သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ရုံးချုပ်တွင် ကျင်းပပြုလုပ်သော ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲသို့ တက်ရောက်

            မေလ ၂၉ ရက်နေ့ စားသုံးသူရေးရာဦးစီးဌာန ရုံးအမှတ် (၃) နေပြည်တော်တွင် ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင် ဦးဆောင်ကျင်းပပြုလုပ်သည့် ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲကို ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး၊ ဌာနခွဲတာဝန်ခံများ နှင့် အမှုထမ်းများ Virtual ဖြင့် တက်ရောက်ခဲ့ပါသည်၊၊

            အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်မှာစကားပြောကြားရာတွင်  ဝန်ထမ်းထု ဆန္ဒဖော်ထုတ်ပွဲကို လစဉ်ကျင်းပဆောင်ရွက်လျက်ရှိရာ ဝန်ထမ်းရေးရာကိစ္စရပ်များကို အချိန်နှင့် တပြေးညီ တင်ပြပေးစေလိုကြောင်း၊ အသစ်ခန့်အပ်ထားသော ဝန်ထမ်းများအား ရုံးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ သင်ကြားပေးရန် အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ဝန်ထမ်းနှစ်တိုးဆိုင်ရာကိစ္စရပ်များ အလေးထားဆောင်ရွက်ကြရန် ပြောကြားခြင်း၊ စီမံရေးရာ ဌာနခွဲတာဝန်ခံ ညွှန်ကြားရေးမှူး ဦးကျော်စွာဝင်းမှ ယခင်လ အစည်းအဝေးဆုံးဖြတ်ချက်အပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် ယခုလ၏ အကြိုတင်ပြချက်များကိုရှင်းလင်းပြောကြားခဲ့ပါသည်၊၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများမှ အလှည့်ကျ မိမိတို့လုပ်ငန်းဆောင်ရွက်နေမှုအပေါ် လိုအပ်ချက်များနှင့်စပ်လျဉ်း၍ တင်ပြမှုအပေါ် ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်မှ ဆွေးနွေးပြောကြားပြီး အစည်းအဝေးကို နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်၊၊

(DOCA) ဧရာဝတီ

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ သထုံခရိုင်ဦးစီးမှူးတက်ရောက်

    မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်သစ်တောဦးစီးဌာနမှ စီစဉ်ပြုလုပ်သည့် မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်ကို ၅.၆.၂၀၂၅ ရက်နေ့ နံနက်ပိုင်းက မြေနီကုန်းကျေးရွာရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်းရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။

   အခမ်းအနားတွင် ရှေးဦးစွာ သထုံတပ်နယ်မှူး ဗိုလ်မှူးကြီးအောင်အောင်ဟိန်း၊ သထုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး သန့်ဇင်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးစိုး၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ နှင့် မြို့နယ်သစ်တောဦးစီးဌာနမှူး ဦးစိုးမင်းအောင်တို့က ဌာနဆိုင်ရာများ၊ ပြည်သူများ၊ အမျိုးသမီးရေးရာမိခင်နှင့်ကလေးအသင်းအဖွဲ့များ၊ လူမှုကူညီရေးအဖွဲ့များ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ(သထုံ)ကျောင်းသား။ ကျောင်းသူတို့ထံ စိုက်ပျိုးမည့်ပျိုးပင်များ ပေးအပ်ခဲ့ ကြသည်။

    ယင်းနောက် သထုံတပ်နယ်မှူး၊ သထုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌနှင့် တက်ရောက်လာသူတို့က ပျိုးပင်များကို သတ်မှတ်ထားသည့် စိုက်ပျိုးမြေနေရာအသီးသီးတို့၌ တပျော်တပါးစိုက်ပျိုးပေးခဲ့ကြပြီး တက်ရောက်လာသူတို့၏ ပျိုးပင်များစိုက်ပျိုးနေမှုအား လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။

   အဆိုပါနေ့တွင် မြို့နယ်သစ်တောဦးစီးဌာနမှ ပျိုးထောင်ထားရှိသည့် ပိတောက်၊ မန်ဂျန်ရှား၊ စိန်ပန်းကြီး၊ ကံ့ကော်နှင့် မဟော်ဂနီ ပျိုးပင်စုစုပေါင်း ၅၈၀ အား ၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အဖြစ် ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ကျောင်းသားကျောင်းသူများ၊ ပြည်သူများ၊ အမျိုးသမီးရေးရာ မိခင်နှင့်ကလေးအသင်းအဖွဲ့များ၊ လူမှုကူညီရေးအဖွဲ့များက တပျော်တပါး စုပေါင်းစိုက်ပျိုး ပေးခဲ့ကြကြောင်း သိရသည်။

DOCA (မွန်)

ပေါင်မြို့နယ်၌၂၀၂၅ခုနှစ်ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲသို့ ပေါင်မြို့နယ်တာဝန်ခံတက်‌ရောက်

   မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနကကြီးမှူး၍ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစို‌ပြေရေးသစ်တော သစ်ပင်များ စိုက်ပျိုးခြင်းဖြင့် ဒေသတွင်းအပူချိန် လျော့ကျလာစေရန် သစ်တော၊ သစ်ပင်ပြုန်းတီးမှုမဖြစ်ပေါ်စေရန် ရည်ရွယ်၍ ၂၀၂၅ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ဇွန်လ (၅) ရက်နေ့ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်မိုးရာသီ သစ်ပင် စိုက်ပျိုးပွဲကို ၅.၆.၂၀၂၅ ရက်နေ့ နံနက်(၈:၀၀)နာရီက ကော့ထော်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်း၌ ပြုလုပ်ခဲ့သည်။

   ရှေးဦးစွာ စိုက်ပျိုးမည့်ပျိုးပင်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထင်လင်းအောင်နှင့် သစ်တောဦးစီးဌာန တောအုပ်ကြီး ဦး‌ဇော်လွင်ဦးက တက်ရောက် လာသူများထံ အပင်များပေးအပ်၍ စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့သည်။

   အဆိုပါ ၂၀၂၅ခုနှစ်ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထင်လင်းအောင်နှင့်အဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သစ်တောဦးစီးဌာနမှဝန်ထမ်းများက ကျွန်း ( ၂၀၀ )ပင်၊ ပျဉ်းကတိုး ( ၂၀၀ )ပင်၊ မန်ဂျန်ရှား ( ၂၀၀)ပင်၊ စိန်ပန်းကြီး (၈၀)ပင်  စုစုပေါင်းပျိုးပင်ပေါင်း ( ၆၈၀ )ပင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။

DOCA (မွန်)

ပေါင်မြို့နယ်၌ ထိုင်းဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားသည့် Sprite အမှတ်တံဆိပ် အချိုရည်ဘူးများ ရောင်းချခြင်း ရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေး

     မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ထိုင်းဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားသည့် Sprite အမှတ်တံဆိပ် အချိုရည်ဘူးများ ရောင်းချခြင်း ရှိ/မရှိ စျေးကွက် စောင့်ကြည့် စစ်ဆေးခြင်းများကို ၅.၆.၂၀၂၅ ရက်နေ့ နံနက်(၁၁:၀၀)နာရီက ပေါင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာတာဝန်ရှိသူအသီးသီးတို့က မြို့ပေါ်ရပ်ကွက် (၄)ခု ၌ ဆောင်ရွက်ခဲ့သည်။

      အဆိုပါ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ပေါင်မြို့နယ် စားသုံးသူရေးရာဦးစီး ဌာနမှ မြို့နယ်တာဝန်ခံ ဦးအောင်မျိုးဦးနှင့် တာဝန်ရှိသူ အသီးသီးတို့က စျေးကွက်အတွင်း ထိုင်းဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားသည့် Sprite အမှတ်တံဆိပ် အချိုရည်ဘူးများ ရောင်းချခြင်း ရှိ/မရှိ ကိုကွင်းဆင်းစစ်ဆေးကြရာ အဆိုပါ Sprite အချိုရည်ဘူးများ ရောင်းချခြင်းမတွေ့ရှိရဘဲ ကုန်ညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားပြီး သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါရှိသော Sprite အချိုရည်ဘူးများသာ ရောင်းချနေကြောင်း သိရှိရပါသည်။

DOCA (မွန်)

ဧရာဝတီကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူးအား လာရောက်တွေ့ဆုံ

            ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦီးဌာန တိုင်းဦးစီးမှူး ဦးဝင်းထွန်းအား ဇွန်လ ၄ ရက်နေ့တွင် ဧရာဝတီကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (ARCCI) မှ အတွင်းရေးမှူး ဦးမောင်မောင်ဦးနှင့်အဖွဲ့ဝင်များ လာရောက်တွေ့ဆုံခဲ့ပါသည်၊၊

            ထိုသို့တွေ့ဆုံခဲ့ရာတွင် တိုင်းဦးစီးမှူး ဦးဝင်းထွန်းက ဧရာဝတီကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ပြန်လည်ဖွဲ့စည်းရန် ကိစ္စရပ်များ ခရိုင်၊ မြို့နယ်များမှ စီးပွားရေးအသင်းများပြန်လည်ဖွဲ့စည်းရန် ကိစ္စရပ်များ ဧရာဝတီတိုင်း၏ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အသင်းအဖွဲ့များအားကောင်းဖို့လိုအပ်ကြောင်း၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာပါက တိုင်းကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်း ဆောင်ရွက်ရမှာဖြစ်ကြောင်း တိုင်းအတွင်းရှိအသင်းအဖွဲ့များ ညီညီညွတ်ညွတ် ပူးပေါင်း ဆောင်ရွက်ရမှာဖြစ်ကြောင်းနှင့် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းဝင်များမှ ကိုဗစ်ချေးငွေများပြန်လည်ပေးဆပ်မည့်အစီအစဉ်များနှင့် online အသုံးပြုသူများအား တွေ့ဆုံ၍ online shopping အသင်းအဖွဲ့ဖွဲ့စည်းရန်ကိစ္စရပ်များနှင့် ပတ်သတ်၍ ဆွေးနွေးပြောကြား၍ ဧရာဝတီကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှလည်း အသင်းရုံး တည်ဆောက်မည့် ကိစ္စရပ်များအသင်း၏ လက်ရှိဆောင်ရွက်မှုများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှီရပါသည်၊၊

DOCA(ဧရာဝတီ)

ပေါင်မြို့နယ်၌ ကုန်စျေးနှုန်းများတည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက် ကုန်စည်များ ရောင်းချပေးလျက်ရှိ

   မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ကုန်စျေးနှုန်းများတည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်စည်များရောင်းချပေးခြင်းကို ၄.၆.၂၀၂၅ ရက်နေ့ နံနက်(၉:၀၀)နာရီက ကဒါရပ်ကွက် မင်္ဂလာဈေးတွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

   ထိုသို့ရောင်းချရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် အခြေခံ စားသောက်ကုန်စည်များဖြစ်သည့် အမဲသားတစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ ဝက်သား တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ ဆန်(၁)ပြည်(၃၂၀၀)ကျပ်၊ ဆီတစ်ပိဿာ ရည်ညွှန်းစျေး (၇၁၁၃)ကျပ်၊ ကြက်ဥ(၄) လုံး (၁၅၀၀)ကျပ် စသည်တို့ကို စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ရာ အများပြည်သူများ ဝယ်ယူအားပေးခဲ့ကြောင်း သိရသည်။

     အဆိုပါစျေးရောင်းချခြင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးထင်လင်းအောင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သံမရောင်၊ အဖွဲ့ဝင် ဦးကျော်လင်းဦး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးနှင့် စျေးကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက သက်သာချောင်ချိရေးဆိုင်တွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

DOCA (မွန်)

မြန်မာနိုင်ငံစားသုံးသူကော်မရှင် (၂/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဧရာဝတီတိုင်းဒေသကြီးမှ တက်ရောက်

            နေပြည်တော် ရုံးချုပ် ရုံးအမှတ်၅၂တွင် ဇွန်လ ၃ရက်နေ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးဦးဆောင်၍ ကျင်းပပြုလုပ်သော မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် (၂/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် စီးပွားရေးရာဝန်ကြီးဦးတင်အေး၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူး ဦးဝင်းထွန်း၊ ဒုတိုင်းဦးစီးမှူး ဒေါ်လှလှမော်၊ စားသုံးသူရေးရာဌာနခွဲမှူးနှင့်ဝန်ထမ်းများ တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီဝင်များ virtual တက်ရောက်ခဲ့ပါသည်၊၊

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံမှ အဖွင့်အမှာစကားပြောကြား၍ စာသုံးသူကာကွယ်ရေးအသိပညာပေး လုပ်ငန်းများကို ကျယ်ကျယ် ပြန့်ပြန့်ဆောင်ရွက်ရန် ငွေကြေးလိမ်လည်မှုများဖြစ်ပေါ်လျက်ရှိသည့် အတွက် online အသိပညာ ပေး လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်သွားရန် တိုင်း/ပြည်နယ်အစိုးရအဖွဲ့မှ စားသုံးသူရေးရာ ကော်မတီအစည်းအဝေးများ လစဉ်ပြုလုပ်နေခြင်းအတွက်လည်း ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်၊၊

            စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူုးချုပ်က ယခင်အပတ် မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင် ၁/၂၀၂၅ အစည်းအဝေးဆုံးဖြတ်ချက်များအား မှတ်တမ်းတင် အတည်ပြုထားရှိမှု ဆောင်ရွက်ပြီးစီးမှုနှင့် ယခုအစည်းအဝေးတွင် အမှစာ ၉ ရပ်ဖြင့် တင်ပြမှုများအား ပြောကြားခဲ့ပါသည်၊၊

            ဆက်လက်၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်အဖွဲ့များမှ သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးခဲ့ပြီး တိုင်း/ပြည်နယ်စားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များမှ လုပ်ငန်းဆောင်ရွက်မှုများအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ဥက္ကဋ္ဌအား တင်ပြခဲ့ကြောင်း သိရှိရပါသည်၊၊

DOCA(ရန်ကုန်)

ကျိူက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

    ၄.၆.၂၀၂၅ ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကံစောလှိုင်က PT power၊ Puma power၊ ထက်စက်သုံးဆီအရောင်းဆိုင်တို့တွင် စက်သုံးဆီစျေးနှုန်း မြင့်မားမှုမရှိစေရေး၊ ရည်ညွှန်းပါစျေးနှုန်းအတိုင်းရောင်းချစေရေး၊ စက်သုံးဆီများ တရားမဝင် နေရာများသို့ မရောက်ရှိစေရေး၊ အချင်အတွယ်ပြည့်မီစေရေးနှင့် သက်ဆိုင်ရာဌာနများ၏ လမ်းညွှန်ချက်များအား လိုက်နာဆောင်ရွက်ရန် ညွှန်ကြားခဲ့ပြီး ၄.၆.၂၀၂၅ ရက်နေ့ ကျိုက်ထိုမြို့နယ်၏ စက်သုံးဆီစျေးနှုန်းမှာ 92- 2935 ကျပ်၊  95-2995 ကျပ်၊ Premium Diesel-3050 ကျပ်၊ Diesel-2485 ကျပ် ဖြစ်ကြောင်း သိရပါသည်။

DOCA (မွန်)

သထုံမြို့နယ်တွင် ဆိုင်ကယ် Show Room များရှိ တရားမဝင် လိုင်စင်မဲ့ ဆိုင်ကယ်များရောင်းချမှု မရှိစေရေး အဖွဲ့စုံဖြင့်ကွင်းဆင်းစစ်ဆေး

    ၄.၆.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် သထုံမြို့နယ်အတွင်းရှိ မော်တော်ဆိုင်ကယ်ရောင်းချသော Show Room များတွင် တရားမဝင်လိုင်စင်မဲ့ဆိုင်ကယ်များ ရောင်းချမှု မရှိစေရေး မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

    ထိုသို့ စစ်ဆေးရာတွင် ဆိုင်ကယ် Show Room များဖြစ်သည့် ရှင်းသန့်အောင်၊ အောင်မြင့်မြတ်၊ ရွှေနဂါး ဆိုင်ကယ်အရောင်းဆိုင်များအား မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်၊ ယာဉ်ထိန်းတပ်ဖွဲ့တို့ပူးပေါင်းပြီး ကွင်းဆင်းစစ်ဆေးခဲ့ရာ တရားမဝင်လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များ ရောင်းချမှုမရှိကြောင်း သိရပါသည်။

DOCA (မွန်)

ဧရာဝတီတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ ၂/၂၀၂၅ အစည်းအဝေးပြုလုပ်

              ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ၊ အစည်းအဝေးခန်းမတွင် မေလ (၂၈) ရက်နေ့၊ ဧရာဝတီတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ (၂/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးရာ ဝန်ကြီးဦးတင်အေး၊ စားသုံးသူရေးရာကော်မတီအတွင်းရေးမှူး ၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးဝင်းထွန်းနှင့် စားသုံးသူရေးရာဦးစီးဌာန ဒုတိုင်းဦးစီးမှူး၊ ဌာနခွဲမှူးနှင့် ဝန်ထမ်းများ ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။

          ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးရာ ဝန်ကြီးဦးတင်အေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာကော်မတီအတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဝင်းထွန်းက စားသုံးသူရေးရာကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု တိုင်းအတွင်းခရိုင်/မြို့နယ်များတွင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍အသိပညာပေး ဟောပြောခြင်း၊ စီးပွားရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းတို့ကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ ပါသည်။

             ဆက်လက်၍ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဦးစားပေးဆောင်ရွက်မည့် ကုန်စည်အမျိုးအမည်နှင့်ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြ၍ ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ အဖွဲ့ဝင်များမှလည်း ပြန်လည်ဆွေးနွေးခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးရာဝန်ကြီး ဦးတင်အေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာကော်မတီအဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးရာဝန်ကြီးဦးတင်အေးမှ လိုအပ်သည်များဖြည့်စွက် ဆွေးနွေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြာင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ