
နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၌ ၂၀၂၆ခု ဇွန်လ (၁၁)ရက်နေ့တွင် ဇီဝလုံခြုံမှု သင်တန်းအား ကျင်းပပြုလုပ်ရာ စိုက်၊မွေး၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ဖွံ့ဖြိုးရေး မိတ်ဘက် ဌာနများဖြစ်သည့် စိုက်ပျိုးရေး ဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါသင်တန်းတွင် စိုက်ပျိုးရေး ဦးစီးဌာနမှ ဦးလှမိုး (ဦးစီးမှူး) မှ အဖွင့်အမှာစကား ပြောကြားရာ၌ ဇီဝလုံခြုံမှုနှင့် သက်ရှိမွေးမြူရေး စိုက်ပျိုးရေးဆိုင်ရာ ကုန်ထုတ်လုပ်မှုများဆွေး နွေးခြင်းမွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာ ဦးဇော်မင်းဦးမှ မွေးမြူရေးလုပ်ငန်းများ အသင်းအဖွဲ့များ ခိုင်မာတိုးတက်ရေး တိုင်းရင်းကြက်၊ ဒေသကြက်၊ ဥစားကြက်၊ ဘဲ၊ နွား၊ ဆိတ်၊ ဝက်၊ နို့စားနွားများ၏ ဇီဝလုံခြုံမှုများဖြစ်သည့် ရောဂါကူးစက်မှုအန္တရာယ်မှ ကာကွယ်ခြင်းဆိုင်ရာ လက်တွေ့သင်တန်းပေးလုပ်ငန်းများ သင်ကြားပေးမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စားသုံးသူရေးရာဦစီးဌာန မြိုနယ်တာဝန်ခံ ဒေါ်မြင့်မြင့်ခင် (ဦးစီးမှူး) က စားသုံးသူကာကွယ်ရေးဆိုင်ရာဝန်ဆောင်မှုဆိုင်ရာ ကဏ္ဍရပ်များ စားသောက်ဆိုင်၊ ဆက်သွယ်ရေးနှင့် ခရီးသွားဝန်ဆောင်မှုဆိုင်ရာ သတင်းအချက်အလက်များ နစ်နာမှု့ မရှိစေရန်ဌာနမှ ဆောင်ရွက်ပေးနိုင်မှူ CICCနှင့် စပ်လျဉ်းပြီး ကျေနပ်မှုအားနည်းပြီး နစ်နာမှုရှိသော ကိစ္စရပ်များအား ဌာနသို့တိုင်ကြား နိုင်ကြောင်းဆွေးနွေးခဲ့ပါသည်။ ထိုသို့ ဆွေးနွေးခဲ့မှု့ကြောင့် စားသုံးသူများအန္တရာယ် ကင်းရှင်းပြီး ကျေနပ်မှုရှိနိုင်သည့် ကုန်စည်၊ ဝန်ဆောင်မှုများ များလာနိုင်မှာဖြစ်ပြီး သိရှိလာနိုင်မှာ ဖြစ်ကြောင်း သိရသည်။
DOCA(ပဲခူး)
