သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဟင်္သာတမြို့ နိဗ္ဗာန်တိုက်နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ဆရာ/ဆရာမများနှင့် ကျောင်းသားမိဘများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ဟင်္သာတမြို့နယ်ဦးစီးမှူးသည် အခြေခံပညာဦးစီးဌာနနှင့်ပူးပေါင်း ၍ (၁.၆.၂၀၂၅)နေ့ နေ့လယ်(၁၅:၀၀)နာရီအချိန်တွင် ဟင်္သာတမြို့၊ နိဗ္ဗာန်တိုက်နယ် အခြေခံပညာ အထက်တန်းကျောင်းတွင် ဆရာ၊ ဆရာမနှင့် ကျောင်းသားမိဘ ၂၅ ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

              ဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမိုးကျော်က ဦးစွာမိတ်ဆက်စကားပြောကြားခဲ့ပြီး၊ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ် မတ်လ(၁၅) ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခု ဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူစကားရပ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊  စားသုံးသူအခွင့်အရေးနှင့် တာဝန်များ အကြောင်း၊ အစားအသောက်နှင့်ကုန်စည်တွေပေါ်မှာဖော်ပြရမည့် ကုန် အညွှန်းအမှတ် အသားများ အကြောင်း၊ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းများ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ စားသုံးသူတို့အနေဖြင့် အသင့်စားမုန့်များဝယ်ယူစားသုံးရာတွင် ထုတ် လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးရက်များ အဓိကဖက်ရှု့ရမည်ဖြစ်ကြောင်း၊ ဝယ်ယူအသုံးပြုခဲ့ သော ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ပြောဆိုတင်ပြ တိုင် ကြားခွင့်နှင့်ပြန်လည်ကုစားနိုင်ခွင့်များအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေး ဟောပြောခဲ့ ပါသည်။ စားသုံးသူမိဘပြည်သူများအနေဖြင့်လည်း စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်း ဆောင် ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov.mm Websiteတွင် ဝင်ရောက်လေ့လာနိုင် ကြောင်း၊ စားသုံးသူသတင်းပြန်ကြားရေး နှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ (CICC) ရုံးခန်းများ ဖွင့်လှစ်ထားရှိမှု အခြေအနေတို့ကိုလည်းကောင်း၊ Consumer Call Center 1535 သို့လည်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

(DOCA) ဧရာဝတီ

မြစ်ကြီးနားမြို့၊လယ်ကုန်းရပ်ကွက်ရှိ စားသုံးသူပြည်သူများအား အသိပညာပေး‌‌ဟောပြောခြင်း

    စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ စိတ်ကျေနပ်မှုရရှိစေရေးအတွက် အာမခံချက်ပေးနိုင်သော အရည်အသွေးမြင့်မားသည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို ဖော်ဆောင်ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်လျက် စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးတင်မောင်ထွန်း (ရုံးအုပ်)သည် ၄.၆.၂၀၂၅ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်ရှိ စားသုံးသူပြည်သူ(၁၁)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ ဟောပြောရာတွင် ဦးတင်မောင်ထွန်း(ရုံးအုပ်) က ၂၀၁၉ခုနှစ်၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူကာကွယ်ရေးနှင့် စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူ အခွင့်အရေး(၈) ချက်နှင့် တာဝန်(၄)ချက်၊ ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ စားသုံးသူ နစ်နာဆုံးရှုံးမှုများအတွက်လည်း တိုင်ကြားရန် CICC ရုံးခန်းများကို ဖွင့်လှစ်ထားရှိပြီး၊ ဖြေရှင်းပေးနေမှုအခြေအနေများ၊ Call Center  1535 သို့ တိုက်ရိုက်ခေါ်ဆို မေးမြန်းတိုင်ကြားနိုင်ပါကြောင်း အသိပညာပေး ဟောပြောခဲ့ပါ သည်။

DOCA(ကချင်)

ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ၂၀၂၅ ခုနှစ်၊ မေလအတွင်း စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် စားသုံးသူများ စားသုံးသူကာကွယ်ရေးဥပဒေအား သိရှိလိုက်နာစေရေး၊ အခွင့်အရေးနှင့်တာဝန်များအား သိရှိပြီး ဘေးအန္တာရာယ်ကင်းရှင်းစေရေး၊ အရည်အသွေးပြည့်မီသော ကုန်စည်နှင့် ဝန်ဆောင်မှုများ ရယူသုံးစွဲနိုင်စေရန် ရည်ရွယ်၍ စဉ်ဆက်မပြတ် အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

    ပခုက္ကူခရိုင်အနေဖြင့် ၂၀၂၅ခုနှစ်၊ မေလအတွင်း ခရိုင်ဦးစီးမှူးမှ ဦးဆောင်၍ ဒုတိယခရိုင် ဦးစီးမှူး၊  စားသုံးသူရေးရာဌာနခွဲတာဝန်ခံ၊ ပခုက္ကူမြို့နယ်တာဝန်ခံ နှင့် ဝန်ထမ်းများသည် ပခုက္ကူခရိုင်ဦးစီးမှူးရုံး၌ မိဘပြည်သူများအားလည်းကြောင်း၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၌ ဆရာမနှင့် သင်တန်းသား/သင်တန်းသူများအားလည်းကောင်း၊ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်း၌ ဆရာ/ ဆရာမနှင့် သင်တန်းသား/သင်တန်းသူများအားလည်းကောင်း၊ ဆိပ်ဖြူမြို့နယ် တာဝန်ခံမှ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ပြန်ဆက်ဦးစီးမှူးနှင့် TalkShow အားလည်းကောင်း၊ စည်ပင်သာယာရေးအဖွဲ့ရုံး၌ ဝန်ထမ်းများအားလည်းကောင်း စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း စုစုပေါင်း(၅)ကြိမ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ပခုက္ကူနှင့် ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ၂၀၂၅ ခုနှစ်၊ မေလအတွင်း လုပ်ငန်းရှင်များနှင့်တွေ့ဆုံခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် စားသုံးသူများ စားသုံးသူကာကွယ်ရေးဥပဒေအား သိရှိလိုက်နာစေရေး၊  စီးပွား ရေး လုပ်ငန်းရှင်များအနေဖြင့် ဥပဒေပြဌာန်းချက်ပါကုန်အညွှန်းအမှတ်အသားပြည့်စုံစွာထည့်သွင်း ဖော်ပြလာခြင်းဖြင့် စားသုံးသူများ ဘေးအန္တရာယ်များကင်းရှင်းပြီး ဈေးကွက်များပိုမို ရရှိစေရန် ရည်ရွယ်၍ လုပ်ငန်းရှင်တွေ့ဆုံခြင်းများကို စဉ်ဆက်မပြတ် ကွင်းဆင်းအသိပညာပေးလျက်ရှိပါသည်။

    ပခုက္ကူခရိုင်အနေဖြင့် ၂၀၂၅ခုနှစ်၊ မေလအတွင်း စားသုံးသူရေးရာဌာနခွဲ တာဝန်ခံ၊ ပခုက္ကူမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် ပခုက္ကူမြို့ အမှတ်(၃)ရပ်ကွက်ရှိ မြေပဲ ဆားလှော်၊ မြေပဲဆုံဆီ၊ ကုလားပဲချောင်းကြော်၊ ဇီး/မန်ကျည်းဖျော်ရည် လုပ်ငန်းရှင်များထံသို့လည်းကောင်း၊ ဆိပ်ဖြူမြို့၊ မြို့နယ် တာဝန်ခံအနေဖြင့် ဆိပ်ဖြူမြို့အဝင်နှင့် အနောက်ပိုင်းရပ်ကွက်ရှိ စားသုံးဆီ၊ အလယ်ပိုင်းရပ်ကွက်ရှိ ပဲပွကြော်၊ ပတ္တမြားဈေးနှင့် အနောက်ပိုင်းရပ်ကွက်ရှိ စတိုးဆိုင် ရောင်းချသည့် လုပ်ငန်းရှင်များထံသို့လည်းကောင်း၊ ဂန့်ဂေါခရိုင်၊ မြို့နယ်တာဝန်ခံအနေဖြင့် မြောက်ကုန်းရပ်ကွက်ရှိ အာလူးကြော် လုပ်ငန်းရှင်ထံသို့လည်းကောင်း သွားရောက်၍ အသိပညာပေးခြင်း စုစုပေါင်း (၈)ကြိမ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ဆန်ဈေးနှုန်းကြီးမြှင့်စွာရောင်းချမှုမရှိစေရေး အသိပညာပေး/ ကွင်းဆင်း ဆောင်ရွက်ခြင်း

             စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးနေလင်း (ဌာနခွဲစာရေး)နှင့် ဝန်ထမ်းများသည်   နန္ဒဝန်ဈေးစည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများပူးပေါင်းပြီး ဆန်ရောင်းချမှုအခြေအနေများကို ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်လျှက်ရှိရာ (၂၃.၅. ၂၀၂၅) ရက်နေ့ ၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ဈေးအတွင်းရှိ ဆန်လက်လီ ရောင်းချနေသော ဆန်ဆိုင်(၇)ဆိုင်တို့အား  သွားရောက်၍ ဆန်ရောင်းချမှု ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

 ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်များရှိ ရောင်းချနေသော ဆန်များသည် ရက် (၉၀)၊ ဆင်းသုခ၊ မနောသုခ၊ တောင်ပျံ၊ ကြားပျံ ရွှေဘိုပေါ်ဆန်း၊ မြောင်းမြပေါ်ဆန်း၊ ပုသိမ်ပေါ်ဆန်း၊ ဖျာပုံကြားပျံ၊ ဖျာပုံတောင်ပျံဆန်များကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သတ်မှတ်ထားသော ရည်ညွှန်းဈေးများအတိုင်းရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ရာ ဆန် ရောင်းချမှုမှာလည်း ပုံမှန်အတိုင်းရှိပြီး ဆန်သိုလှောင်မှု အိတ်အရေအတွက် များစွာမရှိပဲ ပုံမှန် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း ဆန်ဈေးနှုန်းကြီးမြှင့်မှု မဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန် အလို့ငှာ ဆန်များ သိုလှောင်ထားခြင်းမပြုရန်  လိုက်နာမှုမရှိပါက ဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း အသိပညာပေး ပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

တောင်ဥက္ကလာပမြို့နယ် နန္ဒဝန်ဈေးအတွင်းရှိ စားအုန်းဆီလက်လီ/ လက်ကားရောင်းချနေသော ကုန်စုံဆိုင်များအားစစ်ဆေးခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊  ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမင်းမင်းစိုး (ဌာနခွဲစာရေး) နှင့် ဝန်ထမ်း(၃)ဦးတို့သည်  (၂၂.၅.၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် တောင်ဥက္ကလာပ မြို့နယ်၊ နန္ဒဝန်ဈေးအတွင်းရှိ စားအုန်းဆီလက်လီ/ လက်ကားရောင်းချနေသော ကုန်စုံဆိုင်များအား ဈေးစည်ပင်အဖွဲ့ဝင်များနှင့်အတူ ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

           ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ရာတွင် စားအုန်းဆီလက်လီ/ လက်ကားရောင်းချလျက်ရှိသော လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေး၊ အမိန့်၊ ညွှန်ကြား ချက်များနှင့်အညီ ရောင်းချဖြန့်ဖြူးခြင်းရှိ/မရှိ စားအုန်းဆီခွဲတမ်းများကို သတ်မှတ်စည်းမျဉ်း/ စည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချရန်၊ အချိန်အတွယ်မှန်ကန်စွာ ရောင်းချကြရန်နှင့် ခွဲတမ်းရရှိသည့် ဆိုင်များအနေဖြင့် ဈေးနှုန်းကို အများမြင်သာသောနေရာများတွင် Vinyl ချိတ်ဆွဲထားရှိရန် အသိပညာပေးပြောကြားခဲ့ပြီး ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

အသင့်စား စည်သွပ်ဗူးများကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

              စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်အေးအေးမော် (စစ်ဆေးရေးအရာရှိ) ဦးဆောင်၍ ဝန်ထမ်း (၂)ဦး သည် ဗိုလ်တထောင်ခရိုင် ဘိုကလေးဈေး စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ ၂၃.၄.၂၀၂၅ ရက်နေ့၊ နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် ဈေးအတွင်းရှိ စားသောက်ကုန်မျိုးစုံအရောင်းဆိုင်တို့အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

              အဆိုပါ စားသောက်ကုန်မျိုးစုံအရောင်းဆိုင်တို့တွင် အသင့်စားကုန်စည်များ (အသားဟင်း၊ ငါးဟင်းစည်သွပ်ဗူးများ)တွင် ရိုက်နှိပ်ထားသော ကုန်အညွှန်းအမှတ် အသားဖော်ပြချက်များသည် စတစ်ကာကပ်၍ ဖော်ပြထား‌သည့် အညွှန်းဖော်ပြချက်များနှင့် တူညီမှု ရှိ/မရှိ၊ ကွဲလွဲမှုရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ခြင်း၊ ဈေးအတွင်း ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် HI-Q, READY အမှတ်တံဆိပ် စည်သွပ်‌ဗူးများ အများဆုံး ရောင်းချ လျှက်ရှိပြီး စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက ကုန်အညွှန်းအမှတ်အသား ကွဲလွဲမှုရှိသောကုန်စည်များကို ဝယ်ယူရောင်းချမှု မဖြစ်စေရေး အထူးဂရုပြုအလေးထားရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး၊ စားသုံးသူ ကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ဥပဒေအခန်း(၁၁)ပါ ကုန် စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များကို ‌ရှင်းလင်းပြောကြားခဲ့ ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

ဆန်ဈေးနှုန်းကြီးမြှင့်စွာရောင်းချမှုမရှိစေရေး နေ့စဉ်ကွင်းဆင်းကြပ်မတ်အသိပညာပေးမှုများဆောင်ရွက်လျက်ရှိ

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်လဲ့လဲ့ဌေး (ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊  မြို့နယ်စည်ပင်သာယာရေးကော်မတီမှတာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ဆန်ရောင်းချမှုအခြေအနေများကို ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်လျက်ရှိရာ (၂၃.၅.၂၀၂၅) ရက်နေ့၊ နံနက်ပိုင်းတွင်  သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ဆန်လက်လီ ရောင်းချနေသော ကျောက်မြောင်းကြီးရပ်ကွက်၊ ကျောက်ရေတွင်းလမ်း၊ အမှတ်(၁၅)ရှိ ဦးကျော်ကျော်၏ ရွှေပေါ်ဆန်းဆိုင်၊ သီတာလမ်း၊ အမှတ်(၁၀)ရှိ ဦးအေးသန့်ဖြိုး၏ ပတ္တမြားဆန်ဆိုင်၊ ကျောက်မြောင်းလမ်း၊ အမှတ်(၅၂)ရှိ ဒေါ်ဝါဝါ၏ ရှယ်ဖျာပုံဆန်ဆိုင် စသည့် (၃)ဆိုင်တို့အား သွားရောက်၍ ဆန်ရောင်းချမှု ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

             ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်များရှိ ရောင်းချနေသော ဆန်များသည် ရက် (၉၀)၊ ဆင်းသုခ၊ မနောသုခ၊ တောင်ပျံ၊ ကြားပျံ ရွှေဘိုပေါ်ဆန်း၊ မြောင်းမြပေါ်ဆန်း၊ ပုသိမ်ပေါ်ဆန်း၊ ဖျာပုံကြားပျံ၊ ဖျာပုံတောင်ပျံဆန်များကို ဝါးတန်းကုန်စည်ဒိုင်မှ အများဆုံး ဝယ်ယူရောင်းချလျက်ရှိ ကြောင်း၊ သတ်မှတ်ရည်ညွှန်းဈေး၏ ၈% ထက်မပိုသော ဈေးနှုန်း များဖြင့် ရောင်းချနေသည်ကို စစ်ဆေးတွ့ရှိခဲ့ရာ ဆန်ရောင်းချမှုမှာလည်း ပုံမှန်အတိုင်းရှိပြီး ဆန်သိုလှောင်မှု အိတ်အရေအတွက်များစွာမရှိပဲ ပုံမှန်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း ဆန်ဈေးနှုန်းကြီးမြှင့်မှု မဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များသိုလှောင်ထားခြင်းမပြုရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သတ်မှတ်ထားသောဈေးနှုန်းများအတိုင်း ရောင်းချသွားရန်၊ လိုက်နာမှုမရှိပါက ဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း အသိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဆန်ဈေးနှုန်းကြီးမြှင့်စွာရောင်းချမှုမရှိစေရေး နေ့စဉ်ကွင်းဆင်းကြပ်မတ် အသိပညာပေးမှုများ ဆောင်ရွက်လျက်ရှိ

              စားသုံးသူရေးရာဦးစီးဌာန ၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်လဲ့လဲ့ဌေး (ဒု-ဦးစီးမှူး) နှင့်ဝန်ထမ်းများသည် မင်္ဂလာတောင်ညွှန့်မြို့နယ် ( Makro) ရှိ (၂၂.၅.၂၀၂၅) ရက်နေ့ ၊ နေ့လယ်ပိုင်းတွင် မင်္ဂလာတောင်ညွှန့်မြို့နယ် (Makro) အတွင်းရှိ ဆန်လက်လီ ရောင်းချနေသော အမှတ်(၃၂၂) ၊ အထက်ပုဇွန်တောင်လမ်း ၊ မင်္ဂလာတောင်ညွှန့်မြို့နယ် (Makro)အား သွားရောက်၍ ဆန်ရောင်းချမှု ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

         ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် (Makro) ဆန်ဆိုင်ရှိ ရောင်းချနေသော ဆန်များ သည် မြတ်(မြောင်းမြပေါ်ဆန်း)(၂၄kg)၊ မြတ်(ရက်၉၀)(၁၂kg) ၊ မြတ်(ဧရာပဒေသာ)(၁၂kg) ၊ Ayeyar (ဇီယာ) (၁၀kg)၊ Nursery (ပေါ်ဆန်း)(၂၄kg)၊ Win (တောင်ပျံ-ရှယ်)(၂၄kg)၊ Win (ရွှေဘိုပေါ်ဆန်း)(၂၄kg)၊ မြတ် (ကျားပျံ) (၂၄kg)၊ Meizan (ပေါ်ဆန်းမွှေး)(၁၂kg)၊ Ayeyar (ပေါ်ဆန်းမွှေး) (၅kg)၊ Nursery (ပေါ်ဆန်း)(၅kg)၊ Win(ဇီယာ)(၆kg)၊ မြ(ရွှေဘိုပေါ်ဆန်း)(၅kg) စသည့်ဆန်များကို သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချလျက်ရှိကြောင်း ဆန်ဈေးနှုန်း ကြီးမြှင့်မှု မဖြစ်ပေါ်စေရေး အတွက် ဈေးကစားရန်အလို့ငှာ ဆန်များသိုလှောင်ထားခြင်းမပြုရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သတ်မှတ်ထားသောဈေးနှုန်းများအတိုင်း ရောင်းချသွားရန်၊ လိုက်နာမှုမရှိပါက ဥပဒေအရ အရေး ယူခံရမှာဖြစ်ကြောင်း အသိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ရည်ညွှန်းဈေးနှင့် ဆီများရောင်းချမှုရှိစေရန် ကွင်းဆင်းကြပ်မတ် အသိပညာပေးမှုဆောင်ရွက်ချက်များ

             စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး အပါအဝင် ဦးကျော်ခိုင် (ဦးစီးအရာရှိ)၊ စစ်ဆေးရေးအရာရှိ(၂)နှင့် ဝန်ထမ်း(၂)ဦးတို့သည်  ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်အတွင်းရှိ ဦးလှမြင့် (ကုန်စုံဆိုင်)နှင့် ဒေါ်တင်တင်ကြိုင် (ကုန်စုံဆိုင်) တို့အား ဈေးတာဝန်ခံတို့နှင့်ပူးပေါင်းပြိး ဆီရောင်းချမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး အသိပညာပေးမှုအား ၂၃.၅.၂၀၂၅ ရက်နေ့တွင်သွားရောက်၍ ကွင်းဆင်းအသိပညာပေးမှုများအား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

             ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆီဆိုင်များမှရောင်းချနေသော ဆီများသည် ဆီအသင်းမှသတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်းရှိ/ မရှိနှင့် ဆီဈေးနှုန်း ကြီးမြင့်မှုမဖြစ်ပေါ်စေရန် စစ်ဆေးခဲ့ကြပြီး ရောင်းချနေသော ဆီကိုယ်စားလှယ်များအား ဈေးတင်ရောင်းချပါက အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ