ကျိုက်ထိုမြို့နယ်တွင် ဟိုတယ်နှင့်စားသောက်ဆိုင်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

၁.၆.၂၀၂၅ ရက်နေ့တွင် ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်ရှိ ဟိုတယ်နှင့်စားသောက်ဆိုင်လုပ်ငန်းများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်၊ ဟိုတယ်နှင့်ခရီးသားဝန်ကြီးဌာနတို့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
ကျိုက်ထိုမြို့၊ ကျိုက်ထီးရိုးဘုရားလမ်းပေါ်ရှိ mII ဟိုတယ်နှင့်စားသောက်ဆိုင်လုပ်ငန်းနှင့် လက်ပြကျေးရွာရှိ ရွှေကျိုက်ထို ဟိုတယ်နှင့်စားသောက်ဆိုင်လုပ်ငန်းသို့အား စစ်ဆေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကံစောလှိုင်က ဟိုတယ်လုပ်ငန်းများအား ဆောင်ရွက်ရာတွင် ဧည့်စာရင်းစနစ်တကျပြုစုထားရှိရန်၊ သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုချက်လိုင်စင်များ ပြည့်စုံအောင်ဆောင်ရွက်ထားရှိရန် ပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်တာဝန်ခံ ဦးအောင်ကျော်မင်းက အစားအသောက်ဝန်ဆောင်မှုနှင့်ပတ်သက်၍ အစားအသောက်ပြုပြင် ရောင်းချသည့် နေရာများသန့်ရှင်းအောင် ဆောင်ရွက်ထားရှိရန်၊ ဝန်ဆောင်မှုပေးသူများ၏ တစ်ကိုယ်ရည်သန့်ရှင်းမှုရှိစေရန်၊ ဟိုတယ်ဝန်ဆောင်မှုနှင့် ပတ်သက်၍ တန်ဖိုးနှင့်ညီမျှသော ဝန်ဆောင်မှုပေးရန် အပိုဝန်ဆောင်မှုပေးမည်ဟုသဘောတူထားသည့်အတိုင်း စီစဉ်ဆောင်ရွက်ပေးရန် ပြောကြားပြီး၊ မြို့နယ်စည်ပင်မှ ဦးဝဏ္ဏအောင်က ရေဆိုးစွန့်ပစ်မှုကို စနစ်တကျ ဆောင်ရွက်ရန်၊ အမှိုက်စွန့်ပစ်မှုနှင့် စည်ပင်လိုင်စင်သက်တမ်းကုန်ဆုံးပါက အချိန်မီသက်တမ်း တိုးဆောင်ရွက်ရန် ပြောကြားခဲ့ကြောင်း သိရသည်။
DOCA (မွန်)