
ကွမ်းရွက်သည် မြန့်မာယဉ်ကျေးမှုအရ အစားအသောက်အလေ့အထများနှင့် ဆေးဖက်ဝင် ကျန်းမာရေးအတွက် အရေးပါသောအရွက်ဖြစ်ကြောင်း၊ မြင်းခြံမြို့ရှိ ကျေးရွာများတွင် ကွမ်းခြံ များစိုက်ပျိုးထားရှိကြောင်း၊ စိုက်ခင်းများမှ ထွက်ရှိသော ကွမ်းရွက်များကို ဒေသတွင်း၌ ရောင်းချလျက်ရှိပြီး ဈေးကွက်လိုအပ်ချက်အရ လိုအပ်သော ကွက်နုဝါများကို မုံရွာမြို့တို့မှ တင်သွင်း ပြီး ဒေသအတွင်း၌ရောင်းချကြကြောင်း၊ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ၌ ကွမ်းရွက်ရိုးရိုးတစ်ပိဿာလျှင် (၁၁၀၀၀)ကျပ်၊ ကွမ်းနုဝါတစ်ပိဿာလျှင် (၁၂၅၀၀)ကျပ်ခန့် ပေါက်ဈေးများဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခင်လနှင့်နှိုင်းယှဉ်ပါက ယခုလတွင် ကွမ်းရွက်ရိုးရိုးတစ်ပိဿာလျှင် (၂၅၀၀)ကျပ်ခန့်၊ ကွမ်းနုဝါတစ်ပိဿာလျှင် (၃၀၀၀) ကျပ်ခန့်ဖြင့် ဈေးနှုန်းများမြင့်တက်ခဲ့ကြောင်း၊ စိုက်ခင်းများမှ ကွမ်းရွက်အထွက်နှုန်းနည်းလာသောကြောင့် ဈေးနှုန်းမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း ကွမ်းဒိုင်များမှ သိရှိရသည်။
DOCA(မန္တလေး)
