင်း၊ စဉ့်ကူး၊ မတ္တရာနှင့်မြင်းခြံမြို့နယ်တို့တွင် စားတော်ပဲများစိုက်ပျိုးပြီး၊၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း   စားတော်ပဲအပါအဝင်  ပဲမျိုးစုံစိုက်ပျိုးမှု  ၁၀၁၉၄၇၇ ဧကဖြစ်ကြောင်း သိရှိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင်  ၂၀၂၅ ခုနှစ်နိုဝင်ဘာလစတုတ္ထ ပတ်အတွင်းဖြစ်ပေါ်သည့် ပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် စားတော်ပဲ(ကနေဒါ) ၃၂၀၀၀၀ ကျပ်နှင့် ၃၃၀၀၀၀ ကျပ်၊ စားတော်ပဲ(ကျွန်း)၈၈၀၀၀၀ ကျပ်၊တစ်ပိဿာလျှင်စားတော်ပဲ (ကနေဒါ) ၅၄၀၁ကျပ်နှင့် ၅၅၇၀ကျပ်၊စားတော် ပဲ(ကျွန်း)၁၄၈၅၂ ကျပ်တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နှစ်ကာလတူ တစ်ပိဿာ ပေါက်ဈေးမှာ စားတော်ပဲ (ကနေဒါ) ၆၄၁၄ကျပ်နှင့် ၇၅၉၄ကျပ်၊ စားတော်ပဲ (ကျွန်း)၇၀၈၉ကျပ်နှင့် ၇၅၉၄ကျပ်ဖြစ်ပြီး၊ ယခုနှစ်နှင့် ယခင်နှစ်ကာလတူစျေး နှိုင်းယှဉ်ပါက တစ်ပိဿာလျှင် စားတော်ပဲ (ကနေဒါ)စျေးမှာ လျော့နည်းသွားကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မန္တလေးစျေးကွက်အတွင်း အစေ့ထုတ်ပြောင်း စျေးကျဆင်းလျက်ရှိ

      ပြောင်းသီးနှံမှာမွေးမြူရေး အစားစပ်လုပ်ငန်းတွင်သုံးစွဲမှုများပြားခြင်း၊ ပြည်ပတင်ပို့ခြင်းတို့ကြောင့် အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။  မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄ - ၂၀၂၅ ခုနှစ်တွင် အစေ့ထုတ်ပြောင်းစိုက်ပျိုးမှု  ၃၆၆၂၂  ဧက၊ရိတ်သိမ်းမှု ၁၃၃၃၁ ဧက၊ အထွက်နှုန်း  ၄၉.၅၅  တင်း၊ အထွက်တင်းစုစုပေါင်း   ၆၆၀၅၉၁  တင်းဖြစ်ကြောင်း သိရပါသည်။  မန္တလေး ပွဲစား၊ ကုန်သည် စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာလစတုတ္ထပတ်အတွင်း ဖြစ်ပေါ်သည့် အစေ့ထုတ်ပြောင်းစျေးမှာပြောင်းဖူးစေ့(ရှမ်း) ၆၈၀၀၀ ကျပ်နှင့် ၇၂၀၀၀ကျပ်၊ပြောင်းဖူးစေ့ (စီပီ) ၇၀၀၀၀ ကျပ် နှင့် ၇၂၀၀၀ကျပ်၊ တစ်ပိဿာစျေးအနေဖြင့် ပြောင်းဖူးစေ့(ရှမ်း) ၁၂၅၉ကျပ်နှင့် ၁၃၃၃ကျပ်၊(စီပီ)၁၂၉၆ကျပ်နှင့်၁၃၃၃ကျပ်စျေးတို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာပြောင်းဖူးစေ့ (ရှမ်း)၁၄၂၆ ကျပ်နှင့် ၁၄၄၄ကျပ်၊ ပြောင်းဖူးစေ့(စီပီ) ၁၄၇၁ ကျပ်နှင့် ၁၄၆၃ကျပ်၊ ပြောင်းဖူးစေ့(ဗမာ)၁၄၂၆ကျပ်နှင့်၁၄၄၄ကျပ်တို့ဖြစ်ကြောင်းသိရှိရပါသည်။ ယခုနှစ်စဈေးနှင့် ယခင်နှစ်ကာလတူစျေးနှိုင်းယှဉ်ပါက အစေ့ထုတ်ပြောင်းစျေးမှာ အနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မန္တလေးဆီကြိတ်ဖတ် ပေါက်စျေးနှုန်းမြင့်တက်လျက်ရှိ

        မန္တလေးစျေးကွက်အတွင်း တိရိစ္ဆာန်အစာဆီကြိတ်ဖတ်အမျိုးမျိုး စျေးမြင့်တက်လျက်ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ ဆီထွက်သီးနှံမြေပဲ၊ နှမ်းနှင့် နေကြာသီးနှံများအား ပြည်တွင်းစားဆီကြိတ်ခွဲခြင်းတွင် အရေးပါသကဲ့သို့မြေပဲနှင့် နှမ်းမှာပြည်ပသို့ တင်ပို့သည့်ကုန်စည်အမယ်များ ဖြစ်ပါသည်။ မြေပဲ၊ နှမ်း၊ နေကြာသီးနှံများအား စားဆီကြိတ်ခွဲပြီး ထွက်ရှိလာသည့် မြေပဲဖတ်၊ နှမ်းဖတ်နှင့် နေကြာဖတ်များကို တိရိစ္ဆာန်အစာအဖြစ်အသုံးပြုလျက်ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်နိုဝင်ဘာလစတုတ္ထပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့် စားဆီတစ်ပိဿာပေါက်စျေးများမှာ မြေပဲဆီ၁၃၀၀ဝိ/- နှင့် ၁၄၀၀ဝိ/-၊ နှမ်းဆီ ၁၂၅၀ဝိ/-စျေး၊နေကြာဆီ ၂၂၀၀၀ ကျပ်တို့ဖြစ်ကြောင်း သိရှိရပါသည်။ ပဲဖတ်တစ်ပိဿာ ပေါက်စျေးများအနေဖြင့် မြေပဲဖတ် ၆၉၅ဝိ/- နှင့် ၇၀၀ဝိ/-၊ နှမ်းဖတ် ၄၄၀ဝိ/- နှင့် ၄၅၀ဝိ/-၊ နေကြာဖတ် ၃၄၀ဝိ/-နှင့် ၃၅၀၀ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

နိုဝင်ဘာလစတုတ္ထပတ်အတွင်း မန္တလေးမြေပဲစျေးကျဆင်း

          စျေးကွက်အတွင်းမြေပဲစျေးမှာ  ပြောင်းလဲမှုအနည်းငယ်သာရှိပြီး၊ ယခင်နှစ်စျေးနှင့် နှိုင်းယှဉ်ပါက စျေးနှင့်နှိုင်းယှဉ်ပါက ယခုနှစ်စျေးပိုမိုရရှိကြောင်း သိရှိရပါသည်။ မြေပဲမှာ စားသုံးဆီကြိတ်ခွဲခြင်းလုပ်ငန်းများနှင့် စားသောက်ကုန်တို့တွင် အသုံးပြုခြင်းတို့ကြောင့် ပြည်တွင်းစျေးကွက်နှင့် ပြည်ပသို့တင်ပို့သည့် သီးနှံဖြစ်ပြီး အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံမြေပဲအား မိုးနှင့် ဆောင်းရာသီများတွင် စိုက်ပျိုးပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်မြေပဲစိုက်ပျိုးမှု ၆၃၈၆၂၆ ဧက၊ရိတ်သိမ်းမှု ၆၃၇၄၄၇ ဧက၊ အထွက်နှုန်း ၄၆.၇၇ တင်း၊ အထွက် စုစုပေါင်း ၂၉၈၁၅၉၉၆ တင်းဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်နိုဝင်ဘာလစတုတ္ထပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့် ပေါက်စျေးများမှာ မြေပဲတစ်ပိဿာလျှင် S1 လုံးဆန် ၈၀၀၀ ကျပ်နှင့် ၈၅၀၀ကျပ်၊S1 ဆီဆန်  ၇၅၀၀ ကျပ် နှင့်၇၉၀၀ကျပ်၊Mတွဲလုံးဆန် ၈၁၀၀ ကျပ်နှင့် ၈၃၀၀ကျပ်၊အနီလုံးဆန် ၈၀၀၀ ကျပ်နှင့် ၈၂၀၀ ကျပ်၊ ပြန့်ဆီဆန် ၇၄၀၀ကျပ်နှင့် ၇၉၅၀ကျပ်တို့ဖြစ်ကြောင်း သိရပါသည်။ ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာ S1 လုံးဆန် ၈၆၀၀ ကျပ်နှင့် ၈၉၀၀ ကျပ်၊S1 ဆီဆန် ၈၄၀၀ကျပ်နှင့် ၈၅၀၀ ကျပ်၊S1 ရွေးဆန် ၈၅၀၀ကျပ်နှင့် ၈၆၀၀ကျပ်၊ အနီလုံးဆန် ၈၈၀၀ကျပ်နှင့် ၉၀၀၀ကျ်၊ အနီဆီဆန် ၈၃၀၀ ကျပ်နှင့် ၈၅၀၀ကျပ်တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နှစ်နှင့် ယခုနှစ်ကာလတူ ပေါက်စျေးနှိုင်းယှဉ်ပါက မြေပဲဆန်စျေးမှာ စျေးအနည်းငယ်ကျဆင်းလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မန္တလေးစျေးကွက်တွင် ခရမ်းချဉ်သီးစျေးမြင့်တက်လျက်ရှိ

         နတ်တော်လဆန်းကာလတွင် မန္တလေးစျေးကွက်သို့ ခရမ်းချဉ်သီးဝင်ရောက်မှု အပေါ်မူတည်၍  စျေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိကြောင်းသိရှိရပါသည်။ မန္တလေးစျေးချို၊ ကိုင်းတန်းစျေးရှိ ခရမ်းချဉ်သီးပွဲရုံများ၊ သီရိမာလာစျေး (ပိုက်ကျုံးစျေး)နှင့် ၄၁လမ်း၊  ကမ်းနားလမ်းရှိ  ကုန်စိမ်းလက္ကားစျေးတို့တွင် ခရမ်းချဉ်သီးအားခေါင်သီးနှင့် အလတ်စသီးဟူ၍ အမျိုးအစားခွဲခြား ရောင်းချလျက်ရှိပါသည်။ ၂၀၂၅ ခုနှစ်နိုဝင်ဘာလစတုတ္ထပတ်အတွင်း   ဖြစ်ပေါ်လျှက်ရှိသော  ခရမ်းချဉ်သီး လက္ကားစျေးအနေဖြင့် အင်းသီးတစ်သေတ္တာ(၂၀ ပိဿာပါ)လျှင်  ၅၀၀၀၀ကျပ် နှင့် ၆၅၀၀၀ကျပ်၊ လက်လီစျေးအနေဖြင့် ခရမ်းချဉ်သီး ဘောလုံးသီးနှင့်  အင်းသီး တစ်ပိဿာလျှင်    ၃၀၀၀ ကျပ်နှင့် ၄၀၀၀ ကျပ် တို့ဖြင့်ရောင်းချလျက်ရှိပြီး၊ နိုဝင်ဘာလတတိယပတ်စျေးနှင့် နှိုင်းယှဉ်ပါက တစ်ပိသာ လျှင် ၅၀၀ ကျပကွာခြားမှုရှိပြီး၊ စျေးအနည်းငယ်မြင့်တက် သွားကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မန္တလေးစျေးကွက်တွင် ငါးခြောက်စျေးအနည်းငယ် မြင့်တက်လျက်ရှိ

        မန္တလေးစျေးချိုတော်တွင် နတ်တော်လဆန်းပိုင်းအတွင်း ငါးခြောက်ဝင်ရောက်မှုအပေါ်မူတည်၍ စျေးအနည်းငယ်မြင့်တက်သွားပြီး၊ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။  ၂၀၂၅   ခုနှစ် နိုဝင်ဘာလစတုတ္ထပတ်အတွင်း အမျိုးအစားအလိုက်တစ်ပိဿာ ပေါက်စျေးတို့မှာ  ငါးနီတူးခြောက် ၂၀၀၀ဝိ/-  နှင့် ၂၈၀၀ဝိ/-၊ ငါးဖောင်ရိုးခြောက် ၄၀၀၀ဝိ/- နှင့် ၆၀၀၀ဝိ/-၊ ငါးပုတ်သင်ခြောက် (လုံး) ၁၆၀၀ဝိ/-နှင့်၂၀၀၀ဝိ/-၊ ငါးပုတ် သင်ခြောက်(ပြား)၂၀၀၀ဝိ/-နှင့်၂၅၀၀ဝိ/၊ငါးရောင်ခြောက်၄၅၀၀ဝိ/-နှင့် ၇၀၀၀ဝိ/-၊ ငါးရံ့ခြောက်(လုံး)၆၅၀၀ဝိ/- နှင့် ၇၅၀၀ဝိ/-၊ ငါးရံ့ခြောက် (ပြား)၈၅၀၀ဝိ/-နှင့် ၉၅၀၀ဝိ/-၊ပုဇွန်ခြောက် ၂၅၀၀ဝိ/- နှင့်၆၀၀၀ဝိ/- စျေးဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ဘုရားပွဲများနှင့် အလှူပွဲတော်များတွင် ငါးခြောက်သုံးစွဲမှုများပြားသည့်အတွက်  နတ်တော်လဆန်းအတွင်း အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မန္တလေးစျေးကွက်တွင် ထောပတ်သီးစျေးကျဆင်းလျက်ရှိ

          စျေးကွက်အတွင်းသို့   နတ်တော်လဆန်းတွင် မန္တလေးတိုင်းဒေသကြီးရှိ၊  ပြင်ဦးလွင်မြို့နယ်၊ မိုးကုတ်မြို့နယ်နှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်‌ ထောပတ်သီးများဝင်ရောက်မှုများပြားလျက်ရှိပြီး၊ စျေးကျဆင်းကာ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။  ၂၀၂၅ ခုနှစ် နိုဝင်ဘာလစတုတ္ထပတ်အတွင်း ဖြစ်ပေါ်သည့်စျေးနှုန်းများမှာ ထောပတ်သီး ၁၀ လုံးလျှင် အလုံး(ကြီး) ၁၅၀၀၀ ကျပ်နှင့် ၂၅၀၀၀ကျပ်၊ အလုံးလတ် ၇၀၀၀ ကျပ်နှင့် ၁၀၀၀၀ ကျပ်၊ ဟက်စ် (Hass) မျိုးမှာ  Kg စျေးနှင့် ပိဿာစျေးနှစ်မျိုးဖြင့် ရောင်းချလျက်ရှိပြီး၊ တစ်ပိဿာလျှင်  ၁၀၀၀၀ ကျပ်နှင့် ၁၂၀၀၀ ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပါသည်။ နတ်တော်လဆန်းတွင် ထောပတ်သီးခူးဆွတ်သည့် ရာသီချိန်ဖြစ်၍ ဝင်ရောက်မှုများပြီး၊  ယခင်အပတ်ပေါက်စျေးနှင့် နှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ၁၀၀၀ ကျပ်ခန့်စျေးကျဆင်းသွားကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မန္တလေးစျေးကွက်တွင် စျေးငြိမ်နေသည့်မာလကာသီး

         စျေးကွက်သို့ နတ်တော်လဆန်းတွင် မန္တလေးတိုင်းဒေသကြီးအတွင်းအမရပူရခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်နှင့် မိတ္တီလာခရိုင်တို့မှထွက်သည့်အသီးများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်မာလကာသီးများ ဝင်ရောက်မှုများပြားလျက်ရှိပြီး၊ စျေးငြိမ်ကာ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။  ၂၀၂၅ ခုနှစ်နိုဝင်ဘာလစတုတ္ထပတ်အတွင်း ဖြစ်ပေါ်သည့်   စျေးနှုန်းများမှာ မာလကာသီး ၁ လုံး လျှင် အလုံး(ကြီး)၂၅၀၀ကျပ်နှင့် ၃၀၀၀ကျပ်၊  အလုံး(လတ်)  ၁၅၀၀ ကျပ်နှင့် ၂၀၀၀ ကျပ်၊ အလုံး (သေး) ၁၀၀၀ ကျပ်နှင့် ၁၃၀၀ ကျပ်စျေးတို့ ဖြင့်ရောင်းချပြီး၊ အလုံးအရွယ်အစားအပေါ်မူတည်၍ စျေးကွာခြားမှုရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မန္တလေးစျေးကွက်တွင် ဂဗ္ဗလာသီးစျေးကျဆင်း

        မန္တလေးစျေးကွက်သို့   နတ်တော်လဆန်းတွင်  မန္တလေးတိုင်းဒေသကြီးရှိ၊  ပြင်ဦးလွင်မြို့နယ်၊ မိုးကုတ်မြို့နယ်နှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့် ဂဗ္ဗလာသီးများဝင်ရောက်မှုများပြားလျက်ရှိပြီး၊ စျေးကျဆင်းကာ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။  ၂၀၂၅ ခုနှစ်နိုဝင်ဘာလစတုတ္ထပတ်အတွင်း ဖြစ်ပေါ်သည့်စျေးနှုန်းများမှာ ဂဗ္ဗလာသီး ၁၀ လုံးလျှင် အလုံး(ကြီး) ၂၀၀၀ ကျပ်နှင့်၂၅၀၀ ကျပ်၊ အလုံး (လတ်)၁၅၀၀ ကျပ် နှင့် ၁၈၀၀ ကျပ်၊ အလုံး(သေး) ၁၀၀၀ ကျပ်နှင့် ၁၃၀၀ ကျပ်စျေးတို့ဖြင့်ရောင်းချပြီး၊ အလုံးအရွယ်အစားအပေါ်မူတည်၍ စျေးကွာခြားမှုရှိကြောင်း   သိရှိရပါသည်။ ဂဗ္ဗလာသီးများ အားအသီးအတိုင်းစားသုံးခြင်းနှင့် ကျမ္မာရေးဓါတ်စာဖျော်ရည်အဖြစ် စားသုံးခြင်းတို့ကြောင့် စျေးကွက် အတွင်းအရောင်း သွက်လျက်ရှိကြောင်း ရှမ်းစျေးရှိသစ်သီးရောင်းချသူ တစ်ဦး၏ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

တော်ဝင်သဇင်ပန်းအကြောင်း

        သဇင်ပန်းသည် မြန်မာမင်းများ လက်ထက်က ဘုရင်မိဖုရားတို့သာ ဦးဦးဖျားဖျား ပန်ခွင့်ရှိသောတော်ဝင်ပန်းဖြစ်ကြောင်း၊ သဇင်ပန်းသည်နတ်တော်လ၌ပွင့်သဖြင့် အမြတ်တနိုးထား၍ နတ်တင် ကြသောကြောင့် နတ်ပန်းဟုလည်းခေါ်ဆိုကြကြောင်း၊ သဇင်ပန်းသည်သန့်ရှင်း စင်ကြယ်သော နေရာများနှင့် အအေးပိုင်းဒေသများ၌ အပင်ဖြစ်ထွန်းကြောင်း၊ သဇင်ပန်းသည်သစ်ခွမျိုးတွင် ပါဝင်ပြီး သဇင်ပန်းသည် သစ်ကိုင်းသစ်ခက် အုန်းခွံတို့တွင် တွယ်ကပ်၍လည်းကောင်း၊ အိုးထဲ၌အုန်းဆံပွပွနှင့် ထည့်၍လည်းကောင်း ခပ်သန့်သန့်စိုက်ရသော ဥမှထွက်သည့် အပင်ကလေး မျိုးဖြစ်ကြောင်း၊ သဇင်ဥသည် စိမ်းညိုရောင်လုံးရှည်သွယ်ဖြစ်၍ တစ်လက်မခန့်ကြီးကြောင်း၊ သဇင်ဥအရင်းမှ အရွက်ကလေးနှစ်ရွက်သည် မိုးဥကျစတွင်ထွက်ကြောင်း၊ အရွက်သည်တစ်လက်မမှ သုံးလက်မအထိ ရှည်၍အစိမ်းနုရောင်ဖြစ်ကြောင်း၊အလယ်ကြောမကြီး တစ်ခုသာပါ၍ အရွက်သားသည် ပြောင်ချော ကြောင်း၊ အပွင့်ပွင့်ချိန်၌ အရွက်များကြွေကျကြောင်း၊ အပွင့်သည် ခိုင်တံသွယ်သွယ်၌ ဘေးတစ်ဖက် တစ်ချက်စီပွင့်ကြောင်း၊ အပွင့်သည် သေးငယ်၍ အလယ်၌ ဝတ်ဆံပါပြီး သဇင်ပန်းပွင့်အရောင်မှာ လေးမျိုးရှိကြောင်း သဇင်ဖြူ၊ သဇင်ဝါ၊ သဇင်နီ၊ သဇင်နက် တို့ဖြစ်ကြောင်း၊ သဇင်ဖြူသည် အပွင့်ကြီးပြီး ရိုးတံတွင်အပွင့်ကျဲ၍ သဇင်ဝါလောက် အမွှေးရနံ့နည်းကြောင်း၊ သဇင်ဝါသည် အပွင့်သေး၍ ရိုးတံ၌အဆုပ်လိုက် အခိုင်လိုက်ပွင့်၍ ရနံအလွန် မွှေးကြောင်း၊ သဇင်နက်နှင့် သဇင်နီသည် ရှားပါးပြီး အတွေ့ရအလွန်နည်းကြောင်း၊ သဇင်နက်ပွင့်သည် မီးသွေးခဲကဲ့သို့နက်မှောင်၍ သဇင်ဥမှာစိမ်းပြီး ရှာပါးလွန်းကြောင်း၊ သဇင်ပန်းများသည် တစ်နှစ်တစ်ခါသာပွင့်သော အပင်မျိုးဖြစ်၍ နတ်တော်လ၊ ပြာသိုလများတွင် လှိုင်လှိုင်ပွင့်ကြောင်း၊ စာပေများမှ လေ့လာသိရှိရသည်။

DOCA(မန္တလေး)  

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း