
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊စားသုံးသူရေးရာဦးစီးဌာနမှလစဉ်ကျင်းပပြုလုပ်သော ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် အသိပညာပေး Talk Show ဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့ရာ (၁၆) ကြိမ် မြောက်ဟောပြောပွဲကို ( ၁၈.၆.၂၀၂၆ ) ရက်နေ့၊ နေ့လည် (၁:၀၀) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်ဦးစီးမှူးရုံး၊ စားသုံး/ထုတ်လုံဌာနခွဲတာဝန်ခံ ဦးဇော်ထွန်းမှ ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း အသိပညာ ဗဟုသုတများ ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆွေးနွေးပွဲကို သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ၊ မိုးညို၊ အုတ်ဖို၊ ကြို့ပင်ကောက် မြို့နယ်များမှ ဝန်ထမ်းများနှင့် Zoom metting ဖြင့် ချိတ်ဆက် ဆောင်ရွက်ခဲ့ပါသည်။
Talk Show ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံစားသုံးသူကော်မရှင်က ထုတ်ပြန်ထားသော ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်နှင့်ပတ်သတ်သော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) အား သိရှိနိုင်ရန်နှင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ကုန်စည်တစ်မျိုးခြင်းအလိုက် ကုန်အညွှန်း အမှတ်အသားများကို ခွဲခြားစစ်ဆေးနိုင်ရန်၊ ဦးစားပေးကုန် စည်များ၊ ဦးစားပေး ဝန်ဆောင်မှုများ ကိုလည်း ကွင်းဆင်းဆောင်ရွက် သိရှိစေရန် အချက်များကို အသေးစိတ်ရှင်း လင်းဆွေးနွေး သွားခဲ့ပါသည်။ခရိုင်ဦးစီးမှူးမှ ဝန်ထမ်းများကို မိမိလုပ်ငန်းများနှင့် သက်ဆိုင်သော အသိပညာပေး Talk Show များ ကျင်းပခြင်းဖြင့် ဝန်ထမ်းများစွမ်းဆောင်ရည် မြင့်မားလာနိုင်ကြောင်း ထည့်သွင်း ဆွေးနွေးခဲ့ပါသည်။မြို့နယ်တာဝန်ခံများမှလည်း အားနည်းချက်အားသာချက်များ ဖြည့်စွက်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)
