သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကျိုင်းတုံမြို့ရှိ “SMK Fiber Internet” အင်တာနက်ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီသို့ ဝန်ဆောင်မှုကိစ္စရပ်များနှင့် ပတ်သက်၍ စားသုံးသူနစ်နာမှုမရှိစေရေး မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်း

       ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ (၁၇) ရက်နေ့၊ နေ့လည် (၁၄:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးအောင်လင်းဦး (ဦးစီးမှူး) ဦးစီး၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့်ပူးပေါင်းကာ ကျိုင်းတုံမြို့၊ ရပ်ကွက်(၃)အတွင်းရှိ SMK Fiber Internet” အင်တာနက် ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီအား ဝန်ဆောင်မှုကိစ္စရပ်များနှင့် ပတ်သက်၍ စားသုံးသူနစ်နာမှုမရှိစေရေး မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ပါ သည်။         

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာ၌ တာဝန်ရှိသူများသည် SMK Fiber Internet” အင်တာနက် ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီအနေဖြင့် စားသုံးသူများအပေါ် ဝန်ဆောင်မှုပေးရာတွင် အရည်အသွေး ပြည့်မှီသော အင်တာနက်ဝန်ဆောင်မှုများရရှိစေရေးနှင့် သတင်းအချက်အလက်များအား စားသုံးသူ များသိရှိစေရန် ဗွီနှိုင်းပိုစတာများကပ်၍ ဆောင်ရွက်ထားရန်၊ အစဉ်မပြတ် ဆက်သွယ်၍ အကြောင်းကြားရန်ပြောကြားခဲ့ပြီး စာချုပ်စာတမ်းများထားရှိရန်နှင့် ဖြစ်ပေါ်လာသော ပြဿနာများအား ဝန်ဆောင်မှုပြည့်ဝစွာပေး၍ ဖြေရှင်းဆောင်ရွက်ရန် Call Center များထားရှိမှု အခြေအနေများကို စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

အောင်မြေသာစံမြို့နယ်အတွင်းရှိ အောင်ပြည့်ဖြိုး ဆန်အရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေး

          မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်အတွင်းရှိ  ဆန်အရောင်းဆိုင်များသို့ ရွှေဘိုပေါ်ဆန်း နှင့် အခြားပေါ်ဆန်းအမျိုးအစားဆန်များ  သင့်တင့်မျှတသည့် ဈေးနှုန်းထက် ပိုမို မြင့်တက်မှုမရှိစေရေး၊ ဆန်ဈေးနှုန်းတည်ငြိမ်စေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေး (၁၄.၁၁.၂၀၂၅)ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးအောင်သန်းဇော် (မြို့နယ် အုပ်ချုပ်ရေးမှူး)၊မြို့နယ်ရဲတပ်ဖွဲ့မှဦးသီဟဝင်း(ဒု-ရဲအုပ်)၊ စည်ပင်သာယာရေးအဖွဲ့မှ ဦးကျော်ကျော်နိုင် (ဒု-အုပ်ချုပ်ရေးမှူး )၊ ဆန်၊စပါးကုန်သည်များအသင်း (မန္တလေးတိုင်းအသင်းခွဲ)မှ ဦးသူရထိုက် (အတွင်းရေးမှူး)နှင့်စားသုံးသူရေးရာဦးစီးဌာနမှဒေါ်ဇင်မာဦး(ဦးစီးအရာရှိ)တို့ပါဝင်သော ပူးပေါင်း အဖွဲ့သည် အောင်ပြည့်ဖြိုး ဆန်ရောင်းဝယ်ရေး အရောင်းဆိုင်သို့  ကွင်းဆင်းစစ်ဆေးဆောင်ရွက် ခဲ့ကြောင်း သိရှိရပါသည်။                                                                                                                     DOCA(မန္တလေး)

                                               

အောင်မြေသာစံမြို့နယ်အတွင်းရှိ သိန်းထွန်းအောင်(၂)ဆန်အရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေး

                  မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်အတွင်းရှိ  ဆန်အရောင်းဆိုင်များသို့ ရွှေဘိုပေါ်ဆန်း နှင့် အခြားပေါ်ဆန်းအမျိုးအစားဆန်များ  သင့်တင့်မျှတသည့် ဈေးနှုန်းထက် ပိုမို မြင့်တက်မှုမရှိစေရေး၊ ဆန်ဈေးနှုန်းတည်ငြိမ်စေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေး (၁၄.၁၁.၂၀၂၅)ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးအောင်သန်းဇော် (မြို့နယ် အုပ်ချုပ်ရေးမှူး)၊မြို့နယ်ရဲတပ်ဖွဲ့မှဦးသီဟဝင်း(ဒု-ရဲအုပ်)၊ စည်ပင်သာယာရေးအဖွဲ့မှ ဦးကျော်ကျော်နိုင် (ဒု-အုပ်ချုပ်ရေးမှူး )၊ ဆန်၊စပါးကုန်သည်များအသင်း(မန္တလေးတိုင်းအသင်းခွဲ)မှဦးသူရထိုက်(အတွင်းရေးမှူး)နှင့်စားသုံးသူရေးရာဦးစီးဌာနမှဒေါ်ဇင်မာဦး(ဦးစီးအရာရှိ)တို့ပါဝင်သောပူးပေါင်းအဖွဲ့သည်သိန်းထွန်းအောင်(၂)ဆန်ရောင်းဝယ်ရေးအရောင်းဆိုင်သို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။                                                                                                                      DOCA(မန္တလေး)                                             

လွိုင်လင်မြို့ပေါ်ရှိဆန်အရောင်းဆိုင်များကွင်းဆင်းစစ်ဆေးခြင်း

    ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်နေ့၊ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မြို့နယ်စည်ပင် သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ လွိုင်လင်မြို့ပေါ်ရှိ ဆန်လက်လီလက်ကားရောင်းချနေသော ဆန်အရောင်းဆိုင်များသို့ သွားရောက်၍ ဆန်ဖြန့်ဖြူးရောင်းချနေမှုအခြေအနေတို့ကို ကွင်းဆင်းစစ်ဆေး ခဲ့ပါသည်။

  ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် လွိုင်လင်မြို့ပေါ်ရှိ ဆန်အရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင် ရောင်းချဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များကိုသိုလှောင်ခြင်းမပြုရန်နှင့် အခြေခံ စားသောက်ကုန်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိအား ကြပ်မတ်စစ်ဆေးလျက်ရှိရာ ဆန်ဆိုင်များမှ သက်ဆိုင်ရာဌာနတို့၏ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ရန် ဆွေးနွေးခဲ့ပါသည်။ ထို့ပြင် ဆန်ဈေးနှုန်း ယခင်အပတ်ဈေး၊ ယခုအပတ်ဈေးနှုန်းများကို မေးမြန်းခဲ့ပြီး ဆန်လက်ကျန်ဆန်အိတ် အရေအတွက်များစွာမရှိပဲ ဈေးနှုန်းတည်ငြိမ်ပြီး ပုံမှန်လည်ပတ်၍ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ 

DOCA(ရှမ်း)

တောင်ကြီးမြို့တွင် ဆေးနှင့်ဆေးပစ္စည်းများ ဈေးနှုန်းမြင့်တင်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

     ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့ရှိ ဈေးကွက် အတွင်းသို့  ရှမ်းပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်တင်တင်အေး ဦးဆောင်သော ဝန်ထမ်းများ သည် တောင်ကြီးမြို့အတွင်း နေထိုင်ကြသောပြည်သူများ၏ နေ့စဉ်စီးပွားရေး၊ လူမှုရေးများတွင် သက်သာချောင်ချိမှု ရှိစေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ ဆေးနှင့်ဆေးပစ္စည်း ရောင်းချနေသည့် ဆေးဆိုင်များသို့ ကွင်းဆင်း၍ ဆေးနှင့်ဆေးပစ္စည်းများကို ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားခြင်းများ ရှိ/မရှိ၊ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ပြတ်လပ်မှု ရှိ/မရှိ၊ ဈေးနှုန်းမြင့်တင်ရောင်းချမှု ရှိ/မရှိ၊ စပ်ဆေးများရောင်းချခြင်း ရှိ/မရှိ၊ ဈေးကွက် အတွင်း ဆေးများပြတ်လပ်ခြင်းရှိ/မရှိနှင့် သက်ဆိုင်ရာအစိုးရဌာနမှ အသိအမှတ်ပြုသည့် ဆေးနှင့် ဆေးပစ္စည်းတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

ပင်းတယမြို့ပေါ်ရှိ စားသုံးဆီရောင်းချနေသော လက်လီအရောင်းဆိုင်များ မြေပြင်တွင် အမှန်တကယ် ရောင်းချခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

    ၂၀၂5 ခုနှစ်၊ နိုဝင်ဘာ၁၈ ရက်နေ့၊ နေ့လယ်  (၁၃:၀၀) နာရီတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) စားသုံးသူရေးရာဦးစီးဌာန၊တောင်ကြီးခရိုင်ဦးစီးမှူးရုံးမှ ဦးခွန်ကျော်ဌေး(လက်ထောက်ညွှန်ကြား ရေးမှူး)နှင့် ဌာနဆိုင်ရာဝန်ထမ်းများသည် ပင်းတယမြို့ပေါ်ရှိ စားသုံးဆီလက်လီအရောင်းဆိုင် ()ဆိုင်အား ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချခြင်း ရှိ/မရှိ ရှောင်တခင်ကွင်းဆင်းစစ် ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် စားအုန်းဆီ လက်လီရောင်းချလျက်ရှိသော လုပ်ငန်းရှင်များအနေဖြင့် အခြေခံလက်ကားဈေးနှုန်းများကို အပါတ်စဉ် ထုတ်ပြန်ပေးခဲ့ပြီးဖြစ်ရာ ဒေသအရောက် ဈေးနှုန်းအပေါ် (၂)ရာခိုင်နှုန်း အမြတ်ထက် မပိုသော ဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချသွားရန်၊ ခွဲတမ်းရရှိသည့်ဆိုင်များအနေဖြင့် ဈေးနှုန်းကို အများမြင်သာသော နေရာများတွင် မြင်သာသော စာလုံးအရွယ်အစားများဖြင့် Vinyl ချိတ်ဆွဲထားရှိရန် လက်လီဈေးများ အတွင်း၌လည်း ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းချပေးစေရေး ၎င်းအပြင် စားအုန်းဆီ များအား ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်း၊ ဈေးနှုန်းအဆမတန်မြှင့်တင် ရောင်းချခြင်းများ မပြုလုပ်ကြရန်နှင့် စားအုန်းဆီကို စားသုံးသူပြည်သူလက်ဝယ် အမှန်တကယ် ရောက်ရှိအောင် ရောင်းချပေးရန်နှင့် မမှန်မကန် ဆောင်ရွက်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

DOCA(ရှမ်း)

အောင်မြေသာစံမြို့နယ်အတွင်းရှိ ရွှေပုဇွန်ဆန်အရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေး

                    မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်အတွင်းရှိ  ဆန်အရောင်းဆိုင်များသို့ ရွှေဘိုပေါ်ဆန်း နှင့် အခြားပေါ်ဆန်းအမျိုးအစားဆန်များ  သင့်တင့်မျှတသည့် ဈေးနှုန်းထက် ပိုမို မြင့်တက်မှုမရှိစေရေး၊ ဆန်ဈေးနှုန်းတည်ငြိမ်စေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေး (၁၄.၁၁.၂၀၂၅)ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးအောင်သန်းဇော် (မြို့နယ် အုပ်ချုပ်ရေးမှူး)၊မြို့နယ်ရဲတပ်ဖွဲ့မှဦးသီဟဝင်း(ဒု-ရဲအုပ်)၊ စည်ပင်သာယာရေးအဖွဲ့မှ ဦးကျော်ကျော်နိုင် (ဒု-အုပ်ချုပ်ရေးမှူး )၊ ဆန်၊စပါးကုန်သည်များအသင်း (မန္တလေးတိုင်းအသင်းခွဲ)မှ ဦးသူရထိုက်(အတွင်းရေးမှူး)နှင့်စားသုံးသူရေးရာဦးစီးဌာနမှဒေါ်ဇင်မာဦး(ဦးစီးအရာရှိ)တို့ပါဝင်သောပူးပေါင်းအဖွဲ့သည်ရွှေပုဇွန်ဆန်ရောင်းဝယ်ရေး အရောင်းဆိုင်သို့  ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

 DOCA(မန္တလေး)                          

အောင်မြေသာစံမြို့နယ်အတွင်းရှိ ဝင်းရွှေဝါဆန်အရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေး

        မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်အတွင်းရှိ  ဆန်အရောင်းဆိုင်များသို့ ရွှေဘိုပေါ်ဆန်း နှင့် အခြားပေါ်ဆန်းအမျိုးအစားဆန်များ  သင့်တင့်မျှတသည့် ဈေးနှုန်းထက် ပိုမို မြင့်တက်မှုမရှိစေရေး၊ ဆန်ဈေးနှုန်းတည်ငြိမ်စေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေး (၁၄.၁၁.၂၀၂၅)ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးအောင်သန်းဇော် (မြို့နယ် အုပ်ချုပ်ရေးမှူး)၊မြို့နယ်ရဲတပ်ဖွဲ့မှဦးသီဟဝင်း(ဒု-ရဲအုပ်)၊ စည်ပင်သာယာရေးအဖွဲ့မှ ဦးကျော်ကျော်နိုင် (ဒု-အုပ်ချုပ်ရေးမှူး )၊ ဆန်၊စပါးကုန်သည်များအသင်း (မန္တလေးတိုင်းအသင်းခွဲ)မှ ဦးသူရထိုက် (အတွင်းရေးမှူး)နှင့်စားသုံးသူရေးရာဦးစီးဌာနမှဒေါ်ဇင်မာဦး(ဦးစီးအရာရှိ)တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဝင်းရွှေဝါဆန်ရောင်းဝယ်ရေး အရောင်းဆိုင်သို့  ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ 

  DOCA(မန္တလေး)                                    

အောင်မြေသာစံမြို့နယ်အတွင်းရှိ ပစ်တိုင်းတောင်ဆန်အရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေး

              မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်အတွင်းရှိ  ဆန်အရောင်းဆိုင်များသို့ ရွှေဘိုပေါ်ဆန်း နှင့် အခြားပေါ်ဆန်းအမျိုးအစားဆန်များ သင့်တင့်မျှတသည့် ဈေးနှုန်းထက် ပိုမို မြင့်တက်မှုမရှိစေရေး၊ ဆန်ဈေးနှုန်းတည်ငြိမ်စေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေး (၁၄.၁၁.၂၀၂၅)ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးအောင်သန်းဇော် (မြို့နယ် အုပ်ချုပ်ရေးမှူး)၊မြို့နယ်ရဲတပ်ဖွဲ့မှဦးသီဟဝင်း(ဒု-ရဲအုပ်)၊ စည်ပင်သာယာရေးအဖွဲ့မှ ဦးကျော်ကျော်နိုင် (ဒု-အုပ်ချုပ်ရေးမှူး )၊ ဆန်၊စပါးကုန်သည်များအသင်း (မန္တလေးတိုင်းအသင်းခွဲ)မှ ဦးသူရထိုက် (အတွင်းရေးမှူး)နှင့်စားသုံးသူရေးရာဦးစီးဌာနမှဒေါ်ဇင်မာဦး(ဦးစီးအရာရှိ)တို့ပါဝင်သော ပူးပေါင်း အဖွဲ့သည် ပစ်တိုင်းထောင်ဆန်ရောင်းဝယ်ရေးအရောင်းဆိုင်သို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။                                                                                                                                                                                                                                       DOCA(မန္တလေး)

အောင်မြေသာစံမြို့နယ်အတွင်းရှိ ယုဇနဆန်အရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေး

           မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်အတွင်းရှိ  ဆန်အရောင်းဆိုင်များသို့ ရွှေဘိုပေါ်ဆန်း နှင့် အခြားပေါ်ဆန်းအမျိုးအစားဆန်များ  သင့်တင့်မျှတသည့် ဈေးနှုန်းထက် ပိုမို မြင့်တက်မှုမရှိစေရေး၊ ဆန်ဈေးနှုန်းတည်ငြိမ်စေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေး (၁၄.၁၁.၂၀၂၅)ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးအောင်သန်းဇော် (မြို့နယ် အုပ်ချုပ်ရေးမှူး)၊မြို့နယ်ရဲတပ်ဖွဲ့မှဦးသီဟဝင်း(ဒု-ရဲအုပ်)၊ စည်ပင်သာယာရေးအဖွဲ့မှ ဦးကျော်ကျော်နိုင် (ဒု-အုပ်ချုပ်ရေးမှူး )၊ ဆန်၊စပါးကုန်သည်များအသင်း (မန္တလေးတိုင်းအသင်းခွဲ)မှ ဦးသူရထိုက်(အတွင်းရေးမှူး)နှင့်စားသုံးသူရေးရာဦးစီးဌာနမှဒေါ်ဇင်မာဦး(ဦးစီးအရာရှိ)တို့ပါဝင်သော ပူးပေါင်း အဖွဲ့သည် ယုဇနဆန်ရောင်းဝယ်ရေး အရောင်းဆိုင်သို့  ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

                                                                                                                                                                                      

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ