သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မသင်းလူသုံးကုန်နှင့်အိမ်သုံးပစ္စည်းများ ဖြန့်ချီရေးလုပ်ငန်းအား အွန်လိုင်းမြေပြင်ကွင်းဆင်းစစ်ဆေး

            စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၃)ဦးတို့သည် ၃၀.၅.၂၀၂၅ ရက်နေ့ နံနက်(၀၉:၁၅) နာရီအချိန်တွင် အမှတ်၊ ၂၉၈/2B၊ ခ(၈)လမ်း၊ မြို့သစ်(က+ခ) ရပ်ကွက်၊ အင်းစိန်မြို့နယ်ရှိ မသင်းလူသုံးကုန်နှင့်အိမ်သုံးပစ္စည်း ဖြန့်ချီရေးလုပ်ငန်းအား အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့ဆောင်ရွက်ရာတွင် အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်ထားရှိသည့် အချက်အလက်များအား မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုများရှိ/ မရှိနှင့် အခြားလိုအပ်သည့်အချက်အလက်များအား ပြည့်စုံမှန်ကန်မှုရှိ/မရှိအား DOCA Application အသုံးပြု၍ စစ်ဆေးခြင်းနှင့်စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာများနှင့် ပတ်သက်၍လည်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

                                                                                                        

မင်္ဂလာဒုံမြို့နယ်တွင် အွန်လိုင်းမှတ်ပုံတင်လျှေက်ထားခြင်းနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေး

           ၃၀.၅.၂၀၂၅ ရက်နေ့ နံနက်(၁၀:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၃)ဦး၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၁၉၇/၁၉၈/၁၉၉)၊ ၁၀ လမ်း၊ ရန်ကုန်စက်မှုဇုန်ရှိ စားသောက်ကုန်ပစ္စည်းများ Xcite ခေါက်ဆွဲခြောက်လုပ်ငန်းအား အွန်လိုင်းမှတ်ပုံ တင်ခြင်းနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

              ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာ အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော လုပ်ငန်းရှင်များသို့ မှတ်ပုံတင်လက်မှတ်လျှောက်ထားသူနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းဆောင်ရွက်ရာတွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့်လိပ်စာအတိုင်း လုပ်ငန်းအမှန်တကယ် တည်ရှိခြင်းရှိ/ မရှိ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန် တင်ပြထားသော ကုန်စည် (သို့)ဝန်ဆောင်မှုအမျိုးအစား၊ စာရင်းအတိုင်းမြေပြင်တွင် အမှန်တကယ်ရောင်းချနေသော စာရင်းကိုက်ညီမှုရှိ/ မရှိတို့ကို စစ်ဆေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်ပေါ်တွင် ဖော်ပြပါရှိရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြမှုတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

“ကော့မှူးမြို့နယ်၌ အခြေခံစားသောက်ကုန်ပစ္စည်း ကြက်ဥ၊ဘဲဥများ ရောင်းချနေမှုအခြေအနေ ကွင်းဆင်းစစ်ဆေး”

             ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၌  အခြေခံစားသောက်ကုန်ပစ္စည်း ကြက်ဥ၊ ဘဲများ ဖြန့်ဖြူးရောင်းချလျက်ရှိသော ဈေးဆိုင်များသို့ ဇွန်လ (၂)ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် စည်ပင်သာယာမြို့မဈေး အတွင်း/အပြင်ရှိ ကြက်ဥ၊ ဘဲဥ ဖြန့်ဖြူး ရောင်းချနေမှု အခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

             ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကော့မှူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးတင်ထွန်းအောင်၊ မြို့မဈေးတာဝန်ခံ ဦးအေးသွင်နှင့်ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းတို့ ပူးပေါင်းအဖွဲ့သည် စည်ပင်သာယာ မြို့မဈေးအတွင်း/အပြင်တွင် ရောင်းချလျှက်ရှိသော ဒေါ်လဲ့ကြက်ဥ၊ ဘဲဥဆိုင်၊ ဒေါ်စုကြည် ကြက်ဥ၊ ဘဲဥဆိုင်၊ ဒေါ်သက်မွန် ကြက်ဥ၊ ဘဲဥဆိုင်၊ ဒေါ်တင်မိုးနိုင် ကြက်ဥ၊ ဘဲဥဆိုင်၊ ဒေါ်ခင်ချိုမြင့် ကြက်ဥ၊ ဘဲဥဆိုင်တို့အား ကြက်ဥ၊ ဘဲဥများ ဝယ်ယူရရှိမှု အခြေအနေ ပြန်လည်ဖြန့်ဖြူး ရောင်းချနေမှု အခြေအနေတို့အား မေးမြန်းစုံစမ်းခဲ့ရာတွင် ကော့မှူးမြို့နယ်အနေဖြင့် ကြက်ဥ၊ ဘဲဥ အရောင်းပွဲရုံ၊ ဒိုင်များမရှိပါသဖြင့် ကွမ်းခြံကုန်းမြို့နယ်၊ တွံတေးမြို့နယ်၊ တိုက်ကြီးမြို့နယ်ရှိ ပွဲရုံ၊ ဒိုင်များမှ ဝယ်ယူဖြန့်ဖြူး ရောင်းချပေးလျက်ရှိကြောင်း ပြန်လည်ဖြေကြားခဲ့ပြီး ယနေ့ ဖြန့်ဖြူးရောင်းချလျက်ရှိသော ကြက်ဥ၊ ဘဲဥ အကြီး၊ အလတ်၊ အသေး ဈေးနှုန်းများအား စာရင်းကောက်ယူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)        

MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

    ၂၀၂၅ ခုနစ်၊ မေလ(၂၉)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ကျောက်ပန်းတောင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံး၌ မြို့နယ်အတွင်းရှိ MSME လုပ်ငန်းရှင်များ ကို မိမိတို့၏ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိရေး၊ စက်မှုလုပ်ငန်းသုံး စားအုန်းဆီများ လုပ်ငန်းခွင်များတွင်အမှန်တကယ်အသုံးပြုစေရေးအတွက် စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်း (ဒု-ဦးစီးမှူး) နှင့်ဝန်ထမ်းများသည် ကျောက်ပန်းတောင်း မြို့နယ်အတွင်းရှိ MSME လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးပွဲအား ကျင်းပခဲ့သည်။

    အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက ဆွေးနွေးပြောကြားရာတွင်  MSME လုပ်ငန်းများအတွက်အသုံးပြုရန် စက်မှုလုပ်ငန်းသုံးစားအုန်းဆီများကို နိုင်ငံတော်မှ ရောင်းချထုတ်ပေးခဲ့ပါကြောင်း၊ ယခုလည်းဆက်လက်ထုတ်ပေးသွားမည်ဖြစ်ပြီး၊ MSME လုပ်ငန်းများတွင်  အမှန်တကယ်အသုံးပြုရမည်ဖြစ်ပါကြောင်း၊ စားအုန်းဆီသည် အရေးကြီးကုန်စည် အမျိုးအစားတွင် ပါဝင်သဖြင့် သတ်မှတ်လုပ်ငန်းများမှလွဲ၍ အခြားနည်းဖြင့် ပြန်လည်သယ်ယူရောင်းချခွင့် မရှိပါကြောင်း၊ လုပ်ငန်းရှင်များ၏ လုပ်ငန်းခွင်လစဉ် လိုအပ်ချက် စားအုန်းဆီများကိုလည်း ကွင်းဆင်းစိစစ်၍ လုပ်ငန်းပမာဏအလိုက် ခွင့်ပြုပေးလျက် ရှိပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် MSME ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်စည်နှင့် ဝန်ဆောင်မှုများနှင့် ပတ်သက်၍ စားသုံးသူများထိခိုက်နစ်နာမှု မဖြစ်ပေါ်စေရေး ကာကွယ် ပေးခြင်း၊ စီးပွားရေးလုပ်ငန်း ရှင်များအား ဥပဒေနှင့်အညီဆောင်ရွက်နိုင်စေရေးနှင့် ဖွံ့ဖြိုး တိုးတက်စေရေးကူညီပေးခြင်း၊ MSME လုပ်ငန်းများကြီးထွားလာစေရန်၊ လုပ်ငန်းအမျိုးအစား အလိုက် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ထောက်ခံချက်များ၊ နည်းပညာများ၊ အရင်းအနှီးချေးငွေရရှိရေး၊ ပြပွဲပြိုင်ပွဲတွင်ပါဝင် ပြသနိုင်ရေး စသည့်လိုအပ်သည့်ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးခြင်း၊ MSME လုပ်ငန်းများမှ ထွက်ရှိလာသည့်ကုန်စည်များတွင် စားသုံးသူ ကာကွယ်ရေးဥပဒေပါ ကုန်အညွှန်အမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြစေရေးတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

    ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် MSME လုပ်ငန်းရှင်များမှ သိရှိလိုသည်များဆွေးနွေး မေးမြန်းရာ မြို့နယ်တာဝန်ခံက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ပြီး၊ လုပ်ငန်းရှင်(၆၂) ဦးတက် ရောက်ခဲ့ကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် MSME လုပ်ငန်းရှင်များ တွေ့ဆုံဆွေး နွေးပွဲအခမ်းအနားကို နေ့လယ် ၁၄:၀၀  နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

 

“သီလဝါစက်မှုဇုန်ရှိ Wilmar ဆီကန်သို့ ပူးပေါင်းအဖွဲ့ဖြင့် သွားရောက်ကြည့်ရှုစစ်ဆေးခြင်း”

            ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သီလဝါစက်မှုဇုန်ရှိ Wilmar ဆီကန်သို့ မေလ ၂၉ ရက်နေ့၊ ညနေ (၁၃:၃၀) နာရီအချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် စားအုန်းဆီသိုလှောင်ကန်များအား သွားရောက်ကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

           ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ တောင်ပိုင်း ခရိုင်ဦးစီးမှူး ဦးအောင်စိုးမိုးနှင့် ဝန်ထမ်းများ၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူး ဦးလှစိုးနှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံဆီကိုယ်စားလှယ်များအသင်း (MEBDA)၊ မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက် (MITS) တို့ပူးပေါင်း၍ သီလဝါစက်မှုဇုန်အတွင်းရှိ Wilmar ဆီကန်သို့ သွားရောက်၍ စားအုန်းဆီသိုလှောင်ကန်များအား လိုက်လံစစ်ဆေးမှုများ ဆောင်ရွက်ခြင်း၊ ဆီထုတ်ကုမ္ပဏီများစာရင်းများ စစ်ဆေးခြင်း၊ ဆီကိုယ်စားလှယ်များထံသို့ စားအုန်းဆီ နေ့စဉ် ထုတ်ပေးလျက်ရှိသော ဆီပေပါများအား အလေးချိန်ပြည့်မပြည့်တို့အား စစ်ဆေးခြင်း၊ စားအုန်းဆီ အဝင်အထွက်စာရင်းများ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး  Wilmar ဆီကန်များ တာဝန်ရှိဝန်ထမ်းများအား ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များနှင့် အခြားတိုင်းဒေသကြီးပြည်နယ်များရှိ ဆီကိုယ်စားလှယ်များသို့ စားအုန်းဆီနေ့စဉ်ရောင်းဝယ်ဖောက်ကားရာတွင် ဆီပေပါများ၌ ဆီများအလေးချိန်မှန်မှန်ဖြင့် ချိန်တွယ်ပေးရန်မှာကြားခဲ့ပြီး  စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

MSMEလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲကျင်းပခြင်း

    ၂၀၂၅ ခုနှစ်၊ မေလ ၂၈ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန် စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံ ခရိုင်ဦးစီးမှူးရုံး၌ မြို့နယ်အတွင်းရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြင်းခြံခရိုင် ဦးစီးမှူး ဦးသန်းစိုးနှင့် မြင်းခြံမြို့နယ်အတွင်းရှိ MSMEလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရှိရသည်။

     ခရိုင်ဦးစီးမှူးမှ ဆွေးနွေးပြောကြားရာတွင် MSMEလုပ်ငန်းများတွင် အသုံးပြုရန်အတွက် စက်မှုလုပ်ငန်းသုံးစားအုန်းဆီများကို နိုင်ငံတော်မှရောင်းချထုတ်ပေးခဲ့ပါကြောင်း၊ ယခုလဲဆက် လက်ထုတ်ပေးသွားမည်ဖြစ်ပြီး MSME လုပ်ငန်းများတွင် အသုံးပြုရမည့်စားအုန်းဆီများအား လုပ်ငန်းရှင်များ လျှောက်ထားခဲ့သည့် စက်မှုလုပ်ငန်းများတွင် အမှန်တကယ်အသုံးပြုရမည်ဖြစ်ပါကြောင်း၊ စားအုန်းဆီသည် အရေးကြီးကုန်စည်အမျိုးအစားတွင်ပါဝင်သဖြင့် သတ်မှတ်လုပ်ငန်းမှ လွဲ၍ အခြားနည်းဖြင့် ပြန်လည်သယ်ယူ၊ရောင်းချ၊သုံးစွဲခွင့်မရှိပါကြောင်း၊ လုပ်ငန်းရှင်များ၏ လစဉ်စားအုန်းဆီ လိုအပ်ချက်များကို ကွင်းဆင်းစိစစ်၍ လုပ်ငန်းပမာဏအလိုက်ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ စားသုံးသူ ရေးရာဦးစီးဌာနအနေဖြင့် MSMEလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး၊ ကုန်စည်နှင့်ဝန် ဆောင်မှုများနှင့် ပတ်သက်၍ စားသုံးသူများ ထိခိုက်နစ်နာမှုမဖြစ်ပေါ်စေ ရေးကာကွယ်ပေးခြင်း၊ စီးပွားရေးလုပ်ငန်း ရှင်များအား ဥပဒေနှင့်အညီဆောင်ရွက်နိုင် စေရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေး ကူညီပေးခြင်း၊ MSME လုပ်ငန်းများ ကြီးထွားလာစေရန် လုပ်ငန်းအမျိုး အစားအလိုက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ထောက်ခံချက်များ၊ နည်းပညာများစသည့် လိုအပ်သည့်ပံ့ပိုးကူညီမှု များဆောင်ရွက် ပေးခြင်း၊ MSMEလုပ်ငန်းများမှ ထွက်ရှိလာသည့် ကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြစေရေးတို့ကို ဆောင်ရွက် လျက်ရှိပါကြောင်း ဆွေးနွေး ပြောကြားခဲ့ကြောင်းသိရှိရသည်။

      ဆွေးနွေးပွဲသို့ MSME လုပ်ငန်းရှင်(၄၁)ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသည့် MSME လုပ်ငန်းရှင်များမှ သိရှိလိုသည်များ ဆွေးနွေးမေးမြန်းရာ ခရိုင်ဦးစီးမှူးမှ ပြန်လည်ဖြေကြားဆွေးနွေး ခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးနှင့် MSMEလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို (၁၁:၀၀)နာရီအချိန်တွင် အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၅)သို့ တက်ရောက်

     မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂-၂၀၂၅) အစည်းအဝေးအား ၂၀၂၅ ခုနှစ်၊ ဇွန်လ (၃) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် နေပြည်တော်၊ ရုံးချုပ်၊ စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမ(၁) တွင်ကျင်းပပြုလုပ် ခဲ့ပြီး  အဆိုပါ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များသည် Zoom Meeting ဖြင့်တက်ရောက်ခဲ့ပြီး ကော်မတီဥက္ကဌမှ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံး၏ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ မှ မေလ (၁၅) ရက်နေ့အထိ စားသုံးသူကာကွယ်ရေးအသိပညာပေး လုပ်ငန်းဆောင်ရွက် ချက်များ၊ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများနှင့် စားသုံးသူတိုင်ကြားမှုများအား ဆွေးနွေး တင်ပြခဲ့ပါသည်။

DOCA(မန္တလေး)

လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့်သတင်းရေးသားမှုဆုပေးပွဲကျင်းပခြင်း

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေး တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမတွင်   ၂.၆.၂၀၂၅ ရက်နေ့နံနက်(၁၀:၀၀)နာရီ အချိန်၌ လုပ်ငန်းညှိနှိုင်းအစည်း အဝေးနှင့် ဆုပေးပွဲအခမ်းအနားတစ်ရပ်ကျင်းပခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါအစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီးအတွင်း  မြို့နယ်အလိုက် စားအုန်းဆီဖြန့်ဖြူး ရောင်းချရာတွင်  အိမ်ထောင်စု အလိုက်ဖြန့်ဖြူး ရောင်းချနိုင်ရေးကိစ္စများ၊ တိုင်းဒေသကြီးအတွင်း ထွက်ရှိသည့် ဆီထွက်သီးနှံများအား ဆီစက်အရေအတွက်အလိုက် အမှန်ကြိတ်ခွဲနိုင်မှု အခြေ အနေ များ၊ ဌာနရှိဝန်ထမ်းများ Talk Show များ ကျင်းပရာတွင် မြန်မာ ဆန်စပါးအွန်လိုင်း( Myanmar  Rice Online – My RO)တွင် မှတ်ပုံတင်ခြင်းလုပ်ငန်းများ  ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ထည့်သွင်း ဆွေးနွေးပေးရန် နှင့်ပြည်ပသို့ တင်ပို့ရန် အလားအလာရှိသော  ကုန်ထုတ်လုပ်ငန်းများ၊ သွင်းကုန်အစားထိုး လုပ်ငန်းများအား ဖော်ထုတ် ဆောင်ရွက်သွားရန် ဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့နောက် ၂၀၂၄ ခုနှစ် ဒီဇင် ဘာလမှ ၂၀၂၅ ခုနှစ် မေလကုန်အထိ  စားသုံးသူ ရေးရာဦးစီးဌာန၏  www.doca.gov.mm     တွင် သတင်းရေးသားခြင်း နှင့် website  တွင်ဖော်ပြခဲ့သည့်သတင်းပါဝင်မှု များနှင့်ပတ်သက်၍ ဆုပေးပွဲ ကျင်းပခဲ့ရာ တိုင်းဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေမှ မန္တလေးတိုင်း ဒေသကြီးအတွင်း သတင်းပါဝင်မှု အများဆုံးရရှိသည့်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ  ပထမဆု၊မြင်းခြံ ခရိုင် ဦးစီးမှူးရုံးမှ  ဒုတိယဆုနှင့် တတိယဆုတို့ကိုလည်းကောင်း၊ သတင်းရေးသားမှုခရိုင်အလိုက် ရာခိုင်နှုန်းဖြင့် ဖော်ပြရာတွင်    ပထမ ဆုရရှိသော  မြင်းခြံခရိုင်ဦးစီးမှူးရုံး၊  ဒုတိယဆုရရှိသော ကျောက်ဆည်ခရိုင် ဦးစီးမှူးရုံးနှင့် တတိယဆုရရှိသော မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးတို့မှ လည်းကောင်း အသီးသီးဆုများလက်ခံရရှိခဲ့ပြီး အစည်းအဝေးကို နေ့(၁၂:၀၀)နာရီ အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ဆန်ဆိုင်နှင့်သိုလှောင်ရုံများသို့ MyRO တွင် မှတ်ပုံတင်နိုင်ရေးကွင်းဆင်းဆောင်ရွက်

    မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်း   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းအကောင် ထည်ဖော်ဆောင်ရွက်လျက်ရှိသည့်  မြန်မာဆန်စပါးအွန်လိုင်း   ( Myanmar Rice Online –  My RO) တွင် မှတ်ပုံတင်ထားခြင်းမရှိသည့်ဆန်ဆိုင် နှင့်ဆန်သိုလှောင်ရုံများသို့ ၂၉.၅.၂၀၂၅  ရက်နေ့ တွင် သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    အဆိုပါမန္တလေးတိုင်းဒေသကြီး၊  စားသုံးသူရေးရာဦးစီးဌာန၊  တိုင်းဒေသကြီးဦးစီးမှူးရုံး ရှိ ကွင်းဆင်း စစ်ဆေးရေးအဖွဲ့များမှ     ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ဆန်ဆိုင်နှင့် ဆန်သိုလှောင်ရုံ (၁၄) ခုသို့ သွားရောက်၍ မြန်မာ ဆန်စပါးအွန်လိုင်း( Myanmar  Rice  Online – My RO) တွင် မှတ်ပုံတင်ခြင်းလုပ်ငန်းများ  ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရပါတယ်။

DOCA(မန္တလေး)

ဆန်ဆိုင်နှင့်သိုလှောင်ရုံများသို့ MyRO တွင် မှတ်ပုံတင်နိုင်ရေး ကွင်းဆင်းစစ်ဆေးခြင်း

     မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းအ ကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့်  မြန်မာဆန်စပါးအွန်လိုင်း ( Myanmar Rice Online – My RO) တွင် မှတ်ပုံတင်ထားခြင်းမရှိသည့်ဆန်ဆိုင် နှင့်ဆန်သိုလှောင်ရုံများသို့ ၂၈.၅.၂၀၂၅  ရက် နေ့တွင် သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     အဆိုပါမန္တလေးတိုင်းဒေသကြီး၊  စားသုံးသူရေးရာဦးစီးဌာန၊  တိုင်းဒေသကြီးဦးစီးမှူးရုံးရှိ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များမှ  ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ဆန်ဆိုင်နှင့် ဆန်သိုလှောင်ရုံ (၁၁)ခုသို့ သွားရောက်၍ မြန်မာ ဆန်စပါးအွန်လိုင်း( Myanmar Rice Online – My RO)တွင် မှတ်ပုံတင်ခြင်းလုပ်ငန်းများ  ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရပါတယ်။

DOCA(မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ