
တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုသင်တန်းများတွင် စားသုံးသူအသိပညာပေးဟောပြောခြင်းကို ပန်းတနော်မြို့နယ်တွင် စားသုံးသူများ၏ အသက်အန္တရာယ်ကင်းရှင်းရေးနှင့် ထုတ်လုပ်သူ-စားသုံးသူ နှစ်ဦးနှစ်ဖက် အကျိုးစီးပွားအတွက် ကျင်းပပြုလုပ်ခဲ့ရာ ၂၅-၆-၂၀၂၆ ရက်နေ့က အသေးစားစက်မှူလုပ်ငန်းဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောရာတွင် သင်တန်းသူ ၃၅ဦးတက်ရောက်ခဲ့ပြီး ပန်းတနော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်မှ စားသုံးသူအခွင့်အရေး (၈) ချက်ကိုလည်းကောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် စပ်လျဉ်း၍ ထုတ်လုပ်သည့်ရက်၊ သက်တမ်းကုန်ဆုံးရက်၊ ပါဝင်ပစ္စည်းများ၊ အရွယ်အစား/ အလေးချိန်၊ ထုတ်လုပ်သူ၏ အမည်နှင့်လိပ်စာတို့ကို မြန်မာဘာသာဖြင့် သေချာစွာဖော်ပြရန် လိုအပ်ချက်များကိုလည်းကောင်း၊ လုပ်ငန်းရှင်၏ တာဝန်ဝတ္တရားများဖြစ်သည့် စားသုံးသူအား ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာ ရောင်းချရန်နှင့် လိမ်လည်လှည့်ဖြားမှု ကင်းရှင်းရန်အချက်တို့ကိုလည်းကောင်း၊ ဥပဒေရေးရာ သိမှတ်ဖွယ်ရာများထဲမှ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များ၊ တားမြစ်ချက်များနှင့် ပြစ်ဒဏ်များအကြောင်းကိုလည်းကောင်း သင်တန်းသားများအနေဖြင့် မိမိတို့ထုတ်လုပ်မည့် တန်ဖိုးမြှင့်စားသောက်ကုန်များအား စံချိန်စံညွှန်းမီစွာထုတ်လုပ်နိုင်ရေး၊ ဈေးကွက်တွင် တရားဝင်မှတ်ပုံတင်နိုင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန်လိုအပ်ကြောင်းတို့ကို အကျယ်တဝင့်ရှင်းလင်း ဟောပြောဆွေးနွေးပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
