
ညောင်ဦးမြို့နယ်အတွင်းရှိ မဏိစည်သူဈေးတွင် သစ်သီးဝလံဟင်းသီးဟင်းရွက်၊ မုန့်မျိုးစုံ၊ စားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများနှင့် အသားငါးမျိုးစုံရောင်းချလျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်တွင် ရောင်းချလျက်ရှိသော အခြေခံစားကုန် လက်လီလက်ကား ဈေးနှုန်းများအနေဖြင့် ပေါ်ဆန်းမွှေးဆန် တစ်ပြည်လျှင် (၇၅၀၀-၇၆၀၀) ကျပ်၊ ဆီ(စားအုန်းဆီ) ၁ပိဿာ လျှင် (၇၁၂၀-၇၃၆၅) ကျပ်၊ ပဲဆီသန့် တစ်ပိဿာလျှင် (၁၃၈၀၀-၁၄၀၀၀) ကျပ်၊ ကြက်သွန်နီ ၁ ပိဿာလျှင် (၁၂၅၀-၁၃၀၀) ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာလျှင် (၆၄၀၀ - ၆၅၀၀) ကျပ်၊ ဆိတ်သား တစ်ပိဿာလျှင် (၃၄၀၀၀-၃၅၀၀၀) ကျပ်၊ ဝက်သား(သုံးထပ်သား) တစ်ပိဿာလျှင် (၃၄၀၀၀-၃၅၀၀၀) ကျပ်၊ အမဲသား တစ်ပိဿာလျှင် (၂၉၀၀၀-၃၀၀၀၀) ကျပ်၊ ငါးမြစ်ချင်းအကောင်လိုက် တစ်ပိဿာလျှင် (၁၅၀၀၀-၁၆၀၀၀) ကျပ်၊ ကြက်သား(မွေးမြူရေးကြက်) အကောင်လိုက် တစ်ပိဿာလျှင်(၁၉၀၀၀-၂၀၀၀၀) ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၄၀၀-၄၂၀) ကျပ်၊ ဘဲဥတစ်လုံးလျှင် (၆၀၀-၆၅၀) ကျပ်ပေါက်ဈေး များဖြင့်ရောင်းချလျက်ရှိကြောင်း၊ ယခင်လနှင့် နှိုင်းယှဉ်ပါက ယခုလတွင် ပေါ်ဆန်းမွှေးဆန် ဈေးများမှာ ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ စားအုန်းဆီ၊ ပဲဆီသန့်၊ ကြက်သွန်နီနှင့် ကြက်သားဈေး များမှာ ဈေးနှုန်းများကျဆင်းခဲ့ကြောင်း၊ သိရှိရသည်။
DOCA(မန္တလေး)
