“ တွံတေးမြို့နယ်ကျွန်းတောရပ်ကွက်၊ အထက(ခွဲ)ကျွန်းတောကျောင်း၌ စားသုံးသူကာကွယ်ရေး ဆိုင်ရာအသိပညာပေးဟောပြောခြင်း ”

Powered by Drupal

      ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ(၉)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ကျွန်းတောရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာ ဝန်ခံနှင့်ဝန်ထမ်းများ ပူးပေါင်း၍ အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

       ထိုဟောပြောပွဲတွင် တွံတေးမြို့နယ်တာဝန်ခံ ဦးအာကာမင်းက စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းထားရှိမှု အခြေအနေများ၊ ဥပဒေပြဌာန်းချက်ပါ စားသုံးသူ၏ အဓိပ္ပါယ်၊ ကုန်စည်၊ ဝန်ဆောင်မှုများ၏ အဓိပ္ပါယ်ဖော်ပြချက်များအား ရှင်းလင်းဟောပြောခြင်း၊ စားသုံးသူ၏ အခွင့် အရေးနှင့်တာဝန်များအား အသိပညာပေးခြင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် သတိပြုရမည့်အချက်များ၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်သော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူသုံးစွဲကြရန်၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင်လည်း ပြေစာ၊ အထောက်အထားများ ရယူထားကြရန်နှင့် နစ်နာမှုများရှိလာလျှင် စားသုံးသူရေးရာဦးစီးဌာန၏ Call Center No. 1535 သို့ ဖုန်းခေါ်ဆို၍ ဆက်သွယ်တိုင်ကြားမှုများ ပြုလုပ်နိုင်ကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ၏ နစ်နာမှုများကို တိုင်ကြားလာလျှင် စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်များအကြား ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း အသိပညာပေးခဲ့ပြီး မိမိတို့ရရှိသွားသော အသိပညာများကိုလည်း အခြားသူများအား ပြန်လည်မျှဝေ အသိပေးရန် ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)