သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြင်းခြံခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွင် အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်

     မြင်းခြံခရိုင်ရဲတပ်ဖွဲ့မှူးရုံး၌ ၂၈-၅-၂၀၂၅ ရက်နေ့၊ မွန်းလွဲ ၁၃:၀၀ နာရီအချိန်တွင် မြင်းခြံခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မြင်းခြံခရိုင် ရဲတပ်ဖွဲ့မှူးရုံးရှိ ရဲတပ်ဖွဲ့ ဝင်အရာရှိ၊ အရာခံ၊ အခြားအဆင့်၊ စာရေးဝန်ထမ်းများနှင့် မိသားစုဝင် များအား စားသုံးသူကာကွယ် ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

     ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက  စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူ၏အဓိပ္ပာယ်၊ လုပ်ငန်းရှင်၏အဓိပ္ပာယ်၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ၏ အဓိပ္ပာယ်များ၊ စားသုံးသူများ၏အခွင့်အရေးများ၊ စားသုံးသူများလိုက်နာရမည့်တာဝန်များ၊ စီးပွားရေးလုပ်ငန်း ရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)၊ ပုဒ်မ(၄၁)ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုး အစားအလိုက် ဖော်ပြရမည့် သတ်မှတ်ချက်များ၊ မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရမည့် အချက်များအား အကျယ်တဝင့် ဟောပြောဆွေးနွေးခဲ့ကြောင်းသိရှိရသည်။

  စားသုံးသူများအနေဖြင့် နစ်နာဆုံးရှုံးမှုများရှိလာပါက ခရိုင်ရုံးများတွင် ဖွင့်လှစ်ထားရှိသော စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC)ရုံးများတွင် တိုင်ကြားနိုင်သကဲ့သို့ Online တိုင်ကြားမှုအနေဖြင့် DOCA Website  ဖြစ်သော www.doca. gov.mm မှလည်းကောင်း၊ ပြည်နယ်/တိုင်း/ခရိုင်အသီးသီးရှိ Facebook အကောင့်များမှလည်းကောင်း၊ Facebook Pageများမှလည်းကောင်း၊ Mobile Application မှ လည်းကောင်း၊ Consumer Call Center နံပါတ်-၁၅၃၅ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းတိုင်ကြားဆောင်ရွက်နိုင်ပါကြောင်းနှင့် ဟောပြောပွဲသို့တက်ရောက်လာကြသော မြင်းခြံခရိုင် ရဲတပ်ဖွဲ့မှူး ရုံးမှ ရဲတပ်ဖွဲ့ဝင် အရာရှိ၊ အရာခံ၊ အခြားအဆင့်၊ စာရေးဝန်ထမ်းများနှင့် မိသားစုဝင်များအား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

 

 

စီးပွားရေးလုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေး

     မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ပေးရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲကို ၂၉.၅.၂၀၂၅ ရက်နေ့၊ နံနက် ၁၁:၀၀ နာရီအချိန်တွင် စံပြရပ်ကွက်ရှိ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံး၌ စီးပွားရေးလုပ်ငန်းရှင်များအား အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

      အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်းက စားသုံးသူကာကွယ်ရေးဆိုင်ရာ ဥပဒေများအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များနှင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များက ကုန်စည်အမျိုးအစားအလိုက် ကုန်စည်၏တံဆိပ်အမှတ်အသား၊ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့်သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ကုန်ကြမ်း ပစ္စည်းအမျိုးအမည်နှင့်ပါဝင်မှုနှုန်းအချိုးအစား၊ ထုတ်လုပ်မှု အမှတ်စဉ်၊ ကျန်းမာရေးဆိုင်ရာဘေး ထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့်ကြိုတင်သတိပေးချက်၊ သက်ဆိုင်ရာဌာနများမှ ဖော်ပြရန်သတ်မှတ်ထားသောအချက်များ၊ ဥပဒေပါပြဌာန်းချက်များ၊ လုပ်ထုံးလုပ်နည်းအမိန့်ညွှန် ကြားချက်များနှင့်အညီလိုက်နာ ဆောင်ရွက်ကြရန်နှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်လာပါက တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ခရိုင်ရုံးများတွင် ဖွင့်လှစ်ထားသော စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံ ဆောင်ရွက်ရေးစင်တာ(CICC)ရုံးများတွင် တိုင်ကြားနိုင်သလို၊ အွန်လိုင်းမှလည်း တိုင်ကြားနိုင် ခြင်း၊ Cosumer Call Center ဖုန်းနံပါတ်(1535)သို့လည်း ရုံးချိန်အတွင်း ဆက်သွယ် မေးမြန်းတိုင်ကြား ဆောင်ရွက်နိုင်ပါကြောင်း၊ မိမိတို့စားသုံးသူရေးရာဦးစီးဌာန၏ Wesite မှလည်း ဝင်ရောက်တိုင်ကြားနိုင်ပါကြောင်းနှင့်ဦးစီးဌာနအကြောင်း၊ ဌာန၏လုပ်ငန်းဆောင်ရွက် ချက်များ၊ကုန်သွယ်မှုသတင်းများ၊ကွင်းဆင်းဆောင်ရွက်မှုသတင်းများနှင့်ဥပဒေ အကြောင်းအရာ များကိုလည်း ဝင်ရောက်ကြည့်ရှု့လေ့လာနိုင်ပါကြောင်း စသည်ဖြင့်အကျယ်တဝင့်အသိပညာပေး ဟောပြောပြီးနောက် တက်ရောက်လာသောလုပ်ငန်းရှင်များက သိရှိလိုသည်များကို မေးမြန်းကြရာ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးခဲ့ကြသည်။ အဆိုပါ အသိပညာပေးဟောပြောဆွေးနွေးပွဲသို့ စီးပွားရေးလုပ်ငန်းရှင် (၅၀) ဦး တက်ရောက်ကြောင်း သိရသည်။

DOCA(မန္တလေး)

 

ညောင်ဦးမြို့တွင် Talk Show ဆောင်ရွက်

      ညောင်ဦးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင် (ဦးစီးအရာရှိ)သည် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ စားသုံးသူ၏ကာကွယ်ပေးရေး အသိပညာပေးဆွေးနွေးပွဲ(Talk Show) အား ၂၀.၅.၂၀၂၅ ရက်နေ့ နံနက် ၁၀:၃၀ နာရီအချိန်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထု အခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ပြုလုပ်ခဲ့ပါသည်။

    အဆိုပါအသိပညာပေးဆွေးနွေးပွဲ(Talk Show)တွင် ခရိုင်တာဝန်ခံမှ စားသုံးသူကာကွယ် ရေးဥပဒေနှင့်ပါတ်သက်၍ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်နှင့်တားမြစ်ချက်များ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်လုပ်သော ကုန်စည်အမျိုးအစားအလိုက် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ စီးပွားရေးလုပ်ငန်း ရှင်များအနေဖြင့် မိမိတို့ထုတ်လုပ်သော ကုန်စည်များနှင့်ပတ်သက်၍ ကုန်အညွှန်းအမှတ်အသားများအား ဥပဒေပြဌာန်းချက်များနှင့်အညီ ထည့်သွင်းဖော်ပြမှုတွင် မှန်ကန်စွာလုပ်ဆောင်နိုင်ရေးအတွက် မိမိတို့ရုံးဌာနသို့ လာရောက်လျှောက်ထားနိုင်ပြီး ဌာနမှလည်း ကူညီဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ စားသုံးသူများ ကုန်စည်နှင့်ဝန်ဆောင်မှုများကို သုံးစွဲရာတွင် အမှန်တကယ်နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက သက်ဆိုင်ရာဦးစီးမှူးရုံးများသို့ ဆက်သွယ်တိုင်ကြားနိုင်သည့်အခြေအနေများနှင့် စားသုံးသူပြည်သူများ ဆက်သွယ်တိုင်ကြားနိုင်ရန် Call Center ဝန်ဆောင်မှုအားလည်း ဖွင့်လှစ်ထားရှိထားပြီး  Consumer Call Center နံပါတ် 1535 သို့ ရုံးချိန်အတွင်း ခေါ်ဆို၍ ဆက်သွယ်‌မေးမြန်းတိုင်ကြားဆောင်ရွက်နိုင်ပါကြောင်း စသည်ဖြင့် ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

 

 

 

ပခုက္ကူခရိုင်၏ ၂၀၂၅ခုနှစ်၊ မေလအတွင်း ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား များ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိ၊ စားသုံးသူများ နေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များကို သတ်မှတ်စံချိန်စံညွှန်းများ၊ညွှန်ကြားချက်များနှင့်ကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မိတ်ဘက်ဌာနဆိုင်ရာများ နှင့် ပူးပေါင်း၍သော်လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရ ခန့်အပ်ထားသော စစ်ဆေးရေး အရာရှိများက ဦးဆောင်၍သော်လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

 ပခုက္ကူခရိုင်အနေဖြင့် မေလအတွင်း ခရိုင်ဦးစီးမှူးနှင့် ဦးစီးအရာရှိတို့မှ ဦးဆောင်၍ ပခုက္ကူ မြို့နယ်တာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့်ဝန်ထမ်းများသည် စားသုံးဆီအမျိုးမျိုး အား ဦးစားပေးကုန်စည်အဖြစ် ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်အညွှန်းအမှတ်အသား များ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိကို ပခုက္ကူမြို့တွင် FDAမှ စားသုံးရန်မသင့် ထုတ် ပြန်ထားသော အစားအသောက်များအား ကုန်စုံဆိုင်များ၌(၁)ကြိမ်၊ မြို့ပေါ်ရပ်ကွက်များရှိ ကုန်စုံ ဆိုင်၊ စတိုးဆိုင်များတွင် စားသုံးဆီအမျိုးမျိုးတို့အား(၆)ကြိမ်၊ ဆိပ်ဖြူမြို့နယ်မှ အနောက်ပိုင်း ရပ်ကွက်နှင့် ပတ္တမြားဈေးတို့တွင် (၂)ကြိမ်၊ စုစုပေါင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၉)ကြိမ်၊ ဈေးကွက်မရောက်မီ အာလူးကြော် လုပ်ငန်းရှင်များထံသို့ ကွင်းဆင်းစစ်ဆေးခြင်းအား ပခုက္ကူမြို့မှ (၁)ကြိမ်၊ ဆိပ်ဖြူမြို့မှ ပဲကြော်လုပ်ငန်းရှင် ထံသို့(၁)ကြိမ်၊ အထူးဈေးကွက်အနေဖြင့် စားသုံးဆီနှင့် စက်သုံးဆီအား သတ်မှတ်ရည်ညွှန်းဈေးများနှင့် အချဉ်အတွယ်မှန်ကန်မှုရှိစေရန် မိတ်ဖက်ဌာနများ နှင့်ပူးပေါင်းဆောင်ရွက်ကွင်းဆင်းခဲ့ကြပြီး ဌာန၏ ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်ပါအကြောင်းအရာ များကို အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 ထို့ပြင် အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာများနှင့်စပ်လျဉ်း၍ ပခုက္ကူခရိုင်ဦးစီးမှူးရုံးတွင် အွန် လိုင်းလုပ်ငန်းရှင်နှင့် စားသုံးသူပြည်သူများအား အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာများအကြောင်း အရာ များကို အသိပညာပေးခြင်း၊ Mobile Phone၊ ကြိုးဖုန်း၊ Laptop၊ TV များရောင်းချသည့် အရောင်း ဆိုင်ကြီးများသို့ ကုန်အညွှန်းအမှတ်အသားစစ်ဆေးခြင်း၊ အသိပညာပေးခြင်းအား လုပ်ငန်းရှင် များထံသို့ မြေပြင်ကွင်းဆင်း စစ်ဆေးခြင်း၊ အစားအသောက်ရောင်းချသည့် ဝန်ဆောင်မှုကဏ္ဍအနေ ဖြင့်လည်း ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ စားသောက်ဆိုင်များသို့ သွားရောက်၍ အစားအသောက်ရောင်းချသည့် ဝန်ဆောင်မှုကဏ္ဍအား   အသိပညာပေးဆွေးနွေးခြင်း ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ဖျာပုံမြို့နယ်၊ မြို့မဈေးကြီးအတွင်းရှိ စားသုံးဆီ(ဘူးဆီ) အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

           ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဇွန်လ(၂) ရက်၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တို့နှင့် ပူးပေါင်း၍ ဖျာပုံမြို့နယ်၊ မြို့မဈေးကြီးအတွင်းရှိ စားသုံးဆီ(ဘူးဆီ) အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

           စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများ စားသုံးဆီ ပြတ်လပ်မှုမရှိစေရေး၊ စားသုံးဆီရည်ညွှန်းဈေးပေါ်မူတည်၍ ဈေးနှုန်းချိုသာစွာ ရောင်းချနိုင်ရေး၊ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချနေသောစားသုံးဆီများကို အများပြည်သူများ သိသာစွာဝယ်ယူနိုင်ရေးအတွက် စားသုံးဆီရောင်းချနေသောဈေးဆိုင်များတွင် ဈေးနှုန်းဆိုင်းဘုတ်များ ချိတ်ဆွဲရောင်းချကြရန်နှင့် မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော Goody၊ Mazin အစရှိသော ဆီဘူးများတွင် ကုန်အညွှန်းအမှတ်အသားများ ကိုက်ညီမှုရှိ/ မရှိ၊ FDA ထောက်ခံချက်နှင့် အသားတင်အလေးချိန်၊ မြန်မာယူနစ်ဖြင့် ဖော်ပြထားခြင်းရှိ/ မရှိတို့ကို စစ်ဆေးခဲ့ရာ ကိုက်ညီမှုရှိကြောင်းတွေ့ရှိရသဖြင့် လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ဘူးဆီများ၊ ရောင်းချခြင်းမပြုကြရန် အသိပညာပေးကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ် စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ပြုလုပ်

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် မော်ကျွန်းမြို့နယ် တာဝန်ခံ ဦးမင်းဇော်လတ် သည် (၃.၆.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ စားသုံးသူပြည်သူများအား မော်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ခဲ့ကြောင်းသိရသည်။

          ထိုသို့ဟောပြောဆွေးနွေးရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးမှ စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီး စားသုံးသူရေးရာဦးစီးမှုးရုံး၊ မြို့နယ်တာဝန်ခံမှဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားခဲ့ပါသည်။ ပြီးနောက်မြို့နယ်တာဝန်ခံမှ ကမ္ဘာကြီးပြောင်းလဲလာသည်နှင့် အမျှ လူသားတို့၏ စားသောက်ကုန်များသည်လည်း ပုံစံအမျိုးမျိုးနှင့် ထုတ်လုပ်လာကြကြောင်း၊ ထိုစားသောက်ကုန်များသည်လည်း ကောင်းမွန်မူရှိခြင်း၊ လူသားတို့အတွက် ဘေးအန္တရာယ်ကင်းရှင်းစေသော စားသောက်ကုန်များ  ဖြစ်ရန်လိုကြောင်း၊ သန့်ရှင်းမှုရှိရန်လိုကြောင်း၊ သို့မှသာ ပြည်သူပြည်သူလူထုတစ်ရပ်လုံး အစားအသောက်မှဖြစ်ပေါ်လာသော အန္တရာယ်များကို အပြည့်အဝကာကွယ်နိုင်မည်ဖြစ်ကြောင်း ပြောကြားပြီး နှစ်စဉ်လစဉ်ဆောင်ရွက်လျက်ရှိသော စာသုံးရေးရာ အခွင်အရေး(၈)ချက်အား ပြည်သူများအားအကျယ်တဝံ့ ပြောကြားဆွေးနွေးခဲ့ပါသည်။ ဥပဒေပါ အချက်အလက်များသိရှိလိုပါက စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှုးရုံးတွင်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနရုံးချုပ်၏  WWW.doca.gov.mm Website တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်း အသိပညာပေးဟောပြော ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တကောကျေးရွာ ဓနဗလဆန်စက်အား ကွင်းဆင်းစစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် (၃.၆.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၃း၀၀) နာရီအချိန်တွင် အိမ်မဲမြို့နယ်တကောကျေးရွာ ဓနဗလဆန်စက်အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင်အိမ်မဲမြို့နယ်တာဝန်ခံသည်တကောကျေးရွာ ဓနဗလ ဆန်စက်သို့ သွားရောက်၍ ဆန်စက်ပိုင်ရှင်နှင့်တွေ့ဆုံကာ ဆန်စက်လည်ပတ်နေမူအခြေအနေများ၊ ဆန်စပါးကြိတ်ခွဲမူအခြေအနေ၊ လုပ်ငန်းဆောင်ရွက်မူ အဆင့်ဆင့်ကို စစ်ဆေးကြည့်ရှု့ခဲ့ပြီးနောက် ဆန်စက်မှကြိတ်ခွဲထွက်ရှိလာသော ဆန်များကို ထုပ်ပိုးရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်ရေး၊ ပို့ကုန်ကဏ္ဍတွင် ဆန်စပါးသည် အရေးပါသည့်အတွက် အရည်အသွေးမီသော ဆန်များရရှိရေးအတွက် စက်ရုံ၊ အလုပ်ရုံ၊ သိုလှောင်ရုံများကို စနစ်တကျ သိုလှောင်ထားရှိရန်နှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် ဈေးနူန်းဈေးကွက်အခြေအနေတိုအား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်၊ အမှတ်(၇)ရပ်ကွက်နန္ဒဝန်ဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချ နေ သော သူဌေးမင်းဘူးသွတ်ဆီဘူးများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၃.၆.၂၀၂၅)ရက်နေ့ နေ့လယ်(၁၃း၀၀)နာရီအချိန်တွင် လပွတ္တာမြို့နယ် အမှတ်(၇)ရပ်ကွက်၊ နန္ဒဝန်ဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော   သူဌေးမင်းဘူးသွတ်ဆီဘူးများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်ပြည့်စုံခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် လပွတ္တာမြို့နယ်တာဝန်ခံမှ အမှတ်(၇)ရပ်ကွက်၊ နန္ဒဝန်လမ်းအတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော သူဌေးမင်းဘူးသွတ်ဆီဘူးများတွင် ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်း ပြည့်စုံမှုရှိ/ မရှိစစ်ဆေးခဲ့ပြီး၊ ကုန်မျိးစုံဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဌာန်းချက်များမှ အခန်း(၁၈)ပါကုန်ညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ၄၁ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်ညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေရေးသား ဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်၊ ပြည့်စုံမှုရှိ/ မရှိအားဌာနအနေဖြင့် ဈေးကွက်စောင့်ကြည့် စစ်ဆေးမှုများ စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့အတွင်းရှိ စားသောက်ဆိုင်များအားကွင်းဆင်းစစ်ဆေး

             ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးနှင့် ဝန်ထမ်းများသည်(၃.၆.၂၀၂၅)ရက်နေ့၊ နံနက်(၁၁း၃၀) နာရီအချိန်တွင် မြို့နယ်စဉ်ပင်သာယာရေးအဖွဲ့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်ပူပေါင်း၍ ဝါးခယ်မမြို့နယ် ကျုံမငေးမြို့အတွင်းရှိ စားသောက်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိပါသည်။

            ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှဆိုင်ရှင်များနှင့်တွေ့ဆုံ၍  စားသောက်ဆိုင်များ သန့်ရှင်းကောင်းမွန်ရေး၊ ဝန်ဆောင်မှုကဏ္ဍများကို စားသုံးသူများအား ပွင့်လင်းမြင်သာစွာချပြပေးရန်၊ စားသောက်ဖွယ်ရာများ၏ အရွယ်အစားအလိုက်ဈေးနှုန်းများအား သိသာထင်ရှားစွာဖော်ပြထားရှိရေးတို့အား အသိပညာပေး ဆွေးနွေးခဲ့ပြီး ဈေးကွက်စောင့်ကြည်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

အွန်လိုင်းလိုင်စင်လျှောက်ထားခြင်းနှင့်ပတ်သက်၍ တိုင်းဒေသကြီးဦးစီးမှူးမှ စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

      ၂၀၂၅ ခုနှစ် ၊ ဇွန်လ၊ ၅ ရက်နေ့၊ နေ့လယ်(၁၆း၀၀) နာရီ အချိန်တွင် ထားဝယ်မြို့၊ စားသုံးသူရေးရာဦးစီဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့် စပ်လျဥ်း၍ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးမှ လာရောက်မေးမြန်းရာ တိုင်းဒေသကြီးဦးစီးမှူးမှ အွန်လိုင်းမှတ်ပုံတင်စနစ်နှင့်စပ်လျဥ်း၍သိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များအား ရှင်းလင်းဆွေးနွေးခြင်း များ ဆောင်ရွက်ခဲ့ပါသည်။

     ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများမှ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းနှင့်စပ်လျဥ်း၍ မှတ်ပုံတင်လျှောက်ထားရာတွင်  ကြိုတင်ပြင်ဆင် ထားရှိရမည့် အထောက်အထားများ၊ အခြေခံလိုအပ်ချက်များ၊ လျှောက်ထားခြင်း ပုံစံအဆင့်ဆင့်နှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူအခွင့်အရေး၊ တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာများအကြောင်း ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ