သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ ဒုတိယတာဝန်ခံသည် “‌ရွှေစံပယ်” အမှတ်တံဆိပ် မုန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

      စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံးမှ ထုတ်ကုန်လုံခြုံစိတ်ချရ မှုဌာနခွဲ ဒုတိယတာဝန်ခံ ဦးစီးမှူး ဒေါ်စောကြည်သည် ၂၅.၁၁.၂၀၂ ရက်နေ့တွင် “ရွှေစံပယ်” အမှတ်တံဆိပ် မုန့်ထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

          ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲဒုတိယတာဝန်ခံက လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ် အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ထုတ်ကုန်ပစ္စည်းများပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း (၁၈) တွင် ဖော်ပြထားသောပြဌာန်းချက်အတိုင်း ကုန်အညွှန်းအမှတ်အသားကို ပြည့်စုံစွာ ဖော်ပြရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာ (သို့မဟုတ်) အခြားဘာသာတစ်ခုဖြင့်ဖြစ်စေ ဖော်ပြရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ် အသားဖော်ပြချက်နှင့်ပတ်သက်၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

အွန်လိုင်းရောင်းချခြင်းမှတ်ပုံတင်ဆိုင်ရာကိစ္စနှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

         ၂၄.၁၁.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၊ ထုတ်ကုန် လုံခြုံစိတ်ချရမှုဌာနခွဲ ဒုတိယတာဝန်ခံ ဦးစီးမှူး ဒေါ်စောကြည်သည် “အဝတ်အထည်” အွန်လိုင်းလုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ အွန်လိုင်းရောင်းချခြင်း မှတ်ပုံတင်ဆိုင်ရာကိစ္စနှင့် စပ်လျဉ်း၍ လုပ်ငန်းရှင်နှင့်တွေ့ဆုံ ဆွေးနွေးခဲ့သည်။

          ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် လုပ်ငန်းရှင်က အွန်လိုင်းရောင်းချခြင်းမှတ်ပုံတင် လျှောက်ထားခြင်းကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးမေးမြန်းရာ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ ဒုတိယတာဝန်ခံက အွန်လိုင်းရောင်းချခြင်းမှတ်ပုံတင် လျှောက်ထားရာတွင် တင်ပြရမည့် အထောက်အထားများဖြစ်သည့် လုပ်ငန်းတည်ရှိသည့်လိပ်စာ မှန်ကန်ကြောင်း ရပ်ကွက် ထောက်ခံစာ (လုပ်ငန်း အမည်ပါရှိရန်)၊ ပိုင်ရှင်အတွက် ရပ်ကွက်ထောက်ခံစာ (နေထိုင်ကြောင်း ဖြစ်ရန်)၊ ရဲစခန်းထောက်ခံစာ (ပိုင်ရှင်ပြစ်မှုကင်းရှင်းကြောင်း) Business Logo၊ ပိုင်ရှင်မှတ်ပုံတင်၊ ပတ်စ်ပို့ဓါတ်ပုံတို့၏ မူရင်းများကိုသာ ဓာတ်ပုံ ရိုက်၍ တွဲပေးရမည် ဖြစ်ကြောင်း၊ မိမိ လျှောက်ထားသည့် ပစ္စည်းအမျိုးအစားနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များကိုပါ ပူးတွဲတင်ပြရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

“ကွမ်းခြံကုန်းမြို့နယ်အတွင်း စားအုန်းဆီလက်လီ/လက်ကား အရောင်းဆိုင်များသို့ ကွင်းဆင်းစိစစ်ခြင်း”

          ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ စားအုန်းဆီလက်လီ/ လက်ကားအရောင်းဆိုင်များသို့ ကွင်းဆင်းစိစစ်ရန် ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ပူးပေါင်းအဖွဲ့ဖြင့် နိုဝင်ဘာလ(၂၅)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ဈေးကွက်အတွင်း ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရသည်။

         ထိုသို့ ကွင်းဆင်းစိစစ်ခြင်း ဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အခွန်ကောက်စာရေး ဦးသန့်ဇော်ဦး၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဌာနခွဲစာရေး ဦးတင်ထွန်းဦးတို့ပူးပေါင်း၍ ကွမ်းခြံကုန်းမြို့နယ် ရပ်ကွက် အတွင်း ရောင်းချသောဆိုင်များဖြစ်သည့် ဈေးပိုင်းရပ်ကွက် ဦးဟိန်းသော်ဇင်ဦး လက်လီလက် ကားအရောင်းဆိုင်၊ ဦးခင်မောင်အေး လက်လီအရောင်းဆိုင်၊ ကံကြီးမကျီးရပ်ကွက်ရှိ ဦးကျော်လွင် လက်လီအရောင်းဆိုင်၊ ဦးရဲတင်းဟိဏ်း လက်လီအရောင်းဆိုင်၊ မြို့မရပ်ကွက် မြို့မဈေးအတွင်း ရောင်းချသော ဦးဟိန်းမင်းလတ်နှင့် ဒေါ်မြသီတာကျော် လက်လီဆိုင်၊ ဒေါ်လဲ့လဲ့သင်း လက်လီအရောင်းဆိုင်၊ ဦးစန်းဌေး လက်လီအရောင်းဆိုင်၊ ဒေါ်မျိုးသူဇာထွန်း လက်လီအရောင်းဆိုင်၊ ဦးမြင့်မင်းသူ လက်လီအရောင်းဆိုင်များသို့ စားအုန်းဆီဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီ၊ ခွဲတမ်းရရှိသည့်ပိဿာ၊ ပေပါ၊ တာဝန်ယူဖြန့်ဖြူးရောင်းချသည့် အရေအတွက် ပိဿာ၊ ပေပါ၊ ရောင်းချသည့် လက်လီလက်ကား ဈေးနှုန်းများနှင့် နေ့စဉ်ရောင်းချလျက်ရှိသည့် ပုံစံများကိုပါ စိစစ်ကြပ်မတ်ခဲ့ကြောင်း သိရှိရသည်။

         ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက စားသုံးသူရေးရာဦးစီးဌာနမှ အပတ်စဉ် စားအုန်းဆီရည်ညွှန်းဈေးနှုန်းများကို သတ်မှတ်ထုတ်ပြန်လျက်ရှိရာ ရည်ညွှန်းဈေးအပေါ် ၂%အမြတ်နှင့် သယ်ယူခ၊ အလုပ်သမားခများကို ထည့်သွင်းတွက်ချက်၍ သင့်တင့်မျှတသော ဈေးနှုန်းဖြင့်ရောင်းချကြရန်၊ ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်းများ မပြုလုပ်ကြရန် စားအုန်းဆီ ရောင်းချသော လက်လီ/လက်ကား ကိုယ်စားလှယ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မော်လမြိုင်မြို့နယ်၊ အ.ထ.က (၁၂)ကျောင်းရှိ ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်ကွင်းဆင်းစစ်ဆေး

      မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်နှင့် ဝန်ထမ်းများသည် ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၂၄.၁၁.၂၀၂) ရက်နေ့တွင် မော်လမြိုင်မြို့၊ အ..က (၁၂) ကျောင်းရှိ ကျောင်းမုန့်ဈေးတန်းအား ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

     ထိုသို့ စစ်ဆေးရာတွင် ကျောင်းမုန့်ဈေးတန်းအတွင်းရောင်းချနေသော လေဖောင်း မုန့်များ၊ ဖျော်ရည်ဗူးများစသည့် အသင့်စားမုန့်များ၌ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှု ရှိ/မရှိ စစ်ဆေးခဲ့ပြီး၊ ကျောင်းသား/သူများ ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များ၊ မုန့်များ ရောင်းချရန်၊ သက်တမ်းလွန်နေသော မုန့်များမရောင်းချရန်နှင့် တားမြစ်ထားသော ဆိုးဆေးများ ပါဝင်သည့် အစားအသောက်များ မရောင်းချရန်တို့ကို မုန့်ဆိုင်ပိုင်ရှင်များအား အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

မုဒုံမြို့နယ်တွင် စားသုံးသူအသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ

       ၂၄.၁၁.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးသည် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ “ဘေးအန္တရာယ်ရှိသော ကုန်စည်ကို စျေးကွက်အတွင်းမှ ပြန်လည် သိမ်းဆည်းစေခြင်း သို့မဟုတ် ရောင်းချဖြန့်ဖြူးခြင်းကို တားမြစ်ခြင်းနှင့် ဘေးအန္တရာယ်ရှိသော ဝန်ဆောင်မှုကို တားမြစ်ခြင်းဆိုင်ရာ အသိပညာပေး Talk Show” အား ကျင်းပ ပြုလုပ်ခဲ့ပါသည်။

          ထိုဆွေးနွေးပွဲတွင် မုဒုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဒေါ်ဇာဇာဖြိုးမှ (Talk Show) ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးမှ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဠာန်းချက်အရ ဘေးအန္တရာယ်ရှိသော ကုန်စည်ကို စျေးကွက်အတွင်းမှ ပြန်လည်သိမ်းဆည်းစေခြင်း သို့မဟုတ် ရောင်းချဖြန့်ဖြူးခြင်းကို တားမြစ်ခြင်းနှင့် ဘေးအန္တရာယ်ရှိသော ဝန်ဆောင်မှုကို တားမြစ်ခြင်းနှင့် ပတ်သက်သည့် အချက်များ၊ စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသည့် ကုန်စည်နှင့် ပတ်သက်၍ စားသုံးသူ နစ်နာဆုံးရှုံးမှုရှိပါက တာဝန်ရှိသူနှင့် ပတ်သက်သည့် အချက်များ  တိုင်ကြားနိုင်သည့် နည်းလမ်းများအား ဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA (မွန်)

မုဒုံမြို့နယ်အတွင်းရှိ “စိန်မေတ္တာ”ဆန်စက်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း

      ၂၄.၁၁.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ် တာဝန်ခံသည် မုဒုံမြို့၊ မြို့မ (၄) ရပ်ကွက်၊ မော်သံလမ်းရှိ စိန်မေတ္တာဆန်ဆိုင်သို့ သွားရောက်၍ လုပ်ငန်းရှင်နှင့် တွေ့ဆုံခြင်းအား ဆောင်ရွက်ခဲ့သည်။

          ထိုသို့ တွေ့ဆုံရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ် တာဝန်ခံမှ “စိန်မေတ္တာ” ဆန်စက်လုပ်ငန်းရှင်အား MyRO တွင် မှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်းနှင့် ပတ်သက်သည့် အချက်များ၊ MyRO တွင် လစဥ် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းအား ထည့်သွင်းရမည့် အချက်များ ပြောကြားဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

        DOCA (မွန်)

ပခုက္ကူခရိုင်ဦးစီးမှူးရုံး၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ)(၁၂/၂၀၂၅) အခမ်းအနားအားကျင်းပပြုလုပ်

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံး CICC ခန်းမ၌ (၂၁.၁၁.၂၀၂၅)ရက်နေ့၊  နေ့လယ်(၁၃း၀၀)နာရီအချိန်တွင် ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးနှင့် ဝန်ထမ်းထု ဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ)(၁၂/၂၀၂၅)အစည်းအ‌ဝေးအား ပြုလုပ်ခဲ့ကြောင်း သိရသည်။

   အဆိုပါ အစည်းအဝေးတွင် ခရိုင်ဦးစီးမှူးက ဝန်ထမ်းများအား ရုံးချုပ်၏ လမ်းညွှန်ချက်များ အား ပြောကြား၍ ဌာနခွဲတာဝန်ခံများက ဌာနခွဲအလိုက် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအားတင်ပြခဲ့ရာ ခရိုင်ဦးစီးမှူးက လိုအပ်သည်များ ညွှန်ကြားခဲ့ပြီး ဆက်လက်ဆောင် ရွက်မည့်လုပ်ငန်းများအား ပေါင်းစပ်ဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။

    ဆက်လက်၍ ဝန်ထမ်းထု ဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ)အစည်းအ‌ဝေးအား ကျင်းပခဲ့ပြီး သက်ဆိုင်ရာ ဌာနခွဲအလိုက် ဝန်ထမ်းများက လိုအပ်ချက်များ တင်ပြခဲ့ရာ ခရိုင်ဦးစီးမှူးက လိုအပ်သည် များကို ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီး အစည်းအဝေးအား (၁၅း၃၀)နာရီအချိန်တွင် ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားဖို့ Thursday Talk အသိပညာပေးသင်တန်းဆောင်ရွက်ကြစို့

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ဌာနတွင်းဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ အသိပညာ ပြန့်ပွားရေးနှင့် စဉ်းစားတွေးခေါ် ဆုံးဖြတ်နိုင်မှုတို့ကို  မြှင့်မားစေရန် အတွက် (၂၀.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် ပခုက္ကူခရိုင်ဦးစီးမှူးရုံး၊ CICC ခန်းမ၌ (၁၁/၂၀၂၅)ကြိမ်မြောက် Thursday Talk ဝန်ထမ်းစွမ်း ဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု အသိပညာပေး ဟောပြော ပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ဝန်ထမ်း(၁၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

          အဆိုပါ ဟောပြောပွဲတွင် ဒေါ်သန္တာခင် အငယ်တန်းစာရေးက  စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၂၁)ပါ အယူခံဝင်ခြင်းနှင့် အခန်း(၂၂)ပါ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသင်းအဖွဲ့များနှင့် ဆောင်ရွက်မည့်အချက်များအကြောင်း အားလည်းကြောင်း၊ ဒေါ်ခိုင်ဇင်ကျော် အကြီး တန်းစာရေးမှ အခန်း(၂၃)ပါ တားမြစ်ချက်များ၊ အခန်း(၂၄)ပါ ပြစ်မှုနှင့် ပြစ်ဒဏ်များ၊ အခန်း(၂၅)ပါ အထွေထွေ အကြောင်းအားလည်းကောင်း  အသေးစိတ်ရှင်းလင်းဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ဂန့်ဂေါမြို့၊  အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ကျောတိုက်ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေး

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ဂန့်ဂေါမြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဇာဇာချိုဦးနှင့် ဝန်ထမ်းသည်  (၁၁.၁၁.၂၀၂၅)ရက်နေ့၊ နေ့လယ် (၁၂:၀၀)အချိန်တွင် ဂန့်ဂေါမြို့၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ကျောတိုက်ကျောင်း ၌ ဆရာ/ဆရာမ()ဦး၊ ကျောင်းသား/ ကျောင်းသူ(၂၁၀)ဦး၊ စုစုပေါင်း(၂၁၈)ဦးအား စားသုံးသူ ကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

     ဂန့်ဂေါမြို့နယ်တာဝန်ခံက ဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ စားသုံး သူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ သိရှိရန်လိုအပ်ကြောင်း၊ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက ဌာနသို့တိုင်ကြားနိုင်ကြောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုများကို ဖြေရှင်း ပေးနိုင်သည့် စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေး စင်တာ(CICC) အားဖွင့်လှစ်ထားရှိကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးပြီး ကျောင်းသား/ကျောင်းသူများမှ သိလိုသည်များမေးမြန်း၍ ပြန်လည်ဖြေကြားပေးခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ဂန့်ဂေါမြို့၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ကျောတိုက်ကျောင်းရှိ ကျောင်းမုန့်ဈေးတန်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ဂန့်ဂေါမြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဇာဇာချိုဦးနှင့် ဝန်ထမ်းသည်  (၁၁.၁၁.၂၀၂၅) ရက်နေ့၊ နေ့လယ်(၁၂:၀၀)အချိန်တွင် ဂန့်ဂေါမြို့၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကျောတိုက်ကျောင်း ရှိ ကျောင်းမုန့်ဈေးတန်းဆိုင်များ၌ အသင့်စားမုန့် အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ စစ်ဆေးရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ၊  မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်နှင့်ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခဲ့ရာ ပြည့်စုံစွာဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး ဈေးသည်များအား ကျောင်းသား/ ကျောင်းသူများအတွက် ရောင်းချရာတွင် ကုန်စည်နှင့်ပတ်သက်၍ ချို့ယွင်းအားနည်းမှု၊ ဘေးအန္တရာယ် ဖြစ်စေနိုင်မှု ကင်းလွတ်သည့် ကုန်စည်များကိုသာ ရွေးချယ်ရောင်းချရန်၊ ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ မြန်မာဘာသာဖြင့် ဖော်ပြထားသော အသင့်စားမုန့် အမျိုးမျိုးကိုသာရောင်းချရန်၊ ဘေးအန္တရာယ်ရှိသော သက်တမ်းလွန်မုန့်များကို ရောင်းချခြင်းမပြုရန်နှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။  

DOCA(မကွေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ