
ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင် ဦးစီးမှူး၊ ဦးမင်းဇော် နှင့် တောင်ငူမြို့နယ်တာဝန်ခံ၊ဦးမြင့်သူတို့သည် (၃.၇.၂၀၂၆) ရက်နေ့တွင် နံနက်(၁၀:၀၀) နာရီ အချိန်တွင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ နတ်သျှင်နောင်ခန်းမတွင် တောင်ငူမြို့ပေါ်ရှိ ကျေးရွာ အုပ်ချုပ်ရေးမှူးများအား OnlineSale ရောင်းချခြင်းဆိုင်ရာများ၊ Myanmar Rice Online (MyRo) တွင် မှတ်ပုံတင် ဆောင်ရွက်ထားရှိရေးနှင့် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ဆောင်ရွက်ခဲ့ရာ အုပ်ချုပ်ရေးမှူး (၆၄)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲတွင် ဒုတိယခရိုင်ဦးစီးမှူး က အမိန့် အမှတ်(၈၂/၂၀၂၄)တွင် ထုတ်ပြန်ထားသော ဆန်တန်ချိန်(၂၅)တန်နှင့် အထက် (သို့ မဟုတ်) စပါးတင်း (၂၅၀၀)နှင့်အထက် သိုလှောင်ထားရှိသော ဆန်စပါးသိုလှောင်ရုံပိုင်ရှင်များ (My-Ro) တွင် မှတ်ပုံတင် လက်မှတ် လျှောက်ထားရန် လိုအပ်ကြောင်း နှင့် တောင်ငူမြို့နယ် တာဝန်ခံ က စားသုံးသူရေးရာ ဦးစီးဌာန အကြောင်းနှင့် စားသုံးသူ ကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးများနှင့် တာဝန်များအကြောင်း၊ စားသုံးသူနစ်နာမှုများရှိပါက ဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်းနှင့် တိုင်ကြား မှုဖြေရှင်း ဆောင်ရွက်သည့် လုပ်ငန်းစဉ်အကြောင်း၊ စားသုံးသူတို့လိုက်နာရမည့် တာဝန်များနှင့် လုပ်ငန်း ဆောင်ရွက်မှု အခြေအနေ လုပ်ငန်းများအကြောင်း၊ စားသုံးသူတို့ လိုက်နာရမည့်တာဝန်များနှင့် လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကိုလည်း၊ Consumer Call Center (1535) နံပါတ်ကို ဖုန်းခေါ်ဆို၍ တိုင်ကြားနိုင်ပါကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ကျေးရွာအုပ်ချုပ်ရေးမှူးများက သိလိုသည်များ မေးမြန်းမှုအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး အခမ်းအနားကို နေ့လည်(၁၂:၀၀)နာရီ အချိန်တွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)
